Wings

Wings Fashion

အိမ်မှာ ဟင်းမကောင်းလို့ပါ😁
04/05/2022

အိမ်မှာ ဟင်းမကောင်းလို့ပါ😁

01/05/2022

လိုင်းအရမ်းကျနေလို့ နောက်နေ့မှ ထပ်လွှင့်ပေးမယ်နော်😔

01/05/2022

သဲလေးတို့ရေ ည ၆ခွဲကြရင် ချည်ထည်လေးတွေ
၁၅၀၀တည်းနဲ့ တန်တန်လေး live ထပ်လွှင့်ပေးမယ်နော်။🙆😍

မိန်းကလေးတွေအင်္ကျီဝယ်ရင်(ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ )မပြောပါနဲ့ 😜😝😜1.မိန်းမတွေရဲ့ အဝတ် ဘီဒ...
23/04/2022

မိန်းကလေးတွေအင်္ကျီဝယ်ရင်
(ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ )မပြောပါနဲ့ 😜😝😜

1.မိန်းမတွေရဲ့ အဝတ် ဘီဒိုဆိုတာဆိုတာ…🤔

2.ကြိုက်လို့ဝယ်ထားပေမယ့် မဝတ်ဖြစ်တဲ့အင်္ကျီဆိုတာ သီးသန့်ရှိတယ်…😬

3.မတော်မှန်းသိပေမယ့် တချိန် ဝိတ်ချပြီးရင် တော်မှာပါဆိုတဲ့ စိတ်နဲ့ ဝယ်ထားတဲ့ အင်္ကျီတွေလဲရှိတယ်….😉

4.ဝယ်တုန်းကတော့ကြိုက်တယ်;
နောက်မှ မကြိုက်လို့ မဝတ်တော့တဲ့ အင်္ကျီတွေက သက်သက်😅

5.ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဝတ်မရတဲ့ အင်္ကျီတွေကလဲ ရှိပြန်တယ်…😆

6. ဝလာလို့ ပိန်သွားလို့ ဝတ်မရတော့တဲ့ ဟာတွေကလဲ တပုံ….🤪

7. Online ကမှာထားပြီး ရောက်လာတော့ တမျိုးဖြစ်နေလို့ ချောင်ထိုးထားရတဲ့အင်္ကျီတွေလဲရှိတယ်…😄

8. မဝတ်ချင်လို့ မဝတ်တာတွေကလဲ သီးသန့်…😉

ဆိုတော့ကား… မိန်းမတွေ အင်္ကျီဝယ်ရင်
(ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ )မပြောပါနဲ့…..😁
ကိုယ်တွေမှာ တခါတခါ အပြင်ထွက်ရင်ဝတ်စရာကိုမရှိတာပါ…..😥

📝

မင်မင်ကိုပါ ယူလိုက် ထမင်းလေးတော့ကျွေးနော်🤗
08/04/2022

မင်မင်ကိုပါ ယူလိုက် ထမင်းလေးတော့ကျွေးနော်🤗

ရွေးတတ်ရင် ရွှေနော်🤗Vintage Clothings ဆိုတာ  မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothin...
06/04/2022

ရွေးတတ်ရင် ရွှေနော်🤗

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့

Bale ဆိုတာ English လို အစီးကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အိတ် ဖိနပ် ဦးထုပ် ခါးပတ် အမျိုးးအစား အစုံပါပါတယ်...

နိုင်ငံတကာမှာ Vintage Store တွေ Thrift Shop/Thrift Market တွေ အများကြီး ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆို Weekend Thrift Market အကြီးကြီးဖြစ်တဲ့ ChauktuChauk ရှိပါတယ်...လူစည်ချက်ကတော့ မျက်စိလည်.... မူးတောင်သွားမယ်။
ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်မှာလည်း ဘေထုပ်ဒိုင်ဈေးကြီး Rong Khruea Market ရှိပါတယ်..
မြဝတီ-မဲဆောက်ဘက်မှာလည်း Vintage Stores တွေရှိပါတယ်..
Europe က နိုင်ငံတော်တော်များများမှာလည်း Thrift Store တွေ Vintage Clothings Shop တွေ ရှိပါတယ်... မြန်မာပြည်မှာလို လေဟာပြင်ဈေးတန်းတွေသာမက Ocean လို Super Market နဲ့ကို second hand, good quality တွေရောင်းတာနော်....အဲ့မှာဆိုရင် ကိုယ်လို Vintage ဝတ်ရတာ...ရှာရတာ ကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်ဈေးကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)

Vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...ဘယ်သူနဲ့မှကို မတူချင်တဲ့ သူတို့ စတိုင် Inspiration တွေက Vintage wears တွေမှာ ရှာတွေ့နိုင်လို့ပါပဲ..(တချို့တွေကို customize ဖြတ် ညှပ် ကပ် ပြန်ပြင်ပါတယ်)..... နာမည်ကြီး အဆိုတော် Taylor Swift , fashion မမ Kylie Janner , လူမည်းအဆိုတော် Chris Brown, Rihana, Justin Bieber အဆုံး Hollywood က ကြယ်ပွင့်တော်တော်များများကို vintage wears တွေနဲ့ ထသွားထလာတွေရော ပွဲတက်လာတာတွေရော တွေ့နိုင်ပါတယ်။
အဆိုတော် Macklemore တောင် Thrifting ဘေထုပ်နှိုက်တဲ့ အကြောင်း သီချင်းတောင် စပ်ဆိုထားသေးတယ်.... အဲသီချင်းများ နာမည်ကြီးချက်...song title ကိုက Thrift Shop... တော်တော်များများ သိပြီးကြမှာပါ.... မသိသေးရင် သူ့ရဲ့ Music Video ကို Download လုပ်ပြီး နားထောင်ကြည့်လိုက်ပါဦး...
ကိုယ်တွေက အဲ့သီချင်းပေါ်ခါစကဆို အဲ့သီချင်းဆိုပြီးတော့ကို ဘေထုပ်နှိုက်ခဲ့တာ...ကိုယ့်ကိုယ် ဘေဆရာကြီးပေါ့လေ....

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ ဈေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် ဈေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ ဈေးချုပ်ထည်ထက်တောင် ဈေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition ဈေး တွေကတော့ ချွင်းချက်ပေါ့ရှင် ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်ဈေးမတောင်းသလို ဝယ်သူကလည်း အဟောင်းဈေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်ဈေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း ဈေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က ဈေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့.....အပေါက် အပြဲ အစွန်းအထင်းတွေပါတာ ရွေးလာမိတာ သိရင် ဂွမ်းပေါ့....
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ

02/04/2022
Hello ချစ်တို့ရေ ဒီတခါတော့ ဂါဝန်အတိုလေးကြိုက်သူများအတွက် တန်တန်လေးတွေလာပြီနော်🤗🤗🤗 ကြိုက်တာယူ💥5000ထဲနော်
02/04/2022

Hello ချစ်တို့ရေ ဒီတခါတော့ ဂါဝန်အတိုလေးကြိုက်သူများအတွက် တန်တန်လေးတွေလာပြီနော်
🤗🤗🤗
ကြိုက်တာယူ💥5000ထဲနော်

လက်ရှည်မကြိုက်သူလေးတွေအတွက် လက်ပြတ်လေးတွေနဲ့လည်း လန်းလို့ရပါတယ်နော် 🧏🏻‍♀️👩🏻‍🦳🧏🏻‍♀️ ပုဇွန်တောင်  ၊ ဗိုလ်တစ်ထောင် deli fre...
31/03/2022

လက်ရှည်မကြိုက်သူလေးတွေအတွက် လက်ပြတ်လေးတွေနဲ့လည်း လန်းလို့ရပါတယ်နော် 🧏🏻‍♀️👩🏻‍🦳🧏🏻‍♀️

ပုဇွန်တောင် ၊ ဗိုလ်တစ်ထောင် deli freeပါရှင့်။

Floral🌼🌸🌻 ဂါဝန်အရှည်လေးတွေနဲ့ အမိုက်စား လန်းကြမယ် အပြင်သွားမှာလား ကမ်းခြေသွားမှာလား အထည်သန့်သန့်လေးတွေမို့ ရတုန်းလေး ယူထ...
31/03/2022

Floral🌼🌸🌻 ဂါဝန်အရှည်လေးတွေနဲ့ အမိုက်စား လန်းကြမယ် အပြင်သွားမှာလား ကမ်းခြေသွားမှာလား အထည်သန့်သန့်လေးတွေမို့ ရတုန်းလေး ယူထားနော်။
🤗ပုဇွန်တောင် ၊ ဗိုလ်တစ်ထောင် deli freeပါရှင့်။
🔥100% errorကင်းတဲ့အထည်လေးတွေပါ။

31/03/2022

သဲလေးတို့ရေ💃💃
ညရောက်ရင်
floral ဂါဝန် အတိုအရှည် သန့်သန့်လေးတွေ တင်ပေးမယ်နော် လှလွန်းလို့ လုဖို့သာပြင်ထားလိုက်တော့

Skirt🙋 အတိုလေးတွေဝတ်ကြမယ်ဝယ်ကြည့်လိုက်ပါ 😚အထည်လေးတွေ အိမ်ရောက်တာနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေရမယ် မင်မင် အာမခံတယ်။ ဓာတ်ပုံ...
23/03/2022

Skirt🙋 အတိုလေးတွေဝတ်ကြမယ်
ဝယ်ကြည့်လိုက်ပါ 😚အထည်လေးတွေ အိမ်ရောက်တာနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေရမယ် မင်မင် အာမခံတယ်။ ဓာတ်ပုံထဲမှာထက် အပြင်မှာပို အရောင်တောက်တယ်နော်။✨

Address

Yangon
95

Telephone

+959427540001

Website

Alerts

Be the first to know and let us send you an email when Wings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category