ATT Garment Myanmar

ATT Garment Myanmar We must be a time-conscious leader in the garment industry with a focus on quality.

23/04/2026

ATT မိသားစု ၏ ပရိတ်တရားနာယူခြင်း ၁၃၈၈ ခုနှစ် ကဆုန်လဆန်း(၂)ရက် မြန်မာနှစ်ဆန်း(၁)ရက်နေ့
18/04/2026

ATT မိသားစု ၏ ပရိတ်တရားနာယူခြင်း ၁၃၈၈ ခုနှစ် ကဆုန်လဆန်း(၂)ရက် မြန်မာနှစ်ဆန်း(၁)ရက်နေ့

07/12/2025

“May December wrap your days with love, success, and beautiful moments.” “Goodbye to the old months and welcome December with hope and fresh energy.”

Big thanks toPĥÿõ Mâŭńĝ Măüñĝ, Ei Ei Phyo, Moe Moe, Ălli Ñä, Zaw Lin Naing, Ñann Möñ, Win Thuta Hlaing, Theint Theint Ph...
14/11/2025

Big thanks to

Pĥÿõ Mâŭńĝ Măüñĝ, Ei Ei Phyo, Moe Moe, Ălli Ñä, Zaw Lin Naing, Ñann Möñ, Win Thuta Hlaing, Theint Theint Phyu, Kaung Myint Myat, Kyi Lae Lae, ချစ် သမီး လေး, Lay Lia, Ñàw Wáĥ Mú, Kĥïñ Tĥâñt Žîń, Win Phyu Zin, ကောင်း ထက် စံ, Zaw Myo Min, Han Lay, Hmone Hmone, Chit Phu, MaNwe, Kaung Myat, Hnin Hnin, Su Lay, Hnin Aye Lwin, Daw Theint Theint Thu

for all your support! Congrats for being top fans on a streak 🔥!

14/11/2025

ATT မိသားစု ဒုတိယအကြိမ် ဘုံကထိန်အလှုတော် ဆင်အကအလှ

14/11/2025

ATT မိသားစု ဘုံကထိန်အလှု ဘုရားခန်း

Garment

Welcome from ATT …
25/08/2025

Welcome from ATT …

17/07/2025

အထက်လူကြီး အားကိုးရသူဖြစ်ဖို့ အချက် (၁၂) ချက်

၁။ ကြိုးစားမကြည့်ဘဲ ဆင်ခြေမပေးရဘူး ✅

အထက်လူကြီးက အလုပ်တစ်ခုကို ပေးအပ်လာတဲ့အခါ၊ မဖြစ်နိုင်ဘူးလို့ မပြောခင်မှာ အနည်းဆုံး တစ်ခါလောက်တော့ ကြိုးစားကြည့်ရမယ်။
ကြိုးစားကြည့်လို့မရမှသာ အကြောင်းပြချက်ကို အချက်အလက်နဲ့ သေသေချာချာ ပြောပြရမယ်။ ကြိုးစားမကြည့်ဘဲ ဆင်ခြေပေးတာဟာ အထက်လူကြီးရဲ့ ယုံကြည်မှုကို ကျဆင်းစေပါတယ်။

၂။ ညွှန်ကြားချက်တွေကို နားမလည်ရင် ရမ်းမလုပ်ဘဲ တခါထဲ confirm လုပ်ပါ ✅

အထက်လူကြီးပေးတဲ့ ညွှန်ကြားချက်တွေထဲမှာ နားမလည်တာ တစ်ခုခုရှိရင် ပြန်မေးရမယ်။ နားမလည်ဘဲ ရမ်းသန်းလုပ်တာဟာ မှန်ဖို့ထက် မှားနိုင်ခြေသာ ပိုများပါတယ်။

၃။ ယုံကြည်စိတ်ချရသူဖြစ်ပါစေ ✅

အထက်လူကြီးဟာ ကိုယ့်အပေါ် ယုံကြည်မှု အပြည့်အဝ ထားနိုင်ရမယ်။ ကိုယ်ဟာ အလုပ်ကို တာဝန်ကျေအောင်လုပ်တတ်သူ၊ အချိန်မီ ပြီးမြောက်သူ၊ လိမ်ညာမှု မရှိသူ ဆိုတာကို သက်သေပြရမယ်။

၄။ Follow Up မလိုက်ရစေနဲ့ ✅

အထက်လူကြီးက လုပ်စရာတစ်ခု ပေးထားရင် အချိန်မှီ ပြီးအောင် ကြိုးစားရမယ်။ ပြီးစီးကြောင်းကိုလည်း အထက်လူကြီးကို အသိပေးရမယ်။

အထက်လူကြီးက "ပြီးပြီလား" လို့ မေးမှ သိရတာမျိုး မဖြစ်ရဘူး။ ကိုယ့်အလုပ်ကို ကိုယ်တိုင် Follow Up လုပ်ပြီး အထက်လူကြီးကို အသိပေးတာဟာ တာဝန်ယူမှု ရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ လက္ခဏာ ဖြစ်ပါတယ်။

၅။ သေသပ်မှုရှိပါစေ ✅

အထက်လူကြီးကို တင်ပြတဲ့ အရာတွေ၊ အီးမေးလ်တွေ၊ စာရွက်စာတမ်း စတာတွေဟာ သေသပ်မှု ရှိရမယ်၊ Smart ကျရမယ်။ မသေမသပ်ဖြစ်တဲ့ လက်ရာတွေဟာ Impression ကျစေတယ်။

၆။ လျှို့ဝှက်ချက်တွေကို ပါးစပ်မဖွာပါနဲ့ ✅

အထက်လူကြီးက ကိုယ့်ကိုယုံကြည်လို့ ပေးသိထားတာတွေ၊ တိုင်ပင်ဆွေးနွေးထားတဲ့ လျှို့ဝှက်ချက်တွေကို မပေါက်ကြားအောင် ထိမ်းသိမ်းရပါမယ်။

၇။ အထက်လူကြီးရဲ့ အထာကို နားလည်ပါ ✅

အထက်လူကြီးရဲ့ စိတ်နေစိတ်ထား၊ အလုပ်လုပ်ပုံ၊ ဘယ်လိုမျိုးကို ကြိုက်တယ်၊ ဘယ်လို ပုံစံနဲ့ အစီရင်ခံတာကို လက်ခံချင်တယ် ဆိုတာကို သိထားရမယ်။

အထက်လူကြီးရဲ့ အထာကို နားလည်တာဟာ အထက်လူကြီးနဲ့ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့အတွက် အများကြီးအထောက်အကူပေးတယ်။

အထက်လူကြီးရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်သူကိုတော့ အထက်လူကြီးတိုင်းက သဘောကျတတ်ပါတယ်။

၈။ ကတိတည်ရပါမယ် ✅

ဘယ်နေ့အပြီး လုပ်ပေးပါမယ်ဆိုတဲ့ ကတိကို တည်ရပါမယ်။ အပြောချည်းသက်သက် ကတိတွေကို အထက်လူကြီးတိုင်း သဘောမကျနိုင်ပါဘူး။

၉။ အထက်လူကြီးခိုင်းထားတဲ့အတိုင်း တသဝေမတိမ်းလိုက်နာပါ ✅

အထက်လူကြီး ညွှန်ကြားထားတဲ့အတိုင်း တသဝေမတိမ်း လိုက်နာရပါမယ်။ ကိုယ့်ရဲ့ သဘောထားအမြင်ကို ထည့်သွင်းချင်ရင်လည်း အထက်လူကြီးကို ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမှလုပ်ရပါမယ်။

၁၀။ အထက်လူကြီးကို လေးစားမှုရှိပါ ✅

အထက်လူကြီးကို လေးစားရိုသေရမယ်။
အထက်လူကြီးဟာ ကိုယ့်ထက် ရာထူး/တာဝန် ပိုမြင့်တယ်ဆိုတာကို အမြဲတမ်း သတိရနေရပါမယ်။

အထက်လူကြီးရဲ့ လုပ်ရပ်တွေ၊ ဆုံးဖြတ်ချက်တွေကို ဝေဖန်ဖို့ထက် သူတို့ဆီကနေ သင်ယူစရာတွေ ရှိတယ်လို့ သဘောထားပြီး အတတ်နိုင်ဆုံး ပညာယူပါ။

လိုအပ်ချက်ရှိလို့ အထက်လူကြီးက ပြုပြင်ပေးရင်လဲ နာခံလိုစိတ်ရှိပြီး ကြိုးစားပြင်ဆင်ဖို့လိုအပ်ပါတယ်။

၁၁။ သူတို့ထက် ပိုသိပိုတတ်လုပ်မပြရဘူး ✅

ကိုယ်က ဘယ်လောက်ပဲ တော်နေပါစေ အထက်လူကြီးရှေ့မှာ ကိုယ်သိကိုယ်တတ် လူတတ်ကြီးပုံစံမလုပ်ရဘူး။

ကိုယ်သိထားတဲ့အရာတွေ၊ ကျွမ်းကျင်တာတွေ ပြသချင်ရင်လည်း အထက်လူကြီးကို မကျော်လွန်ဘဲ သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လမ်းညွှန်မှုအောက်မှာ ပြသနိုင်အောင်ကြိုးစားသင့်တယ်။

၁၂ ။ တာဝန်ခံမှုရှိရပါမယ် ✅

ကိုယ်တာဝန်ယူထားတဲ့ အလုပ်နဲ့ပတ်သက်ပြီး
အကျိုးဆက် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။

အမှားအယွင်းတွေ ဖြစ်ပေါ်လာရင်လည်း ဟိုဟာကြောင့်/ ဒီဟာကြောင့်၊ ဟိုလူကြောင့်/ ဒီလူ့ကြောင့်ဆိုပြီး လက်ညှိုးလိုက်ထိုးမယ့်အစား အမှားကိုဝန်ခံပြီး ပြင်ဆင်ဖို့ ဝန်မလေးရဘူး။

✅ အထက်လူကြီးအားကိုးရသူဖြစ်ဖို့ ဒီအချက်တွေကို အမြဲတမ်း သတိရပြီး လိုက်နာဖို့ လိုအပ်ပါတယ်။ တစ်ချက်ချင်း ကြိုးစားဖြည့်ဆည်းသွားဖို့တိုက်တွန်းပါတယ်။

✅ အဲ (၁၂) ချက်နဲ့ တကယ်ပြည့်ဝနေသူတစ်ယောက်ကို ဖားတာလောက်ပဲလုပ်တတ်သူတစ်ယောက်က ဘေးရောက်သွားအောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ သေသေချာချာ စဉ်းစားခြင့်ချိန်တတ်သူတိုင်း နားလည်နိုင်ပါတယ်။

လေးစားစွာဖြင့်

Dr. Paing Soe
BBA, MBA, Ph.D
ပိုင်စိုး (Management)

05/06/2025

လုပ်ငန်းခွင်မှာ လူတွေနဲ့ဆက်ဆံရင် ဒါလေးတွေကို လိုက်နာကြပါ။

၁။ အဖွဲ့သားတွေကို အမြဲပံ့ပိုးကူညီပေးပါ။

၂။ ပြောဆိုဆက်ဆံရာမှာ ရိုးသားပြီး လေးစားမှုရှိပါ။

၃။ ပေးထားတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးပါ။

၄။ အဖွဲ့သားတစ်ယောက်ကို လိုအပ်ချက်တွေကြားမှာ ဥပက္ခာမပြုထားပါနဲ့။

၅။ ကိစ္စရပ်တွေကို တိုက်ရိုက်နဲ့ ကြင်နာစွာ ဖြေရှင်းပါ။

၆။ အောင်မြင်မှုတွေအတွက် အတူတကွအောင်ပွဲခံပါ။

၇။ အချင်းများမှုတွေကို အပြုသဘောဆောင်ပြီး ဖြေရှင်းပါ။

၈။ တစ်ယောက်ချင်းအနေနဲ့ရော၊ အသင်းအဖွဲ့အနေနဲ့ပါ စဉ်ဆက်မပြတ်တိုးတက်အောင် လုပ်ပါ။

၉။ ဖိအားတွေကြားမှာ အပြုသဘောဆောင်စိတ်ကို ထိန်းသိမ်းထားပါ။

၁၀။ အသင်းအဖွဲ့ရဲ့ သိက္ခာသမာဓိကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ပါ။

Naing Win Aung (CEO Coach)

12/05/2025

ကြိုးစားမှု နဲ့ ရလဒ်
~~~~~~~~~~~~~
လူတိုင်းကြိုးစားနေကြပါသည် ။ ရလဒ်မတူကြသည်ကိုလည်း သိနေကြပါသည်။သိပေမဲ့လည်း ကြိုးစားနေကြပါသည် ။ ကြိုးစားပေမယ်လည်း …?????

“ဂျာအေး သူအမေရိုက် သလိုဖြစ်နေပါသည်”

ဒါကြောင့် ကျွန်တော် သိခဲ့လိုက်ပါသည် ……..

(၁)ကိုယ်ဖြစ်ချင်သလို လူတိုင်းကို ပြောင်းလဲလို့မရနိုင်ခြင်း
(၂)မဖြစ်ချင်တာတွေ့လဲ ဖြစ်နေတုန်းပါပဲ
(၃)ပြောင်းလဲမှုရဲ့ အားကောင်းလာပုံ
(၄)ဖြည့်တွေးတက်ခြင်းရဲ့ ဆုံချက်
(၅)experience ဆိုတာ ဘာလဲသိလာခဲ့ခြင်း
(၆)Management ကို အသေမှတ်လို့ မရပါ
(၇)အကြောင်း အကျိုး ဆက်စပ်ပုံ

ကျွန်တော်သိခဲ့လို့ အားအင်တွေတိုးရင်း ဆက်လက်ကြိုးစားရင်း ရလဒ်တွေရရှိရင်းနဲ့ ၂၀၂၅ မှသည်
“အောင်မြင်မှု့များနှင့် ရှေ့ဆီသို့”

Address

No(3/30), Bo Tay Za Street, Ngwe Kwe Quarter (Near Pyanyar San Eain Monastery), Mingaladon
Yangon
11191

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 16:30

Website

Alerts

Be the first to know and let us send you an email when ATT Garment Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share