Mal Pyone - မယ်ပြုံး

Mal Pyone - မယ်ပြုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mal Pyone - မယ်ပြုံး, Yangon.

17/04/2022

🙏🙏🙏 နှစ်သစ်ဆုတောင်း 🙏🙏🙏
မြန်မာသက္ကရာဇ် ( ၁၃၈၄ ခုနှစ်၊ တန်ခူးလဆုတ်၂ရက် )နှစ်ဆန်းတစ်ရက်နေ့မှစပြီး မြန်မာနိုင်ငံသူနိုင်ငံသားများ၊ကမ္ဘာသူကမ္ဘာသားများအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ကပ်ရောဂါများမှလည်းအမြန်ဆုံးကင်းဝေးကြပြီးလိုအင်ဟူသမျှလည်းပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

Please ❗လိုင်းသိပ်မမိတဲ့ နေရာရောက်နေလို့ reply တွေနောက်ကျနေရင် မင်မင့်အသဲတွေ သည်းခံပေးပါနော် လိုင်းမိတာနဲ့ ချက်ချင်း စာပ...
31/01/2022

Please ❗

လိုင်းသိပ်မမိတဲ့ နေရာရောက်နေလို့ reply တွေနောက်ကျနေရင် မင်မင့်အသဲတွေ သည်းခံပေးပါနော် လိုင်းမိတာနဲ့ ချက်ချင်း စာပြန်ပေးပါ့မယ်ရှင့် 🤩🤩🤩

ပြာသိုလပြည့် " အမေများနေ့ " မှသည် နေ့စဉ်နေ့တိုင်းသော အမေများနေ့ဆီသို့ ဂါရဝဖြင့် အမှတ်တရ 💌💌💌❣အမေဟာရေညှိတက်တတ်တဲ့ကျောက်ဆော...
16/01/2022

ပြာသိုလပြည့် " အမေများနေ့ " မှသည် နေ့စဉ်နေ့တိုင်းသော အမေများနေ့ဆီသို့ ဂါရဝဖြင့် အမှတ်တရ 💌💌💌

❣အမေဟာ
ရေညှိတက်တတ်တဲ့
ကျောက်ဆောင်မဟုတ်
အမြဲတောက်ပြောင်နေသော
ပတ္တမြား တစ်ပွင့်

❣အမေဟာ
လူသာမာန်မဟုတ်
ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရမည့်
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်

❣အမေဟာ....
သားသမီးတွေ ပေးတာယူဖို့ဝေး
အမေ့နားကပ်လေး ပေါင်ပေးဖို့လဲ
ဝန်မလေးသော ထူးဆန်းတဲ့ မေတ္တာရှင်

❣အမေဟာ.....
ကိုးလလွယ် ဆယ်လဖွား
အသက်ကိုပဓာနမထားပဲ
သားသမီးတွေကို ဖန်းဆင်းသော
သက်ရှိဘုရား.....

❣အမေဟာ....
သားသမီးတွေရှေ့ရေး
သေဘေးကိုလဲ ဒူးနဲ့ တက်တိုက်မဲ့
မဟာလူသား

❣အမေဟာ...
တန်ခိုးရှင်ဆိုပြီး မကြွားဝါဘူး
ဒါပေမဲ့ အမေ့ဆီလက်ဖြန့်လိုက်
ဟော့ တစ်ပိုက် ဟော့ တစ်ပိုက်
သားသမီးတိုင်း သိပ်ကြိုက်တဲ့ အရာတွေကို
ဆုပေး သူ့အရေးထက် သမု(သမုဒယ)လေးတွေကို
သံယောဇဉ် ပိုသော လိုတရ ကရုဏာရှင်

အမေဟာ.....
အမေဟာ....
အမေဟာ.....

တုနှိုင်းမရ သူ့အတိုင်းလှနေတဲ့
သားသမီးတိုင်းရဲ့ သက်ရှိဘုရားပါ.....။

ဒီကမ္ဘာလောကကြီးထဲ လှပတဲ့ ပန်းလေးတွေ ပွင့်လန်းလာစေပေးလို့လည်း ကျေးဇူးတင်ပါတယ် မေမေတို့ရေ......💕

ပြာသိုလပြည့်နေ့မှာ ကျရောက်သည့် အမေများနေ့မှာ ကမ္ဘာပေါ်က မိခင်များအားလုံးကို ဤသို့ ဂုဏ်ပြုလိုက်ရပါတယ် 🙏🙏🙏

#ပြာသိုလပြည့်
#အမေများနေ့

Address

Yangon

Telephone

+959793618247

Website

Alerts

Be the first to know and let us send you an email when Mal Pyone - မယ်ပြုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share