25/03/2020
Coronavirus (COVID-19) ကြောင့် အိမ်ထဲမှာပဲနေရလို့
ကိုကို့ရဲ့ ကလေးလေးပျင်းနေမှာစိုးလို့ ကိုကိုပြောတာလေးတွေက်ု လုပ်လိုက်ကြည့်ပါ ကလေးဆိုးလေးရေ ... အရင်ဆုံး ကလေးလေးရဲ့ စိတ်နဲ့ကိုယ်ခန္ဓာကိုဂရုစိုက်ဖို့က အရေးကြီးတယ်နော် .. ❤️
၁) ကိုကိုမဟုတ်ပဲ တခြားသူငယ်ချင်းတွေနဲ့လည်း
ဆက်သွယ်ပါ။
🌸ကလေးလေး ချစ်တဲ့ခင်တဲ့ သူတွေနဲ့ နွေးနွေးထွေးထွေးစကားလေးတွေပြောပါ သူတို့နဲ့အတူ ကျန်းမာရေးပတ်သတ်လေးတွေဝေမျှပါ... video call လေးတွေခေါ် တစ်ယောက်နဲ့တစ်ယောက် ရယ်စရာလေးတွေပြောပြီးအချိန်ကုန်ဆုံးနော် ... အကူညီလိုနေတဲ့ မိတ်ဆွေအပေါင်းသင်းတွေကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးနိုင်ဖို့လည်းကြိုးစားနော် ... ❤️
၂) ကလေးလေးရဲ့ ကိုယ်ခန္တာကျန်းမာရေးကို ဂရုစိုက်ပါ
🌸အာဟာရရှိတဲ့ အစားသောက်တွေကိုစားပေးရမယ် အပြင်စာတွေဖြစ်တဲ့ လက်သုတ်စုံတွေ အချဉ်ပေါင်းတွေ စားချင်တိုင်း စားလို့မဖြစ်တော့ဘူးနော် ... ရေကိုလည်း ခဏခဏသောက်ရမယ် အားတဲ့ချိန် TV ကြည့်ရင်းနဲ့ လက်လေးလျှောက် ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ဖို့လည်းမမေ့နဲ့နော် (အပျင်းတစ်ပြီး TV ရှေ့မှာ မုန့်ပေါင်းစုံနဲ့အိပ်နေမှာသိတယ်နော်) 😏
သူငယ်ချင်းကောင်လေးတွေကိုလည်း ဆေးလိပ်တွေအများကြီးမသောက်ဖို့ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို ရှောင်ရှားဖို့ စကားကြုံတိုင်းပြောပေးရမယ်နော် ... ❤️
၃) တွေ့သမျှ သတင်းတိုင်းကိုမယုံမိစေနဲ့နော်
🌸ခုချိန်မှာ Page အတုတွေ အကောင့်တုတွေကနေ တင်နေတဲ့ သတင်းအမှားတွေကို ကြည့်ပြီး စိတ်ပူပြီးမကြောက်ရဘူးနော် .. နိုင်ငံတော်က ထုတ်ပြန်တဲ့ သတင်း နိုင်ငံတကာသတင်းတွေကိုသာ သေချာဖတ်၊နားထောင်ပြီး ကိုယ့်မိသားစုနဲ့အတူ အမြဲနားစွင့်နေရမယ်နော်
၄) ကလေးလေး မအားလို့ဆိုပြီး မလုပ်ဖြစ်တဲ့အရာတွေကိုလုပ်ကြည့်ပါ
🌸အရင်က မအားလို့ လုပ်ချင်တာမလုပ်ရဘူးဆိုပြီးပြောတတ်တဲ့ ကလေးလေး ခုချိန်မှာ လုပ်ချင်တဲ့အရာကို YouTube , တခြား website တွေကနေ လေ့လာပြီး သင်ယူလို့အကောင်းဆုံးအချိန်ပဲနော် ... ပြီးရင် ကလေးလေး သင်ယူထားတာတွေကို ကိုကိုက ပရိတ်သတ်အဖြစ် အမြဲရှိနေမှာနော် ... ❤️
၅) ကလေးလေး အနားယူပါ
🌸အရင်က အလုပ်မှာ ပင်ပန်းခဲ့တဲ့ စိတ်ဖိစီးမှုတွေက်ု ခုချိန်မှာ သက်တောင့်သက်သာ နဲ့ အနားယူဖို့ အကောင်းဆုံးချိန်ပဲနော် ... ❤️
၆) နေ့စဉ်လုပ်ရမယ့် Schedule တခုကို ချမှတ်နော်
🌸အိမ်မှာပဲနေရတာပဲဆိုပြီး အိပ်ရာထဲမှာပဲနေလို့မဖြစ်ဘူးနော် ကလေးလေးရေ မနက်ကိုစောစောထ တနေ့တာ ဘာတွေလုပ်မှာလဲဆိုတာကို စဉ်းစားပြီးချရေး ပြီးရင် တခုခြင်းစီ လုပ်လိုက်ကြည့်နော် ... အပေါ်မှာပြောခဲ့တာတွေကိုလည်း ထည့်ပြီး အစဉ်လိုက် အချိန်လေးတွေနဲ့ ဖန်တီးကြည့်နော် ❤️
ကဲ ကိုကိုပြောတာတွေကိုသာ လိုက်လုပ်ကြည့်မယ်ဆိုရင် ခုလိုမျိုး ပျင်းတယ်ဆိုပြီး ကိုကို့ကို ဂျီကျဖို့အချိန်တောင် ရှိတော့မှာမဟုတ်ဘူးနော် 😍
ကိုကိုကတော့ ကလေးလေး ရောဂါကင်းစင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်နေရာရောက်ရောက် အဆင်ပြေနေတယ်ဆိုတာလေးပဲမြင်ချင်တာပါနော် ...
ဂရုစိုက်ပါ ကလေးငယ် ... ❤️🌸❤️