4 Elements

4 Elements Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 4 Elements, Clothing (Brand), Bayint Naung Road, 27 Quarter, North Dagon, Yangon.

ရှပ်လက်တို တထည်နဲ့ မတူတဲ့ style မျိုးစုံ look မျိုးစုံ ကို 4 elements ရဲ့ everyday wear, simple shirt  လေးတွေနဲ့ ဖန်တီးက...
17/03/2023

ရှပ်လက်တို တထည်နဲ့ မတူတဲ့ style မျိုးစုံ look မျိုးစုံ ကို
4 elements ရဲ့ everyday wear, simple shirt လေးတွေနဲ့ ဖန်တီးကြမယ်နော်

size M- ရင် ၄၀
size L - ရင် ၄၄

price - 17500 ကျပ်

Kpay market ရဲ့ summer campaign sales (၂၇.၃.၂၃ - ၆.၄.၂၃) မှာဝယ်ရင် တထည် ၂၅၀၀ ကျပ်လျှော့မှာနော်

အရောင်တွေမှာ စွမ်းအင်ရှိတယ်ဆိုတာကို ယုံလား  🧿✨️နေထိုင်ရာ ပတ်ဝန်းကျင်ကို အရောင်တွေက ဝန်းရံထားတယ်လို့ပြောရင် သတိထားပြီး ကြ...
11/02/2023

အရောင်တွေမှာ စွမ်းအင်ရှိတယ်ဆိုတာကို ယုံလား 🧿✨️

နေထိုင်ရာ ပတ်ဝန်းကျင်ကို အရောင်တွေက ဝန်းရံထားတယ်လို့ပြောရင် သတိထားပြီး ကြည့်မိပါလိမ့်မယ်။

ကမ္ဘာမြေမှာ electro-magnetic waves တွေက စွမ်းအင်ကိုဖန်တီးပေးကြပါတယ်။ မတူညီတဲ့ ကြိမ်နှုန်းတွေနဲ့ စွမ်းအင်လှိုင်းများရဲ့ Spectrum မှာ အလင်းလှိုင်းများက အလယ်တွင်ရှိနေတာပါ။

အလင်းလှိုင်းတစ်ခုတည်းကသာ လူတွေရဲ့ မျက်လုံးကနေ မြင်နိုင်တဲ့ တစ်ခုတည်းသော Energy Wave ပါ။ 🌊🧿

အလင်းလှိုင်းတွေ ကွေးသွားတဲ့အခါ အတွင်းထဲမှာရှိတဲ့ အရောင်တွေအားလုံးကို မြင်တွေ့ရပါလိမ့်မယ် ။

ရောင်စဥ် ခုနှစ်ခုပါတဲ့ 🌈 သက်တံ့က အဲ့ဒီ အလင်းလှိုင်းတွေကြောင့် မြင်နိုင်တာပဲဖြစ်ပါတယ်။

သိပ္ပံနည်းကျလှသော အရာများဖြစ်သော်လည်း မတူညီသော အရောင်လှိုင်းတုန်ခါမှုတွေက လူ့ခန္ဓာကိုယ်ရဲ့ 🧿Energy Centres (သို့) Chakras များနှင့်လည်း ချိတ်ဆက်ထားတာကြောင့်

လူတိုင်းမှာ အရောင်တစ်ရောင်ထက် တခြားအရောင်တစ်ခုကို ပိုပြီး နှစ်သက်ကြတယ်ဆိုတာ ခံစားရတဲ့ စွမ်းအင်ခြင်း ကွာခြားနေရခြင်းလို့ ဆိုနိုင်ပါတယ်။

ဒီတော့ အရောင်တစ်ခုစီရဲ့ စွမ်းအင်တွေက ဘာတွေလဲ၊ အဲဒါတွေက စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။

လူ့ခန္ဓာကိုယ်ရှိ Chakra တစ်ခုစီနှင့် မည်သို့ဆက်စပ်နေလဲဆိုတာကို သက်တံ့ရောင်စဥ် ( 7 ) ရောင်နဲ့ ရှင်းပြပေးပါမယ်။

❤Red

အနီရောင်ဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို ချိတ်ဆက်ပေးတဲ့ Powereful Color တစ်ခုလို့သတ်မှတ်ထားကြပါတယ်။ အနီရောင်က လူတွေရဲ့ အာရုံကို အမြဲဖမ်းစားနိုင်ပြီး အရေးပေါ်အခြေအနေတွေရဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။


အနီရောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက •Energy, •Passion , •Vitality , •Courage, •Self Confidence , •Survial Stability တွေပဲ ဖြစ်ပါတယ်။

🧡Orange

သက်တံ၏ဒုတိယအရောင်၊ လိမ္မော်ရောင်က နွေးထွေးပြီး တက်ကြွသောအရောင်ဖြစ်သည်။ လူတွေရဲ့ စိတ်ကိုဖော်ရွေပြီး သက်တောင့်သက်သာဖြစ်စေသည့် Happy Color တစ်ခုပါ။

လိမ္မော်ရောင်ဟာ တဖြေးဖြေး အရောင်နုသွားလေ Positive Feelings ဖက်ကို ပိုရောက်လေလို့လည်း ဆိုကြပါတယ်။

•Endurance, •Perseverance , •Strength တွေကို ကိုယ်စားပြုပါတယ်။

💛Yellow

•Wisdom , •Clarity , •Self Esteem , •Empowerment , •Instinct တွေကို ခံစားရစေတဲ့ အဝါရောင်က Happiest Color အဖြစ် သတ်မှတ်ထားခံရတဲ့ အရောင်တစ်ခုပါ။

အဝါရောင်ကို အလွန်အကျွံ အသုံးပြုခြင်းက လူတွေကို "ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားမှု" ကို ဖြစ်စေနိုင်ပါတယ်နော်။

💚Green

အလယ်ဗဟိုမှာ တည်ရှိတဲ့ အစိမ်းရောင်ကို ကိုယ်စားပြုစကားလုံးက Life ပါ။ အနောက်နိုင်ငံတွေမှာလည်း ချမ်းသာမှုကို သင်္ကေတပြုတဲ့ အရောင်အဖြစ် ပိုက်ဆံမှာ ထည့်သုံးကြပါတယ်။

•Growth , •Health, •Nature, •Wealth, •Self Control, •Compassion, •Hope စကားလုံးတွေက အစိမ်းရောင်ကို ကိုယ်စားပြုနေတာပါ။

💙Blue

☁️ Heaven Color လို့ဆိုကြတဲ့ အပြာရောင်ဟာ လူတွေရဲ့ စိတ်ကို ငြိမ်းအေးပြီး သက်တောင့်သက်သာဖြစ်စေတဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားပါတယ်။

• Calm, •Communication, •Knowledge, •Peace စတဲ့ ကောင်းသောစွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ အရောင်ပါ။

🖤 Indigo

သက်တံ့အရောင်တွေထဲမှာ အငြင်းပွားမှုအများဆုံး ခံရတဲ့ အရောင်တစ်ခုပါ။ အပြာရောင်နဲ့ ခရမ်းရောင်ပေါင်းစပ်ခြင်းကြောင့်ဖြစ်လာတဲ့ အရောင်တစ်ခုအနေနဲ့ သိကြပါတယ်။ သူ့ရဲ့ ဖြစ်တည်အတိုင်းပဲ

🔮လျှို့ဝှက်ဆန်းကြယ်မှု ( Mistry ) ကို ကိုယ်စားပြုတဲ့ အရောင်လည်းဖြစ်ပါတယ်။

•Awareness, •Intuition, •Spiritual Attainment, •Wisdom အဖြစ်လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

💜 Violet

ခရမ်းရောင်ကို နှစ်သက်တဲ့သူတွေက စာနာနားလည်မှုနှင့် ကြင်နာမှုပိုရှိကြောင်း သုတေသနလုပ်သူတွေက ပြောကြပါတယ်။ ခရမ်းရောင် မှာ Unique Super Power တစ်ခုပိုင်ဆိုင်ထားတယ်လို့လည်း ဆိုကြပါတယ်။

ခရမ်းရောင်ကို ကိုယ်စားပြုတာတွေက

•Creativity, Imagination,Luxury, Mystery, Royalty စတာတွေပဲဖြစ်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦးရဲ့ 🧘‍♂️ 🧿 Energy Centres (သို့) Chakras များကို အရောင်လှိုင်းဝင်ရောက်ပုံမတူညီတာကြောင့် အရောင်စွမ်းအင်တွေကွာခြားသွားပါတယ်။

တချို့သော သူတွေအတွက် 🛑 အနီရောင်က စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးပြီး ရဲစွမ်းသတ္တိကို ပေးစွမ်းနိုင်သော်လည်း တချို့ အတွက်ကျ ဒေါသနှင့် စိတ်ပျက်မှုတွေကို ခံစားရတာမျိုးဖြစ်စေတာမျိုးပါ။

🏜 နေရာဒေသ ၊ ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်ဆင်လေ့ရှိကြတဲ့ အရောင်တွေကို သတိထားမိရင် လူတွေရဲ့ အရောင်တွေအပေါ် ယုံကြည်မှုကို မြင်နိုင်မယ်ထင်ပါတယ်။




🌸 𝙁𝙡𝙤𝙧𝙖𝙡 𝙒𝙧𝙖𝙥 𝘿𝙧𝙚𝙨𝙨  🌸နူးညံ့ပြီး နှစ်လိုဖွယ်စရာကောင်းတဲ့ပုံစံကို ပေါ်စေတဲ့ Floral Dress လေးတွေကို 𝟒 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐬 ရဲ့ 𝐒𝐞𝐜𝐨𝐧𝐝 ...
27/01/2023

🌸 𝙁𝙡𝙤𝙧𝙖𝙡 𝙒𝙧𝙖𝙥 𝘿𝙧𝙚𝙨𝙨 🌸

နူးညံ့ပြီး နှစ်လိုဖွယ်စရာကောင်းတဲ့ပုံစံကို ပေါ်စေတဲ့ Floral Dress လေးတွေကို

𝟒 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐬 ရဲ့ 𝐒𝐞𝐜𝐨𝐧𝐝 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 အဖြစ် မိတ်ဆက်ပေးချင်ပါတယ် 💗

🍒 ဘေးဖက်ခါးကြိုးချည်ဒီဇိုင်းကို ဒူးအထက်အနားတွန့်လေးတွေနဲ့ ပေါင်းစပ်ထားလို့ 🦋 လိပ်ပြာလေးဝဲနေသလို ဖြစ်နေစေမှာပါနော်

ရာသီတိုင်းအတွက် သင့်တော်တဲ့ မထူမပါးဝေဖာသားနဲ့ ချုပ်ပေးထားပါတယ် ♡

● အဆင်တစ်ခုချင်းစီကို ပုံမှာကြည့်နိုင်ပါတယ် ●

𝗣𝗿𝗶𝗰𝗲 - 𝟮𝟮,𝟱𝟬𝟬 𝗠𝗠𝗞
𝗕𝘂𝘀𝘁 𝗦𝗶𝘇𝗲 - 𝟯𝟰 - 𝟰𝟬
𝗪𝗮𝗶𝘀𝘁 𝗦𝗶𝘇𝗲 - 𝟮𝟲 - 𝟯𝟬

လှုပ်ရှားသွားလာနေရတဲ့ နေ့ရက်တွေမှာ သတိထားရတဲ့ အရာတစ်ခုက အဝတ်အစားပါပဲ။ပူအိုက်တဲ့ ရာသီဥတု၊ မွန်းကြပ်တဲ့ လူနေမှုပတ်ဝန်းကျင်...
25/01/2023

လှုပ်ရှားသွားလာနေရတဲ့ နေ့ရက်တွေမှာ သတိထားရတဲ့ အရာတစ်ခုက အဝတ်အစားပါပဲ။

ပူအိုက်တဲ့ ရာသီဥတု၊ မွန်းကြပ်တဲ့ လူနေမှုပတ်ဝန်းကျင်မှာ လွတ်လပ်မှုမရှိတဲ့ အဝတ်အစားကို ဝတ်မိလျက်သားဖြစ်နေခဲ့ရင် စိတ်ရောလူပါပင်ပန်းစေနေမှာပါ။

အဝတ်အစားကို ကိုယ်ကတဖန်ပြန်သယ်နေရသလိုမဖြစ်စေဘဲ ကိုယ်နဲ့တသားတည်းကျနေသလိုခံစားနေရသင့်ပါတယ်။

ဒါကြောင့် Comfortable Wear တွေ အဓိကထားရောင်းတဲ့ Uniqlo, Muji စတဲ့ brand တွေက Fashion Style မှာလူကြိုက်များကြတာ အထက်ပါအချက်ကြောင့်ပါနော်။

သက်တောင့်သက်သာဖြစ်စေပြီး အတွဲအစပ်မိမိတွဲဝတ်နိုင်စေဖို့ 4 elements clothing မှ ထုတ်လုပ်ပေးထားတဲ့ အရည်အသွေးမြင့် Local Made basic wear Shirt ကို ဝယ်ယူလိုပါက

https://m.facebook.com/story.php?story_fbid=194748699766282&id=100076934596409&mibextid=Nif5oz




မိန်းကလေးတစ်ယောက်မှာ တစ်ထည်တော့ ရှိထားသင့်တဲ့  ° 𝙎𝙩𝙮𝙡𝙞𝙨𝙝 𝙎𝙝𝙞𝙧𝙩 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 ° 4 Elements ရဲ့ First Collection အနေနဲ့ ပွဲဦ...
13/01/2023

မိန်းကလေးတစ်ယောက်မှာ တစ်ထည်တော့ ရှိထားသင့်တဲ့ ° 𝙎𝙩𝙮𝙡𝙞𝙨𝙝 𝙎𝙝𝙞𝙧𝙩 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 °

4 Elements ရဲ့ First Collection အနေနဲ့ ပွဲဦးထွက်လာတာက Basic Wear မှာ မပါမဖြစ် Shirt လေးတွေပါ

Energy အပြည့်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်အသွင်ကို ပုံဖော်လိုတာကြောင့်

လူငယ်ဆန်သော ဒီဇိုင်း နှင့် အရောင်တွေကို ရွေးချယ်ပေးထားပါတယ် 💚🤎

ချည်သားအေးအေးနဲ့ ရာသီမ​ရွေးဝတ်ဆင်နိုင်ပြီး Comfortable ဖြစ်စေမှာပါနော်

●Size & Price ကို ပုံတွင်ကြည့်ရှုနိုင်ပါတယ်●

မှာယူလိုပါက
■ အမည်
■ နေရပ်လိပ်စာ အပြည့်အစုံ
■ ဖုန်းနံပါတ်
■ လိုချင်တဲ့ size နှင့် အရေအတွက် ကို Page Message မှတစ်ဆင့်ေပးပို့ပြီး မှာယူနိုင်ပါတယ်။

●ရန်ကုန်, မန်းလေး မြို့တွင်း cash on delivery or Kpay ဖြင့်ငွေလွှဲနိုင်ပါတယ်
● ကျန်မြို့များ ငွေလွှဲဝင်ပြီး နောက်တစ်ရက် ကားဂိတ်( သို့) Royal နဲ့ပို့ပေးပါတယ်

(ဂိတ်ပို့ခနဲ့ တန်ဆာခကိုတော့ မှာယူသူဘက်မှ ကျခံပေးရပါမယ်)

Our very first collection is coming so soon ...
09/01/2023

Our very first collection is coming so soon ...

Address

Bayint Naung Road, 27 Quarter, North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when 4 Elements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share