NEMO Baby Clothing House

NEMO Baby Clothing House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NEMO Baby Clothing House, Clothing (Brand), Yangon.

💞🤱💞
25/01/2024

💞🤱💞

31/12/2023
🙏🙏🙏
29/10/2023

🙏🙏🙏

မီးမီးလေးတို့အတွက် Floral Dress 🌸🌼💐100% Cotton ချည်ဖောင်းကြွလေးမို့ အသားလေးကအေးနေရော💖 🚨 Discount % လေးလဲရှိတာမို့ messan...
13/10/2023

မီးမီးလေးတို့အတွက် Floral Dress 🌸🌼💐
100% Cotton ချည်ဖောင်းကြွလေးမို့ အသားလေးကအေးနေရော💖
🚨 Discount % လေးလဲရှိတာမို့ messanger မှာ စိတ်ကြိုက်မေးလို့ရတယ်နော်💞

NEMO ရဲ့ DEMO ပါရှင့်ပေါ့ပေါ့ပါးပါးအေးအေးလေးမို့ Baby လေးတွေအတွက် သက်တောင့်သက်သာဖြစ်စေပါတယ်ရှင့် ♥️Colour လေးတွေလည်း တစ်...
13/08/2023

NEMO ရဲ့ DEMO ပါရှင့်
ပေါ့ပေါ့ပါးပါးအေးအေးလေးမို့ Baby လေးတွေအတွက် သက်တောင့်သက်သာဖြစ်စေပါတယ်ရှင့် ♥️
Colour လေးတွေလည်း တစ်ချက်ရှိုး နုဖတ်နေတာနော် မေမေတို့ရေ 😍

မေမေတို့ သတိထားလို့ရအောင်ပါရှင် 🤍Baby လေးတို့ ဖျားနာကင်းဝေး ကျန်းမာပါစေရှင် 🙏
08/07/2023

မေမေတို့ သတိထားလို့ရအောင်ပါရှင် 🤍
Baby လေးတို့ ဖျားနာကင်းဝေး ကျန်းမာပါစေရှင် 🙏

Hello ချစ်မေမေတို့ရေ 🌧🌧🌧  NEMO Baby Clothing House မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် 🤍သားသားလေး 👦 တို့အတွက် NEMO က နောက်ဆု...
04/07/2023

Hello ချစ်မေမေတို့ရေ 🌧🌧🌧
NEMO Baby Clothing House မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် 🤍
သားသားလေး 👦 တို့အတွက် NEMO က နောက်ဆုံးထွက်ရှိထားတဲ့🦁 Leo 🦁 လေးကိုပြန်လည် မိတ်ဆက်ပေးပါရစေရှင်
ပိတ်သားကိုတော့ 🧶အင်းလေးချည်ပါးချော ကို အသုံးပြုထားပါတယ်ရှင်
ချည်ဆိုတဲ့အတိုင်း ပူရင် အေးပြီး အေးရင် နွေးစေတာမို့ Baby လေးတွေနဲ့ အသင့်တော်ဆုံးပါရှင်
ဒီလို မိုးရာသီမျိုး မှာ လျော်ပြီး အခြောက်မြန်တာလဲ အားသာချက်တစ်ခုပေါ့နော်
သားသားလေးတို့အတွက် 🦁 Leo 🦁 ကို Size 3 မျိုးထုတ်ထားပါတယ်ရှင်
Colour 3မျိုး ( Black + White , Blue , Coco )
S size - 13900 MMK
M size - 14900 MMK
L size - 15900 MMK
Size chart လေးကို ကြည့်ပြီးမှာပေးလို့ရပါတယ်ရှင်
2ထည် ဝယ်ယူလျှင် 5% off ရရှိမှာဖြစ်ပြီး
3ထည်နှင့် အထက် ဝယ်ယူလျှင် 10% off ရရှိမှာဖြစ်ပါတယ်ရှင်

သိချင်တာများရှိလျှင် Page ရဲ့ Messenger မှာအချိန်မရွေးမေးမြန်းထားလို့ရပါတယ်ရှင်
မင်မင်အားတဲ့အချိန်မှာပြန်လည်ဖြေပေးထားပါမယ်ရှင်💞
Royal Express နဲ့ ချိတ်ဆက်ထားတာမို့ မြန်မာပြည်အနှံ့အိမ်အရောက်ငွေချေရပါတယ်ရှင် # # #
ကြိုက်နှစ်သက်လျှင် မင်မင်တို့ရဲ့ NEMO Baby Clothing House မှ သားသားမီးမီးတို့အတွက်အထည်လှလှလေးတွေကို အားပေးပါရှင် 💖

မေမေတို့ရေ မိုးရာသီမှာ ဘေဘီလေးတို့ကျန်းမာဖို့ ကျန်းမာရေးဗဟုသုတလေးမျှဝေပေးပါရစေရှင်ဒီရာသီမှာကလေးတွေဖျားတတ်ကြပါတယ် ကလေးတွေ...
18/06/2023

မေမေတို့ရေ မိုးရာသီမှာ ဘေဘီလေးတို့ကျန်းမာဖို့ ကျန်းမာရေးဗဟုသုတလေးမျှဝေပေးပါရစေရှင်
ဒီရာသီမှာကလေးတွေဖျားတတ်ကြပါတယ် ကလေးတွေအတွက်အန္တရာယ်များတဲ့ သွေးလွန်တုပ်ကွေး မဖြစ်စေဖို့ ဝေမျှပေးလိုက်ပါတယ်ရှင် 🤍

သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။

ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ⁉️

အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။

ရောဂါလက္ခဏာဘာတွေလဲ။

အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။

ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ...

- ချမ်းတုန်ပြီး အဖျားကြီးခြင်း
- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း
- အကြိတ်များရောင်လာခြင်း
- အရိုးအဆစ်ကြွက်သားများနာခြင်း
- အလွန်အမင်းပင်ပန်းနွမ်းနယ်ပြီးနုန်းခြင်းတို့ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းများလည်းဖြစ်တတ်ပါတယ်။ အနီစက်တွေလည်း အရေပြားပေါ်မှာ သုံရက်မြောက်နေ့မှာပေါ်လာတတ်ပါတယ်။ အဖျားကတော့အများအားဖြင့် တစ်ပတ်လောက်ကြာတတ်ပါတယ်။

🚨အထူးသတိထားရန်

သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေရဲ့ ငါးရာခိုင်နှုန်းလောက်မှာ ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်ကိုရောက်သွားတတ်ပြီးတော့ သွေးယိုတာ၊ သွေးလန့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။

🚨အန္တရာယ်လက္ခဏာများ

- ဗိုက်အရမ်းနာခြင်း
- အသက်ရှုမြန်ခြင်း
- ကော်ဖီရောင်အန်ခြင်း
- အဆက်မပြတ်အန်ခြင်း
- သွားဖုံးသွေးယိုခြင်း
- ကလေးအရမ်းပျော့ခွေနေခြင်း/ ဂဏာမငြိမ်ဖြစ်ခြင်း

သွေးလန့်တာက အများအားဖြင့် ဖျားပြီးသုံးရက်ကနေ တစ်ပတ်အတွင်းဖြစ်တတ်ပါတယ်။

🚨အထူးသတိပြုရန်

သွေးလန့်တာမဖြစ်ခင် အဖျားကျသွားတတ်ပါတယ်။ အဲတော့နေကောင်းသွားပြီထင်ပြီး အန္တရာယ် လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။

အန္တရာယ်လက္ခဏာတွေပေါ်လာပြီးနောက် ၂၄-၄၈နာရီကအင်မတန်အရေးကြီးပါတယ်။ ဆေးရုံမှာကြပ်ကြပ်မတ်မတ်ကုမှ နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

ဘယ်လိုကူးတာလဲ⁉️

သွေးလွန်တုပ်ကွေးဗိုင်းရပ်ရှိနေတဲ့လူကို နေ့ဘက်မှာကိုက်တဲ့ ရေကြည်ရေသန့်မှာပေါက်တဲ့ Aedes လို့ခေါ်တဲ့ခြင်ကိုက်လိုက်တော့ ခြင်ရဲ့ကိုယ်ထဲမှာ ဗိုင်းရပ်တွေကပွားနေပါတယ်။ အဲဒီ့ခြင်ကပြန်ကိုက်တဲ့လူမှာ ရောဂါဖြစ်စေတာပါ။

ဘယ်လိုကာကွယ်မလဲ

🚨ခြင်ကိုက်မခံရအောင်

- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ
- ကလေးအိပ်ရင်ခြင်ထောင်ထောင်ပါ
- ဆေးစိမ်ခြင်ထောင်သုံးပါ
- ခြင်မကိုက်အောင်လိမ်းတဲ့ ဆေး(mosquito repellent) လိမ်းပေးပါ
- ကလေးကိုအလင်းရောင်ရတဲ့နေရာမှာ ကစားခိုင်းပါ။

ခြင်မရှိအောင် ဖုံးသွန်လဲစစ်လုပ်ပါ။
- ရေစည် ၊ ရေအိုး ၊ ရေလှောင်ကန်တွေကိုဖုံးအုပ်ထားပါ။
- ပိုးလောက်လန်းပေါက်ဖွားနိုင်တဲ့ ရေဝပ်နိုင်တဲ့ချိုင့်ခွက်တွေကို မြေဖို့ပါ။
- ပန်းအိုး ၊ ရေအိုးတွေကို နေ့စဉ်တိုက်ချွတ်ပြီး ရေလဲလှယ်ပါ။ မိုးရေတင်နိင်တဲ့ အိုးဟောင်း တာယာဟောင်း များကို စွန့်ပစ်ပါ။

သွေးလွန်တုပ်ကွေးသံသယရှိပါက နီးစပ်ရာဆေးခန်းမှာဆေးကုသမှုခံယူပါ ။အရည်များများတိုက်ပါ။

အန္တရာယ်လက္ခဏာတွေကို အထူးသတိထား စောင့်ကြည့်ပါ။ အကယ်၍ ပေါ်ပေါက်လာပါက/မသေချာရင် ဆေးရုံသို့ချက်ချင်းသွားရောက်ပြီးစစ်ဆေးကုသမှုခံယူသင့်ပါတယ်။
Credit :
ဘေဘီလေးတွေရောဂါကင်းဝေးကျန်းမာကြပါစေရှင်🤍
ချစ်တဲ့ မင်မင်
NEMO Baby Clothing House # # #

05/06/2023

😍အားလုံးစောင့်မျှော်နေကြတဲ့ Nemo Baby Clothing House က နောက်ဆုံး Design လေး ထွက်လာပါပြီ။

🥰ကလေးများအတွက် အထူးအသင့်တော်ဆုံးချည်သားအင်္ကျီလေးများကို မှာယူလိုတယ်ဆိုရင်တော့

🥰Nemo Baby Clothing ကို သတိရလိုက်ပါ။





🔊မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မေမေတို့အတွက်သတင်းကောင်းOnline ကနေ ကလေးအဝတ်အထည်တွေသာ မှာလိုက်တယ်😅Size လည်း မတော်၊ Quality...
19/05/2023

🔊မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မေမေတို့အတွက်သတင်းကောင်း

Online ကနေ ကလေးအဝတ်အထည်တွေသာ မှာလိုက်တယ်
😅Size လည်း မတော်၊ Quality လည်း မကောင်း
😅အရေးထဲ မှာတဲ့ Page က ပိုက်ဆံ လိမ်ပြေးသွားပြန်ပြီ။
🙋‍♀️ဒီလိုဒုက္ခတွေကြောင့် စိတ်ညစ်နေတဲ့ မေမေတို့အတွက် Nemo လေး ရှိပါတယ်။

Nemo Baby Clothing House မှ ထုတ်လုပ်ရောင်းချခဲ့ပြီးသော

✨ Demo
✨ Garden Girl
✨ Skyline
✨ Floral ကလေးအဝတ်အထည်လေးတွေဟာဆိုရင်

✔ချည်ဖောင်းကြွအသား၊ အင်လေးချည်ပေါင်းသား၊ အင်းလေးချည်ထူချော စတဲ့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများနှင့် ချုပ်လုပ်ထားတဲ့အပြင်

✔ဆေးဆိုးတဲ့အခါမှာ Chemical ပါဝင်မှုအနည်းဆုံး ဆိုးဆေးကိုသာ အသုံးပြုထားပါတယ်။

✔ဒီဇိုင်းကအစ ချုပ်ရိုးချုပ်သားကအဆုံး သေသပ်လှပအောင် ဒီဇိုင်နာကိုယ်တိုင် အသေချာလေးပြုလုပ်ပေးထားတဲ့အတွက် လက်ရာသေသပ်မှုအပိုင်းမှာလည်း အပြည့်အဝအာမခံပါတယ်။

ဒီလိုကောင်းကျိုးများနှင့်ပြည့်နှက်နေသော ကျွန်မတို့ Nemo Baby Clothing House မှ ကလေးအဝတ်အထည်များကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သားသားမီးမီးလေးတို့ ဝတ်ဆင်နိုင်ရန်အတွက် ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။

🚚ကျွန်မတို့ Nemo Baby Clothing House မှ ကလေးအဝတ်အထည်လေးတွေကို Royal Express ဖြင့် ချိတ်ဆက်ပေးပို့လျက်ရှိတဲ့အတွက်ကြောင့်

🛑ရန်ကုန်မြို့တွင်းကပဲ မှာမှာ၊ အခြားနယ်မြို့ကပဲ မှာမှာ ပစ္စည်းလေးကို စတင်မှာယူတဲ့အချိန်ကနေစပြီး ငွေကြိုလွှဲမှုများကို လုပ်ဆောင်စရာမလိုတော့လို့ မေမေတို့အနေနဲ့လည်း ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ပါဘူးရှင်။

ပစ္စည်းဝယ်တိုင်း စိတ်ချရတဲ့ Nemo Baby Clothing House မှ ကလေးအဝတ်အထည်များ ဝယ်ယူလိုပါက

ကျွန်မတို့ Nemo Baby Clothing House Page Messenger တွင် မှာယူနိုင်သလို

☎️09 430 49959 သို့ ဆက်သွယ်၍လည်း ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်ရှင်။

🌺ရောင်စုံပန်းခင်းထဲက ပွင့်ဖတ်လေးလို နူးညံ့ပေါ့ပါးမှုအပြည့်ရရှိစေမယ့် Floral Dress 🌺Girly ဆန်ဆန်လေးကိုမှ cute type လေး  ဆ...
16/05/2023

🌺ရောင်စုံပန်းခင်းထဲက ပွင့်ဖတ်လေးလို နူးညံ့ပေါ့ပါးမှုအပြည့်ရရှိစေမယ့် Floral Dress 🌺

Girly ဆန်ဆန်လေးကိုမှ cute type လေး ဆင်ချင်ပါတယ်ဆိုတဲ့ မေမေတို့အတွက် Nemo baby clothing house မှ floral dress လေး အသစ်ထွက်ရှိလို့လာပါပြီ။

ဖောင်းကြွအသားလေးနဲ့ ဂါ၀န်ကားကားဝဲဝဲလေးကိုမှ floral အဆင်လေးနဲ့ဆိုတော့ မီးမီးတို့အကြိုက် fairy tale ဆန်ဆန် princess လေးလိုဖြစ်စေမှာ အမှန်ပဲနော်။

Nemo baby မှ အသစ်ထွက်ရှိထားတဲ့ floral Dress ဟာဆိုရင်....

✨100 % ချည်ဖောင်းကြွလေးကို အသုံးပြုထားတဲ့အတွက် ကလေးများနဲ့ ဓာတ်မတည့်တာ၊ ယားယံတာ၊ အရောင်ကျတာမျိုးမရှိဘဲ ချည်သားရဲ့ အေးမြမှုအရသာအစစ်ကို ခံစားရရှိစေနိုင်ပါတယ်။

✨ဒီဇိုင်နာချုပ်ဖြစ်တဲ့အတွက် ချုပ်ရိုးချုပ်သားစိတ်ချရတဲ့အပြင် cutting ပိုင်းရော Design ပိုင်း ရောသေသပ်လှပတဲ့ ဂါဝန်လေးကို ရရှိစေမှာပါ။

✨အသစ်ထွက်ရှိထားတဲ့ floral dress လေးရဲ့အသက်က လိုသလို Adjust လုပ်နိုင်တဲ့ ကျောယှက်ကြိုးလေးပဲဖြစ်ပါတယ်။ ခါးစည်းကြိုးလေးကို ဖဲပြားတပ်ဆင်ထားပြီး ဂါဝန်ကားကားလေးကိုမှ လက်ဖောင်းဖောင်းလေးနဲ့ဆိုတော့ လုံးဝ cute type ပါပဲ။

✨Size အနေနဲ့ small , medium ,large ဆိုပြီး size 3 မျိုးရှိတဲ့အပြင် အရောင်အနေနဲ့လည်း မီးမီးလေးတို့အကြိုက် အဝါရောင် ၊ ပန်းရောင် နဲ့ အပြာရောင် ဆိုပြီး ရွေးချယ်စရာ3 ရောင်ရှိပါတယ်နော်။

ဈေးနှုန်းလေးကတော့

👶S - 13200 MMK
👶M - 14200 MMK
👶L - 15200 MMK ဖြစ်ပြီး Instock ရှိတာကြောင့် မြန်မာတစ်နိုင်ငံလုံးကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပေးပို့နေပါတယ်.. 🚗

အပြင်ပုံလေးကိုလည်း Comment Box မှ ပြထားပါတယ်ရှင်...

မိမိတို့၏ ရင်သွေးငယ်များအတွက် အကောင်းဆုံးသောအရာများသာ ဖြည့်ဆည်းပေးချင်သော မိဘများအနေဖြင့် ကျွန်မတို့ Nemo Baby Clothing House မှ ဒီဇိုင်နာချုပ်အထည်လေးများကို မှာယူချင်တယ်ဆိုရင်တော့...

အခုပဲ Nemo Baby Clothing House ရဲ့ Page Messenger မှာ ဆက်သွယ်မှာယူလိုက်တော့နော်။



ကမ္ဘာပေါ်ရှိအမေများအား လေးစားဂုဏ်ပြုပါသည် 🤍🤍🤍
14/05/2023

ကမ္ဘာပေါ်ရှိအမေများအား လေးစားဂုဏ်ပြုပါသည် 🤍🤍🤍

Address

Yangon

Telephone

+95943049959

Website

Alerts

Be the first to know and let us send you an email when NEMO Baby Clothing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share