Y&T Clothing Collection

Y&T Clothing Collection Clothing Collection

03/12/2023

100-130 lbs ထိရ
No Error ❌

Video ထဲ ဝတ်ပြထားတဲ့ အထည်လေးတွေ
ကြိုက်တာယူ 2000

ကြိုက်တာလေး တွေ့ရင် ပုံလေးပြပြီး Cb မှာ လာရောက် အားပေးနိုင်ပါတယ်ရှင့် 🤍
29/11/2023

ကြိုက်တာလေး တွေ့ရင်

ပုံလေးပြပြီး

Cb မှာ လာရောက် အားပေးနိုင်ပါတယ်ရှင့် 🤍

28/11/2023

ချစ်သောလေးတို့ရေ 🤍😍

အဖြူလေးတွေရော ကြည့်ပါအုံး
ဘယ်လိုတွေလှ နေလဲ လို့ 🤍😍😘

28/11/2023

ချစ်သောလေးတို့ရေ 🤍🤍

မနက်ဖြန် ည ၇ နာရီ မှာ ဆုံမယ်နော် ...🤍🤍😍😍

တစ်ထည် _4500 နဲ့ ရှယ်လှ တာလေးတွေ
ရောင်းပေးမယ်နော် ..
အားပေးပါအုံးနော် 🙆🙆🙆😍🤍🤍😘😘

မုန်လာဥနီ ဖျော်ရည်ကို ၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်ကလ...
14/02/2022

မုန်လာဥနီ ဖျော်ရည်ကို

၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်

ကလေးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့အကြုံကို ဝေမျှ ခဲ့ပါတယ်..

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့ ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

သူမကိုယ်တိုင် အူမကြီး ကင်ဆာ တတိယ အဆင့်ကို ခံစားနေရတယ်လို့ သိလိုက်ရချိန်မှာ သူမဟာ သူမ ရဲ့ ခင်ပွန်းသည်လို ဓာတုကုထုံး နဲ့ ကုသမှူ ခံယူဖို့ကို ငြင်းဆိုခဲ့ပါတယ်… ၂၀၁၂ ခုနှစ် ဇွန်လ မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်… အဲ့ဒီနောက် တစ်ရက်ထက် တစ်ရက် သက်သာ သလို ခံစားခဲ့ရပေမဲ့ ၆ လ အကြာ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်ချိန်မှာတော့ ကင်ဆာဆဲလ် တွေဟာ သူမ ရဲ့ အဆုတ်အထိ ပြန့်နှံ့လာပြီး ကင်ဆာ စတုတ္ထ အဆင့်အထိ ရောက်နေကြောင်း သိလိုက်ရပါတယ်…

Ann ဟာ ဒီရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်မဲ့ နည်းမျိုးစုံ ကို လေ့လာရှာဖွေတဲ့အခါ အရေပြားရောဂါဆိုးကြီးကို ခံစားခဲ့ရတဲ့ Ralph Kalley ရဲ့ ဖြစ်စဉ်ကို သိလာခဲ့ပါတယ်.. Ralph Kalley ရဲ့ အပြော အရဆိုရင်တော့ သူဟာ ၂.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် တိုင်း တစ်နေကုန်သောက်သုံးရင်းနဲ့ သူ့ရဲ့ အရေပြားကင်ဆာ ကို ကုသနိုင်ခဲ့တယ်လို့ ဆိုပါတယ်…

Annကတော့ အောက်ပါ နည်းများနဲ့ သူမရဲ့ကျန်းမာရေးကို တိုးတက် စေခဲ့တယ် လို့ဆိုပါတယ်..

• မုန်လာဥနီ ဖျော်ရည်ကို ၈ ပတ် ဆက်တိုက် သောက်ပြီးနောက် ကင်ဆာဆဲလ် တွေ ပြန့်နှံ့ခြင်း မရှိတော့ပဲ အသားပိုတွေဟာလည်း ကျုံ့လာတယ်ဆိုတာကို စမ်းသပ် တွေ့ရှိခဲ့ရပါတယ်.

• ၄ လ ခန့် ဆက်တိုက် သောက်ပြီးချိန်မှာ တော့ အဖုအကျိတ်လေးတွေ ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကင်ဆာဆဲလ်တွေကိုလည်း ဆက်လက် ထိန်းချုပ် ကုသနိုင်ကြောင်းတွေ့ရှိခဲ့ ပါတယ်..

• ၈ လ ပြည့်တဲ့ အချိန်မှာတော့ နေ့စဉ် တစ်နေကုန် မုန်လာဥနီ ဖျော်ရည်ကို မပျက်မကွက် သောက်ခဲ့ တဲ့ ကျေးဇူးနဲ့ ကင်ဆာရောဂါ လုံး၀ ပျောက်ကင်းသွားကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပါတယ်…

အခုလို အံ့သြစရာ ရလာဒ် များ ကို ရစေခဲ့တာကတော့ မုန်လာဥနီ ဖျော်ရည်မှာ ပါ၀င်တဲ့ Fatty Alcohol ၊ ကင်ဆာဖြစ်စေသော ဆဲလ်များကို သဘာ၀အလျောက် သေစေတဲ့ ဓါတ်များ နဲ့ မုန်လာဥမှာ ပါ၀င်တဲ့ Carotene တို့က ကင်ဆာဆဲလ်များ ဖြစ်ပွားခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

သူမရဲ့ မုန်လာဥနီ ဖျော်ရည် ကုထုံး ကို ဆောင်ရွက်လို့အပြီးမှာ အခုလို ထိရောက်တဲ့ ရလာဒ်ကောင်းများ ရခဲ့ပြီးတဲ့နောက် Ann Cameron ဟာ “မုန်လာဥနီ ဖြင့် ကင်ဆာရောဂါကို ကုသခြင်း” ဆိုတဲ့ စာအုပ် ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

မုန်လာဥနီ ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ (တစ်ခွက်စာ)

- မုန်လာဥနီ ၆ တောင့် (၂.၅ ကီလို ဂရမ် ခန့်)
- သံပုရာသီး တစ်ခြမ်း (အနံ့မွှေးကြိုင်စေရန်)
- ၁ လက်မ ခန့် အရွယ် ဂျင်း တစ်တက်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က် သို့မဟုတ် ၄ ပုံ ၁ ပုံ
- သစ်ဂျပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ရေဖန်ခွက် တစ်၀က်

ပြင်ဆင်ပုံ

ပါ၀င်သည့် ပစ္စည်းများအားလုံးကို (သစ်ဂျပိုးခေါက်မှုန့်မှ လွဲပြီး) သစ်သီးဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ၊ ထို့နောက် အဖတ်များကို သေချာစွာ စစ်ထုတ်ပြီး သစ်ဂျပိုးခေါက်မှုန့်ထည့်ပြီး သေချာစွာမွှေပါ။ ခပ်ကျဲကျဲ သောက်လိုပါက ရေထပ်ထည့် နိုင်ပါသည်။

ဘယ်အသားရေမဆို ကြည်လင်ဝင်းပလာစေမယ့် မျက်နှာပေါင်းတင်နည်းများရာသီဥတုက ပူလိုက်အေးလိုက်ဖြစ်နေရင် ကျွန်မတို့ရဲ့ အသားရေတွေ ကြည...
08/02/2022

ဘယ်အသားရေမဆို ကြည်လင်ဝင်းပလာစေမယ့် မျက်နှာပေါင်းတင်နည်းများ

ရာသီဥတုက ပူလိုက်အေးလိုက်ဖြစ်နေရင် ကျွန်မတို့ရဲ့ အသားရေတွေ ကြည်လင်ဝင်းပနေဖို့ ပိုဂရုစိုက်ပေးရပါတယ်။ ကျွန်မတို့ရဲ့အသားရေက ဖုန်မှုန့်တွေ၊ လေထုညစ်ညမ်းတာတွေ၊ နေရောင်ခြည်ဒဏ်တွေ ပြင်းပြင်းထန်ထန် ခံရတာကြောင့် အသားရေပျက်စီးမှုတွေ ကြုံရတတ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အသားရေ မွဲခြောက်ခြောက်နဲ့ ကြည်လင်ဝင်းပမှုမရှိဘူးဆိုရင် စိတ်ပူစရာတော့မလိုပါဘူးနော်…။ သင့်အသားရေလေးကို ရေဓာတ်ကော အာဟာရဓာတ်ပါ ဖြည့်ပေးမယ့် အကောင်းဆုံးမျက်နှာပေါင်းတင်နည်းတွေရှိပါတယ်။ ဓာတုပစ္စည်းတွေပါနိုင်တဲ့ မျက်နှာပေါင်းတင်ဆေးတွေ ဝယ်စရာမလိုပဲ အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်ကြည့်လိုက်ကြရအောင်…..။

အဆီပြန်တဲ့အသားရေအတွက်

ကြက်ဥအနှစ်မျက်နှာပေါင်းဆေးက ချွေးပေါက်ကျယ်တဲ့၊အဆီပြန်တဲ့အသားရေအတွက် သင့်တော်ပါတယ်။ အသားရေမှာ အညစ်အကြေးဖုန်မှု့်တွေမရှိအောင် ကာကွယ်ပေးပါတယ်။ သင့်မျက်နှာပေါ်မှာ ကြက်ဥအနှစ်ကို လိမ်းလိုက်ပြီး မိနစ် (၂၀) လောက် အချိန်ပေးလိုက်ပါ။ အဲဒီနောက် ရိုးရိုးရေနဲ့ မျက်နှာသန့်စင်ပေးလိုက်ပါ။ ဒီမျက်နှာပေါင်းတင်နည်းက သင့်အသားရေကို တင်းရင်းစေပြီးကျန်းမာသန့်စွမ်းစေပါတယ်။

ခြောက်သွေ့တဲ့အသားရေအတွက်

အုတ်ဂျုံမျက်နှာပေါင်းဆေးက ခြောက်သွေ့တဲ့အသားရေအတွက် ကောင်းမွန်ပါတယ်။ အုတ်ဂျုံ၊ ကြက်ဥအနှစ်နဲ့ ပျားရည်တွေက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတဲ့ အသားရေကို ကုသပေးပါတယ်။ အုတ်ဂျုံ၊ ကြက်ဥနှစ်၊ ပျားရည်တွေကို အချိုးကျစွာ ရောစပ်လိုက်ပါ။ ရောစပ်မှုနဲ့ မျက်နှာမှာ (၁၅) မိနစ်လောက် ပေါင်းတင်ထားလိုက်ပြီး အဲဒီနောက်မှာ ရိုးရိုးရေနဲ့ မျက်နှာသန့်စင်လိုက်ပါ။ အသားရေနူးညံ့သွားတဲ့ရလဒ်ကို ခံစားရမှာပါ။

သာမန်အသားရေအတွက်

ငှက်ပျောမျက်နှာပေါင်းဆေးက သာမန်အသားရေနဲ့ ကိုက်ညီပါတယ်။ လတ်ဆတ်တဲ့မလိုင်နဲ့ ငှက်ပျောသီးတစ်ဝက်တို့ကို ရောစပ်လိုက်ပါ။ အဲဒီရောနှောမှုကို မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် (၃၀) လောက် အချိန်ပေးလိုက်ပါ။ အဲဒီနောက် ရိုးရိုးရေနဲ့ မျက်နှာသန့်စင်လိုက်ရမှာပါ။ ဒီနည်းက သင့်အသားရေကို အာဟာရဖြည့်ပေးဖို့နဲ့ အသားရေစိုပြေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။


မင်မင်ကိုယ်တိုင်လည်းMaskတွေသိပ်မဝယ်ဖြစ်ပဲ သဘာဝနည်းနဲ့ပေါင်းတင်ဖြစ်တာများတယ်ရှင့်

နောက်ထပ် အခြားသဘာဝနည်းလေးတွေလည်းထပ်တင်ပေးပါမယ်ရှင့်☺

#အားလုံးအဆင်ပြေကြပါစေရှင့်😍😘

ဒီတစ်ခါမင်မင်က ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အသားခြောက်၊ အသားပတ်ခြင်းတွေကို သက်သာစေပြီး အသားအရည်လေးကို စိုပြေစေတဲ့ နည်းလမ်းကေ...
07/01/2022

ဒီတစ်ခါမင်မင်က ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အသားခြောက်၊ အသားပတ်ခြင်းတွေကို သက်သာစေပြီး အသားအရည်လေးကို စိုပြေစေတဲ့ နည်းလမ်းကောင်းလေး ပြောပြပေးမယ်နော် 🤗

ဒါကတော့ အိမ်မှာနေရင်း အလွယ်တကူလုပ်လို့ရမယ့်နည်းလေးပါ..... 🤗

ထောပတ်သီး Mask လုပ်နည်းလေးပဲ​ ဖြစ်ပါတယ်ရှင်... 🥑🥑

နည်းလမ်းလေးကတော့....
👇🏻👇🏻👇🏻

1. - ထောပတ်သီး တစ်ခြမ်းရယ်၊ 🥑
- ပျားရည် (ခွက် ၄ပုံ ၁ပုံရယ်) ကို ရောထည့်ပေးရပါမယ်။ 🍯
2. ပြီးရင်တော့ ရောမွှေပေးပြီး မျက်နှာပေါ်မှာ (၁၀) မိနစ်လောက် ထားပေးပါ။
3. (၁၀) မိနစ်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးရပါမယ်။

☝🏻☝🏻
ကဲ.... အပေါ်ကအတိုင်းလေး လုပ်​ပြီးပြီဆိုရင်တော့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်လေးတွေ ဝင်းမွတ်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်သွားမှာ ​​ဖြစ်ပါတယ်ရှင်.... 😍

မင်မင်ရဲ့အသဲလေးတွေကျန်းမာလို့အလှတွေတိုးပါစေရှင့် 🙏🏻🙏🏻🙏🏻

မိန်းကလေးတယောက်ရဲ့အလှအပမှာ နှုတ်ခမ်းလွှာ လေးတွေက သိပ်အရေးပါတယ်။ နှုတ်ခမ်းလွှာ ရဲ ဖောက်နေသူတယောက်ဟာ သာမန်ထက် ပိုပေါ်လွင် ...
01/01/2022

မိန်းကလေးတယောက်ရဲ့အလှအပမှာ နှုတ်ခမ်းလွှာ လေးတွေက သိပ်အရေးပါတယ်။ နှုတ်ခမ်းလွှာ ရဲ ဖောက်နေသူတယောက်ဟာ သာမန်ထက် ပိုပေါ်လွင် လေ့ရှိတာ သတိပြုမိလိမ့်မယ်။ အခု နှုတ်ခမ်းနီမ သုံးပဲ သဘာဝအတိုင်း နှုတ်ခမ်းလေး ရဲလာအောင်

လုပ်တဲ့နည်းကို ဖော်ပြပါမယ်။ နှုတ်ခမ်းရဲဖို့ အရင်ဆုံး အပေါ်ယံ ခပ်မဲမဲဖြစ်နေတဲ့ ဆဲလ်သေတွေကို ခွာပေးဖို့လိုပါတယ်။ ဆဲလ်သေ

ဖယ်ရှားဖို့ဆိုရင် scrub တမျိုးမျိုး သုံးရတယ်။ နှုတ်ခမ်းအရေပြားသဘော ပါးတာမို့ သာမန် အပြင်းစား scrub တွေထက်စာရင် ခပ်ပျော့ပျော့ ဖြစ်တဲ့ sugar scrub လိုမျိုး အသုံးပြုရတယ်။ sugar scrub လုပ်နည်း အရင်က ဖော်ပြဖူးပါတယ်။ လုပ်နည်းက သိပ်မခက်ပါ။

sugar scrub လုပ်ဖို့ သကြားတဇွန်းနဲ့ပျားရည်တ ဇွန်း ဆတူရောစပ်ပါ။ အစိုဓာတ်အားဖြည့်ဖို့ သံလွင် ဆီခပ်ပါးပါးထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ရ လာတဲ့ အရောကို နှုတ်ခမ်းပေါ် စက်ဝိုင်းပုံ လိမ်းပေး ပါ။ သုံးမိနစ်ခန့်လိမ်းပြီး ရေဆေးပါ။ ပြီးရင် ပြန် လိမ်းပါ။ အထက်ပါအတိုင်း သုံးကြိမ်ခန့်ပြုလုပ် ပေးပါ။ မကြာခင် အပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေ ကွာကျသွားပါလိမ့်မယ်။

အပေါ်ယံဆဲလ်လွှာ ကွာကျသွားပြီးတဲ့ နှုတ်ခမ်း လေး ရဲဖောက်လာအောင် ဆက်လုပ်ရတယ်။ အောက်ပါနည်းနှစ်မျိုးအနက် တမျိုးမျိုးနဲ့ ပြုလုပ် နိုင်တယ်။

၊ ပထမနည်းက သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံခန့်ယူပြီး သံလွင်ဆီ နဲ့ ရောပြီး paste ဖြစ်အောင် လုပ်ပါ။ ရလာတဲ့ pasteကို နှုတ်ခမ်းပေါ်လိမ်းပါ။ ငါးမိနစ်ခန့်ထားပြီး ရေနဲ့ဆေးချပါ။

၊ ဒုတိယနည်းက ပိုလွယ်တယ်။ ဂျင်းကို အပြားလိုက် စိတ်ပြီး နှုတ်ခမ်းလွှာကို ငါးမိနစ်ခန့် အသာပွတ်ပေး

ပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချပါ။ မိမိ နှစ်သက်ရာ နည်းတမျိုးကိုပဲ သုံးပါ။ အားလုံးလုပ်ပြီးတဲ့အခါ နှုတ်ခမ်းလွှာလေးနှစ်ခု စို ရွှန်းလာအောင် ရေဓာတ်အားဖြည့်ဖို့ လိုအပ်ပါတယ် နှုတ်ခမ်းအဆီ တမျိုး လိမ်းပေးရတယ်။ ဒီနေရာမှာ lip balm လေးတွေက သိပ်အသုံးဝင်တယ်။

အိမ်မှာတင် အလွယ်လုပ်လို့ရတဲ့ သဘာဝ lip balm လုပ်နည်းကို ဖော်ပြပါမယ်။ အရင်ဆုံး ဖျား ဖယောင်း ထမင်းစားဇွန်း(၁)ဇွန်းစာခန့် ယူပြီး အပူပေးပါ။ ပြီးရင် အုန်းဆီ (၃)ဇွန်းနဲ့ ရောစပ်ပါ။ အထဲကို မိမိနှစ်သက်ရာအဆီတမျိုးမျိုး နည်းနည်း ထပ်ထည့်ပါ။ တချို့က ပင်စိမ်းဆီကို ညွှန်းတယ်။ရ လာတဲ့အရောကို သန့်စင်တဲ့ ပုလင်းတခုထဲထည့်ပြီး ခဲသွားအောင် ထားပါ။ မကြာခင် lip balm အဆီ လေးရလာပါလိမ့်မယ်။ ရလာတဲ့ အဆီကို မိမိ နှုတ်ခမ်းပေါ် ညစဉ်ခပ်ပါးပါး လိမ်းပေးပါ။ တစ်လ အတွင်း ရွှန်းလဲ့တောက်ပပြီး ဖူးရွနေတဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်မှာဖြစ် ပါတယ်

ဒေါက်တာ အေးမင်းထူး

Congratulations All 👏👏👏မင်မင့် ကို Cb မှာ ဖုန်း နံပါတ် လေး တွေ ပို့ပေးထား ကြပါနော် 🙏💗ကံဝင်စမ်းပေးတဲ့ တစ်ဦးတစ်ယောက် စီတိ...
30/12/2021

Congratulations All 👏👏👏

မင်မင့် ကို Cb မှာ ဖုန်း နံပါတ် လေး တွေ
ပို့ပေးထား ကြပါနော် 🙏💗

ကံဝင်စမ်းပေးတဲ့ တစ်ဦးတစ်ယောက် စီတိုင်းကိုလဲ
အထူးပင် ကျေးဇူးတင်ပါတယ် ရှင့် 😍😘😘

နောက် မင်မင့် Page လေးမှာလဲ
မဲ လေး တွေ ခဏခဏ ဖောက် ပေးမယ်နော် 💗💗

အသားရေ လှပ ကျန်းမာ ဖို့ Collegen လေး လဲ
အားပေး လို့ရပါတယ်နော် 😍😘

𝙿𝚊𝚐𝚎လေး  စ Run တဲ့ အနေနဲ့ 𝚐𝚒𝚟𝚎𝚊𝚠𝚊𝚢 လေး ပေးချင်ပါတယ်နော်💜💜1. 𝙿𝚊𝚐𝚎ကို 𝙻𝚒𝚔𝚎 𝚊𝚗𝚍 𝙵𝚘𝚕𝚕𝚘𝚠 လေး လုပ်ပီး ဒီPost  𝚌𝚘𝚖𝚖𝚎𝚗𝚝 အောက်မှာ...
24/12/2021

𝙿𝚊𝚐𝚎လေး စ Run တဲ့ အနေနဲ့ 𝚐𝚒𝚟𝚎𝚊𝚠𝚊𝚢 လေး ပေးချင်ပါတယ်နော်💜💜

1. 𝙿𝚊𝚐𝚎ကို 𝙻𝚒𝚔𝚎 𝚊𝚗𝚍 𝙵𝚘𝚕𝚕𝚘𝚠 လေး လုပ်ပီး ဒီPost 𝚌𝚘𝚖𝚖𝚎𝚗𝚝 အောက်မှာ ​ 𝚜𝚜 လေး ပြပေးနော် 🎀

2. Gp 5 ခု နဲ့ မိမိ Wall မှာ 𝙿𝚞𝚋𝚕𝚒𝚌နဲ့ 𝚜𝚑𝚊𝚛𝚎ပေးရုံပါပဲနော် 👯👯‍♂️

ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ သူကိုပဲ
ရွေးချယ်ပါမယ်ရှင့် 💃💃

📌 Ph Bill 3000 တန်
5 ယောက် ပေးသွားပါမယ် ရှင့် 💃💃💃💃

𝚆𝚒𝚗𝚗𝚎𝚛 5 ယောက်ကို December 30
ရက်နေ့ ည ကြ ရင် Live လေး လွှင့်
ရွေးချယ် ပေးသွားပါမယ်နော် 👯👯👯👯

Address

Yangon

Telephone

+959960503122

Website

Alerts

Be the first to know and let us send you an email when Y&T Clothing Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category