YANN Clothing

YANN Clothing shop with me

28/01/2024

သတိရတယ်.......

12/12/2023

Say Yes To Heaven သီချင်းပြန်ကြားတိုင်း
လွန်ခဲ့တဲ့နှစ်တွေကအချိန်တွေပြန်ရောက်သွားသလိုပဲ
အချိန်တွေကုန်တာမြန်လိုက်တာတစ်စုံတယောက်ကတော့လက်ရှိချိန်မှာချစ်ရတဲ့သူနဲ့အကောင်းဆုံးနေနေပေမယ့်ကျန်ခဲ့တဲ့သူကတော့ခုချိန်ထိအတိတ်ကနေရုန်းမထွက်နိုင်သေးဘူးဘာရယ်မဟုတ်ပါဘူးဒီတိုင်းmemories တွေပြန်တက်လာတော့အရင်ကအချိန်တွေကိုလွမ်းမိသားဘာမဟုတ်တဲ့ကိစ္စလေးကြောင့်နဲ့အခုလိုဝေးသွားမယ်လို့လဲမထင်ထားခဲ့ဖူးဘူး
ဘဝမှာပထမဆုံးချစ်မိတဲ့ချိန်ကငယ်သေးတော့ တွဲနေတဲ့ချိန်ချစ်နေတာကောဟုတ်ရဲ့လားလို့သေချာမစဉ်းစားမိပေမယ့်ခုလိုဝေးသွားမှ ငါတကယ်ချစ်ခဲ့မိတာပဲဆိုပြီးအတွေးထဲကစဉ်းစားပြီးပေါ်လာတယ်အရင်ကလဲသူစိမ်းပါပဲ ခုကျတော့အမှတ်တရတွေနဲ့ပြည့်နေတဲ့သူစိမ်းပေါ့

13/11/2023

အရာရာဟာလေ အဆုံးလည်း ဖြစ်နေ အစလည်း ဖြစ်နေ
တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးလည်း ပြတ်တောက်သွားချိန်
တစ်စုံတစ်ယောက်ဆီ သွားဖို့ ခြေတစ်လှမ်း လှမ်းမိနေတယ်။
သံယောဇဥ်အမျှင်တန်းလေးဟာ အချိန်ကြာလာတော့လည်း ဘယ်သူ့ဘယ်သူရဲ့ ပယောဂမှာ မပါပဲ ပြတ်တောက်သွားရတာပဲ။
သူ့တနေ့တာဟာ ကြည်လင်နေမလား၊ မှုန်မှိုင်းနေမလား သတိမထားမိတော့တဲ့ တနင်္လာနေ့ဟာ အဆုံးလည်းဖြစ်နေ အစလည်း ဖြစ်နေ

11/11/2023

" ကားမှတ်တိုင်"

လူတွေက ကားမှတ်တိုင်ဆီလာကြပေမဲ့ ဘယ်သူမှ ကားမှတ်တိုင်ဆီကို မသွားကြဘူး။ သူတို့အတွေးထဲမှာ သူတို့သွားမဲ့ နေရာရှိပြီးသား၊ သူတို့ ခြေလှမ်းတွေကလည်း သွားချင်တဲ့ နေရာကို သိပြီးသား။ သူတို့သွားချင်တာ ကားမှတ်တိုင်ဆီ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကားမှတ်တိုင်ဆီကို သူတို့လာပြီး သူတို့သွားချင်တဲ့ နေရာကို ပို့ပေးနိုင်မဲ့ ကားတွေကို စောင့်ကြတယ်။ ဘယ်သူမှ ငါတော့ ဒီနေ့ ကားမှတ်တိုင်ကို သွားလိုက်ဦးမယ် မပြောကြဘူး။

ကားမှတ်တိုင်ကတော့ လာသမျှလူတိုင်းကို သူ့ဆီလာတယ်၊ သူနဲ့ နေမယ် ထင်နေမလားတော့ မသိပါဘူး။ လာတဲ့သူတိုင်းကတော့ အဲ့လိုအတွေး နည်းနည်းလေးတောင် ရှိနေမှာ မဟုတ်ပါဘူး။ ကားမှတ်တိုင်ဆိုတာ ခေတ္တခဏ ရပ်နားရာ နေရာလေး၊ သွားချင်တဲ့ဆီရောက်ဖို့၊ တွေ့ချင်တဲ့သူနဲ့တွေ့ရဖို့ တထောက်နားတဲ့ နေရာလေးပါပဲ။

လူတွေက လာကြတယ်၊ လူတွေက သွားကြတယ်။ ကားမှတ်တိုင်လေးအနေနဲ့ ဒီသဘောတရားကို နားလည်ပြီး လာသမျှလူတိုင်းကို မတွယ်တာမိဖို့ သင်ယူရမယ်။ တနေ့နေ့မှာ တယောက်ယောက်ကိုတော့ ကားမှတ်တိုင်က ထူးထူးခြားခြားမှတ်မိနေတာမျိုး ရှိရင် ရှိလာမှာပဲ။ အဲ့ခါကျ အဲ့လူကို ကိုယ့်အမိုးအောက်မှာ၊ ကိုယ့် ထိုင်ခုံတန်းလေးမှာ နားခိုစေချင်မိမှာပဲ။ ဒါပေမဲ့ ကားမှတ်တိုင်ဆိုတာ တခဏ္ဏနားခိုရာပဲ၊ ထာဝရ ခိုနားရာမဟုတ်တော့ အဲ့လူကလည်း ထွက်သွားမှာပဲ။ ကားမှတ်တိုင်မှာ ထိုင်နေတုန်းလည်း သူက တခြားတယောက်ကို စောင့်နေတာ ဖြစ်နိုင်တယ်။ သူက ဘယ်တုန်းကမှ ကားမှတ်တိုင်နဲ့ အတူရှိခဲ့တာ မဟုတ်ဘူး။

ဒါပေမဲ့ ကားမှတ်တိုင်အနေနဲ့ လူတယောက်မဟုတ်တောင် သူ့ကိုပဲ ခိုနားရာ အဖြစ်နဲ့ သတ်မှတ်ပြီး အမြဲတမ်းမဟုတ်တောင် ပင်ပန်းလာတဲ့အခါ၊ မှောင်မိုက်လာတဲ့အခါ၊ အချိန်တန်လို့ အိမ်ပြန်ချိန်ရောက်လာတဲ့အခါ သူ့ဆီ အမြဲရောက်လာပြီး လုံခြုံမှုကိုရှာမဲ့ ခွေးလေးတကောင်ဖြစ်ဖြစ်၊ ကြောင်လေးတကောင်ဖြစ်ဖြစ် ရောက်လာဖို့တော့ တိတ်တိတ်လေး မျှော်လင့်နေမိတာပါပဲ၊ တချိန်ထဲမှာလည်း လူတွေက မခေါ်ပဲ ဝင်လာတတ်သလို၊ မနှင်ပဲလည်း ပြန်ထွက်သွားတတ်တာကြောင့် အတူရှိနေတုန်း အကောင်းဆုံးတွေပဲ ပေးပြီး ထွက်သွားတဲ့အခါလည်း မေ့ပစ်ဖို့ သင်ယူနေရတုန်းပေါ့။

01/11/2023

နောက်ဘဝတွေဟာ တကယ်ရှိတယ်
မဟုတ်လား
အရာရာကိုအသစ်ကပြန်စချင်တယ်..။

-ရိပ်ငြိမ်

ငါပဲ 🙂
20/10/2023

ငါပဲ 🙂

ရွေးချယ်စရာတွေအများကြီးပါ🥹🥲
20/10/2023

ရွေးချယ်စရာတွေအများကြီးပါ🥹🥲

နင်က သီချင်းနားထောင်ပြီး အိပ်နေတာပဲ...ငါကတော့ တစ်ယောက်ထဲ လိပ်ပြာတွေလွှင့်
16/10/2023

နင်က သီချင်းနားထောင်ပြီး အိပ်နေတာပဲ...
ငါကတော့ တစ်ယောက်ထဲ လိပ်ပြာတွေလွှင့်

သီတင်းကျွတ်မုန့်ဖိုး မရသေးတဲ့သူလက်ထောင်me:
16/10/2023

သီတင်းကျွတ်မုန့်ဖိုး မရသေးတဲ့သူလက်ထောင်

me:

ငါကျက်လာတယ်မင်းတို့ ရောချကြ ဆိုတဲ့ကောင်စာထစ်သွားသောအခါ:3
16/10/2023

ငါကျက်လာတယ်မင်းတို့ ရောချကြ ဆိုတဲ့
ကောင်စာထစ်သွားသောအခါ:3

15/10/2023

ငါကပဲတစ်ဖက်သတ်ဖြစ်နေခဲ့တာလား
သက်သက်မဲ့ မျှော်လင့်နေခဲ့မိတာလား
ငါကမင်းအတွက် ဘာမှကိုမဟုတ်ဘူးလား
ဒီလိုတောင် ငါကမင်းကိုဘာလို့သဘောကျနေသေးရတာလဲ
ငါ့အတွက် မင်းအ​​တွေးတွေထဲမှာတောင် နေရာမရှိဘူးမဟုတ်လား
ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ်
ငါကမင်းကိုပဲသဘောကျတော့တာမို့
မင်းဘက်ကသာလက်ခံမယ်ဆို ငါ့ကိုမင်းသဘောကျလာအောင် ငါကြိုးစားမှာပါ

15/10/2023

နေ့တိုင်းမင်းကငါ့အတွေးတွေရဲ့အနီးဆုံးနေရာမှာ
တကယ့်လက်တွေ့တွေမှာဝေးနေပေမယ့်လည်းပေါ့
သတိရစိတ်တော့မရှိဘူး နေ့တိုင်းမင်းကိုမမေ့ခဲ့တာမို့လို့

Address

Mingaladon
Yangon
2012

Telephone

+959426441460

Website

Alerts

Be the first to know and let us send you an email when YANN Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YANN Clothing:

Share