13/03/2025
မနေ့က နေ့လည် 1:30 လောက်ကျောင်းကအပြန် YBS 21လေး စီးသွားလိုက်တယ်
ခုံအလွတ်တွေ အများကြီးမရှိတော့ နောက်ဆုံးခုံတန်းရဲ့
အရှေ့ ညာဘက်က လွတ်နေတဲ့
နှစ်ယောက်ထိုင်ခုံလေးဆီသွားပီး နေခင်း
ကြောင်တောင် နေကလဲပူတာနဲ့ နေရောင်မထိုးတဲ့ဘက်
ခြမ်းက ခုံမှာပဲ ထိုင်လိုက်တယ်
ဘေးက လမ်းမကြီးကိုငေးရင်း....
အဲ့မှာ လှည်းတန်းမှတ်တိုင်လဲ ရောက်ရော
ကားစောင့်နေတဲ့ လူတွေ တက်လာတယ်
ဒီအချိန်ထိ
ကျနော်က ဘေးကို ငေးကြည့်နေတုန်းပဲ
ရှေ့ကို တချက်ပြန်ကြည့်လိုက်တော့
ရှေ့ခုံမှာ ကောင်မလေး ချောချောလေးတယောက်
ထိုင်ခုံလေးကို ကိုင်ပီးရပ်နေတယ်
ထိုင်ခုံအလွတ်ဆိုလို့ ကျနော့်ဘေးက တွဲလျက်ခုံ
တလုံးပဲကျန်တော့တာဗျ
သူမ အဲ့မှာ လာထိုင်မှာ ကျိန်းသေပီပေါ့
ကျနော့စိတ်နှလုံးလေး ရွှင်ပြုံးနေလေပီ....
ဒါပေမယ့် သူမ လာမထိုင်သေးဘူး
ကျနော့ခုံရှေ့က ခုံဘေးမှာပဲ သူမ ရပ်နေတယ်
ကျနော်ထိုင်နေတဲ့ နှစ်ယောက်ခုံကိုလဲ လှမ်းရှိုးနေသေး
တယ်ဗျ
Any problem???ပေါ့
ကျနော်စဉ်းစားတယ် ဘာလို့များလာမထိုင်တာလဲလို့
ကျနော်ရုပ်ဆိုးလို့လား???
မဖြစ်နိုင်လောက်ပါဘူး
ကျနော်လဲ စောက်ချောကြီးပဲလေ
ပထမတော့ လာမထိုင်လဲ နေပေါ့ဆိုပီး မှိန်းနေလိုက်တယ်
ခဏအကြာ ဆင်ရေတွင်း မှတ်တိုင်ရောက်တော့
ကား ဘရိတ်အုပ်လိုက်တာ
သူမ ဟန်ပျက်သွားပါလေရော...လက်ထဲမှာကိုင်ထားတဲ့
ရေခဲမုန့်ခွက်လေးလဲ လျှောကျ လုနီးပါးဖြစ်သွားတယ်
သူ့ကိုကြည့်ပီး ဂရုဏာစိတ်လေးတဖွဖွ သက်လာတယ်
သူ့ပုံစံက ထိုင်ခုံလဲလိုချင်တယ်
လာလဲလာမထိုင်ချင်ဘူးဆိုတော့ ထူးဆန်းနေတယ်
အဲ့မှာ ကျနော်ဘေးက ပတ်ဝန်းကျင်ကို တချက်ရှိုး
နှစ်ချက်ရှိုး သုံးချက်လောက်ရှိုးပီးတဲ့အခါမှာ
နောက်ဆုံးတော့ အဖြေရှာတွေ့သွားတယ်ဗျ
ကျနော့ကပ်လျက်ခုံက နေရောင်ထိုးပီး ပူနေလို့ ဖြစ်မယ်
ကျနော်လဲ "lady first" ဆိုပီး နေပူတဲ့ဘက်ရွှေ့ပေးလိုက်တာနဲ့ သူမ ချက်ချင်းလာထိုင်ပါလေရော
အဲ့ဒီ အမူအရာလေးက အခုထက်ထိ မျက်လုံးထဲက
မထွက်ဘူး
နှုတ်ခမ်းကသာ ဟန်မပြပေမယ့် သူမမျက်ဝန်းထဲမှာ
တော့ ကျေနပ် ပီတိအပြုံးတွေဝေနေတယ်
အဲ့ဒါကို ကျနော်မြင်နေရတယ်ဗျ
ဒီအချိန်မှာ ကျနော်လဲ ကိုယ့်ကိုကိုယ် high ဖြစ်နေပီလေ
ိကိုယ်နဲ့မသိတဲ့ လူတယောက်အပေါ်
အနစ်နာခံခဲ့တယ်ပေါ့
ပိုကောင်းတာက ကိုယ့်ရဲ့စေတနာသက်ရောက်
သွားတဲ့ သူက ချစ်စရာကောင်းတဲ့ ကောင်မလေး
တယောက်လေ
သူမ ကျနော့ဘေးနားမှာထိုင်နေတဲ့ ခံစားချက်ကလေ
ဘယ်လိုပြောပြရမလဲတောင် မသိတော့ဘူး
မပြောပြတတ်လောက်အောင်ပဲ
သမီးရီးစားနှစ်ယောက် ပထမဆုံးချိန်းတွေ့တဲ့နေ့လိုမျိုး၊
First dateလိုမျိုး ကျနော့ခံစားချက်က
ရှက်ကိုးရှက်ကန်းနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး
ဖြစ်နေတာ
သူမ လဲ ကျနော်နဲ့ထပ်တူခံစားနေရတယ်လို့
ယုံယုံကြည်ကြည်ကို တွေးမိတယ်ဗျာ
သူမပုံစံကလဲ တခုခုကို ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့
အမူအရာလေး...
အချစ်ဆိုတာ ဒါလား....
အဲ့ဒီမှာ နက်နဲပီး လှပတဲ့အတွေးလေးတွေ ပေါ်လာတယ်
YBSလေးပေါ်မှာပဲ သူနဲ့အတူ
အိုမင်းသွားချင်တဲ့စိတ်တွေ ဖြစ်လာတယ်
လက်ထပ်ခွင့်တောင်းတဲ့အခါမှာလဲ YBSလူအများကြီး
ရှေ့မှာပဲ suprise လုပ်ပေးမယ်လို့ တွေးမိတယ်
ဘတ်စ်ကားကြီးရပ်ပီးတော့ သူမ ဆင်းသွားမှာ
စိုးရိမ်တဲ့စိတ်တွေ ဖြစ်နေပေမယ့်
လက်ရှိမှာတော့ သူမက ကျနော့ဘေးမှာပဲဆိုပီး ဖြေသိမ့်
နေရပြန်တယ်
အကယ်၍များ ကျနော်တို့နှစ်ယောက် ရီးစားတွေဖြစ်သွား
ခဲ့ရင်ပေါ့
စတွေ့ခဲ့တဲ့ YBS 21လေးပေါ်မှာ သူမထိုင်ဖို့ နေရာဖယ်
ပေးတဲ့အကြောင်းတွေ ပြန်ပြောကြမယ်
ဒီကားပေါ်က ဒီခုံလေးဟာ
ကိုယ်တို့နှစ်ယောက်ရဲ့ မြားနတ်မောင်လေး ဖြစ်တဲ့
အကြောင်းလဲ ကျနော် သူမကို ပြန်ပြောပြမယ်
ဒီလိုအတွေးတွေနဲ့ပဲ YBS ပေါ်မှာလိုက်ပါရင်း......
နောက်ကျောတစ်ပြင်လုံးလဲ ချွေးတွေစိုရွှဲလို့
နေပူဒဏ်ကို ခံပီး သူမကို ကာကွယ်ပေးခဲ့တဲ့ သူရဲ
ကောင်းကြီးအဖြစ်နဲ့ ပီတိတွေ တဖွဖွဖြစ်နေတော့
ပူတဲ့ ဒဏ်ကို အံတုထားနိုင်ခဲ့တယ်
တဖြည်းဖြည်းနဲ့ အုတ်ကျင်းမှတ်တိုင်တောင် ရောက်လာ
ပီရောလား
ကျနော်က သမိုင်းလမ်းဆုံ အလွန် ကုလားကျောင်းမှတ်တိုင်
မှာဆင်းရမှာဗျ သုံးမှတ်တိုင်လောက်ပဲလိုပီလေ
ဒါနဲ့ပဲ သူမ မဆင်းသေးရင် ကျနော်လဲ
ဘယ်ရောက်ရောက် ဆက်လိုက်စီး သွားမယ်လို့
ဆုံးဖြတ်လိုက်တယ်
ဒီလိုနဲ့ ခဏအကြာ
အုတ်ကျင်းမှတ်တိုင်အလွန် ဘုရားလမ်းမှတ်တိုင်
ရောက်ခါနီးလေးမှာ
သူမ ဆင်းမယ့်ဟန်ပြနေလေပီ
ကျနော့် စိတ်ထဲမှာ ကျနော်တို့နှစ်ယောက်
နှလုံးသားချင်းနီးစပ်နိုင်ဖို့ လမ်းကြောင်းလေးတွေ
မြင်နေရလို့
သူမ ဆင်းတဲ့နောက်ကို လိုက်ဆင်းဖို့ ကျနော်ပဲ
ထိုင်ရာကနေ အရင်ထပီး အရဲစွန့် စကားပြောလိုက်တယ်
"ညီမလေးလဲ ဘုရားလမ်းမှတ်တိုင်ပဲလား"ဆိုတော့
သူမရဲ့ နှုတ်ခမ်းပါးပါးလေးနဲ့ ပါးချိုင့်လေးပေါ်အောင်
ပြုံးပြပီး ပြန်ဖြေတယ်
"ဟုတ်ကဲ့ ရှင့်" တဲ့
ကျနော့်တကိုယ်လုံး ကြက်သီးတွေ ဗွက်ခနဲ ထလာတယ်
ဗျာ... တဖြန်းဖြန်းနဲ့ ရင်တွေလဲ ခုန်လို့ တုန်လို့ရယ်
နှလုံးသားချင်း စကားပြောတယ်ဆိုတာ ဒါမျိုးလား???
သူမ နောက်ကို လိုက်နေတာ
မသိသာအောင် ကျနော်ပဲထိုင်ရာကနေ အရင်ထပီး
ဆင်းမယ့်နေရာမှာ သွားရပ်နေလိုက်တယ်
ခဏကြာတော့
သူမလဲ ထိုင်ရာကနေ ထလာတယ်
ပီးတော့ ရှေ့ခုံမှာ အိပ်မောကျနေတဲ့ ငနဲတကောင်ကို
သွားနှိုးလိုက်တယ်
"ကိုကိုရေ မှတ်တိုင်ရောက်ပီ ဆင်းကြရအောင်" တဲ့
မသာမ က......... 🙂
ကိုယ်လဲ နေပူကြဲကြဲ
သုံးမှတ်တိုင်လောက် လမ်းလျှောက်လိုက်ရတယ်🙂
Crd