Attire Attic

Attire Attic We bring you 100% authentic items directly from the official Thailand websites and stores at great prices! Trendy. DM to order.

11/12/2025

လမ်းကြောင်းအခြေအနေ update လေးပါရှင်
နိုင်ငံရေးအခြေအနေကြောင့်ပိတ်နေတာမို့ ဘာမှကို လုပ်မရတာပါရှင် 😞
နားလည်ပေးတဲ့သူတွေကိုလည်း တကယ်ကို ကျေးဇူးတင်ရပါတယ် 🥺🫶🏻
အရမ်းကိုမှ စိတ်ညစ်လွန်းလို့ ဘာတစ်ခုမှကို မရောင်းဖြစ်တော့တာပါ 😞

01/12/2025

Hello ~
မင်မင်တို့ page မှာ update မတင်တာကြာတော့ စိတ်ပူနေကြမှာစိုးလို့ပါနော် 🫶🏻

ရှေ့တလောကထိ ပစ္စည်းတွေ တဖြည်းဖြည်းချင်းကိုမှ နည်းနည်းစီ ဝင်ပါသေးတယ်
ရောက်ထားသလောက်လည်း လိုက်ပြောထားပြီးပါပြီနော် 🤍

ဒီရက်ပိုင်း ပြန်ကြပ်တော့ အခြေအနေက ဘယ်လိုလဲကို မမှန်းတတ်တော့လို့ order အသစ်လည်း လုံးဝကို လက်မခံထားပါဘူးရှင် 😞

H&m တွေဆိုလည်း buy 1 get 1 တွေ 50% off တွေ မနှစ်ကထက်တောင် တန်တဲ့ sale တွေ ရှိတော့ ရောင်းချင်ပေမယ့် လုံးဝကို ရပ်ထားရတဲ့ အခြေအနေပါ 😞

လက်ကျန် ပစ္စည်း အကုန် ဝင်ဖို့သာ အဓိကမို့ cargo ခ အများကြီး ပိုပေးရမယ်ဆိုလို့ ရှုံးလည်း ရှုံးပါစေ ပစ္စည်းရောက်ရင် ရပါပြီဆိုပြီးကို ထပ်ကျသလောက်ပိုပေးပြီး သယ်ထားပြီး အရင်ရောက်ထားတဲ့သူတွေဆိုသိမှာပါ ဘာမှကို ပိုမတောင်းထားပါဘူးရှင်

ခု အခြေအနေကြီးကို နားလည်ပေးတဲ့သူရှိသလို နားမလည်ပေးတဲ့သူတချို့လည်း ရှိနေတာမို့ ရှင်းပြချင်လို့ပါ

ထိုင်းကုန်းလမ်းနဲ့ ပို့တဲ့သူအကုန်နီးပါး ဒီလိုဖြစ်နေကြတာပါ တခြားနိုင်ငံတို့ air cargo တို့ဆိုရင်တော့ ဝင်ရင် ဝင်ပါလိမ့်မယ်

လနဲ့ချီကို ပစ္စည်းတွေကြာနေတာမို့ ပိုက်ဆံလည်း မတရားကိုမှ မြုပ်နေလို့ မင်မင်တို့ အနေနဲ့ ပိုလို့တောင် ရောက်ချင်တာပါ

မေးတဲ့ ကာကာတွေဆိုသိပါတယ် page မှာ ဘာမှမတင် active မဖြစ်ပေမယ့် chat box မှာလာမေးရင် တွေ့တာနဲ့ ချက်ချင်း ဖြေပေးတာပါ

Cancel မယ်တွေ refund ပြန်ပေးတွေဆိုတဲ့ သူတွေအတွက် ပစ္စည်းကနောက်ဆုံးဝင်ထားတဲ့ အထိ အပျက်အစီး အပျောက်အဆုံး မရှိနေတာမို့ ပြန်အမ်းဖို့တော့ ဘယ်လိုမှ အဆင်မပြေတာ နားလည်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်

လမ်းကတော့ ပိတ်ထားတဲ့သူတွေ ပေးမဖြတ်ရင် သွားမရပါဘူးနော်
ပိတ်တဲ့ကြားက ဖြတ်ရင် အကုန်သိမ်းတာမျိုးမို့ cargo တွေအနေနဲ့ အခြေအနေနဲ့ကြည့်ပြီး သွားနေရတာပါ ဒါကြောင့်လည်း အရင် ပစ္စည်းတွေ ရောက်ထားသလောက် အပျက်အစီး ပျောက်ဆုံးတာမျိုးမရှိသေးတာပါ

နေ့စဉ်သုံး ပစ္စည်းတွေတောင် ခက်ခဲနေတဲ့ အချိန်မျိုးမှာ နားမလည်ပေးနိုင်တဲ့သူတချို့အတွက်တော့ ဒီထက်ပိုမရှင်းပြတတ်တော့ပါဘူးရှင် 😞

ဒါပေမယ့် ဒီလို အခြေအနေကြီးမှာ အရမ်းစိတ်ညစ်ပေမယ့် နားလည်ပေးကြတဲ့သူတွေ post တွေ မတင်လို့ အဆင်ပြေရဲ့လား နေကောင်းရဲ့လား မေးတဲ့ ကာကာလေးတွေလည်း ရှိနေတာမို့ အားပေးစကားတွေ ကြားရရင် တကယ် ပြောမပြတတ်အောင် အားရှိပါတယ်
နားလည်ပါတယ်ဆိုတဲ့ စကားနဲ့တင် တော်တော်ကို ကျေးဇူးတင်တာပါ 🤍

မင်မင်တို့ အထည်လေးတွေ ရောက်တာနဲ့ ပြောပေးမှာမို့ စိတ်ချပါနော် 🥺🫶🏻
အားနာနာနဲ့ပဲ ထပ်စောင့်ပေးဖို့ ထပ်တောင်းဆိုပါရစေနော် 😞🫶🏻

08/10/2025

လတ်တလော လမ်းကြောင်း အခြေအနေလေးပါ

လမ်းက အရင်လို အကုန်ပြန်မဖွင့်ပေးသေးလို့ ပစ္စည်းလေးတွေ အကုန် တခါတည်း ဝင်ဖို့တော့ မလွယ်သေးပါဘူးနော် 😔

မင်မင်တို့လည်း june ကနေ စိုက်ထားရတာတွေမို့ ငွေက မတရားကို မြုပ်နေလို့ အမြန်ဆုံးကို ရောက်ချင်တာပါ

ခုလို လမ်းကြောင်းမကောင်းလို့ order အသစ်တွေတောင် အကုန်ရပ်ပြီး အရင် ပစ္စည်းတွေ ရောက်ဖို့ပဲ ထိုင်စောင့်နေရတာပါ

သယ်ဖို့အတွက်လည်း ပိုပေးပြီး သယ်ရမယ်ဆိုလည်း သယ်ဖို့ ပြောထားပါတယ်

ရှေ့အပတ်က စပြီး ပစ္စည်း နည်းနည်းချင်းစီ စဝင်တာတွေလည်း customer လေးတွေဆီ ရောက်ထားပြီးပါပြီ
ရောက်တာကလည်း ပို့ထားတဲ့ ပစ္စည်းအားလုံးရဲ့ 5% လောက်ပဲ ရှိတာမို့ ပုံလေးတော့ မတင်ဖြစ်ပါဘူး မပါလာတာတွေ အများကြီးမို့ပါ

အကုန်လုံးဖြစ်နေကြတဲ့ အခြေအနေမို့ ထပ်စောင့်ပေးဖို့ပဲ အားနာနာနဲ့ ထပ်ပြောပါရစေနော် 😢

ပစ္စည်းတွေက အကုန်လုံး ဝယ်ထားပြီး မင်မင်တို့လည်း တစ်ဝက်စိုက်ထားရတာမို့ cancel လို့ မရပါဘူးရှင်

လမ်းကြောင်း အခြေအနေကြောင့် ပစ္စည်းပျောက်တာ ပျက်စီးတာအတွက်တော့ 100% တာဝန်ယူမှမို့ စိတ်မပူပါနဲ့နော်

ဘာမှ update မတင်လို့ စိတ်ပူနေကြမှာစိုးလို့ပါ
ပစ္စည်းတွေကတော့ ရောက်ထားသလောက်လည်း မင်မင်တို့ cb မှာ အကုန် လိုက်ပြောပြီး ပို့ထားပြီးပါပြီနော် 🤍
မပြောရသေးတဲ့သူလေးတွေကတော့ မရောက်သေးလို့ပါ
ထပ်ရောက်ရင်လည်း ရောက်တာနဲ့ မင်မင်တို့ ပြောပေးပါမယ်နော် 🫶🏻

စောင့်ပေးတဲ့ ကာကာလေးတွေ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင် 🫶🏻

05/09/2025

ပစ္စည်းတွေ မဝင်နေတာ ၂ လနီးပါးရှိနေပြီး ခုထိ လမ်းမဖွင့်သေးတာမို့ ပစ္စည်းအဝင်လည်းမရှိသေးပါဘူးရှင် 😔

ဒီဘက်က လုပ်နိုင်တာရှိရင် အကုန်လုပ်ပြီးသားပါ
ဒါပေမယ့် ခုက တစ်နိုင်ငံလုံး နီးပါး အတိုင်းအတာနဲ့ မို့ ဘယ်လိုဘယ်လိုမှ မတတ်နိုင်တာမို့ ပစ္စည်းအဝင်ကိုပဲ ထိုင်စောင့်ရုံကလွဲပြီး မရှိလို့ပါရှင်

လမ်းက ပစ္စည်းတွေ အပျက်အစီး အပျောက်အဆုံးမျိုးနဲ့ ကြုံခဲ့ရင် မင်မင်တို့ဘက်က 100% တာဝန်ယူမှာပါနော် 🤍
ဒီအတွက်တော့ စိတ်ချပါနော် 🫶🏻

အဲ့လို မဟုတ်ပဲ တစ်ဝက်စိုက်ထားရလို့ ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ မေးခွန်းလေးတွေအတွက် မင်မင်တို့ဘက်ကဆိုလည်း customer အယောက်ရေ အများကြီးရဲ့ အထည်တွေရဲ့ တစ်ဝက်ကျော်တောင်စိုက်ထားရတာမို့ ပိုတောင် ရောက်ချင်ပါတယ် ငွေတွေလည်း မြန်မြန်ပြန်ပေါ်ချင်တာပါ
Cancel တော့ မလုပ်ပေးပါဘူးနော် ပစ္စည်းတွေက အကုန် ငွေအပြည့်ပေးပြီး ဝယ်ထားရတာမို့ပါရှင် 😔

ဒီလို post တွေ မတင်ချင်ပေမယ့်လည်း အခြေအနေက မထူးသေးတာကို အသိပေးချင်တာမို့ တင်လိုက်ပါတယ်နော်

ခုလို အခြေအနေကြီးမှာ မင်မင်တို့ကို နားလည်ပေးတဲ့ကာကာလေးတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်ရှင် 🥺🤍
နားလည်ပေးတဲ့ ကာကာလေးတွေ ရှိနေလို့သာ အားရှိနေတာပါ 🥺🫶🏻

လမ်းကြောင်း အခြေအနေ ပိတ်ထားဆဲမို့ ပစ္စည်းလေးတွေ ထပ်မဝင်သေးပါဘူးနော် 😔 ထပ်မှာမယ့် Pre order လေးတွေလည်း လမ်းကြောင်းတွေ ပွင...
24/08/2025

လမ်းကြောင်း အခြေအနေ ပိတ်ထားဆဲမို့ ပစ္စည်းလေးတွေ ထပ်မဝင်သေးပါဘူးနော် 😔
ထပ်မှာမယ့် Pre order လေးတွေလည်း လမ်းကြောင်းတွေ ပွင့်မှ ပြန်ကောက်ပေးပါမယ်ရှင် 🤍
June 29,30 တချို့နဲ့ July ကစတဲ့ order တွေ အကုန်လုံးလည်း အရမ်း ကြာနေပေမယ့် စောင့်ပေးကြတဲ့ ကာကာလေးတွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်နော် 🥺🤍

📣 Pre order ထပ်မှာမယ့်သူလေးတွေရော မှာထားတဲ့ သူလေးတွေရော ခုစာလေးကို ဖတ်ပေးကြပါဦးနော် 🥺🫶🏻

လတ်တလော အခြေအနေတွေအရ june 29-30 တချို့ တဝက်နဲ့ july လ order အကုန် နီးပါး မဝင်သေးပါဘူးနော် 😔

ခုအခြေအနေက လူတိုင်းကြုံနေရတဲ့ အခြေအနေမို့ ခဏလောက် စောင့်ပေးကြပါဦးနော် 😔

မင်မင်တို့လည်း အများကြီး စိုက်ထားရတာမို့ ပိုတောင် မျှော်နေတာပါ 😢

Cargo ကတော့ ဒီဘက်က အပတ်တိုင်း အပ်ပေးနေပါတယ်နော် 🫶🏻

အရင်ပစ္စည်းလေးတွေလည်း အကုန် safe ဖြစ်ပါတယ်နော်
အကယ်၍ ဒီကြားထဲ လမ်းကြောင်း မကောင်းလို့ ပစ္စည်း တခုခုဖြစ်ခဲ့ရင်တောင် မင်မင်တို့ တာဝန်ယူပေးမှာမို့ စိတ်မပူကြပါနဲ့နော်
စောင့်နေတဲ့သူလေးတွေကိုလည်း အားနာနာနဲ့ပဲ ထပ်ပြီး စောင့်ပေးဖို့ မေတ္တာရပ်ခံပါရစေရှင် 😢🫶🏻

Order confirmed ဖြစ်ပြီးသားလေးတွေ Waiting time ကြာလို့ cancel ချင်တာမျိုးရှိရင်တော့ မင်မင်တို့ cancel မလုပ်ပေးပါဘူးနော် 😔
မင်မင်တို့လည်း order confirmed တာနဲ့ ပစ္စည်းတွေအကုန်လုံး ဝယ်ထားပြီးသားတွေမို့ပါ 😢

📣 ထပ်မှာမယ့် သူလေးတွေအတွက် လက်ရှိအခြေအနေအရ waiting time ကြာပါမယ်နော်
ဘယ်လောက်ကြာမလဲက ပုံမှန်က ၄ ပတ်ပေမယ့် ခု အခြေအနေအရ ပုံမှန် မဟုတ်တာမို့ ပိုကြာနိုင်လို့ စောင့်လို့ အဆင်ပြေတယ်ဆိုမှ မှာပေးပါနော် 😢
မင်မင်တို့လည်း ဒီဘက်က အမြန်ဆုံးပို့ပေးတာကလွဲပြီး လုပ်ပေးနိုင်တာမရှိလို့ပါရှင် 😔

Sale လေးတွေကတော့ တန်ရင် မနေနိုင်တာမို့ တင်ပေးနေမှာပါနော် 🥹
အေးဆေးစောင့်လို့ အဆင်ပြေတယ်ဆို ကြိုက်တာလေးတွေ ရှိရင် အားပေးကြပါဦးနော် 🫶🏻

ပစ္စည်းလေးတွေ ရောက်တာနဲ့ မင်မင်တို့ အမြန်ဆုံးဆက်သွယ်ပေးပါမယ်ရှင် 🤍

အားပေးကြတဲ့ ကာကာလေးတွေကိုရော ရှေ့ အသုတ်တွေ ကြာနေပေမယ့် ခုထိ စောင့်ပေးကြတဲ့ ကာကာလေးတွေကိုရော ကျေးဇူးအများကြီး တင်ပါတယ်ရှင် 🥰🫶🏻

UniqloPolo Sweater SALE 💥ဒါလေး စထွက်ကတည်းက မေးထားတာလေး ခု အပတ် sale ထဲပါပါမယ်နော် အရမ်းကို clean look လေးနဲ့ မိုက်လွန်းလ...
22/08/2025

Uniqlo
Polo Sweater SALE 💥

ဒါလေး စထွက်ကတည်းက မေးထားတာလေး ခု အပတ် sale ထဲပါပါမယ်နော်

အရမ်းကို clean look လေးနဲ့ မိုက်လွန်းလို့ ခု sale ရှိတုန်း တစ်ထည်တော့ ယူထားသင့်သောလေး

မေးထားတဲ့သူလေးတွေ မှာလို့ရပါပြီနော်
28 ရက်နေ့ sale နောက်ဆုံးပါရှင်

✈️ Air နဲ့ ပို့ပေးမှာမို့ ကြာချိန်လေးက 2-3 ပတ်အတွင်း ရောက်ပါမယ်ရှင်

Size : XS, S, M, L, XL, XXL, 3XL



💳 Price : 93,000 ks
🗓 Waiting time >> 2-3 weeks ✈️
Direct from Thailand 🇹🇭

B'me SALE ‼️ဒါလေး sale ရှိသေးလား မေးတဲ့ သူလေးတွေအတွက်  ခု sale ရှိပါမယ်ရှင် 😍Wacoal ရဲ့ အရာမထင် panty လေးတွေဆို စျေးပိုမ...
22/08/2025

B'me
SALE ‼️

ဒါလေး sale ရှိသေးလား မေးတဲ့ သူလေးတွေအတွက် ခု sale ရှိပါမယ်ရှင် 😍

Wacoal ရဲ့ အရာမထင် panty လေးတွေဆို စျေးပိုများလို့ b'me ထဲကယူနော်

ဝတ်လိုက်ရင်ပေါ့ပါးပြီး တအား ဝတ်ကောင်းတာ

ခဏခဏလျှော်လည်း ပုံပျက်တာတွေ တွန့်သွားတာမျိုးတွေမရှိဘူးနော်

တွဲပြထားတဲ့ ၅ ထည်တွဲလေးအတိုင်းပဲ ရပါမယ်နော် 🥰

✈️ Air နဲ့ ပို့ပေးမှာမို့ ကြာချိန်လေးက 2-3 ပတ်အတွင်း ရောက်ပါမယ်ရှင်

Size : M, L, XL



💳 Price : 79,000 ks
🗓 Waiting time >> 2-3 weeks ✈️
Direct from Thailand 🇹🇭

Instock 🛍️ဒီရက်ပိုင်း cargo လမ်းကြောင်းလေးတွေ မကောင်းလို့ July အစပိုင်း preorder လေး‌တွေ ထပ်မဝင်သေးပါဘူးနော် 😔🫶🏻မင်မင်တိ...
20/08/2025

Instock 🛍️

ဒီရက်ပိုင်း cargo လမ်းကြောင်းလေးတွေ မကောင်းလို့ July အစပိုင်း preorder လေး‌တွေ ထပ်မဝင်သေးပါဘူးနော် 😔🫶🏻
မင်မင်တို့ ရောက်တာနဲ့ ပြောပေးပါမယ်နော် 🤍

Pre order လေးတွေ စောင့်လို့အဆင်ပြေမှ မှာပေးပါနော် 🥺🫶🏻
ပုံမှန် ခန့်မှန်းခြေ 4 ပတ်ပေမယ့် ခုလို အခြေအနေမျိုးဆို နည်းနည်းလေးပို့ကြာတတ်လို့ပါနော်

မစောင့်ချင်တဲ့သူလေးတွေအတွက် ခု instock ရနိုင်တာလေးတွေ စုပေးလိုက်ပါတယ်ရှင် 🫶🏻
၃ ရက် အတွင်း deli အပ်ပေးပါတယ်နော် 🤍

တချို့ top လေးတွေဆို website မှာ size ကုန်နေတာတွေများပြီး size ရှိတာဆိုလည်း ခုလောက် sale မရှိတာမို့ အရမ်းတန်တဲ့ instock လေးတွေပါနော်

Pre order လေးတွေနဲ့ ပေါင်းယူမယ်ဆို ငွေ‌လေးကြိုယူပါမယ်နော် pre order ပစ္စည်း ရောက်လာတဲ့ခါမှ cancel တာမျိုးကျ မင်မင်တို့လည်း အဆင်မပြေလို့ပါနော် 😢

လိုချင်တာလေးရှိရင် CB မှာ size chart လေး ပြပေးပါမယ်ရှင်

Thank you for shopping with us! 🫶🏻

လမ်းကြောင်း အခြေအနေတွေ မထူးသေးပါဘူးနော် 😞June 29-30 တစ်ချို့နဲ့ july အစ order တွေက စပြီး အကုန် မဝင်သေးပါဘူးရှင် 😢အားနာနာ...
20/08/2025

လမ်းကြောင်း အခြေအနေတွေ မထူးသေးပါဘူးနော် 😞
June 29-30 တစ်ချို့နဲ့ july အစ order တွေက စပြီး အကုန် မဝင်သေးပါဘူးရှင် 😢
အားနာနာနဲ့ပဲ ထပ်စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော် 🙏🏻
မင်မင်တို့လည်း ဘာမှလုပ်လို့ မရတဲ့ အခြေအနေမို့ပါ 😞

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ယာယီပိတ်၊ တင်သွင်းကုန်များ သက်တမ်းကုန်ပါက ထိုင်းက နိုင်ငံပိုင် သိမ်းနိုင်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အား ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ကို စစ်အုပ်စု၏ ညွှန်ကြားချက်အရ ယနေ့ (ဩဂုတ်လ ၁၈ ရက်) မှ စ၍ ယာယီပိတ်ထားကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောသည်။

“"ကုန်စည်ကြောင့် ရော၊ နယ်မြေလုံခြုံရေးအရကြောင့်ကော ပိတ်တာ” ဟု ၎င်းက ဆိုသည်။

ယခင်ရက်ပိုင်းများတွင် မြန်မာပြည်အောက်ပိုင်းမှ သင်္ဘောဖြင့် လိုင်စင်မဲ့ကုန်စည်များ ဝင်ရောက်လာသဖြင့် ဖမ်းဆီးမှုများရှိခဲ့ပြီး၊ ထိုကုန်စည်များသည် မြဝတီနယ်စပ်မှ ပြန်လှည့်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ တံတားကို မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ကိုမူ မသိရသေးပါ။

လိုင်စင်မဲ့ကုန်စည်များသည် ရေလမ်းခရီးတွင် ဖမ်းဆီးခံရပြီး မြဝတီနယ်စပ်မှ ပြန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း လဝကနှင့် နီးစပ်သူတဦးက ပြောသည်။ ထို့ပြင် အေးဂျင့်အချင်းချင်း တိုင်ကြားမှုများကြောင့်လည်း ယခုလို ယာယီပိတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

မဲဆောက်တွင် ကုန်တင်ကားများ ပိတ်မိနေသည်မှာ ယနေ့ဆို ၁၂ ရက်ခန့်ရှိပြီဖြစ်ပြီး၊ တရက်လျှင် ကုန်ကျစရိတ် ကျပ် ၅၀၀,၀၀၀ ခန့်ရှိသဖြင့် လက်ရှိတွင် သယ်ယူစရိတ် ကျပ်သိန်း ၅၀ ခန့် ပိုမိုကုန်ကျနေသည်ဟု ကုန်သည်များထံမှ သိရသည်။

တံတားပိတ်ထားမှုကြောင့် ကုန်တင်ကားရာနှင့်ချီပိတ်မိနေပြီး၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ သယ်ဆောင်ထားသည့် ကားများပါဝင်သည်။ စစ်အုပ်စုက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟုဆိုကာ ကုန်စည်များကို စစ်ဆေး၊ ဖမ်းဆီးနေသဖြင့် တရက်လျှင် ကုန်တင်ကား ၂၀ မှ ၃၀ စီးခန့်သာ မြန်မာဘက်သို့ ဝင်ရောက်ခွင့်ရရှိသည်။

ဆက်လက်ပိတ်မိနေပါက သယ်ယူစရိတ်များ မြင့်တက်လာမည်ဖြစ်ပြီး၊ ထိုင်းမှ တင်သွင်းသည့် ကုန်စည်များ၏ စျေးနှုန်းများ ပြည်တွင်းတွင် မြင့်တက်လာနိုင်သည်ဟု ကုန်သည်များက ပြောသည်။ ဥပမာအားဖြင့်၊ ရန်ကုန်တွင် LUX ရေချိုးဆပ်ပြာရည်ဘူးတဘူး၏ စျေးနှုန်းမှာ ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ သို့ တက်လာသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ထို့ပြင်၊ ထိုင်းနိုင်ငံ၏ ဥပဒေအရ တင်သွင်းကုန်များကို တလသာ ခွင့်ပြုထားပြီး၊ ထိုသက်တမ်းကုန်ဆုံးပါက ကုန်စည်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်သည်ဟု ကုန်သည်များက ပြောသည်။ ထိုသို့ သိမ်းဆည်းခံရပါက ကုန်သည်များအနေဖြင့် ၎င်းတို့၏ ကုန်စည်များကို လေလံမှတဆင့် ပြန်လည်ဝယ်ယူရမည်ဖြစ်သည်။

ယခုအခါ ကုန်သည်များသည် ပိတ်မိနေသည့် ကုန်စည်များကို သောင်ရင်းမြစ်လှေဂိတ်များမှ တင်သွင်းနိုင်ရန် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းနေသော်လည်း၊ ထိုနည်းဖြင့် သယ်ယူပါက ကုန်ကျစရိတ် နှစ်ဆမြင့်တက်နိုင်သည်ဟု ဆိုသည်။

စစ်အုပ်စုက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟု ဆိုကာ ယခုလို ပိတ်ဆို့မှုများသည် ပြည်သူလူထုအား စားဝတ်နေရေး အခက်အခဲဖြစ်စေရန် ရည်ရွယ်သည့် ဖိနှိပ်မှုတမျိုးဖြစ်သည်ဟု မြဝတီမြို့ခံတဦးက သုံးသပ်သည်။

စာတည်း။ ။ နောင်နောင်

#မြန်မာ
#ထိုင်း
#အမှတ်၂တံတား
#ကုန်ကားများပိတ်မိ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Attire Attic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share