ယွန်း ပိုးထည်၊ချည်ထည်၊ပိတ်စမျိုးစုံလက်လီ၊လက်ကား

  • Home
  • Myanmar
  • Yangon
  • ယွန်း ပိုးထည်၊ချည်ထည်၊ပိတ်စမျိုးစုံလက်လီ၊လက်ကား

ယွန်း ပိုးထည်၊ချည်ထည်၊ပိတ်စမျိုးစုံလက်လီ၊လက်ကား ပန်းကြာဝတ်မှုံလမ်း၊၁၄/၃ရပ်ကွက်၊တောင်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့

ချစ်ကာကာတို့ရေ ကျွန်မဆီကပဲစျေးဝယ်ပါနော်🙂
21/03/2022

ချစ်ကာကာတို့ရေ ကျွန်မဆီကပဲစျေးဝယ်ပါနော်🙂

လက်ယက်ကန်းစစ်စစ်ကို အဆင့်တန်းမြင့်မြင့်ဝတ်ချင်တဲ့ သဲ❤လေးတွေအတွက်ရေလှိုင်းလက်ကော်ချိတ်လေးတွေရပါပီနော်တစ်ကွင်း - 15500လက်က...
29/08/2021

လက်ယက်ကန်းစစ်စစ်ကို အဆင့်တန်းမြင့်မြင့်ဝတ်ချင်တဲ့ သဲ❤လေးတွေအတွက်
ရေလှိုင်းလက်ကော်ချိတ်လေးတွေရပါပီနော်
တစ်ကွင်း - 15500
လက်ကားယူချင်တဲ့ ❤ လေးတွေက Cb မှာမေးပေးနော်
ရန်ကုန် အိမ်ရောက်ငွေချေပါ
နယ်က❤လေးတွေက K Pay, AYA Mobile banking, MAB Mobile Banking နဲ့ပေးလို့ရပါတယ်နော် % လုံးဝမယူဘူးနော်

သဘောကြလို့ 😄😄😄😄😄
27/08/2021

သဘောကြလို့ 😄😄😄😄😄

21/08/2021

ရှင်သန်နိုင်ရမယ်
=== === === ===

ဘဝက ပင်လယ်ဆိုရင်
ကိုယ်က လှေငယ်တစ်စင်းဘဲလေ။
တက်ကျိုးရင် လက်နဲ့လှော်ရမယ်ပေါ့။
လောကဓံ မှုန်တိုင်းဆိုတာမျိုးက
ကိုယ် တစ် ယောက် ထဲ စီ ကို
ကွက်ပြီးရွာနေတဲ့ မိုး,မဟုတ်ဘူး။

ပင်လယ်ကျယ်တာကြည့်ပြီး
စိတ် ဓာတ် ကျ နေ ရင် တော့
ဘယ်တော့မှ ကမ်းရောက်မှာမဟုတ်ဘူး။

အဆင်မပြေမူ့တွေလဲ ရှိမယ်
ခါးသီးမူ့တွေနဲ့လဲ ကြုံရမယ်
ဒါကိုဘဲ ဘဝလို့ခေါ်ရင်း
ဒုက္ခတွေကို ဆေးဖက်ဝင်အောင်
သောက်သုံးတတ်ရမယ်။

တစ်ခါမက ပြိုလဲခြင်းတွေကဘဲ
ကိုယ့်ကို နောက်တစ်ခါ သန်မာစေတယ်။

အ ရွုံး ဆို တာ ဘ ဝ ရဲ့
အ ဆုံး သတ် မ ဟုတ် ဘူး လေ။
အောင်မြင်မူ့အတွက် ရှင်သန်ရာ
တွန်းအားတစ်ခုဘဲ မဟုတ်ပါလား။

စဉ်ဆက်မပြတ် ကြိုးစားနေရမယ်။
အိမ်မတ်တွေက စျေးကြီးတယ်
ဆုတောင်းနေရုံနဲ့တော့
ဘာ မှ ဖြစ် လာ မှာ မ ဟုတ် ဘူး။

ကျရှုံးမူ့ဆိုတာ
လူတိုင်းမလိုချင်တဲ့ ဒုက္ခတစ်မျိုး
ဒါပေမယ့် လူတိုင်းကျရှုံးဖူးတယ်
လဲကျရင် ပြန်ထနိင်ရမယ်
ဒါကိုဘဲ ဘဝလို့အမည်ပေးမယ်။

လောကဓံ မြစ်ရေစီးမှာ
ပြုသမျှ စုန် ဆန် စီးပေးနေရအောင်
ကိုယ်က ဗေဒါမှမဟုတ်တာ။

ဆယ် ခါ လဲ ရင်
ဆယ့် တစ် ခါ ပြန် ထ မယ်
ခါး သီး မှု တွေ က နေ ဘဲ
ချို မြိန် ခြင်း ကို ရှာ ဖွေ ကြ မယ်။

ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့
ဘဝက တစ်ယောက်ချင်းစီတိုင်းကို
မတူညီတဲ့ ပန်းတိုင်တစ်ခု
ပုစ္ဆာတစ်ခုစီပေးထားတယ်
ကိုယ့်ရဲ့ လုပ်ဆောင်ချက်က
ကိုယ့်ဘဝအဆုံးဖြတ်ဘဲ။

ခက်ခဲတဲ့ ဒုက္ခ ဧရိယာဆိုတာ
ကိုယ်တစ်ယောက်မှ အပ
အပြင်လူမဝင်ရ,ဆိုပြီး
ဆိုင်းပုဒ်တတ်ထားတာလဲ မဟုတ်ပါဘူး။

အားလုံးကျင်လည်နေရတဲ့
လောကဓံ တရားတွေပါ
ရုန်းထွက်နိုင်မှသာ
အောင်မြင်မှုကို ရရှိနိုင်လိမ့်မယ်။

အ ခက် အ ခဲ တွေ လဲ ရှိ မယ်
ပြ ဿ နာ တွေ လဲ ရှိ မယ်
အ ဆင် မ ပြေ မှု တွေ လဲ ရှိ မယ်
ဒုက္ခ တွေ လဲ ရှိ မယ်။

ပျော် ရွင် ခြင်း , ဝမ်း နည်း ခြင်း
ဒါတွေကို အချိုးအစားလိုက်
ပေါင်းစပ် ဖွဲ့စည်းထားခြင်းကိုဘဲ
ဘ ဝ လို့ ခေါ် တယ်။

ကိုယ်မလိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
အကောင်ဆုံး ရဲရင့်စွာ ရှင်သန်တတ်ရမယ်။

ကိုယ်လိုချင်တဲ့ လောကဓံနဲ့ကြုံတဲ့အခါလဲ
တည် တည် ငြိမ် ငြိမ် နဲ့ အေးချမ်းတတ်ရမယ်။

ဘာအတွက်နဲ့မှ ဘဝကိုအရှုံးမပေးပါနဲ့။

ချိုမြိန်ခြင်းကို လို့ချင်တဲ့အခါ
ခါးသီးခြင်းတွေကို ကျော်ဖြတ်နိုင်ရမယ်။

အောင်မြင်မှုကို လိုချင်တဲ့အခါ
ကျရှုံးမှုတွေကို ကျော်ဖြတ်နိုင်ရမယ်။

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့
မလိုချင်တဲ့ ခရီးကြမ်းတွေကို
နင်းလျှောက်ရင်း အိမ်မက်တွေကို
အကောင်ထည်ဖော်ဖို့ ဘဝကို
ရဲရင့်စွာ ရှင်သန်သွားကြမယ်။

ရဲ ရင့် ပါ
~~~~~~~
လူတချို့နဲ့ ကျန်တဲ့အကြောင်းအမျိုးအမျိုးက
မင်းကိုတိုက်ခိုက်နေပြီးလား

ဒီအတွက်နဲ့ စိတ်ဓာတ်ကျနေရမဲ့
အတွေးတွေကို့ အခုပဲ မောင်းထုတ်ပြစ်လိုက်ပါ။

မင်းရှေ့ဆက်လျှောက်ပါ မင်းလုပ်နိုင်ပါတယ်
မင်းဟာ သန်မာတဲ့သူတစ်ယောက်ပါ။

မင်းလိုဘဲ လူတိုင်းမှာ အတိုက်အခိုက်တွေနဲ့ပါ
ဒါပေမဲ့ လက်ခံပုံခြင်းတော့ကွာတာပေါ့။

ရေခွက်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်နဲ့
ရေကန်ထဲကို ထည့်တဲ့ ဆားတစ်ဆုပ်
ဆားတစ်ဆုပ် ခြင်းတော့ တူပေမယ့်
လက်ခံတဲ့ ရေ ရဲ့ကြယ်ပြန့်မူ့ကြောင့်
ရလဒ်ကတော့ ကွားသွားတယ်

မင်းဟာ ရင့်ကျက်သူတစ်ယောက်အနေနဲ့ အကောင်းဘက်ကတွေးရင် မင်းအတွက် အသုံးချစရာတစ်ခုအဖြစ် ခွန်အားရမှာပါ။

မင်းဟာ ရင့်ကျက်မှု မရှိတဲ့ စိတ်နဲ့
လိုက်ခံစားနေရင် ပူလောင်မယ် ဒါပါပဲ။

တချို့အောင်မြင်မှုတွေက
ကိုယ့်ရဲ့ စိတ်ရှည် သည်းခံမှု ခံနိုင်ရည်အပေါ်
စမ်းသပ် ပြီးမှရောက်ရှိလာတာမျိုးပါ။

ကျန်းမာရေးကို ဂရုစိုက်ပါ။
အချိန်မှန်အိပ်ပါ။
အချိန်မှန်စားပါ။
ဒီနေ့ ကို ပျော်ရွှင် စွာ ဖြတ်သန်းပါ။
မနက်ဖြန်အတွက် ရဲရင့်ပါ။

Credit.

❝ ဆုတောင်းတိုင်း ပြည့်ချင်သလား ❞■■■■■■■■■■■■■■■■■■မိမိတို့ရဲ့ လိုအင်ဆန္ဒပြည့်စေချင်တဲ့အတွက်ဆုတောင်းပြည့်ဘုရား သွားဆုတောင...
15/07/2021

❝ ဆုတောင်းတိုင်း ပြည့်ချင်သလား ❞
■■■■■■■■■■■■■■■■■■

မိမိတို့ရဲ့ လိုအင်ဆန္ဒပြည့်စေချင်တဲ့အတွက်
ဆုတောင်းပြည့်ဘုရား သွားဆုတောင်းတာတို့...
ကြီးပွားချမ်းသာလိုတဲ့အတွက်
ကြီးကိုးကြီးဘုရား သွားရှိခိုးတာတို့လုပ်စရာမလိုပါဘူး....

မိမိတို့ရဲ့သဏ္ဍန်မှာ
" သဒ္ဓါ "ဆိုတဲ့ ယုံကြည်မှု....

" သီလ " ဆိုတဲ့ ကိုယ် နှုတ် စိတ် သုံပါးကို
လုံခြုံအောင် စောင့်ထိန်းမှု...

" သုတ " ဆိုတဲ့ အကြားအမြင် ဗဟုသုတရှိမှု....

" စာဂ "ဆိုတဲ့ စွန့်ကြဲ ပေးကမ်းမှု..

" ပညာ " ဆိုတဲ့ဥာဏ်ပညာကြီးမြတ်မှု..

အစရှိတဲ့ အခြေအနေကောင်းတွေသာ
ပြည့်စုံနေခဲ့လျှင် ဘယ်ဘုရားကိုပဲသွားသွား
ဆုတောင်းပြည့်မှာပါ.....

မြတ်စွာဘုရားရှင်တိုင်းက ဆုတောင်းပြည့်ဘုရားကြီးပါပဲ

ဒါကြောင့်မို့ ဆုတောင်းတိုင်းပြည့်အောင်

ကိုယ့်ဘက်က အခြေအနေကောင်းတွေဖြစ်တဲ့
သဒ္ဓါ သီလ သုတ စာဂ ပညာ တွေပြည့်စုံအောင်
ဖန်တီးထားရမှာဖြစ်ပါတယ်.....

(ဒေါက်တာနန္ဒမာလာဘိဝံသ)
Credit •• Nge Nge Myat Aung

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

 #ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မ...
14/07/2021

#ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။

🔸အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင်
အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

🔰၂။ air borne ဆိုပေမယ့် တစုံတယောက်က
နှာချေလိုက်မှ အမှုန် droplet လေးတွေက
လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊
မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာ
ရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊
မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်
ပိုးကအလိုလို သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက 👇👇

🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကို
ဝေးဝေးကရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။

🔸 ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။

🔸.သူ့ဖာသာသူကပ်နေတာ။

🔸.ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။

🔹.ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာက
အလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။

🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹

( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ကူးတင်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )

ပါမောက္ခဦးသိန်းဝင်း💪🤝👍

အောက်စီ ဂျင် ကုန်နေတယ်တဲ့ မကုန်ပါဘူး     အောက်စီဂျင် မကုန်ပါ ကျ‌တော်တို့လူသားတွေဘေးနားမှာ အောက်စီဂျင်ရှိပြီးသားပါ ။ဒါကို...
14/07/2021

အောက်စီ ဂျင် ကုန်နေတယ်တဲ့

မကုန်ပါဘူး
အောက်စီဂျင် မကုန်ပါ
ကျ‌တော်တို့လူသားတွေဘေးနားမှာ အောက်စီဂျင်ရှိပြီးသားပါ ။

ဒါကိုမယူတတ်လို့ နည်းစနစ်မသိလို့
အောက်စီဂျင်အိုးတွေနောက် အသည်းအသန်
လိုက်နေ. ရှာနေ. ဝယ်နေ. ကြရတာပါခမျာ

ကဲအခု သိပီးရင် ယူလိုက် ရှူလိုက်ကြပါခမျာ
စသိရမှာက. တစက္ကန့်. အချိန် ပဲဖြစ်ပါတယ်
တစက္ကန့် အချိန် အကွာအဝေး ≠ တထောင့်တစ်
စိတ်ထဲကနေ. တထောင့်တစ် လို ရွတ်ဆိုကြည့်ပါ ။
အဲဒါ နာရီလက်တံ တစက္ကန့်. ကြာချိန် ဖြစ်ပါတယ်
တထောင့်တည. လို့ဆိုမိရင် တစက္ကန့်အချိန်နဲနဲကျော်သွားတယ်
ထို့ကြောင့် တထောင့် တစ်ပဲ ဆိုပါ
1001
1002
1003
1004 ဒီလိုဆိုလိုက်ပီးရင်
၄. စက္ကန့်. တိတိ အချိန်ရောက်ပါတယ် ။
ဘာကြောင့် ဒါကိုရှင်းပြရလည်းဆိုတော့
လေထဲက. အောက်စီဂျင်ကို ၄ စက္ကန့်. ကြာသည်အထိ ပြင်းပြင်းရှူသွင်း ဖို့ပါ
OK ဒါက. ပထမ. ၄ စက္ကန့်
ဒုတိယ. ၄. စက္ကန့်မှာ ရှူသွင်းထားတဲ့လေကို ဗိုက်ထဲမှာ အောင့်ထားပါ ။
1001 1002 1003 1004
လေရှူပြီး အောင့်ထားပြီး ပြန်ရှူထုတ်ပါမယ်
နောက်၄. စက္ကန့်အတွင်းဖြေးဖြေး
1001 1002 1003 1004
ဒါက. တတိယ. ၄. စက္ကန့်
နောက်ဆုံး ၄. စက္ကန့်. ကတော့ရှူထုတ်ပြီး
၄ စက္ကန့်ပြည့်တာနဲ့ ရှူထုတ်တာကိုရပ်လိုက်ပြီး
ထိန်းထားခြင်းပါ ။
1001 1002 1003 1004
ကဲ ဒါဆို လေ့ကျင့်ခန်းတကြိမ် ပြီးပါပြီ။

တခါလုပ် ၁၀ ကြိမ်
တနေ့. ၃. ခါလုပ်ပေးပါ ။

လူကြီးမင်းတို့မိသားစု တစုအတွက် လိုအပ်နေတာက. အောက်စီဂျင်ဓာတ်ရော့နေသလား ??? ဆိုတာကိုသိဖို့ပဲဖြစ်ပါတယ်
လက်ချောင်းများမှတဆင့်တိုင်းယူတဲ့
ကရိယာလေးတခု တော့ဝယ်ထားပါခမျာ ။

ကျနောပြောပြတဲ့ လေ့ကျင့်ခန်း အသက်ရှူ နည်းကို
လုပ်ကြည့်ပါ
မနက်ခင်းမှာ သွေးအတွင်းအောက်ဆီဂျင်နည်း‌နေ
ကြောင်းတိုင်းမိထားရင်
ညမှာ ပြန်တိုင်းကြည့်ပါ
အောက်ဆီဂျင်တက်လာပါလိမ့်မယ် ။

စမ်းချောင်း
တရုတ်ကျောင်းလမ်း က
ဒေါက်တာ စိုးဝင်း မိသားစုဆေးခန်းအား
ကျေးဇူးအထူးတင်ရှိပါကြောင်းဂုဏ်ပြုရေးသားအပ်ပါတယ်
လာသမျှလူနာတိုင်းကို သင်ပေးနေပါတယ်

သံအိုးကြီးတွေက. နေရာတကာသယ်သွားလို့မရပါဘူး..နည်းပညာက. သယ်သွားလို့ရတယ်
အသက်ကို အောက်စီဂျင်အိုးက မစောင့်ပါ ။
အသက်ကို ညဏ်က. ပဲစောင့်ပါတယ် ။
မျှဝေပေးကြပါအုံး အမျိုးတို့....

Crd.

11/07/2021

BKK ကလေးဝတ်လေးတွေကို စျေးတန်တန်လေးနဲ့ရောင်းပေးမယ်ဆို အားပေးကြမှာလားချစ်တို့ရေ

ရိုးရာဝတ်စုံ​​​လေး​​တွေ​ကိုမှ ဝတ်ချင်တဲ့ချစ်​လေတို့အတွက်ခေတ်မှီပြီး ဒီဇိုင်းဆန်းတဲ့ မွန်ရိုးရာဝမ်းဆက်အဆင်ဆန်းလေးတွေပါကာလ...
27/01/2021

ရိုးရာဝတ်စုံ​​​လေး​​တွေ​ကိုမှ ဝတ်ချင်တဲ့ချစ်​လေတို့အတွက်
ခေတ်မှီပြီး ဒီဇိုင်းဆန်းတဲ့ မွန်ရိုးရာဝမ်းဆက်အဆင်ဆန်းလေးတွေပါ
ကာလာဆယ်ရောင်တတွဲလာပါတယ်ရှင့်
ဝမ်းဆက်တစ်စုံ 💓 9500
လက်ကားစျေး❤အစီးစျေး Cb မှာမေးပေးနော်
ရန်ကုန်မြို့တွင်းဆိုချက်ချင်းမှာချက်ချင်ပို့ပေးပါတယ်ရှင့်
ရန်ကုန်မြို့အိမ်ရောက်ငွေချေစနစ်နဲဝယ်ယူအားပေးနိုင်ပီး
ကျန်မြို့များငွေလွဲဝင်တာနှင့်ကားဂိတ်ချပေးပါတယ်ရှင့်။
ကားဂိတ်ချခ ၁၀၀၀ နဲ့ တန်ဆာခကိုတော့ဝယ်သူဘက်ကရှင်းပေးရပါမယ်ရှင့်

⚖️ ဟန်ချက် ညီဖို့လိုတယ် ⚖️✔ အလိုမကျတိုင်း ရန်ရှာနေရင်      လူမိုက် ဖြစ်သွားလိမ့်မယ်။✔ စိတ်ညစ်တိုင်း အရက်သောက်နေရင်      ...
27/01/2021

⚖️ ဟန်ချက် ညီဖို့လိုတယ် ⚖️

✔ အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက် ဖြစ်သွားလိမ့်မယ်။

✔ စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမား ဖြစ်သွားတတ်တယ်။

✔ အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်
အောင်မြင်မှုဆိုတဲ့လမ်း
ပျောက်သွားတတ်တယ်။

✔ အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။

✔ အကောင်းမြင်စိတ် ထားတာပါဆိုပြီး
မကောင်းတာကို
အကောင်းလုပ်ပြောနေရင်လည်း
ငပေါကြီး ဖြစ်တတ်တယ်။

✔ ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို
ဖုံးကွယ်ထားပြန်လည်း
“မတရားသောဘက် လိုက်သူ" လို့
ပြောခံရလိမ့်မယ်။

✔ ငါလုပ်ဖို့ စောနေသေးတယ်,
အချိန်အများကြီး ကျန်ပါသေးတယ်လို့
တွေးနေရင်လည်း
နောက်ကျသွားတတ်တယ်။

အရာရာဟာ နောက်ကျသွားပြီ,
ဘာမှမလုပ်နိုင်ဘူးလို့
ခံယူလိုက်တာကလည်း
ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။

✔ ဘဝဆိုတာ
ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှုကို ရှာတွေ့မှာ
မဟုတ်ပြန်ပါဘူး။

✔ အရာရာဟာ
ငါ့အတွက်ချည်းပဲဆိုရင်လည်း
အတ္တကြီးရာ ကျတာပေါ့။

အရာရာဟာ
ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲ ရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။

✔ ဘဝဆိုတာ တစ်စုံတစ်ယောက်က
သတ်မှတ် ပြဋ္ဌာန်းပြီးသား,
ဒါမှမဟုတ် အတိတ်ကံကသာ
ချယ်လှယ်နေတယ်လို့ ယူဆလိုက်ရင်
ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။

✔ ဘဝပျက်တယ် ယူဆရင်တော့
ကံ,ကံ၏အကျိုး ပယ်ရာကျပြီး
တစ်ဘဝစာအတွက်
မလုပ်သင့်တာတွေ
လုပ်မိသွားလိမ့်မယ်။

✔ သူများပြောတိုင်း ယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။

ငါမြင်ရ,ငါတွေ့ရမှ,
ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း
ကိုယ့်အဖေအမေတောင်
ဟုတ်ပါ့မလား" လို့
သံသယ ဝင်သွားနိုင်တယ်။

✔ ခန္ဓာကြီးက
ဘာမှမဟုတ်ဘူး,
မုန်းစရာကြီးပါဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ
ပစ်စလက်ခတ် နေလိုက်ရင်လည်း
ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။

✔ ခန္ဓာကြီး တွယ်တာ,မက်မောပြီး
အိုဟောင်းသွားတာတွေကို နှမြော
နေပြန်ရင်လည်း
စိတ်သောက ဖိစီးပါလိမ့်မယ်။

🗝 သော့လေးတစ်ချောင်း ရှိတယ်
အဲ့ဒီ သော့လေးနာမည်က
အလယ်အလတ်လမ်းစဉ်" တဲ့။

✔ တကယ်တော့ ခန္ဓာကိုယ်ကြီးကို
မုန်းတီးနေရမှာ, ရွံရှာနေရမှာ မဟုတ်ပါဘူး
စွဲလမ်းနေရမှာလည်း မဟုတ်ပါဘူး။

ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘော သူဆောင်နေတာလေးတွေ
ရှု့မှတ်ပြီး

အမြဲ မရှိနိုင်ပါလားလို့
မြင်တတ်တာကမှ
ဉာဏ်အလင်းပါ။

✔ ဘဝပျက်တယ်, ဆက်တယ်ဆိုပြီး
တထစ်ချကြီး အစွန်းရောက်မနေပါနဲ့။

✔ အတိတ်နဲ့ အနာဂတ်ကြားက
ပစ္စုပ္ပန်မှာသာ ကောင်းအောင်လုပ်ပါ၊

အဲ့ဒီ့အခါ
ကျန်ခဲ့တဲ့အတိတ်လည်း ကောင်းပြီး
နောင်လာမယ့် ပစ္စုပ္ပန်အလောင်းအလျာ
အနာဂတ်ကလည်း လှပနေမှာပါ။

✔ သူများပြောတိုင်း
ခေါင်းငြိမ့်နေဖို့ မလိုသလို
ငါမဟုတ်ဖူးဆိုပြီး
ခေါင်းခါဖို့ချည်းပဲ မလိုပါဘူး။

✔ အကြောင်းအကျိုးတွေ
ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည်/မဟုတ်နိုင်သည်
ဆုံးဖြတ်ပါ။

“အရာရာဟာ
ငါ့အတွက် သူ့အတွက်ပါလား" လို့
မြင်တတ်ပါစေ။

✔ တရားသေ သတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင်,
အထောက်အပံ့မရှိတာ မဟုတ်ပြန်ပါဘူး။

ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာ
နားလည်ပေးပါ။

✔ နောက်ကျနေပြီ စောနေသေးတယ်
မသတ်မှတ်ပါနဲ့ ၊
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။

✔ ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့ ၊
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့၊

ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို
ထောက်ပြဝေဖန် ပြုပြင်ပေးပါ။

✔ အခက်အခဲ တွေ့တိုင်း
စိတ်ပျက်အားလျော့စရာမလိုသလို၊
“ အခက်အခဲကိုလည်း
အခက်အခဲ မဟုတ်ပါဘူး" ဆိုပြီး
ပေါ့လျော့လို့ မရပြန်ပါဘူး။

အခက်အခဲကို
ဘယ်လိုကျော်လွှားရမလဲ,
ဖြေရှင်းဖို့လုပ်တာက
အသင့်တော်ဆုံးပါ။

✔ အလိုမကျတိုင်း ရန်ရှာနေလို့
အလိုမကျမှုကို အောင်နိုင်မှာ
မဟုတ်ပါဘူး။

အလိုမကျမှုကို သည်းခံတတ်မှ
ငြိမ်းချမ်းမှုဆိုတဲ့
အောင်မြင်မှုကို ရရှိမှာပါ။
ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။

အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ
သတိထားမိပါစေ...။

Credit😊
မေတ္တာဖြင့်
ပြန်လည်မျှဝေပါတယ်။


#ဂမ္ဘီရဆရာအောင်

ကချင်ချည်​​ပေါ်ချည်​ဖောက်ဝမ်းဆက်လေးတွေပါကချင်ထည်လေးတွေလိုချင်တဲ့ ချစ်လေးတို့အတွက်ပါ တစ်ပုံချင်းစီအောက်မှာ စျေးလေးတွေရေးပ...
27/01/2021

ကချင်ချည်​​ပေါ်ချည်​ဖောက်ဝမ်းဆက်လေးတွေပါ
ကချင်ထည်လေးတွေလိုချင်တဲ့ ချစ်လေးတို့အတွက်ပါ
တစ်ပုံချင်းစီအောက်မှာ စျေးလေးတွေရေးပေးထားတယ်နော်
ရန်ကုန်မြို့အိမ်ရောက်ငွေချေစနစ်နဲဝယ်ယူအားပေးနိုင်ပီး
ကျန်မြို့များငွေလွဲဝင်တာနှင့်ကားဂိတ်ချပေးပါတယ်ရှင့်။
ကားဂိတ်ချခ ၁၀၀၀ နဲ့ တန်ဆာခကိုတော့ဝယ်သူဘက်ကရှင်းပေးရပါမယ်ရှင့်

COVID-19 ကာကွယ်ဆေး မထိုးသင့်သောသူများ***********1.) ၁၈ အောက် ကလေးများ မထိုးရပါ.2.) ကိုယ်ဝန်ဆောင် မိခင်များ မထိုးရပါ..3.)...
27/01/2021

COVID-19 ကာကွယ်ဆေး မထိုးသင့်သောသူများ
***********
1.) ၁၈ အောက် ကလေးများ မထိုးရပါ.
2.) ကိုယ်ဝန်ဆောင် မိခင်များ မထိုးရပါ..
3.) နို့တိုက်နေသော မိခင်များ မထိုးရပါ..
4.) တခြားသော ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ မထိုးရပါ..
5.) COVID-19 ရောဂါ လက်ရှိ ခံစားနေရသူများ မထိုးရပါ..
6.) COVID-19 ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ မထိုးရပါ..
7.) ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများ မထိုးရပါ..
8.) ကိုယ်ခံအားကျနေသူများ.. မထိုးရပါ..
9.) တခြားသော ကာကွယ်ဆေးများထိုးသည့်ရက်နှင့် ၁၄ ရက်ခြားပြီးမှ ထိုးရပါမည်..
(ဥပမာ.. ခွေးရူးပျံကာကွယ်ဆေး၊ ဘီပိုး၊ စီပိုးကာကွယ်ဆေး၊)

ကာကွယ်ဆေးကို (၂)ကြိမ်ထိုးရပါမည်..
ဒုတိယအကြိမ်ကို တစ်လခြားပြီးမှ ထိုးရပါမည်..
ကိုယ်ဝန်ရှိ-မရှိ မသေခြာလျှင်.. စစ်ဆေးပြီး.. ကိုယ်ဝန်မရှိမှထိုးပါ..
ပထမအကြိမ်ထိုးပြီး.. တစ်လအတွင်း ကိုယ်ဝန်မရှိအောင်နေပါ.. တစ်လကြာပြီးမှ ဒုတိယအကြိမ်ထပ်ထိုးရပါမည်..

နှလုံး၊ သွေးတိုး၊ လေးဘက်နာ၊ အစစ်အမြစ်ရောင်ဂေါက်ရောဂါ၊ ပန်းနာရင်ကြပ် စသောရောဂါများအတွက် ဆေးသောက်နေသူများ ကာကွယ်ဆေးထိုးလို့ရပါသည်..
ရောဂါပြင်းထန်စွာ ခံစားနေရလျှင် ဆရာဝန်နှင့် ပြသပြီးမှ ထိုးပါ...

GO AWAY CORONA

Address

ပန်းကြာဝတ်မှုံလမ်း၊၁၄/၃ရပ်ကွက်၊တောင်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့
Yangon

Telephone

+959401616770

Website

Alerts

Be the first to know and let us send you an email when ယွန်း ပိုးထည်၊ချည်ထည်၊ပိတ်စမျိုးစုံလက်လီ၊လက်ကား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category