23/06/2023
ကျေးဇူးပြုပြီး ကလေးလေးတွေမြင်ရင် ညှက်တယ်နော်ဆိုတဲ့စကားမပြောပါနဲ့နော်။
'ကလေးကညှက်တယ်နော်'
'ကျွန်တော်/ကျွန်မတို့ သားတုန်းက ဒီထက်ထွားတယ်'
'ဪ ၆လတောင်ရှိပြီလား...နည်းနည်းသေးသလိုပဲနော်' စတဲ့စကားတွေဟာ ပြောတဲ့သူကဘာရယ်လွှတ်ခနဲပြောလိုက်ပေမယ့် မိဘတွေဘက်က ခံစားရပါတယ်။
▪️ငါ့ကလေးနို့မှဝရဲ့လား
▪️ပေါင်ချိန်မှတက်ပါ့မလားဆိုပြီး အမြဲကြိုးစားနေတဲ့ မိဘတွေမှာ အဲဒီလိုစကားတွေကြားရတိုင်း ရင်ထဲအောင့်အောင့်သွားရပါတယ်။
သားသမီးရှိတဲ့မိဘတွေမှာ ကိုယ့်ကလေးအလေးချိန်ပုံမှန်လေးတက်ဖို့ ဘယ်လောက်ကြိုးစားနေရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲသိပါတယ်။ သားသမီးအပေါ်ထားတဲ့စိတ်ပူပင်မှုဘယ်လောက်ရှိလဲဆိုတာလည်း ခံစားဖူးတဲ့သူချင်းပဲသိပါတယ်။
ဒါကြောင့်် ကျွန်မတို့ပတ်ဝန်းကျင်ရဲ့ အဲဒီအမူအကျင့်လေးတစ်ခုကိုမရှိတော့စေချင်ပါဘူး။
အရွယ်ရောက်သူအချင်းချင်းမြင်ရင် 'ဝလာတယ် ၊ ပိန်သွားတယ်' ဆိုပြီးနှုတ်ဆက်တဲ့ယဉ်ကျေးမှု ၊ ကလေးလေးတွေမြင်ရင် 'ညှက်တယ်နော်..သေးတယ်နော်'စသဖြင့် ဝေဖန်တဲ့ယဉ်ကျေးမှုကို ပျောက်သွားရင်သိပ်ကောင်းမှာပဲလို့ ကျွန်မအမြဲတွေးမိပါတယ်...။
မေတ္တာဖြင့်
မောင်(ဆေး-၁)မာမီ
----------------
▪️မူရင်းပို့စ်ကို လွတ်လပ်စွာ share နိုင်ပါတယ်။
▪️Page များတွင် ခွင့်ပြုချက်မပါဘဲ ထပ်ဆင့်ကူးယူခြင်းမပြုပါ။