Htoo Htoo ချည်ထည်မျိုးစုံ လက်လီ လက်ကား

  • Home
  • Myanmar
  • Yangon
  • Htoo Htoo ချည်ထည်မျိုးစုံ လက်လီ လက်ကား

Htoo Htoo ချည်ထည်မျိုးစုံ လက်လီ လက်ကား မင်္ဂလာပါ

 #ဘယ်ဘက်လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။ကားတစီးမှာ စက်တခု...
01/04/2024

#ဘယ်ဘက်လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။

ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

#ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

မေတ္တာဖြင့်
ဒေါက်တာချမ်း
#ကျန်းမာရေး

အိမ်း.....စ်!ခေတ်ကိုက သေဖို့ကေုင်းနေပြီ😖။မြန်မာလူမျိုးတွေကို တစ်သက်လုံး ထည့်လာတဲ့ ဂျင်းအကြီးစားတွေခေတ် ကို က လက်ဖက်ညွှန့...
31/03/2024

အိမ်း.....စ်!ခေတ်ကိုက သေဖို့ကေုင်းနေပြီ😖။

မြန်မာလူမျိုးတွေကို တစ်သက်လုံး ထည့်လာတဲ့ ဂျင်းအကြီးစားတွေ

ခေတ် ကို က လက်ဖက်ညွှန့် ဆိုပြီးရာ ဘာရွက် အညွှန့်တွေ ကို ချဉ်ငံစပ် လုပ်မပုပ်ဆေးတွေ ထည့် ဆီစိမ် ပုလင်းနဲ့ ပိတ်ပြီး တံဆိပ်ကပ်လိုက်ရင် တစ်ဆယ်သား ၃၀၀ တန် ရာဘာညွှန့်တွေ က တစ်ပုလင်း ၆၀၀၀ တန်နာမည်ကြီး လက်ဖက်ညွှန့် တွေ ဖြစ်သွား တဲ့ ဂျင်းခေတ် ။

(လဖက်စစ် မစစ်ခွဲချင်ရင် Leave margin entire ဖြစ်မဖြစ်နဲ့ခွဲ ရ တယ် လဖက် ရွက်အစစ် ရဲ့ အနားသတ်က နှင်းဆီ ရွက် လို အထစ်အထစ်လေးတွေ ပါပြီး ရာဘာရွက်က အနားသတ် ပြောင်ချောနေတယ် ။

လဖက်ပင် ကိုယ်တိုင်စိုက်ခဲ့လို့ ကိုယ်တိုင် ခူးခဲ့လို့ အကုန် သိနေပေမဲ့လဲ လက်ဖက်ဝယ်တယ် ဆိုတာမျိုးက ရှောက်ရွက်ဝယ် သလို တညွှန့်ချင်း ကြည့်ပီးဝယ် လို့မှ မရတာ ဆိုတော့ တရွက်ချင်း ဖြန့်မကြည့်နိုင် သရွေ့တော့ ခံပေါ့ရှင် ။)

ခေတ်ကိုက ပုစွန် အသား ငါးဖယ်အသား တစက်လေးမှတောင် မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ် ရေခဲမုန့် ဖာလူဒါတေ မှာ သုံးတဲ့ ပန်းရောင် ဆေးလေးဆိုးပြီး

အတောင့်လိုက် ဖက်ရွက်တေနဲ့ ထုပ်လိုက်ရင် ပုစွန်ချဉ် ငဖယ်ချဉ် ဆိုပြီး ထမင်းအချဉ် အသိုးဆေးဆိုးတွေကို တထုပ် ၃၀၀၀ ဝယ်စားရတဲ့ ဂျင်းခေတ် ။

ခေတ်ကိုက ကြွက်တွေ တီကောင်တွေ မြွေတွေ အကုန်ရော ကြိတ်ပြီး ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်း ဆိုပြီး တရုတ်က Packing လှလှနဲ့ သွင်းလာတာ တွေကို ကိုးရီးယား အကင် ဆိုပြီး မက်မက်မောမော ကြွက်သားစားနေကြတဲ့ ဂျင်းခေတ် ။

ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ ဈေးကောင်း ပေးဝယ်တယ် ဆိုတာနဲ့ ဇီးဆံတွေ ထဲ အဝေရာစေ့တွေ ရောပြီး ဂျင်းထည့်လို့ စိတ်ငြိမ်ဆေး ဖော်ရတဲ့ ဇီးဆံက

အဝေရာဆံတေ ဖြစ်နေတော့ ဆေးက ဘာအာနိသင်မှ မထက်မှ ပေါက်ဖော်ကြီးတွှေ သိသွားကြပြီး ဇီးဆံ ဈေးကွက် ပျက်သွားရတဲ့ ဂျင်းခေတ် ။

ခေတ်ကိုက ထောင်းရကြိတ်ရမှာ ပျင်းတဲ့ အိမ်ရှင်မတွေ အတွက် ငါးခြောက်မှုနိ့ နဲ့ ဖွဲမှုန့် ရောထည့် ပုစွန် ခြောက်မှူန့် ဆိုပြီး ဖွဲမှုန့် ပင်လယ်ငါးမှုန့်တွေကို တပိသာ ၃သောင်း ဝယ်စားကြတဲ့ ဂျင်းခေတ်

ခေတ်ကိုက ပဲဆီစစ်စစ်မှ စားတာ အညာပဲဆီမှ စားတာ ဘာတံဆိပ်မှ စားတာ ဘယ်လိုထားထား မခဲတဲ့ ပဲဆီမှစားတာ ဆိုတဲ့ အိမ်ရှင်မတွေ အတွက် စားအုန်းဆီ တစ်ပေပါထဲ အီလန်ဆပ်ပြာမှုန့် တရာတန်တထုပ် ဖောက်ထည့် တညအိပ် အငြိမ် စိမ်ထား၊

မနက်မှ ကုန်ဈေးတန်းမှာ ရောင်းတဲ့ တရုတ်ကသွင်းလာတဲ့ တဗူး ၁၃၅၀၀ တန် ပဲဆီ အနံ့လေးနည်းနည်း ထည့်လိုက်တာနဲ့ ဆပ်ပြာမှုန့်တွေ ဖျော်ထည့်ထားတဲ့တပိသာ ၁၆၅၀ တန် စားအုန်းဆီ တွေက ဆပ်ပြာမှူန့်တန်ခိုးနဲ့ ရေခဲသေတ္တာထဲ ထည့်ရင်တောင်မခဲတော့ ပဲဆီ စစ်စစ်ဆိုပြီး တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ် ။

(မေမြို့မှာနေတုန်းက မန်းလေးထိဆင်း ကိုယ့်မျက်စိရှေ့မှာ မြေပဲတွေကို စက်က ဇလားကြီးနဲ့ အပေါ်ကကြိတ်ပြီး ဆီကန်ထဲ ကျလာတဲ့ ပဲဆီ မှပိသာခွက်ကြီးနဲ့ ကိုယ်တိုင်ခပ်ပြီး မျက်စိရှေ့မှာ ကြိတ်တဲ့ ပဲဆီ စစ်စစ်မှ မန်းလေးထိ ဆင်းပြီး ဝယ်စားတာတို့ ဘာတို့ ကြွားခဲ့ဖူးတယ်

တကယ်တော့ သူတို့က နဂိုထဲက ဆီကန်ထဲမှာ စားအုန်းဆီ ၃ ပုံ၂ ပုံ ထည့်ပြီးသား ဆိုတာ မသိခဲ့တော့ ဂျင်းတေ ထည့်ခံရတာဆိုတာလေ ။)

ခေတ်ကိုက ငဇင်ရိုင်း လို ငါးရံ့လို ငါးမျိုးဝယ်ရင် အညှီတွေချွဲနေမှ လတ်တယ် ထင်တဲ့ အိမ်ရှင်မတွေအတွက် ခေါင်းလျော်တဲ့ တရော်ရည် အချွဲတွေ လောင်းချနယ်ဖတ်ပြီးပုပ်လို့ပွလာလို့ တပိသာ ၂၅၀၀လောက်ပဲ တန်တဲ့ ငဇင်ရိုင်းတွေကို လတ်လွန်းလို့ အညှီတေ ချွဲစိုနေတာ ဆိုပြီး တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ် ။

နို့မလိုင် ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သာသုံး တစ်သျူးတွေကို နို့ထဲထည့်ကြိုပြီး ပျော့ဖတ်ဖတ် တစ်သျူးတွေကို နို့မလိုင် ဆိုပြီး တပွဲ ၃၀၀၀ ထိပေးစားနေရတဲ့ ဂျင်းခေတ်။ပြောရမယ်ဆို များကြီး များကြီးကျန်သေးတယ် ။

ဒါတေ ရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း စားစရာမရှိ ဖြစ်သွားကြမှာဆိုးလို့.. ဈေးသည်တွေ ကုန်သည်တွေ ထမင်းအိုး တုတ်နဲ့ ထိုးသလို ဖစ်နေမစိုးလို့ ခုလောက်နဲ့ပဲ တော်သေးပါပြီ ။

ဒါတေ ဒါတေ ရှိနေသေးသရွေ့ ဒါတေ ဒီလိုတွေ စားနေရသရွေ့ ကင်ဆာ ၊ နှလုံးဈ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ် ၊ သွိုင်းရွိုက် ရောဂါတေ ရောဂါတွေ ရှောင်လို့မရ ဖြစ်နေကြဦးမှာပါပဲ ။

ဒေါင်း လေးတွေလဲ မွေးလာကြဦး မှာပါပဲ၊ ဆေးရုံ ဆေးခန်းတွေလဲ ကြိတ်ကြိတ်တိုး စည်ကားနေကြဦးမှာ ပါပဲလေ ။ ။

to owner

သူ့အမှားကနေ ကိုယ့်အမှားတစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော...
28/03/2024

သူ့အမှားကနေ ကိုယ့်အမှား

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။

အဲ့ဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။

တွေ့တော့ မျောက်က အဲ့ဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။

မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။

မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးတောက်မလာမချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။

ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။

"ဟိတ်ကောင် အဲ့ဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး+

မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။

"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"

မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။

"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"

ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။

အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။

တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

မြွေဟောက် တစ်ကောင်က ကျွန်တော့်ကိုပြော တယ်..."ငါကလျှင်မြန်တယ်...အဆိပ်ရှိတယ်...ငါ့ကို လူ တွေကြောက်ကြတယ်" တဲ့...ကျွန်တော်သူ...
25/03/2024

မြွေဟောက် တစ်ကောင်က ကျွန်တော့်ကိုပြော တယ်...

"ငါကလျှင်မြန်တယ်...အဆိပ်ရှိတယ်...ငါ့ကို လူ တွေကြောက်ကြတယ်" တဲ့...

ကျွန်တော်သူ့ကို အရမ်းအားကျမိတယ်..သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်....

နောက်နေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့တွေ့ တယ်.. မြွေပွေးက ကျွန်တော့်ကိုပြောတယ်...

"ငါက တည်ငြိမ်တယ်...ငါ့ဟာငါ အေးဆေးနေ တယ် ..ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး...ဒါပေမယ့် ငါ့ ကို တော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မ ပေးဘူး" တဲ့...

ကျွန်တော် သူ့ကို အရမ်းလေးစားမိ တယ်...ကျွန်တော် သူ့လို တည်တည်ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်...

နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ်... ရေမြွေက ကျွန်တော့ကို ပြောတယ်....

"ငါက အဆိပ်မရှိဘူး...ပျော်ပျော်ပဲနေတတ် တယ်...ငါ့ကို လာရန်စ ရင်လည်း ငါဘာမှမတုန့်ပြန် ဘူး..ငါ့မှာ အဆိပ်မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ ကို မလေးစားကြဘူး.... ငါ့ကို ဟာသ တစ်ကောင် အဖြစ်ပဲ လူတွေ သဘောထားကြတယ်" တဲ့...

ကျွန်တော် သူ့ကို စိတ်အရမ်းပျက်မိတယ်...အဆိပ် မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ..ကျွန်တော်သူ့ကို အထင်သေး တယ်...အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်...

ဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်ရက်လောက်ကြာ တော့ ကျွန်တော် လယ်သမား ကြီး တစ်ဦးနဲ့ တွေ့ တယ်...သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင် ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော် လေးစားရ တဲ့ မြွေပွေး နဲ့ မြွေဟောက်ဖြစ်နေ တယ်...

ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်....

" ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင် ကွ...ငါသူတို့ကို မသတ်ချင်ပါဘူး...ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေဆိုတော့ လူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်ဒါကြော င့်ပဲ သူတို့ကို သတ်လိုက်ရတာ...ကျန်တဲ့တစ်ကောင် ကတော့ ဘာအဆိပ်မှရှိတဲ့ အကောင်မလို့ သတ် စရာ မလိုဘူးပေါ့ကွာ..." တဲ့...

ကျွန်တော် နောင်တ တစ်ခုရလိုက် သလို...အသိတရား တစ်ခုလည်း ရလိုက် တယ်..."လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး" းဆိုတာကို...အဲ့ နေ့က စပြီး ကျွန် တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင် ဖို့ ဆုံးဖြတ်လိုက်တယ်...

" ကိုယ့်ခန္တာ မှာရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို

ဖယ်ထုတ်ပြီး...ငြိမ်းချမ်းတဲ့ ဘဝ...လွတ်လပ်

တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့..ကြုံလာသမျှ

အတိုက်အခိုက်ကို အပြုံးနဲ့ပဲတုန့်ပြန်ဖို့ပါ....

မျှဝေခြင်းပါခင်ဗျ #မူရင်းရေးသားသူအား
Credit

"ရှိတ်စပီးယား ပြောခဲ့သော စကား"========================ကြှနျုပျ အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?ဘာလို့လဲဆိုတော့..... ကြှ...
14/03/2024

"ရှိတ်စပီးယား ပြောခဲ့သော စကား"
========================

ကြှနျုပျ အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?

ဘာလို့လဲဆိုတော့.....
ကြှနျုပျ ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ဘူး။

မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။

ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကို ချစ်ပါ။

ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင် အသက်ရှင်ပါ။

စကားမပြောခင် နားထောင်ပါ။

မရေးသားခင် စဉ်းစားပါ။

မသုံးခင် ဝင်ငွေရှာပါ။

ဆုမတောင်းခင် ခွင့်လွှတ်ပါ။

ထိခိုက်အောင် မလုပ်ခင် ခံစားကြည့်ပါ။

မမုန်းခင် ချစ်ခြင်းမေတ္တာပြပါ။

အရှုံးမပေးခင် ကြိုးစားပါ။

#မသေဆုံးခင်_ဘယ်လို_အသက်ရှင်နေထိုင်ရမယ်_ဆိုတာကို_နားလည်ပါ။

crd

 #အမေရိကန်က_အဖြစ်အပျက် အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။  ဘယ်သူနဲ့ရမှန်း သ...
13/03/2024

#အမေရိကန်က_အဖြစ်အပျက်

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး
တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့်
ပြဿနာမရှိဘူး။ သူကျွေးထားတယ် လူမည်း
မကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်း
ဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။

@ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ
မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ
လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမတစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။ " သူတို့တေများ ချမ်းသာ
လိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး....
ငါတို့မှာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှ
မရှိဘူး။"

နောက်တစ်အိမ်ရောက်သွားတယ်။ ပထမ
အိမ်ထက်ချမ်းသာတယ်။ စာအုပ်တွေကလည်း
လှေကားတွေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ .ငါတို့မှာ
ဖတ်ချိန်တောင်မရဘူး. နောက်တစ်အိမ်
ကျတော့ စာအုပ်တွေကပိုများ။ စာကြည့်စားပွဲ
တေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။
".စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု
ရှိတယ်လား?..စာများများ ဖတ်လေ.. များများ
ချမ်းသာလေလား..?"။

@ အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့
သူတွေဆီကနေ စံနမူနာယူကြည့်ရတယ်။

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။
". ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"။
သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ်
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီး
တွေ။ သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက် ကြတယ်။

@ စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံး
ကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာ
ထားခဲ့ပေါ့။အကြီးကောင်ကို ဘာဝါသနာပါလဲ
မေးတော့ ".. ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်း
တွေကို လေ့လာချင်တယ်"။

သူ့ကို စာအုပ်တွေပေးတယ်။ ရောင်စုံ ကာလာ
တွေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီး
တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း
နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

@ ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို အရင်
ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

@ ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ စာဖတ်ရင်
ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကို
မှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကို
ရေးပြရမယ်" ပေါ့။

သားတွေကလည်း နေ့တိုင်းရေးပေးပါတယ်။
ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန်
ဖြစ်သွားတယ်။

အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်
ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။

". သားတို့ငယ်ငယ်က အမေစာတွေရေးခိုင်းပီး
ဘာလို့မဝေဖန်တာလည်း"သူ့အမေက လက်ကိုင်
ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

"မင့်တို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်
တနိုးသိမ်းထားပါတယ်။

မဝေဖန်ဘူးဆိုတာကတော့ သားရယ်..
အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိ
စေချင်လို့ပါ" မျက်ရည်ဝဲပီးပြောရှာတာပေါ့။

@ မိဘဆိုတာ သားသမီးကို စေတနာ
ထားကြတာချည်းပါ။ဒါပေမယ့် စေတနာ
မလွဲကြစေနဲ့။

ငွေနောက်ကို လိုက်ပီး သားသမီးကို
ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့နီးအောင်
ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

@ ယနေ့ခေတ် မိဘဝတ်တရားထဲမှာ
" သားသမီးကို စာကြည့်တိုက်နဲ့နီးအောင်
ဖန်တီးပေးရမည်" လို့ ပေါင်းထည့်ချင်ပါသည်။

#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်...
#လေးစားစွာဖြင့်-


 #သင်သိပါသလားးးးတစ်ချို့လူချမ်းသာတွေ ပါးစပ်ကအဆင်မပြေပါဘူးဗျာ ... ဆိုတာကလိုချင်သလောက် မရလို့ ... ။တစ်ချို့ဆင်းရဲသားတွေကအဆ...
12/03/2024

#သင်သိပါသလားးးး

တစ်ချို့လူချမ်းသာတွေ ပါးစပ်က
အဆင်မပြေပါဘူးဗျာ ... ဆိုတာက
လိုချင်သလောက် မရလို့ ... ။

တစ်ချို့ဆင်းရဲသားတွေက
အဆင်ပြေပါတယ်ဗျာ ... ဆိုတာက
တစ်ဖက်လူကို ကိုယ်ချင်းစာလို့ ... ။

"ချစ်ခြင်းအားဖြင့်လေးစားလျက်"

#ညီသုတ

ကောင်လေး----ကြက်ဥ ဘယ်လိုရောင်းလဲတစ်လုံး  ၁၅၀ ပါ၅လုံး   ၆၀၀ ထားလိုက်ဟာ...မလုပ်ပါနဲ့ အန်တီရယ်ကျွန်တော့် အရင်းနား ရောက်နေပြ...
10/03/2024

ကောင်လေး----ကြက်ဥ ဘယ်လိုရောင်းလဲ
တစ်လုံး ၁၅၀ ပါ
၅လုံး ၆၀၀ ထားလိုက်
ဟာ...မလုပ်ပါနဲ့ အန်တီရယ်
ကျွန်တော့် အရင်းနား ရောက်နေပြီ
အို---- ၆၀၀ ထားရင် ယူမယ်
မထားရင် မယူဘူး သွားမယ်
နေ.. နေပါအုံး ယူသွားပါဗျာ စျေးဦးပေါက်မို့ ရောင်းလိုက်ပါ့မယ်

ကောင်လေးထုပ်ပေးတဲ့ ကြက်ဥ ၅လုံးကို ယူ....၅၀၀တန် တစ်ရွက်
၁၀၀တန် တစ်ရွက်ကို ဖတ်ကနဲ့ ပစ်ပေးပြီး အဒေါ်ကြီး ခေါင်းမော့လို့
အောင်နိုင်သူ ဟန်အပြည့်နဲ့ စျေးထဲ ဆက်ဝင်သွားပါတယ်

ညနေ အဒေါ်ကြီးဟာ သူ့ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင်
တစ်ဆိုင်မှာ ထွက်စားကြတယ်

ဖြစ်ချင်တော့ ကြက်ဥသည်ကောင်လေးဟာ ဒီစားသောက်ဆိုင်မှာ
အချိန်ပိုင်းစားပွဲထိုး ဝင်လုပ်နေတဲ့အချိန် အဒေါ်ကြီးကို မြင်တော့
ချက်ချင်း မှတ်မိသွားတယ်

ဒီလိုနဲ့ အဒေါ်ကြီးတို့ဝိုင်း ငွေရှင်းမယ်ဆိုတော့ စားပွဲထိုးကောင်လေးကို
ဘေစာရွက်ကို ယူလာခိုင်းတယ်

၉၈၅၀ ကျတယ် ၁၀၀၀၀ ပေးခဲ့တယ် ပိုတဲ့ပိုက်ဆံ ၁၅၀ကို
ယူလိုက်ဖို့ ပြောပြီး အတင်းပေးရင်း ခေါင်းမော့လို့ ဆိုင်ထဲက
ထွက်သွားပါတယ်

စားပွဲထိုး ကောင်လေးဟာ လောကကြီးကို တစ်ကယ်
နားလည်ရ ခက်သွားတယ်

ငွေ ၁၅၀....?

မနက်က လုံးဝ ပေးဖို့ ဆန္ဒမရှိဘူး ညနေကြတော့လည်း
အတင်းပေးသွားတယ် ဘာတွေလည်းကွာ နားမလည်တော့ဘူး

ဒိထက်ပိုနားမလည်နိုင်တာက သူ့ရဲ့ စိတ်

ငွေ ၁၅၀ ချင်း အတူတူ ... မနက်က မရလိုက်တဲ့ ကြက်ဥဖိုး ၁၅၀ ကို တသသ ဖြစ်နေသလောက် ခု ၁၅၀ကို ငါဘာလို့
မမက်တာပါလိမ့်လို့ ကောင်းလေးက တွေးမိနေပါတော့တယ်

(ဘာသာပြန်)

(တစ်ကယ်တမ်းကြတော့ တစ်ချို့လူတွေဟာ မရှိဆင်းရဲသား
စျေးသည်ဆီက မတရားဆစ်ပြီး
လူချမ်းသာ စျေးသည်ဆီမှာ ငွေဖြုန်းတတ်ကြတယ်
ကျွန်တော်တို့အားလုံး မျက်နှာကြီးရာ ဟင်းဖတ်ပါ
လူမျိုးများမဖြစ်ကြပါစေနဲ့)

& Photo

တဖြည်းဖြည်း သေးပြီး ပျောက်သွားတော့မယ်...တရုတ်က သူ့တို့ ဘိုးဘေးတွေ ရဲ့ မြေပုံဟောင်းလို့ပြလာခဲ့ရင် ...တို့ မြန်မာတွေရဲ့ ဘိ...
07/03/2024

တဖြည်းဖြည်း သေးပြီး ပျောက်သွားတော့မယ်...

တရုတ်က သူ့တို့ ဘိုးဘေးတွေ ရဲ့ မြေပုံဟောင်းလို့
ပြလာခဲ့ရင် ...

တို့ မြန်မာတွေရဲ့ ဘိုးဘေးတွေက ထားခဲ့တဲ့
မြေပုံ ဆိုတာလဲ...

ဒီလိုပဲ ဆိုတာ .. သိစေချင်တယ်...

Crd. ..

အဘိုးအိုတစ်ယောက်နဲ့ လူငယ်တစ်ယောက် လမ်းမှာ ဆုံကြတော့ လူငယ်က အဘိုးအိုကို မေးတယ်။"ကျွန်တော့်ကိုမှတ်မိလား ဆရာ?"အဘိုးအိုက ခေါ...
06/03/2024

အဘိုးအိုတစ်ယောက်နဲ့ လူငယ်တစ်ယောက် လမ်းမှာ ဆုံကြတော့ လူငယ်က အဘိုးအိုကို မေးတယ်။

"ကျွန်တော့်ကိုမှတ်မိလား ဆရာ?"

အဘိုးအိုက ခေါင်းခါတယ်။

"ကျွန်တော် ဆရာ့တပည့်ပါဆရာ"
"ဟေ။ဟုတ်လားကွ
ဟုတ်ပါတယ်ဆရာ"
"အခုငါ့တပည့် ဘာအလုပ်လုပ်နေလဲ"

အခု ကျောင်းဆရာ တစ်ဦးအနေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆရာ"

လူငယ်က ဂုဏ်ယူစွာဖြေတယ်။

အဘိုးအိုက ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့
ကောင်းတယ်ဟေ့။ငါ့လိုပါပဲလားကွ"

ဟုတ်ပါတယ်ဆရာ။ တကယ်တော့ ကျွန်တော်ဆရာဖြစ်ခဲ့တာက ဆရာ့ကြောင့်လို့ပြောလို့ရပါတယ်။
ဆရာလှုံ့ဆော်မှုကြောင့် သာ ကျွန်တော်ဆရာတစ်ယောက်ဖြစ်လာတာပါ"

စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ မျက်နှာထားနဲ့ အဘိုးအိုက မေးတယ်။

"ဟေ ဘယ်လိုအရာက မင်းကို ဆရာလုပ်ဖို့
လှုံ့ဆော်ခဲ့လဲ ငါတောင် မမှတ်မိတော့ဘူးကွ

လူငယ်က အတိတ်ကာလက အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။

တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်းက ကျောင်းလာတဲ့အခါ သိပ်မိုက်တဲ့ နာရီအသစ်တစ်လုံးပတ်လာတယ်ဆရာ။ နာရီကို မြင်မြင်ချင်း ကျွန်တော်အရမ်းကြိုက်သွား ပြီး လိုချင်ခဲ့တယ်။ ဒါနဲ့ ခိုးယူဖို့ ဆုံးဖြတ်လိုက်တယ်။သူငယ်ချင်းက နာရီကို အိတ်ထဲ ထည့်ထားချိန် ကျွန်တော် ခိုးလိုက်တယ်"

လူငယ်က ဆရာ့ကို ကြည့်တော့ ဆရာက ဆက်ပြောပါဦးလို့ ခေါင်းညိတ်ပြတယ်။

"ခဏကြာတော့ သူငယ်ချင်းက သူ့နာရီပျောက်နေတာ သတိထားမိပြီး အတန်းပိုင်ဆရာကို ချက်ချင်းတိုင်တယ်။အဲဒီဆရာက ဆရာပါဆရာ"

ဆရာဖြစ်သူက ခေါင်းညိတ်ပြတယ်။

ဆရာက 'ဒီကျောင်းသားရဲ့ နာရီက ဒီနေ့ စာသင်ချိန် မှာ ပျောက်သွားတယ်လို့ ပြောတယ်။ ကောက်ရထားသူရှိလား။ ကောက်ရထားရင် ပြန်ပေးပါ"လို့အော်ခဲ့တယ်။
"ကျွန်တော် လိုချင်လို့ ခိုးထားတာမို့ ပြန်မပေးခဲ့ဘူးဆရာ"

ဆရာက တံခါးပိတ်ပြီး ကျွန်တော်တို့အားလုံးကို စက်ဝိုင်းပုံ ဝိုင်းပြီး မတ်တပ်ရပ်ခိုင်းခဲ့တယ်။ကျွန်တော်တို့အားလုံး ကို မျက်လုံးမှိတ်ထားခိုင်းတယ်။ကျွန်တော်တို့အားလုံးလည်း ဆရာ
ညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ ရဲ့အိတ်ကပ်တွေထဲကို ဆရာ လိုက်ရှာခဲ့တယ်"

ဆရာက ကျောင်းသားတစ်ဦးချင်းရဲ့ အိတ်ကပ်တွေကို ရှာခဲ့တယ်။ကျွန်တော့်အိတ်ကပ်ထဲကနေ နာရီတွေ့သွားပေမယ့် ကျန်တဲ့ကျောင်းသားတိုင်းရဲ့ အိတ်ကပ်တွေကို ဆရာ ဆက်ရှာခဲ့တယ်။ အကုန်လုံး ရှာပြီး မှ ဆရာကပြောခဲ့တယ်။
"အားလုံး မျက်စိဖွင့်လို့ ရပြီဟေ့။ နာရီ တွေ့ပြီ"

"အဲဒီနေ့က ဆရာက ကျွန်တော့်ကို နာရီသူခိုးလို့ အများရှေ့မှာ မပြောခဲ့သလို ကျွန်တော်တို့ နောက်တစ်တန်းတက်သွားတဲ့အထိ ဒီအကြောင်းကို မပြောခဲ့ဘူး
နာရီ ဘယ်သူခိုးယူထားတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
အဲဒီနေ့က ဆရာက ကျွန်တော့် ဂုဏ်သိက္ခာကို ကယ်တင်ခဲ့တယ်။ တစ်ဘဝစာကယ်တင်လိုက်တာပါ။ အဲဒီနေ့က ကျွန်တော့်ဘဝရဲ့ အရှက်ရဆုံးနေ့ပါပဲဆရာရယ်။
ဒါပေမယ့် အဲဒီနေ့ကပဲ ကျွန်တော်ဟာ သူခိုး၊ လူဆိုးမဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေ့ပါပဲ၊
ဆရာက ဘာမှ မပြောခဲ့၊မကြိမ်းမောင်းခဲ့ပေမယ့် လူ့ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာကို ပြသပေးခဲ့တာပါပဲဆရာ။
ဆရာ့ပေးခဲ့တဲ့ ဘဝသင်ခန်းစာကို ကျွန်တော် ရှင်းရှင်းလင်းလင်း ရရှိခဲ့ရပါတယ်။
ကျေးဇူးတင်ပါတယ်၊ တကယ့်ဆရာစစ်စစ်တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်တာကို နားလည်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို မှတ်မိလားဆရာ"

အဘိုးအိုက ခေါင်းညိတ်တယ်။
"အဲဒီနေ့က အဖြစ်အပျက်ကို ဆရာ မှတ်မိပါတယ်။ကျောင်းသားတိုင်းရဲ့အိတ်ကပ်ထဲမှာ နာရီလိုက်ရှာတဲ့
အခြေအနေကိုလည်းမှတ်မိပါတယ်။
မင်းမျက်နှာကိုတော့ မမှတ်မိဘူးကွ။
ဗျာ-
ဘာ လို့လဲဆိုတော့ အဲဒီအချိန်က ကျောင်းသားတွေနည်းတူ ဆရာလည်း မျက်လုံးမှိတ်ထားခဲ့တယ်ကွ"

ဒါဟာ သင်ကြားခြင်းရဲ့ အနှစ်သာရပါပဲ။

အရှက်ခွဲပြီး တည့်မတ်ပေးခဲ့ရင် ဘဝသင်ခန်းစာကို အမှန်တကယ် တတ်မြောက်ခဲ့မှာ မဟုတ်ဘူး။

#လေးစားစွာဖြင် .....
ေးပါတယ်
#ပြန်လည်မျှဝေပါတယ်

ဟို အကောင့်ပြောင်း၊ဒီအကောင့်ပြောင်းတဲ့သူတွေကတော့ နည်းနည်း ဒွတ်ခများမယ်😁။Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင...
05/03/2024

ဟို အကောင့်ပြောင်း၊ဒီအကောင့်ပြောင်းတဲ့သူတွေကတော့ နည်းနည်း ဒွတ်ခများမယ်😁။

Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျနေ

ရန်ကုန်၊ မတ် ၅

Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ယခု ဝင်မရတော့ကြောင်း၊ တစ်ကမ္ဘာလုံးရှိ အကောင့်များအားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ထိုးကျနေ ကြောင်း သိရှိရသည်။

မိမိ၏ ဖေ့ဘုတ်စ်အကောင့်ကို ဝင်ပါက session expired, please log in again. ၊ Unable to log in. An unexpected error occurred. Please try logging in again. ၊ password youve entered is incorrect. ဆိုသော စာသားများ ပြနေကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။

အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့ တခါတုန်းက ကြက်ဥ မကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ...
29/02/2024

အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့

တခါတုန်းက ကြက်ဥ မကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့ ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။ တစ်နေ့ကျတော့ ကျီးကန်းက ကြက်ဥကို ကြောင်ကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။

ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။ ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။ ဒါနဲ့သူတို့စကားများကြပြီး အခင်အမင်ပျက်သွားကြတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ တချို့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတရံ
ရလိုက်တဲ့ အရာတွေကို တစ်သက်လုံး ရမယ့်အရာလို့ သတ်မှတ်တက်တဲ့ လူတွေရှိတတ်ပါတယ်။

အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။
ကြာလာတော့ သူများ ကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။

ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။ တစ်နေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။တကယ်တမ်းကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။

ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။ ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေသတ်မှတ်မထားသင့်ပါဘူး။ တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။

Credit

ခရစ်ဒစ်

Address

No. 176 Ah Ma Ka 7 Kyaung Lane 10 Mile Insein
Yangon
1975

Telephone

+95943170903

Website

Alerts

Be the first to know and let us send you an email when Htoo Htoo ချည်ထည်မျိုးစုံ လက်လီ လက်ကား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Htoo ချည်ထည်မျိုးစုံ လက်လီ လက်ကား:

Shortcuts

Share