Movie Theater - ဇာတ်ကားကောင်းများ

  • Home
  • Myanmar
  • Yangon
  • Movie Theater - ဇာတ်ကားကောင်းများ

Movie Theater - ဇာတ်ကားကောင်းများ ရုပ်ရှင်ဇာတ်ကားကောင်းများ

နာမည်ကြီး Brain Survival Show ဖြစ်တဲ့ "Bloody Game" ရဲ့ spin-off အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရ...
17/07/2026

နာမည်ကြီး Brain Survival Show ဖြစ်တဲ့ "Bloody Game" ရဲ့ spin-off အစီအစဉ်လေးကို
တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင် season တွေလို တစ်ဦးချင်းရှင်သန်ရေးကိုပဲ
အဓိက ထားသွားမှာမဟုတ်ဘဲ အဖွဲ့လိုက်ယှဉ်ပြိုင်မှုပုံစံအဖြစ် ပိုမို အသားပေး ပြောင်းလဲထားပါတယ်။

Bloody Game အရင် Season တွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးပြီးသားသူများ ပါဝင်တဲ့ P1 , P2 , P3 အဖွဲ့၊
တခြား survival ရှိုးတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ Challenger အဖွဲ့နဲ့ survival အတွေ့အကြုံ လုံးဝ မရှိတဲ့
Rookie အဖွဲ့ဆိုပြီး အဖွဲ့ ၅ ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ကြရမှာပါ။

ပြိုင်ဘက်ကို ယုံကြည်ပြီး မဟာမိတ်ဖွဲ့လက်တွဲမှာလား.....
ဒါမှမဟုတ် သစ္စာဖောက်ပြီးပဲ ကိုယ့်လမ်းကိုယ် ဖောက်ထွက်မှာလား...
ပြင်းထန်လှတဲ့ သွေးချွေးစက်တွေကြားက နောက်ဆုံး အနိုင်ရရှိသူက ဘယ်သူဖြစ်လာမှာလဲ...
ဆိုတာကို အပတ်စဉ် ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။

အထင်ကရ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ Season တွေက ပြိုင်ပွဲဝင်ဟောင်းများ၊
The Genius 2 winner Lee Sang Min၊ University War 3 က Kang Ji-Hoo၊
EXchange 4 က Shin Seung-Yong တို့အပြင် Single's Inferno မှာ final couple ဖြစ်ခဲ့တဲ့
Lee Gwan-Hee နဲ့ Choi Hye-Seon တို့ကိုပါ အတူ မြင်တွေ့ရမှာဖြစ်ပါတယ်။

အပိုင်းသစ် (1 မှ 3)

(Show လင့် ကွန်းမန့်မှာ ရှိပါတယ်။)

အသစ်စက်စက် ကားကောင်းလေး😂😂😂ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦ...
14/07/2026

အသစ်စက်စက် ကားကောင်းလေး😂😂😂

ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကျွမ်းကျင်မှုနဲ့ ထက်မြက်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှုကိုရရှိထားသူလည်းဖြစ်ပါတယ် ။

ဒါပေမဲ့ သူမဟာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကုန်လာသလို အချစ်ရေးမှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျလာပါတော့တယ် ။

အဲဒီလို သူမရဲ့ နေ့စဉ်ဘဝထဲကို စိတ်သဘောထားခက်ထန်ပြီး အေးစက်တဲ့ အထက်လူကြီးဂန်ရှီအူ(Seo In Guk)က ရောက်ရှိလာပါတယ်..။

အမှားတစ်ခုတွေ့တာနဲ့ အပြစ်ရှာတတ်လွန်းတဲ့ အထက်လူကြီးဂန်ရှီအူနဲ့ ..
အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ဝန်ထမ်းချာဂျီယွန်းတို့ကြားမှာ နေ့တိုင်းလိုလို ပဋိပက္ခတွေဖြစ်ပွားနေပါတော့တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့အရေးကြီးတဲ့စီမံကိန်းတစ်ခုကို အတူလုပ်ဆောင်ရင်း ..

အချင်းချင်းရဲ့ မထင်မှတ်ထားတဲ့ဘက်အခြမ်းကို မြင်လိုက်ရတဲ့အခါမှာတော့...

ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရုံးခန်းတွင်းအပြိုင်အဆိုင်တွေကြားမှာ ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားမလဲဆိုတာကို

ရင်ခုန်စွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်လို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။

ဇာတ်ကားလင့်ကွန်းမန့်မှာ ချပေးထားပါမယ်နော်

The Judge Returns နဲ့ အမြင့်ဆုံးကြည့်ရှုနှုန်း 13.6% အထိ စံချိန်တင်ခဲ့တဲ့ မင်းသား Ji Sung ကတော့ အခုတစ်ခါမှာလည်း ပရိသတ် အ...
12/07/2026

The Judge Returns နဲ့ အမြင့်ဆုံးကြည့်ရှုနှုန်း 13.6% အထိ စံချိန်တင်ခဲ့တဲ့ မင်းသား Ji Sung ကတော့
အခုတစ်ခါမှာလည်း ပရိသတ် အသည်းစွဲစေမဲ့ အမိုက်စား ဒရမ်မာသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။

အပိုင်းသစ် (1)

(ဇာတ်ကားလင့် ကွန်းမန့်မှာ ရှိပါတယ်။)

ဘတ်ဟယ်ဂန်း (Ji Sung) ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ဂန်နမ်မှာ
ထိပ်တန်းအဆင့် VIP တွေအတွက် တရားမဝင် လောင်းကစားရုံကို ဖွင့်လှစ်ထားသူပါ။

ဒါပေမဲ့ ယုံကြည်ထားခဲ့တဲ့ ရဲအရာရှိရဲ့ သစ္စာဖောက်မှုကြောင့် လောင်းကစားရုံလည်း တစ်ရက်
တစ်မနက်တွင်းချင်းမှာတင် ပြိုလဲသွားခဲ့ပြီး ဖခင်အရင်းလို လေးစားလိုက်နာခဲ့သူကပါ အဖမ်းခံလိုက်ရတာမို့
ဟယ်ဂန်းဟာ အခုချက်ချင်း ဝမ် ၁၀ ဘီလီယံ လိုအပ်နေတဲ့ အခြေအနေထဲ ကျရောက်သွားရပါတော့တယ်။

အဲဒီအချိန်မှာ ဟယ်ဂန်း မျက်စိကျမိသွားတာကတော့ True Value State တိုက်ခန်းရဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းရေး
ရန်ပုံငွေ ဝမ် ၁၇.၈ ဘီလီယံပါပဲ။ ပိုက်ဆံတွေကို အရယူဖို့အတွက် ဟယ်ဂန်းလည်း တိုက်ခန်းနေထိုင်သူများအသင်းရဲ့
ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။

ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်တွေက ဆက်တိုက်ဆိုသလို ရှုပ်ထွေးလာပြီး မထင်မှတ်ဘဲ
တိုက်ခန်းရဲ့ မသမာမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...
ဟယ်ဂန်းတစ်ယောက် တိုက်ခန်းနေထိုင်သူတွေရဲ့ သူရဲကောင်းကြီးပဲ ဖြစ်လာမလား...
နဂိုပန်းတိုင်အတိုင်း ငွေနောက်ပဲ ဆက်လိုက်မလားဆိုတာကိုတော့ အပတ်စဉ် စောင့်ကြည့်အားပေးကြပါဦးနော်။

အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေသူများအတွက်ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်ကားလင့် ကွန်းမန့်မှာ ရှိ...
10/07/2026

အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေသူများအတွက်ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

(ဇာတ်ကားလင့် ကွန်းမန့်မှာ ရှိပါတယ်။)

- ဇာတ်လမ်းအကျဉ်း -

ကိုးရီးယား-ဂျပန် ယဉ်ကျေးမှု ပရောဂျက်အတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ရွာတစ်ရွာဆီ
ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင် ဟီဂျောင်းဟာ စွန့်ပစ်နတ်ကွန်းတစ်ခုဆီ
ကွင်းဆင်းလေ့လာဖို့ သွားရင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်

ဒီနောက်ပိုင်းမှာလည်း ထူးဆန်းရွံရှာဖွယ် သေဆုံးမှု၊ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီး
ရဲတွေတောင် အဖြေရှာမရတော့တဲ့အခါ အဖွဲ့မန်နေဂျာဖြစ်တဲ့ ဂင်ယူမီ (Kong Seong-Ha) လည်း
တက္ကသိုလ်တုန်းက စီနီယာဖြစ်တဲ့ မြောင်ဂျင်း (Kim Jae-Joong) ကို လှမ်းအကူအညီတောင်းလိုက်ပါတော့တယ်။

ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိတဲ့ နတ်ဆရာ မြောင်ဂျင်းလည်း မူမမှန်တဲ့ အငွေ့အသက်ကို
ချက်ချင်း ခံစားမိပြီး ဂျပန်နိုင်ငံဆီ အမြန်ဆုံး ဦးတည်ထွက်ခွာလာရာမှာတော့...
ဒီနတ်ကွန်းပျက်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ဖုံးလျှို့ဝှက်ချက်တွေ ရှိနေမလဲ...
မြောင်ဂျင်းနဲ့ ယူမီကရော ကျောင်းသူလေးကို အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ပါ့မလားဆိုတာကို
ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။

နာမည်ကျော်ငတက်ပြားမိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ချောဆူ( Hong Jong-Hyun)တစ်ယောက်မထင်မှတ်ထားဘဲ..ယောင်းဟီ(Jin Se-Yun)ဆိုတ...
08/07/2026

နာမည်ကျော်ငတက်ပြားမိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ချောဆူ( Hong Jong-Hyun)တစ်ယောက်မထင်မှတ်ထားဘဲ..ယောင်းဟီ(Jin Se-Yun)ဆိုတဲ့ရဲမိသားစုကသမီးအငယ်ဆုံးလေးနဲ့ချစ်မိသွားကြပါတယ်။
ဒီလိုနဲ့ပဲအရင်ကဆိုးပေနေခဲ့တဲ့ချောဆူတစ်ယောက်ချစ်မိသွားပြီးတဲ့နောက်မှာတော့ယောင်းဟီရဲ့မိဘတွေသဘောတူအောင်ရဲ၀န်ထမ်းစာမေးပွဲ၀င်ဖြေဖို့ကြိုးစားပါတော့တယ်။
ဒါပေမဲ့လည်းရန်ဘက်ဖြစ်နေကြတဲ့ရာဇ၀တ်သားမိသားစုနဲ့ရဲမိသားစုနှစ်စုစလုံးကချောဆူတယောက်ရဲမဖြစ်လာစေဖို့အစွမ်းကုန်ကြိုးစားပြီးတားကြတဲ့အခါမှာတော့....
ချစ်ရသူနဲ့အတူနေနိုင်ဖို့ကြိုးစားနေတဲ့ချောဆူကပဲအနိုင်ရသွားမလား....
ခမည်းခမက်မဖြစ်လာစေဖို့အစွမ်းကုန်တားကြတဲ့နှစ်ဖက်မိဘတွေကပဲအနိုင်ရသွားမလားဆိုတာကို
ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရင်းကြည့်ရှူရမှာဖြစ်လို့ကြည့်ရူခံစားပေးပါအုန်းနော်။
comment တွင်လင့်ချပေးထားပါတယ်‌နော်။

နန်းကျဘုရင် စားဖိုမှူးလေး ဂျီဟွန်းရဲ့ ဇာတ်ကားကောင်းလေး🥰🥰အမေကို အရိပ်တကြည့်ကြည့်အရမ်းချစ်တဲ့မေမေချစ်သားလေး ရုတ်တရက်အမေက အ...
21/06/2026

နန်းကျဘုရင် စားဖိုမှူးလေး ဂျီဟွန်းရဲ့ ဇာတ်ကားကောင်းလေး🥰🥰
အမေကို အရိပ်တကြည့်ကြည့်အရမ်းချစ်တဲ့မေမေချစ်သားလေး ရုတ်တရက်အမေက အယ်ဇိုင်းမားရောဂါဖြစ်သွားတဲ့အခါဖြစ်လာတဲ့ သားတစ်ယောက်ရဲ့ခံစားချက်တွေ အမေကဘိုးဘွားရိပ်သာမှာပဲ သွားနေမယ်လို့ပြောတဲ့အခါ သူလက်လွှတ်ပေးနိုင်မှာလား သားအမိတွေရဲ့ ချစ်ခြင်းမေတ္တာသံယောဇဥ်တွေကို တဝကြီး ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါ 🥰🥰
ဇာတ်ကားလင့်ကွန်းမန့်မှာ ချပေးထားပါမယ်နော်😘😘

 #အသစ်စက်စက်ကိုရီးယားရုံတင်ဇာတ်ကားသစ်ကြီး ရှယ်ရီရမယ့် စုံထောက် ဇာတ်ကားKim Ji-seok, Yoon Kyung-Ho, Kang Hanna, Lee Da-Hee...
21/06/2026

#အသစ်စက်စက်ကိုရီးယားရုံတင်ဇာတ်ကားသစ်ကြီး

ရှယ်ရီရမယ့် စုံထောက် ဇာတ်ကား

Kim Ji-seok, Yoon Kyung-Ho, Kang Hanna, Lee Da-Hee , Jeon So-Min အစရှိတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေအပြင် ကလေးသရုပ်ဆောင် Oh Eun-Seo တို့ကလည်း ပါဝင်အားဖြည့်ပေးထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း - မူးယစ်ဆေးမှု စုံထောက် ဟွမ်ချွန်းရှစ် (Jin Sun-Kyu) ဟာဆိုရင် ဇနီးဟောင်းဖြစ်သူ ရှီနယ် (Kang Hanna) အပေါ် သံယောဇဉ်မပြတ်နိုင်သေးသလို သမီးလေး ဟွမ်ယွန်းဂျူ (Oh Eun-Seo) အပေါ်လည်း အရမ်း ကြင်နာမှုရှိတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရှီနယ်ရဲ့ လက်ရှိခင်ပွန်းဖြစ်သူ တိကုဆရာဝန် အီမင်ဆော့ (Gong Myung) ရှေ့ကို ရောက်သွားရင်တော့ အတိုင်းအဆမရှိကို ကလေးဆန်သွားတတ်သူပေါ့။ တစ်နေ့ ယွန်းဂျူရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို တက်ရောက်လာကြတဲ့ ချွန်းရှစ်နဲ့ မင်ဆော့တို့က မိသားစုထိုင်ခုံနေရာမှာ ထိုင်ရဖို့အတွက် အားပြိုင်နေကြချိန်မှာပဲ ဟယ်ရန်း (Lee Da-Hee) ဆိုသူက ရှီနယ်နဲ့ ယွန်းဂျူတို့ကို ပြန်ပေးဆွဲထားကြောင်း၊ ချွန်းရှစ် မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ခင်ပွန်းသည် မူးယစ်ဂိုဏ်းခေါင်းဆောင် မာဒိုဂျွန်း (Kim Ji-Seok) ကို ပြန်လည် ခေါ်ဆောင်လာပေးလိုကြောင်း ဖုန်းဆက်ခြိမ်းခြောက်လာပါတော့တယ်။ အဲဒီလိုကနေ ရှီနယ်နဲ့ ယွန်းဂျူကို ကယ်တင်ဖို့အတွက် ချွန်းရှစ်နဲ့ မင်ဆော့တို့ လက်တွဲပူးပေါင်းဖြစ်သွားတဲ့အခါမှာတော့... ရှီနယ့်အပေါ်ထားရှိတဲ့ စိတ်ကတော့ တစ်သားတည်းဆိုပေမဲ့ အကျင့်စရိုက်ရော အလုပ်အကိုင်ပါ ကွဲပြားခြားနားကြတဲ့ ခင်ပွန်းဟောင်းနဲ့ လက်ရှိခင်ပွန်း... ဒီလို ကိုးရိုးကားရားနိုင်ပြီး ရယ်ချင်စဖွယ်ဖြစ်နေတဲ့ ပူးပေါင်းကယ်တင်မှုက တကယ်ပဲ အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။

အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ထိုင်းကိုခရီးသွားချင်လို့စီစဉ်ကြရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကြတဲ့အကြောင်း ကိုဟာသအနေနဲ့ရို...
20/06/2026

အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ထိုင်းကိုခရီးသွားချင်လို့စီစဉ်ကြရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကြတဲ့အကြောင်း ကိုဟာသအနေနဲ့ရိုက်ပြထားပြီး သူငယ်ချင်းတွေရဲ့သံယောဇဉ်ကိုပါ မျက်ရည်ကျအောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး🥰🥰

ကွန်းမန့်မှာလင့်ချထားပေးပါတယ်🥰🥰

အဆင်တွေကြည့်ရတာနဲ့တန်တဲ့ဇာတ်ကား🥰🥰🥰နန်းကျ ဘုရင် စားဖိုမှုးလေး ဂျီဟွန်း ၊ မင်းသားကြီးဗြောင်ဝူဆော့ တို့က ဂျိုဆွန်းခေတ် အောင...
19/06/2026

အဆင်တွေကြည့်ရတာနဲ့တန်တဲ့ဇာတ်ကား🥰🥰🥰

နန်းကျ ဘုရင် စားဖိုမှုးလေး ဂျီဟွန်း ၊ မင်းသားကြီးဗြောင်ဝူဆော့ တို့က

ဂျိုဆွန်းခေတ် အောင်သွယ်တော်တွေအဖြစ်ပါဝင်ထားတဲ့ကားလေးပါ🥰🥰

ကွန်းမန့်မှာလင့်ချပေးထားပါတယ်ရှင့်

ကိုရီးယားရဲ့ ပထမဆုံး AI ဇာတ်ကား😱😱မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကိ...
18/06/2026

ကိုရီးယားရဲ့ ပထမဆုံး AI ဇာတ်ကား😱😱

မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့
လောင်းကစားဆိုဒ်သူဌေး ဂျယ်ဘုမ်း (Yang Se-Jong) ကို ဈာပနပွဲမှာ ရောက်ရှိနေတဲ့
အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဘလက်အေးဂျင့် အီဂျောင်ဝန်း (Byun Yo-Han)၊
ရုပ်သံဌာန ပီဒီ ဂင်ဆော့ထယ် (Lim Hyung-Jun)၊ ရဲအရာရှိ ဂျိုမင်ယောင်း (Kim Kang-Woo)၊
မင်းသမီး ဘန်ဆောအာ (Bang Hyo-Rin) တို့ လေးဦးက ကယ်တင်ဖို့ ကြိုးစားရင်းကနေ ယာဉ်တိုက်မှုဖြစ်သွားခဲ့ပါတယ်

အဲဒီလိုကနေ သူတို့တွေက လူတစ်ယောက် သေဆုံးသွားတဲ့အခါ နောက်ဘဝမကူးခင် ခဏတာ
လှည့်လည်ရှင်သန်ရတဲ့ ကြားလောကထဲမှာ ပိတ်မိသွားပြီး ဝိညာဉ်တွေကို လိုက်လံဖမ်းဆီးနေတဲ့
သေမင်းတမန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါမှာတော့...

ရှင်လူလည်းမဟုတ် သေလူလည်းမဟုတ်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သူတို့တွေ ဘယ်လိုမျိုး
အသက်လုရုန်းကန်သွားကြမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်ကားလင့်ကို ကွန်းမန့်မှာ ချပေးထားပါတယ်☺️☺️

Address

Ranong Road , Talat Nuea
Yangon

Telephone

+959420178936

Website

Alerts

Be the first to know and let us send you an email when Movie Theater - ဇာတ်ကားကောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share