Sewie Dowie

Sewie Dowie Live in Nature🌳

Tiktokမှ ခင်မင်ရ​သော မိတ်သဟာများဆို အခုလို SSလေးနှင့် လာမှာကြတာရှင်...🤎🧡🤎ဆူဝီဒူဝီမှာ အဲ SSလေးကို သဘောကျလို့.....ကိုယ့်နေ...
18/08/2026

Tiktokမှ ခင်မင်ရ​သော မိတ်သဟာများဆို အခုလို SSလေးနှင့် လာမှာကြတာရှင်...🤎🧡🤎

ဆူဝီဒူဝီမှာ အဲ SSလေးကို သဘောကျလို့.....
ကိုယ့်နေရာလေးကို တခါမှ SSလုပ်ဖို့ ideaမရဘူး...
ချစ်စရာSSလေးကို အရောင်းအတွက်မဖြေခင်မှာ အရင်saveရသေးတယ်...(ပုံလေးတင်ထားချင်လို့)

ဝေဝေဆာဆာ ဆူဝီဒူဝီလေးအတွက် ပျော်ရွှင်ရပါတယ်ရှင်။🤎🧡🤎

#ရေသန့်ဘူးကိုdecorationအဖြစ်ပြောင်းမယ်
#သောက်ရေဘူးအစွပ်များ
#သွယ်ဖုံး

ရှာဝယ်မရတဲ့ အားဆေးဆိုတာ.....သောက်ရေဘူးအစွပ်များအတွက် ကောင်းမွန်တဲ့ခရီးတစ်ခု ရရှိထားပြီးဖြစ်လို့ သွယ်ဖုံးမှာလည်း တုံ့ပြန်...
16/08/2026

ရှာဝယ်မရတဲ့ အားဆေးဆိုတာ.....

သောက်ရေဘူးအစွပ်များအတွက် ကောင်းမွန်တဲ့ခရီးတစ်ခု ရရှိထားပြီးဖြစ်လို့ သွယ်ဖုံးမှာလည်း တုံ့ပြန်မှုကောင်းတွေရအောင် ကြိုးစားထားပါတယ်ရှင်။🌸🌿

အခုလိုစာပို့ဖို့ သတိတရရှိကြတဲ့အတွက် ဆူဝီဒူဝီက ကျေးဇူးတင်အလေးထားလျက်ပါရှင်။🌸🌿

#ရေသန့်ဘူးကိုdecorationအဖြစ်ပြောင်းမယ်
#သွယ်ဖုံး
#သောက်ရေဘူးအစွပ်များ

သောက်ရေဘူးအစွပ် Design အသစ်များဖြစ်တဲ့....မိုးနှင်းပြာနှင့်သနပ်ခါးဝါမှာ နောက်ခွဲရေပိုက်ခေါင်းထွက်တဲ့နေရာကို အခုလို ကြိုး...
14/08/2026

သောက်ရေဘူးအစွပ် Design အသစ်များဖြစ်တဲ့....

မိုးနှင်းပြာနှင့်သနပ်ခါးဝါမှာ နောက်ခွဲရေပိုက်ခေါင်းထွက်တဲ့နေရာကို အခုလို ကြိုးတပ်ပန်းဖူးနှင့် ပိတ်ကြယ်သီးအလှတစ်ခုအဖြစ် နောက်ပိုင်းOrderလေးများမှာ ပါဝင်နေပြီဖြစ်ပါတယ်ရှင်။🤎🤍

#သောက်ရေဘူးအစွပ်များ
#ရေသန့်ဘူးကိုDecorationအဖြစ်ပြောင်းမယ်

Sewie Dowie တံဆိပ်ကို သွယ်ဖုံးနင့် သောက်ရေဘူးအစွပ်များအတွက် ပြင်ဆင်ထားပါတယ်...🌿🌸မကြာခင် ရောက်ရှိလာ​တော့မှာဖြစ်ပြီး...အရင...
14/08/2026

Sewie Dowie တံဆိပ်ကို သွယ်ဖုံးနင့် သောက်ရေဘူးအစွပ်များအတွက် ပြင်ဆင်ထားပါတယ်...🌿🌸

မကြာခင် ရောက်ရှိလာ​တော့မှာဖြစ်ပြီး...အရင်ကထက်ပိုမိုချစ်စဖွယ်လှပတော့မှာ ဖြစ်ပါတယ်...🌿🌸

ကိုယ့်တံဆိပ်ကလေး ချစ်ရပါတယ်...🌿🌸

#သွယ်ဖုံး
#သောက်ရေဘူးအစွပ်များ

13/08/2026

သွယ်ဖုံးဝတ်ဆင်တိုင်းမှာ ဂုတ်တွေမယားစေချင်လို့ နေရာပြောင်း၍ ချုပ်လုပ်ထားတာကြောင့် နာမည်ကိုပြန်လည်မှတ်မိဖို့ရာ အားနည်းချက်ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ကိုမြင်တိုင်း Sewie Dowieကို အမှတ်ရတယ်ဆိုရင် ကျေးဇူးတင်နေမှာပါရှင်။🤎🤍

#သွယ်ဖုံး
#ချစ်ရတဲ့အမျိုးသမီးများအတွက်

သွယ်ဖုံးအကျီ​ ဝယ်ယူသူများအတွက်....Fabric Tagလေးတွေ အဆင်သင့်ဖြစ်နေပါပြီ....🌸🌿သွယ်ဖုံးအကျီကို ဝတ်ဆင်တဲ့အခါ....ပွပွအေးအေးလေ...
12/08/2026

သွယ်ဖုံးအကျီ​ ဝယ်ယူသူများအတွက်....
Fabric Tagလေးတွေ အဆင်သင့်ဖြစ်နေပါပြီ....🌸🌿

သွယ်ဖုံးအကျီကို ဝတ်ဆင်တဲ့အခါ....

ပွပွအေးအေးလေးလည်းဖြစ်တယ်၊ ဟိုဟိုဒီဒီလှုပ်ရှားသွားရတာလည်း အဆင်ပြေလုံခြုံ၊ Design Tasteလည်းရစေတာမို့ လုံလောက်နေပြီ....🌸🌿

🔹လက်ကလေးလည်း ရှည်ထားတယ်
🔹ချစ်စဖွယ်အတွန့်လေးလည်း ထည့်ထားတယ်
🔹ခါးကိုမှ ရှည်တာ အနောက်တင်ဖုံး၊ အရှေ့ဗိုက်ကလေးအုပ်ထားတယ်
🔹ဘေးခွဲကြောင်းအလှကလည်း သွယ်ဖုံးအတွက် ချစ်ဖွယ်အသက်ပါပဲ

သွားရမည့်နေရာအတော်များများအတွက် လိုက်ဖက်နေတာမို့.... 💯☑

သေချာတယ်...ဘီရိုထဲမှာ သူလေးအိပ်မနေတော့ဘူး...

ဝတ်ဆင်သူတို့လက်ကလေးက အမြဲသူ့ကိုပဲ ရောက်ရောက်သွားအောင် ကြိုးစားထားပါတယ်...🌸🌿

ဆူဝီဒူဝီရဲ့ ခင်မင်ရသော မိတ်သဟာများရဲ့...

တနေ့တာအလုပ်များ ပေါ့ပါးအောင်မြင်ပါစေရှင်🌿🙏

#သွယ်ဖုံး
#ချစ်ရတဲ့အမျိုးသမီးများအတွက်

သွယ်ဖုံးအတွက် ရရှိနိုင်တဲ့ အရောင်ပါရှင်...🌿အပြာစင်းလေးနှင့်အနက်စင်း နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။🌿ရေချအခြောက်ခံထားပြီး ရလ...
10/08/2026

သွယ်ဖုံးအတွက် ရရှိနိုင်တဲ့ အရောင်ပါရှင်...🌿

အပြာစင်းလေးနှင့်အနက်စင်း နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။🌿

ရေချအခြောက်ခံထားပြီး ရလာတဲ့ သဘာဝချည်သားအနေအထားဖြစ်ပါတယ်။🌿

အခုဆို Fabric Tagလေးတွေလည်း အဆင်သင့်ဖြစ်နေပါပြီ။🌿

Designed to Order နှင့်အတူ Fabric Tag အလှလေးတစ်ခုပါ ရရှိိနိုင်မှာပါရှင်။🌸🌿

☎09268604822

#သွယ်ဖုံး
#ချစ်ရတဲ့အမျိုးသမီးများအတွက်

  ကို "သွယ်ဖုံး"မှာ စတင်အသုံးပြုဖို့ ချုပ်လုပ်ထားပါတယ်...🏷🌿ဘာကြောင့် အခုလို ဖန်တီးဖြစ်တာလဲ????ဝတ်ဆင်တဲ့အခါ ဂုတ်တံဆိပ်ကြေ...
09/08/2026

ကို "သွယ်ဖုံး"မှာ စတင်အသုံးပြုဖို့ ချုပ်လုပ်ထားပါတယ်...🏷🌿

ဘာကြောင့် အခုလို ဖန်တီးဖြစ်တာလဲ????

ဝတ်ဆင်တဲ့အခါ ဂုတ်တံဆိပ်ကြောင့် အသားယားခြင်းမဖြစ်စေလိုတာကြောင့် ဘယ်လိုပြောင်းရင်ကောင်းမလဲ စဥ်းစားတဲ့အခါ....

🔹Hang Tagကို အမှိုက်ပုံးထဲလည်းမရောက်ရအောင်...
🔹Reuse Fabric ကို အသုံးပြုလို့ရအောင် ....

ဓားစက်ဖြင့် အနားပတ်လည်ချုပ်ပြီး Brand Label ကို ​နေရာပြောင်း၍ ....Hang Tag+Brand Label အဖြစ် တပေါင်းတစ်စည်းတည်းဖြစ်အောင် ဖန်တီးချုပ်လုပ်ပါတယ်၊ ထိုမှတဆင့် Useful Item တစ်ခုအဖြစ် ရရှိစေပါတယ်။🏷🌿

📖 စာအုပ်အမှတ်အသားလေးအဖြစ်
☕ Coffee အခင်းလေးအဖြစ်
🌹 ပန်းအိုးအခင်းလေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သေးသေးလေးပေမယ့်......
ပြန်လည်အသုံးပြုခြင်းက အမှိုက်တစ်စကို လျှော့ပေးနိုင်ပါတယ်။

Sewie Dowieရဲ့ Fabric Tag လေးကို အမှိုက်မဖြစ်ပဲ
နောက်ထပ်အသုံးဝင်နေစေတဲ့အတွက်
ကျေးဇူးတင်နေမှာပါရှင်...🌿🙏

တခေါက်နှင့်တခေါက်မှာ အရောင်လေးတွေ မတူညီနိုင်တာမျိုးလေး ရှိပါမယ်ရှင်။🔹🔸

🌸Fabric Tag Size ကတော့ 4.5"ပတ်လည်မို့ ကောင်းကောင်းအသုံးပြုလို့ရပါတယ်ရှင်။

#သွယ်ဖုံး
#ချစ်ရတဲ့အမျိုးသမီးများအတွက်

 #သွယ်ဖုံး စတင်ချုပ်လုပ်ဖြစ်ပုံ 🌿ဗိုက်၊ ခါးနေရာလေးတွေ အတော်လေးဝလာတဲ့အခါအကျီဝတ်တိုင်း “ဘယ်လိုပုံစံလေးဝတ်ရင် သက်တောင့်သက်သ...
08/08/2026

#သွယ်ဖုံး စတင်ချုပ်လုပ်ဖြစ်ပုံ 🌿

ဗိုက်၊ ခါးနေရာလေးတွေ အတော်လေးဝလာတဲ့အခါ
အကျီဝတ်တိုင်း “ဘယ်လိုပုံစံလေးဝတ်ရင် သက်တောင့်သက်သာရှိမလဲ၊ လှမလဲ၊ ကိုယ်လုံးလေး သွယ်သလိုမြင်ရမလဲ” ဆိုပြီး စဉ်းစားမိတတ်ပါတယ်။
အဲဒီအတွေးကနေ ကိုယ်တိုင်ဝတ်ချင်တဲ့ပုံစံအတိုင်း စမ်းချုပ်ပြီး ဝတ်ကြည့်ရာကနေ “သွယ်ဖုံး” လေး ဖြစ်လာတာပါ။ 🤍

ရုံးသွားမလား၊
ဈေးသွားမလား၊
ဆေးခန်းသွားမလား၊
ကော်ဖီဆိုင်ထိုင်မလား—
နေ့စဉ်ဘဝမှာ အလွယ်တကူကောက်ဝတ်ဖြစ်မယ့် အကျီတစ်ထည်ဖြစ်ဖို့ကို အဓိကထားထားပါတယ်။

ကိုယ်တိုင်လည်း တော်တော်ကြာကြာ ဝတ်ဖြစ်နေပြီမို့
အခုတော့ တခြားအမျိုးသမီးတွေလည်း ဝတ်ကြည့်လို့ရအောင် စတင်ရောင်းချဖြစ်ပါပြီရှင်။ 🌸

#သွယ်ဖုံး ဝတ်ရင် ဘာကောင်းလဲ?
🌿 ဗိုက်၊ ခါးနေရာလေးတွေကို သက်တောင့်သက်သာ ဖုံးအုပ်ပေးနိုင်တယ်
🌿 အစာစားပြီးတဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမလျော့စေဖို့ ကူညီပေးတယ်
🌿 နေ့စဉ်လှုပ်ရှားသွားလာတဲ့အခါ သက်တောင့်သက်သာနဲ့ လုံခြုံမှုရှိစေတယ်
🌿 ရိုးရှင်းတဲ့ Comfort Look + Design Taste လေးရစေဖို့ ရည်ရွယ်ထားပါတယ်။

🚩 “သွယ်ဖုံး” က အင်းလေးချည်ပါးချောသား အသုံးပြုထားတာမို့—
🔹 ပေါ့ပါးတယ်
🔹 လေဝင်လေထွက်ကောင်းပြီး အေးတယ်
🔹 ချွေးစုပ်တယ်
🔹 ဝတ်ထားမှန်းမသိလောက်အောင် သက်တောင့်သက်သာရှိတယ်
🔹 နေ့စဉ်အတွက် အလွယ်တကူ ကောက်ဝတ်ဖြစ်မယ့် အကျီတစ်ထည်ပါ။

ဒါပေမယ့် ချည်သားရဲ့ သဘာဝအလှက ရိုးရိုးရှင်းရှင်းလေး ဖြစ်တာကြောင့် တောက်တောက်ပြောင်ပြောင်၊ အထည်သားတင်းတင်းနဲ့ ထင်ရှားတဲ့ Look မျိုးတော့ မရနိုင်ပါရှင်။🤍

ဆူဝီဒူဝီကိုယ်တိုင်ကတော့
ချည်သားရဲ့ ရိုးရှင်းပြီး သဘာဝကျတဲ့အလှကို ကြိုက်တာကြောင့် ကိုယ်တိုင် အကြိမ်ကြိမ်လျှော်ဖွတ်၊ ဝတ်ဆင်ပြီး လက်တွေ့စမ်းသပ်ထားပါတယ်။

ဒါကြောင့် အားသာချက်ရော အားနည်းချက်ရော
မဝယ်ခင် စဉ်းစားလို့ရအောင် ရေးပေးလိုက်ပါတယ်ရှင်။ 🌿

💐 ဈေးနှုန်း

🌸 Medium — 23,500 ကျပ်
🌸 Large — 25,500 ကျပ်
🌸 COD ရရှိပါတယ်
🌸 ရေလျှော်ပြီးသားဖြစ်လို့ ထပ်ကျုံ့ခြင်း မရှိပါ
🌸 အရောင်ကျခြင်းလည်း မရှိပါ
🌸Preorder
🌸ကြာချိန် တပတ်

မှာယူလိုပါက “သွယ်ဖုံး” လို့ စာပို့ဆက်သွယ်ထားနိုင်ပါတယ်ရှင်။ 📩
တစ်ပါတည်း ဝယ်ယူနိုင်တဲ့ ထုတ်ကုန်လေးကတော့သောက်ရေဘူးအစွပ်များ ဖြစ်ပါတယ်။

#သွယ်ဖုံး
#ချစ်ရတဲ့အမျိုးသမီးများအတွက်
#နေ့စဉ်ဝတ်


မိုးနှင်းပြာကို ပိုကြိုက်ကြတဲ့အတွက် ဝမ်းသာရပါတယ်ရှင်...💙သနပ်ခါးဝါလေးကလည်း သူ့အလှနဲ့သူ တည်ငြိမ်ခြင်းလေးမို့ ရွေးရခက်တာလည်...
07/08/2026

မိုးနှင်းပြာကို ပိုကြိုက်ကြတဲ့အတွက် ဝမ်းသာရပါတယ်ရှင်...💙

သနပ်ခါးဝါလေးကလည်း သူ့အလှနဲ့သူ တည်ငြိမ်ခြင်းလေးမို့ ရွေးရခက်တာလည်းပါပါတယ်...💛

"နှစ်ခုလုံးကိုပဲ ယူလိုက်တော့မယ်"ဆိုပြီး အားပေးကြသူတွေလည်းရှိပါတယ်...💛💙

ဒါ့ကြောင့် ဆူဝီဒူဝီက နောက်ထပ်စေတနာထပ်ထည့်ပေးချင်လို့ ...အသုံးပြုတိုင်းမှာ စိတ်ကြည်နူးရအောင် ပန်း​ဖူးလေး ထပ်ထည့်ပေးထားပါတယ်ရှင်။🌷🌷

🔹၁၇၅၀၀ ကျပ်
🔹COD
🔹အင်းလေးချည်သား (ရေလျှော်ပြီးဖြစ်ပါတယ်)

🚩ဆူဝီဒူဝီရဲ့ နောက်ထပ်ပေးချင်တဲ့....လိုအပ်မည့်အရာတစ်ခုလည်း ရှိနေပါတယ်ရှင်....

🚩အမျိုးသမီးများရဲ့ နေ့စဥ်လှုပ်ရှားမှုကောင်းစေသော...ဗိုက်၊ခါးကို ဖုံးကွယ်လို့ စိတ်လုံခြုံစွာ နေနိုင်ပြီး အလုပ်လုပ်နိုင်သော ခါးရှည်အကျီလေးတစ်ထည်ကို ချုပ်လုပ်ဖြစ်ခဲ့ပါတယ်။

🌸 ရိုးရှင်းစွာပဲ သူလေးကို "သွယ်ဖုံး"လို့ အမည်ပေးထားပါတယ်...

🌸"သွယ်ဖုံး" ကို နှစ်သက်လို့ တစ်ပါတည်းဝယ်ယူချင်သူများအတွက် သတင်းကောင်းလေး ပါးလိုက်ပါရစေရှင်။🙏🌿

🔸Size Chart နှင်အတူ သွယ်ဖုံးကို ကြည့်ရှုဝယ်ယူလိုပါလျင် စာပို့ဆက်သွယ်ထားနိုင်သလို ပို့စ်သီးသန့်ထပ်တင်ပေးသွားပါမည်ရှင်။

#သွယ်ဖုံး
#ရေသန့်ဘူးကိုdecorationအဖြစ်ပြောင်းမယ်
#ချစ်ရတဲ့အမျိုးသမီးများအတွက်
#မိုးနှင်းပြာ
#သနပ်ခါးဝါ
#သောက်ရေဘူးအစွပ်များ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959268604822

Website

Alerts

Be the first to know and let us send you an email when Sewie Dowie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sewie Dowie:

Shortcuts

Share