Burmese Duo

Burmese Duo 🌏 Burmese couple ✦ Exploring the world together
🍜 Food • ✈ Travel • 🏡 Lifestyle
✨ Sharing stories, tips & adventures ✨

စလုံးမှာ အလုပ်လုပ်နေတဲ့သူတွေအပြင်စလုံးကို အလည်အပတ်နဲ့ ရောက်လာပြီး Malaysia ကို ကုန်းလမ်း ရေလမ်းကနေ ဝင်ရင် Visa လိုပါသေးတ...
30/09/2025

စလုံးမှာ အလုပ်လုပ်နေတဲ့သူတွေအပြင်
စလုံးကို အလည်အပတ်နဲ့ ရောက်လာပြီး
Malaysia ကို ကုန်းလမ်း ရေလမ်းကနေ ဝင်ရင် Visa လိုပါသေးတယ်

Visa ကင်းလွတ်ခွင့် ပေးတဲ့ထဲမှာ
လေကြောင်းကနေ လာမယ့်သူတွေပဲ Single Entry Visa 14 days ပေးတာ ဖြစ်ပါတယ်

စင်ကာပူမှာ Pass အမျိုးမျိုးနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေ (အလည်အပတ်လာသူတွေ မပါ)ပိတ်ရက် Sentosa သွားဖြစ်ရင် Cable ကို ၁ယောက...
29/09/2025

စင်ကာပူမှာ Pass အမျိုးမျိုးနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေ (အလည်အပတ်လာသူတွေ မပါ)

ပိတ်ရက် Sentosa သွားဖြစ်ရင် Cable ကို ၁ယောက် ၂ကျပ်နဲ့ စီးလို့ ရတယ်နော်

⚠️⚠️2nd October ကနေ 20th Octber ထိ cable line တွေ ပြုပြင်ရေး လုပ်မှာဖြစ်လို့ 21th October မှ စစီးလို့ ရပါမယ်တဲ့⚠️⚠️

Sentosa ကျွန်းပေါ်က Station ၃ခုကို round trip စီးလို့ ရပါတယ်
Cable ကို ဈေး သက်သက်သာသာနဲ့ စီးချင်ရင်

🚶‍➡️ Vivocity ကနေ Resort World Sentosa Station ထိကို Boardwalk အတိုင်း လမ်းလျှောက်
🚉 Station ရောက်တာနဲ့ monorail ကို Imbiah Station ထိ စီး (Vivocity ကနေ စီးရင် 4$ ပေးရပါတယ်)
🚶‍➡️ Imbiah Station ရောက်ရင် ရထားပေါ်က ဆင်းပြီး Sensosary scape Cable station ကို လမ်းလျှောက်ပြီး စစီးလို့ ရပါပြီ
(Sentosa Line cable လက်မှတ်ကို အဲ့ station မှာ IC card သို့မဟုတ် Singpass app ကနေ ပြပြီး ဝယ်လို့ ရပါတယ်နော်)

- Siloso Point station ထိ စီးပြီး Siloso Beach မှာ အနားယူ
ညနေ ပြန်တော့မယ်ဆိုရင် အဲ့ station ကနေ Imbiah Station ထိ ပြန်စီးပြီး
RW Sentosa ကနေ monorail ကို Vivocity ထိ ပြန်စီးမယ်ဆိုရင်
အသွားအပြန် cable car ၂ကျပ်ဖိုးပဲ ကုန်တော့မှာ

cable car မစီးဖူးသေးတဲ့သူတွေအတွက် အသက်သာဆုံး ဈေးနှုန်း ဖြစ်နေပါတယ်

ဘယ်ကနေ ဘယ်လို သွားရတယ်ဆိုတာကို Video တင်ပေးသွားမှာမို့ Account လေးကို follow လုပ်ထားလို့ ရတယ်နော် 🥰🫰

Blackpink Concert Tickets ကို website က ဈေးထက် သက်သာတဲ့ဈေးနဲ့ ဝယ်ကြမယ်Cat 10 ဆိုရင် website ဈေး  168$ ကျနေတာမှာviagogo မ...
27/09/2025

Blackpink Concert Tickets ကို website က ဈေးထက် သက်သာတဲ့ဈေးနဲ့ ဝယ်ကြမယ်

Cat 10 ဆိုရင် website ဈေး 168$ ကျနေတာမှာ
viagogo မှာဆိုရင် 148$ ပဲ ရှိပါတယ်

Viagogo ကနေ မယုံလို့ ticketmaster.sg မှာ သွားဝယ်ရင်လည်း ရပါသေးတယ်

cat 9 နဲ့ cat 10 ၂မျိုး ရနိုင်ပါသေးတယ်

အပြင်မှာ ဈေးကြီး မမိဖို့ ဒီ post ကို share ပြီး သတိပေးလိုက်ကြပါဦး 🤞🫰

FairPrice ကနေ ကြက်ဥ ၁၀ လုံး အခမဲ့ ယူလို့ရနေပြီစလုံးမှာ နေထိုင်ပြီး အလုပ်လုပ် ကျောင်းတက်ကြတဲ့သူများ FairPrice ကနေ ကြက်ဥ ၁...
23/09/2025

FairPrice ကနေ ကြက်ဥ ၁၀ လုံး အခမဲ့ ယူလို့ရနေပြီ

စလုံးမှာ နေထိုင်ပြီး အလုပ်လုပ် ကျောင်းတက်ကြတဲ့သူများ FairPrice ကနေ ကြက်ဥ ၁၀ လုံး တကတ် ပေးနေပါပြီ

ကြက်ဥကတ် ဘယ်လို ရယူမလဲ?
- အရင်ဆုံး FairPrice Account ရှိရပါမယ်
- Account ဖွင့်ပြီးတာနဲ့ FairPrice App ထဲကို ဝင်
- ဘယ်ဘက်အပေါ်ထောင့်က လူပုံလေးကို နှိပ်
- ပြီးရင် ညာဘက်အပေါ်ထောင့်က Edit Profile ကို နှိပ်ပါ
- Myinfo Verification ဆိုတာကို နှိပ်ပြီး Singpass Account နဲ့ ချိတ်ဆက်ပါ
- ချိတ်ဆက်မှု အောင်မြင်တာနဲ့ ခဲခြစ်ကုတ်လေး တခုပေါ်လာပါလိမ့်မယ် (ကြက်ဥတကတ်) ဆိုပြီး ပေါ်လာမှာပါ
- အဲ့ကြက်ဥတကတ် voucher ကို တလအတွင်း claim ပေးရမှာ ဖြစ်ပါတယ်

ခုပဲ fairprice app ကို ဖွင့်ပြီး ကြက်ဥတကတ် အမြန်ဆုံး ယူလိုက်တော့နော်

MRT ပေါ်မှာ ရေသောက်မိလို့ တိုက်ချက်ဖွင့်ခံရနိုင်ငံခြားသားလို့ ထင်ရတဲ့ တရုတ်လူမျိုးတယောက်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ Chinese...
23/09/2025

MRT ပေါ်မှာ ရေသောက်မိလို့ တိုက်ချက်ဖွင့်ခံရ

နိုင်ငံခြားသားလို့ ထင်ရတဲ့ တရုတ်လူမျိုးတယောက်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ Chinese Garden လက်မှတ်ဖြတ်ကောင်တာ ရှေ့မှာ ရပ်ပြီး ရထားပေါ်မှာ ရေမသောက်ရကြောင်း သိပေမယ့် စိန်ခေါ်ပြီး သောက်ပြမယ်လို့ ဆိုတာ Video ရိုက်ပြီး တင်ခဲ့ပါတယ်

ထိုသူက တရုတ်ဘာသာဖြင့် "ရထားပေါ်မှာ ရေမသောက်ရဘူးဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဒီနေ့ ရထားပေါ်မှာ ငါ ရေသောက်ပြမယ်" လို့ ဆိုတာ Chinese Garden MRT ကနေ တက်စီးပြီး တကယ်ကို ရေသောက်ပြခဲ့ပါတယ်

သူက ရထားတွဲထဲက ရေမသောက်ရ ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ ရေသောက်ပြခဲ့ပြီး လက်မ ထောင်ပြတဲ့ video ကို တင်ခဲ့ပါသေးတယ်

ခုလက်ရှိမှာတော့ SMRT မှ တာဝန်ရှိသူတဦးက ရေသောက်ပြပြီး စည်းကမ်းချိုးဖောက်ခဲ့တဲ့ ထိုတရုတ်အမျိုးသားကို တိုင်ချက်ဖွင့်ထားပါတယ်

အဲ့လိုလုပ်တာကို လိုင်းပေါ်တင်ပြီးတဲ့နောက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကလည်း မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်

စလုံးရောက် ရွှေမြန်မာတို့လည်း စည်းကမ်းမချိုးဖောက်မိဖို့ရာ ရထားပေါ်မှာ ရေသောက်ခြင်း အအေးသောက်ခြင်းနဲ့ မုန့်စားခြင်းတို့ကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းပါတယ်

20/09/2025

Batam ကို ဘယ်လိုသွားကြမလဲ

How to go Batam Indonesia 🇮🇩

Like & follow for more 🥰😍

20/09/2025

ခေတ်မီ​အောင် ကိုလူခင့်ပါ AI နဲ့ ဒွန့်ခိုင်းလိုက်ပြီ 😂

Address

Yangon

Website

https://www.tiktok.com/@burmeseduo

Alerts

Be the first to know and let us send you an email when Burmese Duo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share