03/11/2022
အသက် ၃ နှစ်အောက်ကလေးတွေကို ဘာလေးတွေ သင်ပေးရမလဲ မေးမေးနေကြတာတွေ့မိလို့ ပြန်ရှဲပေးတာပါ
right brain development အတွက် အိမ်မှာ လေ့ကျင့်နိုင်တဲ့ အချက်တွေ
၁. Reading Story Books
ကလေးရဲ့brain မှာ image create ability ရဖို့ အရောင်စိုစို ရုပ်ပုံလေးတွေပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ကလေးကိုရင်ခွင်ထဲထား ဖတ်ပြပေးတဲ့ အလေ့အကျင့်ပြုလုပ်ပါ
၂. ESP (Extra Senory Perception)
ကလေးကို လူကြီးလက်ထဲ သကြားလုံးဖွက်ပြီး ဘယ်လက်ထဲမှာရှိလဲဆိုတာမျိုး
ကလေးလက်ထဲဖြစ်နေချေများတဲ့ ရုပ်ပုံကိုကြိုတင်ရွေးချယ်ခိုင်းထားပြီး ဘာလေးဖြစ်မလဲ ကြိုတင်ခန့်မှန်းတာမျိုးပါ
၃. Flash Cards
ခုခေတ် ၆လအထက်ကလေးများကို စတင်ပြီး ဦးနှောက် မှတ်ဉာဏ် ဖွံ့ဖြိုးရေးမှာ အသုံးများပါတယ်
မြန်မြန်ပြ ကျယ်ကျယ်အော်ရင် right brain
ဖြည်းဖြည်းပြ မှန်မှန်ပြောရင် left brain
ထိရောက်တဲ့ လေ့ကျင့်မှုပါ
၄. Letters
Wall Posters တွေ ကလေးမြင်သာတဲ့နေရာမှာကပ်ထားစေတာပါ သီချင်းလေးတွေဖွင့်ထားရင်လည်း အကြားအာရုံကတဆင့် ဦးနှောက်က မှတ်သားပါတယ်
၅. Numbers
ပေသီးနဲ့ရေတွက် ပေါင်းနှုတ်ပြတာမျိုး
ဘောလုံးလေးတွေနဲ့ ရေတွက်ပြတာမျိုးလုပ်ပေးနိုင်ပါတယ်
၆. Knowledge
Color နဲ့ shape တွေပြပြီးကစားတာမျိုး
သစ်ပင်ဆို ဘာအရောင်
သားဝတ်ထားတာ ဘာအရောင်လေး
စတဲ့ ပတ်ဝန်းကျင်ကနေသင်ယူစေတာမျိုးပါ
၇. Memory
ရုပ်ပုံတွေကို တစ်ခုနဲ့တခု ချိတ်စပ်ကာ ပုံပြင် ဝါကျဖွဲ့စည်းပြီး မှတ်သားစေတာမျိုး
ဥပမာ flash cards: car, Apple, green
သားသားကားစီးပြီး အစိမ်းရောင်ပန်းသီးဝယ်တယ်
အဲဒိလိုမှတ်သားခိုင်းခြင်း
၈. Drawing
လက်ကဆွဲ လွတ်လွတ်လပ်လပ် ဆွဲချင်တာဆွဲစေခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ်ပိုအားကောင်းစေတယ်
၉. Handicraft
စာရွက်လေးတွေတူတူခေါက်တာမျိုး တစ်ရှုးကိုဗြဲတာမျိုး ဒါက အာရုံဝင်စားမှုအားကောင်းအောင် လေ့ကျင့်တာ အဲဒိလိုဗြဲနေချိန် မတားသင့်ဘူးတဲ့
၁၀. Exercise
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေးလုပ်ပေးခြင်း
ထိုင်ထ ဘယ်ခြေမြှောက် ညာခြေမြှောက် ခုန်ပေါက်
စတာမျိုးလေ့ကျင့်ပေးရင် decision making ကောင်းတယ်
၁၁. Nursery Songs
ဒါကတော့တော်တော်များများ ကလေးတွေကို ဖွင့်ပြဖြစ်ပါတယ် တစ်ခုပဲ Audio ဖြစ်ပါစေ
ကလေးနဲ့အတူမိဘကလိုက်ဆို လိုက်ကရင်ပိုကောင်းတယ် ညအိပ်ခါနီး background music အေးအေးလေးဖွင့်ထားရင် စိတ်ကြည်လင်စေတယ်
၁၂. Touch Nature or Art
သဲတို့ မိုးရေတို့ မြတ်တို့ ကျောက်တုံး စတဲ့အရာတွေတဲ့ ထိတွေ့စေတာ
အနံ့ မာကြော ပေါ့တဲ့ဖော့ပေးကိုင်စေတာမျိုး
အာရုံခံစွမ်းအားကို တိုးတက်စေတယ်
၁၃. Develop Cutaneous Sensations
အေးတာ ပူတာ ကလေးလက်ကလေးနဲ့ပေးထိစေတာမျိုး နှိပ်နယ်ပေးတာမျိုး (ညင်ညင်သာသာ)
ဒီအချက်တွေကို နေ့စဉ်ပုံမှန်လေ့ကျင့်ပေးနိုင်ရင် ကလေးဦးနှောက်မှတ်ဉာဏ်ဖွံ့ဖြိုးမှုအားကောင်းစေတယ်
၃နှစ်အောက်ကလေးတွေကို output မမြင်ရပေမယ့် input များများထည့်ပေးနိုင်လေကောင်းလေပါပဲ