18/07/2021
🛑 စည်ပင် က အလုပ်သမားတွေအတွက် စာနာပေးကြပါ။ 🛑
Covid home test kit တွေ သုံးပီးရင် dettol ပဲဖြစ်ဖြစ်
bleaching powder ဖျော်ထားတဲ့ရေနဲ့ပဲဖြစ်ဖြစ် ဖျန်းပြီးမှစွန့်ပစ်သင့်ပါတယ်။
အခုကာလမှာ လူတော်တော်များများက ရောဂါကူးစက်လျက် အိမ်မှာ ကိုယ့်ဖာသာ စစ်ကြည့်ပြီး နေကြရတာများနေတဲ့အတွက် အဆိုပါ ရောဂါပိုးရှိသူများရဲ့ အသုံးပြုခဲ့သော mask များ ၊ test kit များ၊ အခြား ပိုးပြန့်ပွားနိုင်သော အသုံးအဆောင်များကို အိမ်စွန့်ပစ်အမှိုက်များနှင့်အတူ စွန့်ပစ်နေကြရမယ်လို့တွေးမိပါတယ်။
ကူးစက်ခံရသူမဟုတ်လည်း အကာအကွယ်များကို လူတိုင်းသုံးပြီး လူတိုင်းပစ်နေကြရပါတယ်။
ထိုအရာတွေမှာလည်း ပိုးက ရှိနေနိုင်ပါတယ် ။
ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အပြင် လက်ရှိပုဂ္ဂိုလ်များက ကြည့်ရှုမှု အလွန်အားနည်းတဲ့အတွက် စည်ပင်ဝန်ထမ်းများမှာ ကျန်းမာရေးအသုံးအဆောင်များဖြစ်သော လက်အိတ်များ ၊ mask များ ပြည့်စုံစွာ အသုံးပြုရန် အလွန်အားနည်းပါတယ်။
တတ်နိုင်သမျှအမှိုက်သိမ်းရင်း ကူးစက်မှုလျော့ချဖို့နဲ့သန့်ရှင်းရေးလုပ်ဆောင်ပေးနိုင်မှုမှာ လဲပြိုမှုမဖြစ်ဖို့
ပိုးကူးစက်နိုင်တဲ့ အသုံးအဆောင်များအား
အသုံးပြုပြီးပါက တတ်နိုင်သမျှ ပိုးသတ်ဆေးဖြန်းခြင်းမျိုး ဆောင်ရွက်ပြီး လုံခြုံတဲ့ အိတ်အတွင်း သေချာ ထည့်ကာ စွန့်ပစ်ပေးခြင်းဖြင့် ပြည်သူအချင်းချင်း ကိုယ်ချင်းစာတရား ရှေ့ထား ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
( ဒီစာလေးအား သူငယ်ချင်းတို့ wall ပေါ်ကို ကူးယူဖော်ပြခြင်းဖြင့် Covid ရောဂါ ပြန့်ပွားမှုအားပါဝင်တားဆီးကြပါစို့ ။ Credit ပေးရန်မလိုပါ။ )