02/12/2023
🛑 ATTENTION 🛑
(1). ဒီ post ကို အသဲနဲ့ Share ပေးပြီး Kpay 5000 ယူပါနော်
(2). အောက်ဆုံးမှာ Page Link လေးရှိပါတယ်။ အဲဒီ Link ကို နှိပ်ပြီး ခိုင့်ရဲ့ Main Page ဖြစ်တဲ့ "Good to Good" page ကို Like လုပ်ထားရမှာပါနော်။ ...................................................................
ခိုင့်ရဲ့ ချစ် customer လေးများရှင့် 😘
ခိုင့်ရဲ့ စိတ်ကူး ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ပိုင် Local Brand လုပ်ပြီး အမျိုးသမီးအဝတ်အထည်တွေထုတ်ချင်တဲ့ ဆန္ဒလေးအောင်မြင်ခဲ့ပါပြီရှင်။ မကြာခင်မှာ သဲတို့ လက်ထဲကို ဒီဇိုင်းစုံလင် လှပစွာနဲ့ ရောက်လာတော့မှာပါနော်။အခုဆိုရင်လည်း Good to Good ဆိုတဲ့နာမည်နဲ့ Page ဖွင့်ပြီး LIVE Sales လုပ်ခဲ့တာ 1 နှစ် နဲ့ 8 လ ရှိခဲ့ပါပြီ။ ကြိုးစားခဲ့ရတာတွေအများကြီးရှိသလို ပြောမပြတတ်အောင် ပင်ပန်းခဲ့တဲ့အချိန်တွေလည်း မရေတွက်နိုင်အောင်ပါပဲ။ ဒါပေမယ့် ခိုင်က တခုခုကိုစပြီးပြီဆို မဖြစ်ဖြစ်အောင်လုပ်တတ်တယ်၊ ဇွဲ လုံးဝမလျှော့တတ်ဘူး။ ပြီးတော့ အနားမှာအပြည့်အဝပါရမီဖြည့်ပြီး လိုတာအကုန်လိုက်လုပ်ပေးတဲ့ မေမေနဲ့ဖေဖေရယ်၊ မှားတာရှိရင်ထောက်ပြပေးတတ်တဲ့ ကိုကြီးရယ်၊ You are on the Right Track ဆိုပြီးအားပေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေရှိနေခြင်းကလည်း ဆုလာဘ်ကြီးတခုပါပဲ။
ဘွဲ့တွေအများကြီးယူထားပြီး၊ လုပ်ငန်းကြီးတွေမှာ ရာထူးမြင့်မြင့်နဲ့ လုပ်ခဲ့ပြီးမှ ဘာလို့ဈေးရောင်းတာလဲ (ကုမ္ပဏီမှာပဲ ဆက်လုပ်လေ) စသဖြင့် ပြောခဲ့တဲ့သူတွေကိုလည်း ကောင်းစေချင်လို့စေတနာနဲ့ပြောခဲ့တာလို့ပဲ မှတ်ယူပါတယ်။ ဒါပေမယ့်လေ ခိုင်က ခိုင့်ရဲ့ Intuition ပေါ်မှာအပြည့်အဝယုံကြည်တယ် ( I allow my intuition to guide me ). ပြီးတော့ ခိုင်က Plan နဲ့ လုပ်တတ်သူမို့ ဒီအသက်အရွယ်မှာ ငါသူများအလုပ်မလုပ်တော့ဘူး။ ကိုယ့်စီးပွားရေးပဲကိုယ်စလုပ်တော့မယ် (ဘာအခက်အခဲပင်ပန်းမှုတွေပဲရှိရှိဖြစ်အောင်ကိုလုပ်မယ်) ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဒီ Online ကို စခဲ့တယ်။ ဒီ Online shop လုပ်တဲ့အတွေ့အကြုံကြောင့်ပဲ အခု Ready to Wear ထုတ်တဲ့အချိန်မှာ ခိုင့်ရဲ့ customer တွေ ဘာတွေလိုအပ်နေလဲ၊ ဘယ်လိုအဝတ်အစားမျိုးထုတ်ပေးရမလဲ၊ ဘာလေးဆိုရင်တော့ ကြိုက်နိုင်မလဲဆိုပြီး ပိုပြီးကောင်းအောင်စဉ်းစားနိုင်ခဲ့တယ်။
ခိုင်ကလေ " ငါသာသူ့နေရာမှာဆိုရင် " ဆိုတဲ့ အတွေး အမြဲတွေးတယ်။ အဲဒါကြောင့် ဒီ OS စလုပ်တော့လည်း customer အပေါ် quality ရော၊ စျေးရော အဆင်အပြေဆုံးဖြစ်အောင်ရောင်းပေးတယ်။ အဆင်မပြေခဲ့လည်း ကျေနပ်တဲ့အထိ တာဝန်ပြန်ယူပေးတယ်။ ကတိတည်၊ သစ္စာရှိပြီး၊ ယုံကြည်ရတဲ့သူတယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ်တည်ဆောက်တယ်။ ဒီ့ထက်ဘယ်လိုကောင်းအောင် တိုးတက်အောင်လုပ်ရမလဲဆိုပြီး အမြဲကြိုးစားတယ်။ လက်ချိုးမရေနိုင်လောက်အောင် မအိပ်ခဲ့ရတဲ့ရက်တွေ၊ ကျန်းမာရေးအကြီးကျယ်ထိခိုက်တာတွေ၊ သိပ်ပင်ပန်းခဲ့တာတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာ အဲဒါတွေရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရတယ်လို့ယုံကြည်ပါတယ်။ အခုဆိုရင် ဝန်ထမ်းဘဝက ငေးကြည့်ရုံသာတတ်နိုင်ခဲ့တဲ့အရာတွေကို စိတ်တိုင်းကျဝယ်နိုင်၊ သုံးနိုင်တယ်။ မိဘတွေကို လိုလေသေးမရှိ ပံ့ပိုးနိုင်တယ်။ လုပ်ငန်းတွေကိုလည်း ထပ်ချဲ့နိုင်တယ်။ အရမ်းကြီးဒိတ်ဒိတ်ကျဲအောင်မြင်တာမျိုးမဟုတ်ရင်တောင် နေရာလေးတခုနဲ့ စတင်အရှိန်ရလာပြီလို့ ယုံကြည်ပါတယ်။
ဒီနေရာမှာ ခိုင် sharing လုပ်ပေးချင်တာက ဆုံးဖြတ်ပြီးရင် ဘာအခက်အခဲရှိရှိ ဖြစ်အောင်လုပ်ပါနော်။ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုလည်း သေးသေးလေးကဖြစ်ဖြစ် ရအောင်စကြည့်ပါ။ ကိုယ့်ရင်ဘတ်ထဲကအသံကိုနားထောင်ရင်း ဝါသနာပါတာကိုမဆုတ်မနစ်ကြိုးစားရင် တချိန်မှာသေချာပေါက် အောင်မြင်ပါလိမ့်မယ်။ ခိုင်ဆိုလည်း ထပ်ချဲ့မယ် Business တွေ ၊ Plan ချထားတာတွေ၊ ထပ်လုပ်မှာတွေ အများကြီးရှိပါသေးတယ်။ ခိုင့်ရဲ့နောက်ထပ်အိပ်မက်တွေ၊ စိတ်ကူးတွေ အကောင်အထည်ပေါ်ဖို့အတွက် ဘယ်လိုအကြောင်းရှိရှိ လက်မလျှော့တမ်းကြိုးစားသွားမှာပါရှင်။ အဓိကကတော့လေ ခိုင်တို့ဒီလိုလုပ်နိုင်တယ်ဆိုတာ ချစ်ပြီး အားပေးတဲ့ ဝယ်ပေးနေတဲ့ customer တွေရှိနေလို့ပါရှင်။ Customer တွေအားလုံးဟာ ခိုင်တို့ရဲ့ တကယ့်ကျေးဇူးရှင်တွေပါ။ အဲဒါကြောင့် ခိုင့်ရဲ့ ကျေးဇူးရှင် မိဘ နှစ်ပါး နဲ့ ချစ် customer များအားလုံးကို ဒီနေရာနေ ရှိခိုးရင်း မကြာခင်မှာ ထွက်တော့မယ့် ခိုင့်ရဲ့ Ready to Wear တွေကို အပြတ်အားပေးနိုင်ဖို့
အောက်မှာပေးထားတဲ့ Link ကိုနှိပ်ပြီး Good to Good Page ကို LIKE and FOLLOW လုပ်ထားကြပါလို့ ပြောပါရစေရှင်။
https://www.facebook.com/profile.php?id=100078166200204&mibextid=LQQJ4d
ချစ်သော
ခိုင် ❤️