03/07/2023
What is Flannel? ဘာလဲ ဘယ်လဲ?
ဖလန်နယ်ဆိုတာကတော့
ကိုယ့်ဘော်ဒါ ရောင်းရင်းတွေအမြဲကြားဖူးနေကျ ဝတ်လည်းဝတ်နေကျဖြစ်တဲ့ အပေါ်မှာထပ်ဝတ်တဲ့သိုးမွှေးအထည်တမျိုးပေါ့ဗျာ။
ဒါပေမဲ့ ဒါကအဲ့ထက်ပိုပါတယ်။
ဖက်ရှင်ရေစီးကြောင်းအရကော သမိုင်းကြောင်းအရကော Flannelအကျီတွေဆိုတာ နွေးထွေးမှုကိုပေးတဲ့ ပြယုဂ်တခုပါ။
ကဲစပြီဗျာ... သူ့သမိုင်းကြောင်းလေးကတော့-
ကိုယ့်ရောင်းရင်းတို့သိကြလားဗျ! ဖလန်နယ်ဆိုတဲ့ သိုးမွှေးချည်မျှင်ထည်အမျိုးအစားတစ်မျိုးကို 1800ခုနှစ်မှာ Leopold Lairitz ဆိုတဲ့ပညာရှင်တစ်ဦးက စတင်တွေ့ရှိပြီး ဂျာမနိနိုင်ငံမှာတီထွင်ခဲ့တယ်ဗျ။ ဖလန်နယ်ဆိုတာက ထင်းရှုးပင်ကအမျှင်တွေနဲ့ပြုလုပ်ထားတဲ့ချည်အမျိုးအစားတစ်မျိုးပါ ။
Flannel ( ဖလန်နယ် )ရဲ့ မူရင်းအဓိပ္ပာယ်က Welsh ဆိုတဲ့စကားလုံး gwlanenမှဆင်းသက်လာပြီး နွေးထွေးမှုပေးနိုင်တဲ့သိုးမွှေးထည်လို့ အဓိပ္ပာယ်ရပါတယ်။
အချို့ကတော့ ဒီစကားလုံးဟာ ပြင်သစ်စကား Flaine * သိုးမွှေးကြမ်း * ဟူသောအဓိပ္ပာယ်ရသည့်စကားလုံးမှဆင်းသက်လာတယ်လို့လည်းသိရတယ်ဗျ။
နောက်ပိုင်းမှာ ထင်းရှုးပင်ကရတဲ့ အမျှင်တွေနဲ့သိုးမွှေးချည်ကြမ်းတွေကို ရက်လုပ်ပြီးပိုမိုနူးညံ့ပျော့ပြောင်းပြီး ဝတ်ရအဆင်ပြေတဲ့သိုးမွှေးအထည် တွေရက်လုပ်လာခဲ့ကြပါတယ်။
သိုးမွှေးထည် ဖလန်နယ်တွေဟာ အဝတ်အစားတခုထက်ပိုပါတယ်။ ဘာလို့လဲဆိုတော့ ဖလန်နယ်တွေဟာ နိုင်ငံရဲ့စိုစွတ်မှု ရာသီဥတုကြမ်းတမ်းမှုတွေကိုအံတုပေးနိုင်တဲ့ လူကြိုက်အများဆုံးသောအထည်တစ်မျိုး ဖြစ်နေလို့ပါ။
သူ့ရဲ့နွေးထွေးပြီးနူးညံ့တဲ့ အရည်အသွေးတွေက ကျနော်တို့အတွက်လူကြိုက်များစေခဲ့တာကတော့အမှန်ပါ။
အမေရိကန်စစ်တပ်မှာဆိုရင် ပထမကမ္ဘာစစ် ၊ဒုတိယကမ္ဘာစစ် စစ်ကြီးနှစ်ခုအတွင်းမှာစစ်သားတွေကိုနွေးထွေးတဲ့ခြုံထည်အဖြစ် ဖလန်နယ်Shirtတွေကို ပေါပေါသီသီချုပ်စေပီးဝတ်ဆင်စေခဲ့ပါတယ်။ အဲ့လောက်ထိသမိုင်းကြောင်းကြီးမားတဲ့ဖလန်ထည်ကကျနော်တို့ယနေ့ခေတ်ထိတိုင်လူငယ်တွေ ရောင်းရင်းတို့ ကျနော်တို့ရဲ့စိတိထဲမှာ ရာသီဥတုဒဏ်ကာကွယ်ဖို့အတွက်ကော ဖက်ရှင်တခုအနေနဲ့ကော နေရာယူထားနိုင်နေခဲ့တာပါ။
ကျနော်ကတော့ဖလန်ထည်ဝတ်ရတာကိုအရမ်းနှစ်သက်စွဲလန်းပါတယ်။
ကဲဘော်ဒါ ရောင်းရင်းတို့ကောဘယ်လိုလဲ?
ဖလန်နယ်ပေါ်အမြင်လေးတချို့ / ကြိုက်နှစ်သက်မှုလေးတချို့ကိုအောက်က commentထဲမှာဝင်ရေးပေးသွားပါဦး...
Pageလေးကိုလည်း Like&Followလေးလုပ်ပေးထားပါဗျ မကြာခင် Giveawayတွေ မဲဖောက်ပေးမဲ့အစီအစဉ်တွေနဲ့ပြန်လာခဲ့ပါမယ် ရောင်းရင်းတို့ရေ