02/02/2023
တကယ်တော့ လင်မယားဆိုတာ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ အနောက်ဘက်သို့ခရီးသွားခြင်း ဆိုတဲ့
ဇာတ်လမ်းတွဲထဲက ဝူခုန်းနဲ့သူ့ဆရာတော်လိုပဲ။
ခရီးသာတူတူသွားကြတာ တည့်လားဆိုတော့
မတည့်ဘူး၊ မတည့်ဘူးဆိုပြီး တစ်ယောက်နဲ့တစ်ယောက်မုန်းလားဆိုတော့လည်း မမုန်းကြပြန်ဘူး။
ရှိရင်လည်း တကျက်ကျက် မရှိပြန်တော့လည်း
ဝူခုန်း!!!! ရှီးဖော်!!!! ဆိုပြီး တဆာဆာ အော်နေခေါ်နေပြန်ရော။
တကယ်ဆို ကိုယ်တွေယောက်ျားတွေက ဆရာတော်နဲ့တူတယ်။
ရုပ်ချောပြီး တည်တည်တံ့တံ့နဲ့နေတော့ မိစ္ဆာမတွေက ကိုယ်တွေ ရဲ့အသွေးအသားကိုပွဲတော်တည်ချင်တာနဲ့ လာပြီးမြူဆွယ်ကြတယ်လေ။
ဒါတွေကို ကိုယ်တွေက ဘယ်သိမလဲ ကိုယ့်စိတ်ကအရိုးခံလေးတွေဆိုတော့ လူတိုင်းကို ကိုယ့်လိုပဲမှတ်ပြီး သဘောရိုးနဲ့တန်းတူဆက်ဆံမိတဲ့အခါ သူတို့ဆင်တဲ့ထောင်ချောက်ထဲကျရော။
ဒီလို မာယာတွေကို ကိုယ်တွေကမသိပေမယ့် ဝူခုန်းကသိတယ်။
သိမှာပေါ့ ဝူခုန်းက မိန်းမကြီးကိုး။
မယုံရင်မျက်နှာကိုကြည့် လိမ်းထားတဲ့မိတ်ကပ်က ဘူဒိူဇာနဲ့ထိုးချလို့ရတယ်။
နောက်ပြီး သူတို့ကပါးလိုက်တာမှ ခြင်ထောင်ဇာလိုပဲ။
ဆရာတော်အနားတစ်ယောက်ယောက်က ကပ်လာပြီဆိုတာနဲ့ မျက်ပေါက်ကျဉ်းပြီး လှမ်းကြည့်တာ ဘယ်သူကတော့ ဘယ်လိုဆိုတာ သူတို့ပဲသိတယ်။
သိမှာပေါ့ မျောက်မ အချင်းချင်း အမြှီးမြင်တဲ့သဘောလေ။
ဒီတော့ ဆရာတော်နဲ့ဝူခုန်းက တစ်စက်မှကိုမတည့်တာ မဆန်းဘူး။
ဆရာတော်အနေနဲ့ကလည်း ဒီလိုနေရာတကာလိုက်ပြောတဲ့
ဝူခုန်းမကို ကြည့်လို့မရသလို၊ဝူခုန်းမကလည်း သူ့စကားနားမထောင်ဘဲ ခေါင်းမာတဲ့ဆရာတော်ကို တစ်ခါတစ်ခါ မကြည်ဘူး။
ရှင်နော် အဲ့ကောင်မကို အရောမ၀င်နဲ့ ကျမ အဲ့ကောင်မကို သိပ်ကြည့်လို့မရဘူး။ဒီကောင်မ မရိုးသားဘူးဆိုတာ ကျမ စိတ်ထဲကသိနေတယ်။
ဒီတော့ ဆရာတော်က တင်းပြီလေ။
ဒီမှာ ဟဲ့! ဝူခုန်းမ ငါက ဗုဒ္ဓရဲ့တရားတော်နဲ့အညီ
လူတိုင်းအပေါ် မေတ္တာထားပြီး ဆက်ဆံတတ်တာ မင်းအသိ မင်းသူ့ကိုကြည့်မရတာနဲ့ လိုက်ပြီး အိုးစွပ်ခွက်စွပ် မစွပ်စွဲစမ်းပါနဲ့။
ဒီတော့ ဝူခုန်းမနဲ့ဆရာတော်က ရန်ဖြစ်ရော။
ရန်ဖြစ်ပြီး ဝူခုန်းမက ထွက်သွားရော။
နောက်ဆုံး ဆရာတော်ကိုလည်း မိစ္ဆာမတွေက ဖမ်းဆီးတာခံလိုက်ရရော။
ဒါပေမယ့် ဒီနေရာမှာ
ဆရာတော်ပြဿနာဖြစ်တိုင်း ဝူခုန်းကရောက်ရောက်လာပြီး ဆရာတော်ကိုကယ်တင်သွားကြတယ်လို့ ထင်ကြတယ်။
တကယ်တော့ ဝူခုန်း မကယ်လည်း ဆရာတော်က
လွတ်ပါတယ်။အကြောင်းက ကောင်းတာလုပ်တဲ့သူမို့ ဘုရားက ကယ်ဖို့စီစဉ်ထားပြီးသား။
ဒါပေမယ့် သူကိုယ်တိုင်ကယ်ရင် ဇာတ်လမ်းက ကြည့်မကောင်းမှာစိုးလို့ ဒရမ်မာချိုးချင်တာနဲ့ ဝူခုန်းကိုပဲ ပြန်လွှတ်ပြီး အကယ်ခိုင်းလိုက်ရတာ။
ဒါကြောင့်လည်း ဆရာတော်က ဘယ်လောက် အန္တရာယ်နဲ့ ရင်ဆိုင်ပြီးကြုံတွေ့ကြုံတွေ့ တစ်ခါမှ ဒုက္ခကို
မရောက်တာ။ ဝူခုန်း ကယ်လို့ကြီးပဲ မဟုတ်ဘူး။
တကယ်ဆို ဝူခုန်းမကသာ ပြဿနာတွေများတာ။
သူ့ဆို ဘုရားကဆုံးမလိုက်၊ကွမ်ယင်မယ်တော်က ဆုံးမလိုက်နဲ့ ၊သိကြားမင်းက ဆုံးမလိုက်နဲ့ လူတိုင်းကဝိုင်းပြီး ဆုံးမချင်တာ။
ဆုံးမချင်တာလည်း မပြောနဲ့လေ ဝူခုန်းက တကယ့်မိန်းမတွေလိုပဲ နေရာတကာ ပြဿနာကရှာချင်တာကိုး။
နတ်ပြည်ထိတောင်တက်ပြီး မူးပြီးရမ်းတဲ့အပြင်၊
ငရဲပြည်ထိပါ ပြဿနာသွားရှာတာ။
တကယ့် မိန်းမတွေနဲ့ တစ်ပုံစံထဲပဲ နေရာတကာ ရောက်လေရာအရပ်မှာ ရန်မဖြစ်ရရင်ကို မနေနိုင်တာ။ပါကျဲကိုလည်း ဗိုလ်ကျချင်၊ဝူချင်းကိုလည်း ဗိုလ်ကျချင်နဲ့ ဆရာတော်ကိုကြတော့ နွဲ့ဆိုးလည်းဆိုးချင်သေးတယ်။ ဒါကြောင့်လည်း ဆရာတော်က ကြည့်မရတာ မဆန်းဘူး။
ဒါပေမယ့်လည်း နောက်ဆုံးတော့ ဘယ်လောက်ပဲဆိုးတဲ့ မျောက်မဖြစ်နေပေမယ့် ဆရာတော်ရဲ့ အနားမှာ လိုက်ပြီး ၀တ်ကြီး၀တ်ငယ်နဲ့ပြုစုပေးရရှာတာပဲ။
အဓိကတော့ ဆရာတော်ရဲ့ မြင့်မြတ်ပြီးယောက်ျားပီသတဲ့စိတ်ကြောင့်ပေါ့။
ဒါကြောင့် အိမ်ထောင်တစ်ခုမှာ လင်ရယ်မယားရယ်ဆိုတာ ဝူခုန်းနဲ့ဆရာတော်တို့လို အတွဲနဲ့တူပါတယ်လို့ပြောတာ။
ကိုယ်တွေက ဆရာတော်လို ရုပ်ချောပြီး တည်ငြိမ်သလောက်၊ မိန်းမတွေက ဝူခုန်းလို တစ်စက်မှကို ဂဏာမငြိမ်တဲ့ နေရာတကာပွစိပွစိပြောပြီး စပ်စလူးဓါတ်ပူးတဲ့ ဟာတွေ။
🤣
မင်မင်တို့ကတော့ ငယ်ငယ်ကတဲက ဝူခုန်းဖန်ပါ ဆရာတော် အမှတ်ရှိပဲခဏခဏ အဖမ်းခံရတာတာ အမြဲအသည်းယားနေတာ 😂😂😂