Mommy of Kuai Xiang

Mommy of Kuai Xiang ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပီးစ မေမေများအတွက် ရည်ရွယ်ပီး သိကောင်းစရာများ မျှဝေပါသည်။

06/06/2026

သမီးမွေးနေ့အလှူ ဒူးရင်းသီးတွေ အလုံးလိုက် ဝေပါမယ်နော်

ကလေးတစ်ယောက်မွေးထားတာထက် ပိုစိန်ခေါ်တဲ့အလုပ်က က​လေးနှစ်ယောက်မိခင်ဖြစ်လာတဲ့အချိန်ပါ။အရာအားလုံးကို တစ်ကနေ ပြန်စနေရတယ်။အကြီ...
06/06/2026

ကလေးတစ်ယောက်မွေးထားတာထက် ပိုစိန်ခေါ်တဲ့အလုပ်က က​လေးနှစ်ယောက်မိခင်ဖြစ်လာတဲ့အချိန်ပါ။

အရာအားလုံးကို တစ်ကနေ ပြန်စနေရတယ်။

အကြီးလေးကို လစ်လျူရှုတာမျိုးမဖြစ်အောင် အငယ်လေးကိုလည်း ဂရုစိုက်နေရလို့ ကိုယ်ပိုင်အချိန်တွေ ဆိုတာ အိမ်မက်ထဲမရှိတဲ့ အပင်ပန်းဆုံးအချိန်တွေပါပဲ။

အငယ်လေးကို ဂရုစိုက်နေတဲ့အချိန် သားကြီး သမီးကြီးဆီမှာ အရွယ်လိုက်ကြုံနေရတဲ့ အခက်ခဲတွေ ရှိနေနိုင်တာကို
သတိထားကြည့်ရပါမယ်။

အငယ်ကိုနို့တိုက်နေချိန် အကြီးနဲ့ စကားပြောနေဖို့။

အငယ်လေး လေထုတ်နေချိန် အကြီးကိုလည်း ပုံပြင်ဖတ်ပေးဖို့။

အငယ်လေးအိပ်နေချိန် အကြီးနဲ့အတူ ထမင်းစားဖို့။

အငယ်လေး မငိုတဲ့အချိန် အကြီးကို ရေချိုးပေးဖို့။

၂၄ နာရီမှာ အကြီးရဲ့ အရေးပါမှုကို လျော့ချတာမျိုးမဖြစ်အောင်၊ အမေ့ဆီက အကြီးဆုံးရထားတဲ့ အချစ်တွေကို အငယ်လေးမွေးလာလို့ လုယူသွားတယ် ဆိုတဲ့စိတ်ခံစားချက် မရှိလေအောင် အကြီးရဲ့ ရှေ့မှာ အငယ်ကို သဲသဲလှုပ် ချစ်ပြနေတာကို ရှောင်ပါ။

အကြီးကို အချိန်ပေးချစ်လေ အကြီးက အငယ်ကို ချစ်လာလေပါပဲ....ဆိုတာလေးကို အကြံပြု တိုက်တွန်းလိုပါတယ်။

မိဘတွေပေးတဲ့ တရားမျှတမှုကပဲ မောင်နှစ်မတွေချစ်တတ်အောင် အလိုလိုသင်ပေးတာပါ။

မောင်နှစ်မချစ်ရမယ်နော် ဆိုတဲ့ စကားလုံးကို ကြားရုံနဲ့ ပြောပြရုံနဲ့ မရတာကို မိဘတွေ အထူးသတိထားကြစေဖို့။

Mommy of 3 credit ပေးပါတယ်။

ပုံလေးကတော့ သားလေး Kuai Kuai နဲ့ သမီးလေး Xiang Xiang လို့ဆိုတဲ့ ကျမရဲ့ ကမ္ဘာငယ်လေးတွေပါ။ 🫶🏻

#သျှန်သျှန် ာမား #ကွိုင်းမာမား

06/06/2026

ဒီနေ့ သမီးလေး Xiang Xiang ၂ လ ပြည့်မွေးနေ့လေးပါ။
သမီးကြီးလာရင် ပြဖို့ trending ဖြစ်နေတဲ့ အမှတ်တရ video လေး မာမားကလိထားတာ🤭🤭 #သျှန်သျှန်

အချိန်မအားလပ်တဲ့ ဘေဘီတို့မေမေတို့အတွက် ဘေဘီလေးတွေကို photo studio မှာ ရိုက်သလိုမျိုး AI photo လေးတွေ collection ပါ။ Mode...
04/06/2026

အချိန်မအားလပ်တဲ့ ဘေဘီတို့မေမေတို့အတွက် ဘေဘီလေးတွေကို photo studio မှာ ရိုက်သလိုမျိုး AI photo လေးတွေ collection ပါ။ Model girl လေးကတော့ Xiang Xiang ပေါ့ 🤭

ကလိကြည့်ချင်ရင် prompts လေးတွေ ပေးမယ်နော် 🥰🥰🫶🏻

03/06/2026

နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ🤱

မွေးကင်းစကလေးအား နို့တိုက်နေစဉ် မျိုချထားသော လေတွေကို ထုတ်ပေးခြင်းအားဖြင့်ဗိုက်ဖောင်းခြင်းနှင့် အော့အန်ခြင်းတို့ကို ကာကွယ်ပေးတယ်။ မိခင်နို့တိုက်ခြင်းက ကလေးနှုတ်ခမ်းများသည် ရင်သားနှင့်နီးကပ်စွာထိတွေ့နေတာကြောင့် လေကိုမျိုချဖို့အခွင့်နည်းတယ်။ တစ်ဖက်တွင်နို့ဘူးတိုက်ကျွေးခြင်းသည် ကလေးများအတွက် လေကို မျိုချရလွယ်ကူစေပြီး ဝမ်းပျက်ခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။သင့်ကလေးကို နို့တိုက်​ပြီးတိုင်းလေထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ #သျှန်သျှန် #ရှေးဦးပြုစုနည်း #နို့တိုက်ပီးလေထုတ်နည်း

02/06/2026

ကလေး နို့သီးတဲ့အခါ လုပ်ရမယ့် ရှေးဦးပြုစုနည်းပါ။
မသိမဖြစ် သိရမှာမလို့ ဝေမျှပေးလိုက်ပါတယ်နော်။

#သျှန်သျှန် #ကလေးနို့သီးတဲ့အခါ #ရှေးဦးပြုစုနည်း

Tiktok video credit ပါ
Credit : Par Par Girl Lay

31/05/2026

စစချင်း ကိုယ်ဝန်ရှိမှန်းသိတော့ မထင်ခဲ့ဘူး။ မမျှော်လင့်ပဲ ရလာတဲ့ ဘေဘီလေးမို့ ဝမ်းသာပေမယ့် ကြောက်စိတ်လဲဝင်ခဲ့တယ်။ ဘာလ်ို့ကြောက်လဲဆိုရင် ကွိုင်းလေးပီး ဒုတိယတစ်ခါ ကိုယ်ဝန်ဆောင်တော့ အရမ်းပျော်ခဲ့ပေမယ့် ဆက်မကြီးလာတော့တဲ့ ဘေဘီလေးဖြစ်သွားလို့ suction လုပ်လိုက်ရလို့ အဲ့ကနေ trauma ရသွားတယ်ခေါ်မလားမသိဘူး။ နောက်တစ်ခါ ထပ်ဖြစ်မှာကြောက်နေတာ။ OG ဆီ first visit သွားတုန်းက လက်တွေတောင် တုန်တယ်။ အရမ်းသေးနေတယ်တို့၊ ရှိရမယ့်ဆိုဒ်မရှိဘူးတို့ ပြောမှာတွေ ကြောက်တာ။

ကွိုင်းလေးကိုယ်ဝန်နဲ့တုန်းကတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ဘူး။ morning sickness လဲမဖြစ် အန်တာလဲမရှိ ခေါင်းမူးခေါင်းကိုက်ဘာမှမဖြစ်ပဲ ကိုယ်ဝန်ရင့်လာတော့ ခါးနာတာနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုပဲ ရှိခဲ့တယ်။ ဆီးချိုကလဲ မွေးပီးတာနဲ့ ပျောက်သွားတယ်။

ခုတစ်ခေါက် ကိုယ်ဝန်ကတော့ morning sickness ဘာလဲ ကောင်းကောင်းကြီးကို သိလိုက်ရတာပါပဲ။ မနက်လင်းတာနဲ့ ခေါင်းတွေကိုက် မခံမရပ်နိုင်အောင်မူးပီး အီလည်လည်နဲ့ ပျို့ပီး အန်တာဆိုတာ မနက်တိုင်းပဲ။ နေ့လည်ထိကိုဖြစ်တယ်။ အစားသောက်ကလဲ ပျက်၊ ဘာမှမစားချင်၊ အစားမြင်တာနဲ့အန်ချင်နဲ့ တော်တော်ခံရပါတယ် 1st trimester တုန်းက။ ခု 2nd trimester အစပိုင်းထိကို တောက်လျှောက်ဖြစ်တုန်းပဲ။
နောက်ပီး ဆီးချိုလဲ ရှိလာတယ်။ စားရင်မတရားတက်ပီး မစားရင် အရမ်းထိုးကျတာ။ ဆီးချိုတွေက ၅၀ ကျော်လောက်ထိကျတယ်။ သကြားလုံး အမြဲဆောင်ထားရတယ်။
Insulin ထိုးဖို့ပြောပေမယ့် အရင်ကိုယ်ဝန်တုန်းကလောက်ပဲ တက်လို့ အရမ်းမလိုလို့ ဆေးပဲသောက်လို့ရတယ်လို့ ဆီးချိုဆရာက ပြောတာနဲ့ အစကတော့ ဆေးပဲသောက်တယ်ပေါ့နော်။ 3rd trimester ရောက်တော့ ထိုးဖို့လိုလာလို့ insulin ပါ ထိုးလိုက်ရတယ်။

နောက်တော့ ဘာဖြစ်လဲဆိုတော့ အရေပြားလေးဘက်နာဖြစ်တာ။ အဲ့အပြင် ခု သွေးပျစ်နှုန်းက အရမ်းများတော့ လူကြီးကော ကလေးကော ထိနိုင်လို့ သွေးကျဲဆေးတွေ ပေါင်မှာ ညတိုင်း တစ်နေ့တစ်လုံး ထိုးရတော့တာပါပဲ။
အရေပြားလေးဘက်နာဖြစ်လို့ ဆေးတွေသောက်ရတော့ မျက်နှာက အရင်ကတည်းကတော့ ပန်းနုရောင်လေးအော်တိုဖောက်နေပေမယ့် ခုဆို မျက်နှာကရဲ၊ ပါးနှစ်ဖက်ကရဲ ပအို့မလိုပဲ။ အပြင်ထွက်ရင် ပိုရဲတယ်။ အသားတွေ ခြောက်တယ်၊ အမဲကွက်တွေဖြစ်တယ်။ 😞
သွေးပျစ်တာအတွက်ကတော့ သွေးကျဲဆေးထိုးလို့တော့ သက်သာပေမယ့် ဘာဖြစ်လဲဆိုရင် နိစ္စဒူဝ ထိုးနေရတော့ ပေါင်မှာနေရာမလပ်ကို အညိုမဲကွက်တွေ၊ ခရမ်းကွက်တွေ ဖြစ်ချက်က အရမ်းကိုပဲ။ ဆေးက အရည်မဟုတ်ပဲ နည်းနည်းပျစ်တာဖြစ်လို့ ထိုးတဲ့အချိန်အရမ်းနာမယ်လို့လဲ ဆရာဝန်ကမှာလိုက်တယ်။ တကယ်လဲ အရမ်းနာတယ်။ ဆေးထိုးပီဆို မျက်ရည်ပေါက်ပေါက်ကျ ငိုရတယ်။ Enoxaparin ကို မပြတ်အောင် ဆောင်ထားရတယ်။ ကိုယ်ဝန်ရှိပီး ၂ လကနေ မွေးမယ့်ရက် မတိုင်ခင်တစ်ရက်ထိ ရက်ပေါင်း ၂၄၀ ကျော် တစ်ရက်မပြတ် ထိုးခဲ့ရပါတယ်။ 😭😭

နောက်တစ်ခုက ကွိုင်းလေး အရမ်းကပ်တာ။ အရင်က အရမ်းကပ်ရင် ကြိုက်တာ ကျေနပ်နေတာ။ ကိုယ်ဝန်လရင့်လေ လေးလေဖြစ်တဲ့အပြင် ကွိုင်းကို ချီရသေးတယ်။ ငိုတဲ့အချိန်ဆို ချီရတော့ သူကလဲ ငိုပီဆိုမရဘူး အမေမှအမေ။ ချီလိုက်ရရင် သူ့ကိုယ်က နင့်နေပီ မချီနိုင်တော့ဘူး၊ ခါးတွေနာ ဗိုက်တွေနာနဲ့။ ပထမကလေးရှိပီးသားဆိုတော့ ဒီတစ်ခါကိုယ်ဝန်ကတော့ ပထမလို ပေါ့ပေါ့ပါးပါး ဘုရင်မလို မနေရတာတော့အမှန်။ ကလေးထိန်းရ၊ ကွိုင်းအချိန်ပေးရ၊ ကွိုင်းလေး လိုက်ပို့ရတာနဲ့ နားချိန်ရယ်မရှိဘူး။ သားလေးကို လုံးဝမငြိုငြင်ရက်ပေမယ့် တခါတလေ စိတ်ထဲက အရမ်းနားချင်တယ်။ ကွိုင်းကို သူစိတ်ကြည်တဲ့အခါ နားဝင်အောင်ရှင်းပြရင် နားလည်ရှာတယ်။ သားသားပါသားသား လျှောက်မယ်နော် မာမားချီနဲ့ တီနှင်းချီလိမ့်မယ် ဘေဘီလေးကော မာမားကောနာမယ်နော် နဲ့ ပြောရှာသေးတာ ၃ နှစ်သားလေးက။ လူကြီးလေးလိုမို့ အချစ်လဲပိုရ ပိုလဲသနားရတယ် သူ့ကို။

မိခင်တစ်ယောက်ဖြစ်ရတာကလေ စလုံးရေစ ကတည်းက မလွယ်တာ။ ကြိုက်တာမစားရ၊ မကြိုက်တာစားရ၊ ဆေးထိုးရ၊ ဆေးသောက်ရနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဖြစ်ဖို့က ကိုယ်နဲ့လဲဆိုင်သလို ကံနဲ့လဲဆိုင်သေးတယ်။

ခုတော့ သမီးလေး Xiang Xiang ကိုအောင်မြင်စွာပဲ မွေးပီးပါပီ။ သမီးလေးလဲ ခုဆို ၂ လပြည့်ခါနီးပါပီ။ ကျန်းကျန်းမာမာနဲ့မို့ အရမ်းကို စိတ်ချမ်းသာရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များအားလုံးကော ဘေဘီလေးတွေကော ကျန်းမာကြပါစေနော်။

#သျှန်သျှန်

30/05/2026

ကျောင်းစတက်လို့ ကလေးငိုရင် စိတ်မတိုဘဲ ဘယ်လိုချော့မလဲ?

Video လေးကတော့ ကွိုင်းလေးကို ၂ နှစ်နဲ့ ၆ လလောက်မှာ တစ်ပတ်ကို ၃ ရက်တက်ရတဲ့ 9 to 12 tenderfoot အတန်းလေး စထားထားချင်းတုန်းက ရိုက်ထားတဲ့ video လေးပါ။

ကျောင်းတက်မယ့်ကလေးတွေ အထူးသဖြင့် မိဘရင်ခွင်ကနေခွဲပီး ပထမဆုံး ကလေးတစ်ယောက်တည်း အတန်းတက်ရတဲ့ ကလေးတွေကို ဒါလေးတွေ ခုကတည်းက သင်ပေးထားပါ။

၁။ ကလေးကို မလိမ်ပါနဲ့ (ခိုးပီးမထွက်သွားပါနဲ့)

ကလေး အာရုံလွဲနေတုန်း မိဘက တိတ်တိတ်လေး ခိုးထွက်သွားလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ဒါဟာ ကလေးကို ပိုပြီး ထိတ်လန့်သွားစေပြီး နောက်နေ့ကျောင်းသွားဖို့ကို ပိုကြောက်ရွံ့သွားစေပါတယ်။ "မေမေ ညနေကျရင် အချိန်မှန်ပြန်ကြိုမယ်နော်" ဆိုပြီး ကလေးကို သေချာနှုတ်ဆက်ပြီးမှ ထွက်လာပါ။

၂။ ကျောင်းမခွဲခင် "နှုတ်ဆက်တဲ့ အလေ့အကျင့်လေးတစ်ခု" အတူတူလုပ်ပါ

ကျောင်းဝင်းဝရောက်ရင် ကလေးနဲ့ မိဘကြားမှာပဲ သိတဲ့ အထူးနှုတ်ဆက်နည်းလေး (ဥပမာ - လက်ချင်းရိုက်တာ၊ ပါးလေးကို သုံးချက်နမ်းတာ ဒါမှမဟုတ် ပွေ့ဖက်တာ) မျိုးကို ပျော်ပျော်ရွှင်ရွှင် လုပ်ပေးပါ။ ဒါဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးပြီး ကျောင်းထဲကို ရဲရဲဝံ့ဝံ့ ဝင်သွားနိုင်အောင် ကူညီပေးပါတယ်။

၃။ ကလေးနဲ့ ခွဲခွာရမယ့်အချိန်ကို တတ်နိုင်သမျှ "တိုတိုတုတ်တုတ်" ပဲ လုပ်ပါ

ကလေးငိုလို့ဆိုပြီး ကျောင်းဝင်းဝမှာ အကြာကြီး ဖက်ငိုနေတာ၊ ကလေးကို ချော့လိုက် အော်လိုက်နဲ့ အချိန်ဆွဲနေတာမျိုးက ကလေးကို ပိုငိုစေပါတယ်။ စိတ်ကို ပြတ်ပြတ်သားသားထားပြီး ဆရာမနဲ့ အပ်နှံကာ နွေးနွေးထွေးထွေး နှုတ်ဆက်ပြီးတာနဲ့ ချက်ချင်း လှည့်ထွက်ခဲ့ပါ။ ကလေးတွေက မိဘမျက်စိရှေ့က ပျောက်သွားရင် ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ ခဏလေးအတွင်း အသားကျသွားတတ်ကြပါတယ်။

၄။ အိမ်ပြန်ရောက်ရင် ကျောင်းက "ပျော်စရာအကြောင်းတွေ" ပဲ အဓိကမေးပါ

"ကျောင်းမှာ ငိုသေးလား၊ ဆရာမ ဆူလား" ဆိုတဲ့ မေးခွန်းတွေထက် "ဒီနေ့ ကျောင်းမှာ ဘာကစားနည်းတွေ ဆော့ခဲ့လဲ၊ သူငယ်ချင်းအသစ် ဘယ်သူတွေနဲ့ စကားပြောခဲ့လဲ" ဆိုတဲ့ ပျော်စရာမေးခွန်းမျိုးပဲ မေးပါ။ ဒါဟာ ကျောင်းဆိုတာ ပျော်စရာနေရာတစ်ခုဆိုတဲ့ စိတ်ကူးကို ကလေးရဲ့ ဦးနှောက်ထဲ စွဲထင်သွားစေပါတယ်။

မေမေတို့ ဖေဖေတို့ရေ... ကိုယ့်ကလေးလေးတွေ ကျောင်းစတက်တဲ့ ပထမဆုံးရက်မှာ ဘယ်လိုအခြေအနေမျိုး ကြုံခဲ့ရလဲဟင်?

A. ကျောင်းဝင်းဝမှာတင် အင်္ကျီဆွဲပြီး လုံးဝမခွဲဘဲ အော်ငိုနေတာ

B. ခဏတော့ မျက်ရည်ကျတယ်၊ ပြီးမှ ဆရာမနောက်ကို လိုက်သွားတာ

C. ငိုလည်းမငိုဘူး၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တက်သွားတာ

Comment မှာ နံပါတ်လေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေမျှခဲ့ပါနော်။

#သျှန်သျှန် ာမား #ကွိုင်းမာမား

30/05/2026

မွေးစကလေး ငိုတဲ့အခါ ဘာကြောင့်ဆိုတာ ဘာကြည့်ပီး သိသလဲ??

#သျှန်သျှန်

23/05/2026

သမီးလေးရဲ့ တစ်နေ့တာ 💕🫶🏻 #သျှန်သျှန်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mommy of Kuai Xiang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mommy of Kuai Xiang:

Share