14/05/2023
ရင်ထဲက တိမ်မည်းကြီးတွေ
ပြိုကြကုန်တော့
ကြည်လင်နေတဲ့မျက်ဝန်းတစ်ဝိုက်
ကမ်းပါးပြို တိုက်စားခံရ။
ဝမ်းနည်းမှု ပင်လယ်ထဲ
သောက လှိုင်းထပြန်တော့
ခံစားသူ တံငါသည်လို
အာဂုံဆောင်ဂါထာတစ်ပုဒ်က
စိတ်ဖြေရာ မှတ်တမ်း။