Trendy Guy

Trendy Guy Fashion Store

မြန်မာမှာက ''ရေမွှေး'' လို့ တစ်လုံးတည်း ဝေါဟာရနဲ့အကုန်ပြည့်စုံပါတယ်။ တကယ်တမ်းဝယ်ကြတဲ့အခါ ရေမွှေးဗူးအောက်ခြေက အမျိုးအစားက...
31/12/2023

မြန်မာမှာက ''ရေမွှေး'' လို့ တစ်လုံးတည်း ဝေါဟာရနဲ့အကုန်ပြည့်စုံပါတယ်။
တကယ်တမ်းဝယ်ကြတဲ့အခါ ရေမွှေးဗူးအောက်ခြေက အမျိုးအစားကို ကျနော်ပိုစိတ်ဝင်စားပါတယ်။ အဆီအနှစ်ပါဝင်နှုန်းကို များရာကနေ နည်းရာကို အစဉ်လိုက်အတိုင်းပြောရရင်

Perfume > Eau de Perfume > Eau de Toilette > Eau de Cologne အစရှိသဖြင့် သွားပါတယ်။

Perfume က နည်းနည်းလေးဆွတ်ရုံနဲ့လုံလောက်ပြီး ပုလင်းလည်း သေးသေးလေးပါပဲ. . .ဒါတောင်သူက စျေးအကြီးဆုံးပါ။

Eau de Perfume က တော့ အဆီပါဝင်မှု % က Perfume လောက်မများဘူး။ ဒါ့ကြောင့် Perfume လောက် ရနံ့မစွဲဘူး။

Eau de Toilette က ပိုရနံ့ပျယ်လွယ်တယ်။ ပမာဏ ပိုများများဆွတ်ဖို့လိုတာကြောင့် ပုလင်းခပ်ကြီးကြီးမှာ တစ်ခါမှုတ်လိုက်ရင် တော်တော်များများပါလာအောင် Spray အနေနဲ့ရောင်းတာများတယ်။ ရနံ့ဆီပါဝင်မှုနည်းပြီး ကျဲလည်းကျဲတာကြောင့် Spray လို ဖျန်းရတာ ပိုအဆင်ပြေတာလည်း ပါတယ်။

Eau de Cologne ကတော့ ပိုကျဲသလို အနံ့လည်းသိပ် မစွဲတတ်ပါဘူး။

Eau de Cologne အနောက်မှာ Body Spray နဲ့ Body Mist တွေ ရှိပါသေးတယ်။ အားကစားလုပ်တဲ့သူတွေ ချွေးထွက်သန်တဲ့လူတွေက ဒါမျိုးတွေနဲ့ပိုကိုက်တယ်။
-----------------------------------------

ရေမွှေးတစ်ခု ဆွတ်ပြီးတဲ့အခါ အနံ့(၃)ကြိမ် ထုတ်လွှတ်လေ့ရှိပါတယ်။ ဆွတ်ဆွတ်ချင်း ထွက်လာတာကို Head လို့ခေါ်တယ်။ ကိုယ့်အတွက်ကိုယ်ဆွတ်တဲ့သူတွေအတွက် Head အပိုင်း အားသာတဲ့ဟာမျိုးသင့်လျော်တယ်။ ရေမွှေးဆွတ်တဲ့အချိန် ထွက်လာတဲ့အနံ့ကို ကိုယ့်ဟကိုယ်ရှုရှိုက်စိတ်ရွှင်လန်းပြီး ကျေနပ်နေမယ့်သူမျိုးတွေပေါ့။ ဆိုင်မှာဝယ်တဲ့အခါ စမ်းလို့အလွယ်ဆုံးပါပဲ။

Heart လို့ခေါ်တဲ့ ဆွတ်ပြီး နည်းနည်းကြာမှထွက်တဲ့ အနံ့က သူများအတွက် ရည်ရွယ်တာပါ။ မိမိဆွတ်ထားကြောင်း လူသိစေလိုသူတွေကတော့ Heart အပိုင်းအားသာတဲ့ဟာမျိုး ရွေးဝယ်ကြတယ်။ ဆိုင်မှာဝယ်တဲ့အခါ ဆွတ်ပြီး နာရီဝက်လောက်ကြာမှ ထွက်တတ်လို့ စမ်းရအဆင်သိပ်မပြေဘူး။

Bottom ကတော့ ရနံ့တွေ ပြယ်ပြီး Vaporise ဖြစ်ချိန်မှာမှ ထွက်တတ်တာမျိုး။ ရုံးဆင်းချိန်တွေမှာ ရနံ့သင်းသင်းလေးနဲ့ ရေမွှေးရောကိုယ်ပါ တစ်ယောက်ကိုတစ်ယောက်အမှီသဟဲပြ ုရင်း အိမ်တူတူပြန်ကြမယ့် သူတွေက Bottom ပိုင်း အားသာတဲ့ ရေမွှေးမျိုးကို ဝယ်ကြတယ်။

Heart နဲ့ Bottom notes တွေ စမ်းချင်တဲ့ အခါ ရေမွှေးဆိုင်က Sample လေးတွေကို အရင်ဆွတ်ယူကြည့်ပြီး Shopping ပတ်ရင်းနဲ့ အချိန်ကြာလာတာနဲ့ အနံ့ခံလို့ ရပါပြီ
-----------------------------------------

ဝတ်မယ့် အင်္ကျီအမျိုးအစားပေါ်မူတည်ပြီး ရေမွှေးနံ့ရွေးချယ်တတ်ရင် ပို Smart ဖြစ်ပါတယ်။ အလွယ်ဆုံးနည်းကတော့ ရေမွှေးနာမည်ထဲမှာ အဖြေရှာလိုက်တာပါ။ Perfume အများစုက Designer တွေ နာမည်နဲ့များတယ်. . သူတို့ချုပ်တဲ့ အင်္ကျီဒီဇိုင်းလိုမျိုးက သူတို့အနံ့နဲ့အလိုက်ဆုံးပါပဲ
---------------------------------------

နေ့ခင်းဘက်ဆို သစ်သီးနံ့နဲ့ Floral scent တွေ ကောင်းပြီး ညဘက်ဆိုရင်တော့ Woody လို့ခေါ်တဲ့ စန္ဒကူး, နံ့သာဖြ ူလို သစ်မွှေးကို အခြေခံတာတွေကောင်းတယ်။ ဆေးပြင်းလိပ်နံ့နဲ့ Musky တွေလည်း ညအတွက် ကောင်းတယ်။ Sexy ဖြစ်ချင်သူနဲ့ တပါးသူကို ဖမ်းစားချင်ရင်တော့ Woody, Musky နဲ့ ဆေးပြင်းလိပ်နံ့အခြေခံတာတွေ ညဘက်မှာ နားရွက်နောက်က သွေးကြောနေရာကို ဆွတ်ထားရင် သိသိသာသာ တန်ခိုးပြပါတယ်( Musky ဆိုတာ ဟိမဝန္တာက Musk သမင်ရဲ့ လိင်အင်္ဂါနားက Gland ကနေ ထုတ်ယူထားလို့ ဆွဲဆောင်ချင်သူတွေက ဒါကို အခြေခံတာတွေ ဆွတ်ကြတယ် ) 😛

ပြောင်းပြန်အားဖြင့် . . . Club ထဲမှာ Este Lauder လို ပန်းရနံ နဲ့ Bvlgari လို ချိုတဲ့အနံ့ဆွတ်ထားရင်တော့ ကိုယ့်နားဘယ်သူမှ ကပ်လာမှာ မဟုတ်ပါဘူး။
----------------------------------------

Pour Homme ကတော့ for men ဖြစ်ပြီး Pour Femme ကတော့ for ladies ပါ။ ဘာမှရေးမထားရင်တော့ unisex ပါ။ ( Homme ကို အသံထွက်ရခက်ရင် ရှေ့ဆုံးက H နဲ့ နောက်ဆုံးက e ကို ဖြ ုတ်ပြီး omm = ohm ဗမာလို ဂါထာရွတ်တဲ့အသံ '' ဥုံ'' လို့ ရဲရဲတင်းတင်း ထွက်နိုင်ပါတယ်)
----------------------------------------

Sillage ( see-yajj လို့အသံထွက်) တာက ကိုယ်ဆွတ်တဲ့ အခန်းအကျယ်ပေါ်မူတည်ပြီး ဘယ်လောက်ထိ အနံ့က ပျံ့မလဲ တွက်တာပါ။ Longevity က အနံ့သက်တမ်းပါ။ Perfume seller ကို ဒါတွေ အသေးစိတ်မေးဝယ်နိုင်ပါတယ်။ Sillage များလို့ စျေးများတာကြီး ပေးပြီး Taxi မောင်းတဲ့ အလုပ်လုပ်ရရင်တော့ မတန်ဘူးလေ. . Taxi ကား သေးသေးလေးထဲမှာ ကိုယ့် Target က အလွန်ဆုံးရှိ လူ ၄ ယောက်ပါ
----------------------------------------

ရေမွှေးတွေ တစ်ခုပြီး တစ်ခု အနံ့ခံရင်း အားလုံးက တစ်နံ့တည်းလိုလို ဇဝေဇဝါ ဖြစ်လာတဲ့အခါ ကော်ဖီစေ့လေးတွေ ထည့်ထားတဲ့ ပုလင်းကို ရှူပေးနိုင်ပါတယ်။
----------------------------------------

အားကစားလိုက်စားတဲ့ လူငယ်များကတော့ Nike နဲ့ Polo လိုမျိုး fresh and active ဖြစ်တာတွေ ကြိုက်ကြတယ်
----------------------------------------

နွေလို ပူအိုက်တဲ့အခါ Citrus fruit အမျိုးအစားတွေဖြစ်တဲ့ လိမ္မော် , သံရာလို အချဉ်သီး အနံ့တွေနဲ့ ပန်းပွင့်ရနံ့တွေ, သကြားလုံးလို ရနံ့တွေက လူကို အေးမြလန်းဆန်းစေပြီး ငြီးငွေ့ပျင်းရိနေမှုကို ပပျောက်စေပါတယ်။ အင်္ကျီစွပ်ကျယ် . . ဘောင်းဘီတို ဝတ်တတ်ကြလို့ အဝတ်မဖုံးတဲ့ ကိုယ်လက်ခန္ဓာကိုယ်မှာ Body Mist နဲ့ Body Spray လို အမျိုးအစားကို ဆွတ်ဖျန်းလိမ်းကျံရတာကို လူငယ်တွေ နှစ်သက်ကြတယ်။

😁😁😁
31/01/2023

😁😁😁

31/12/2022
🦁🦁🦁
13/12/2022

🦁🦁🦁

ဒီလို Shoe လေးရောင်းရင်ကောင်းမလားပဲ ရှေ့က မြန်မြန်သွားနော် မသွားရင် 😎😎😎🐍.    🐍.   🐍.
04/12/2022

ဒီလို Shoe လေးရောင်းရင်ကောင်းမလားပဲ

ရှေ့က မြန်မြန်သွားနော် မသွားရင် 😎😎😎

🐍. 🐍. 🐍.

Lenovo LP40 Pro Earbuds​စျေးသက်သက်သာတဲ့ထဲကearbuds ​လေး​တွေရှာ​​နေရင်Lenovo Think Plus လေးရှိမယ် Bluetooth 5.1 ဖြစ်လို့ A...
30/11/2022

Lenovo LP40 Pro Earbuds

​စျေးသက်သက်သာတဲ့ထဲက

earbuds ​လေး​တွေရှာ​​နေရင်

Lenovo Think Plus လေးရှိမယ်

Bluetooth 5.1 ဖြစ်လို့ Android- iOS

အကုန်လုံးချိတ်လို့ရတော့အဆင်ပြေတယ်

water& sweatproof ဆိုတော့ 😎 မိုက်မိုက်ပဲ

Lenovo LP40 Pro earbuds

🎯 35000ks

Sound quality ​ကလဲကောင်းတယ်

အ​​ရောင်​လေး​တွေကလဲ

ရွေးချယ်စရာ အနေနဲ့ ၅ရောင် ရှိမယ်

Pre order - Half Paid ပါဗျ

Waiting time 3 to 4 weeks

100% Authentic Direct from Singapore

25/11/2022

Skechers ရဲ့ Black Friday Sales

🥶🥶🥶🥶🥶🥶🥶🥶🥶🥶

စင်ကာပူက Sales တွေ အပုံလိုက်ပဲ

🥶🥶🥶🥶🥶🥶🥶🥶🥶🥶

12-12 Sales တွေလာတော့မှာ ဆိုတော့လိုချင်တဲ့ items လေးတွေကို ကြိုစုပြီး မှာလို့ရပါတယ် 😁😁😁😁😁😁
25/11/2022

12-12 Sales တွေလာတော့မှာ ဆိုတော့

လိုချင်တဲ့ items လေးတွေကို

ကြိုစုပြီး မှာလို့ရပါတယ်

😁😁😁😁😁😁

25/11/2022

Crocs ရဲ့ Black Friday Sales

စျေးတန်တန်လေးတွေရမယ်ဗျ

ဝယ်ယူတဲ့ဖက်ကနေ

item price + Service Charge + Cargo Fee

တို့ကို ကျခံပေးရပါ့မယ်ဗျ

Authentic အစစ် အာမခံပါတယ်ဗျ

မှာယူချင်ရင်တော့ Chat box ကနေတစ်ဆင့်

စုံစမ်းပေးပါဗျ

Make your world

ဒါကတော့ ကျွန်တော်တို့ကိုလိုချင်တဲ့ပုံပြပြီးအရင်တပါတ်က ဝယ်ပေးလိုက်တဲ့ အိတ်လေးဒီဇိုင်းပါ ဝယ်ပေးလိုက်တာက အဖြူရောင်လေးPhoto ...
24/11/2022

ဒါကတော့ ကျွန်တော်တို့ကိုလိုချင်တဲ့ပုံပြပြီး

အရင်တပါတ်က ဝယ်ပေးလိုက်တဲ့ အိတ်လေးဒီဇိုင်းပါ

ဝယ်ပေးလိုက်တာက အဖြူရောင်လေး

Photo လေးရိုက်ဖို့မေ့သွားတယ်😅😅😅

24/11/2022

Hello…

ပစ္စည်းဆို branded မှ သုံးချင်သူတွေ အတွက်

MK , Guess , Coach , CK အစရှိတဲ့

Authentic brandတွေကို

စင်ကာပူ showroom ကနေ တိုက်ရိုက်ဝယ်ပေးမှာနော်

လိုချင်တဲ့ ပစ္စည်းကို messenger ကနေပုံလေး

ပို့ပေးလိုက်ယုံနဲ့ ကျွန်တော်ကိုယ်တိုင်

Showroom ကိုသွားပီး သွားဝယ်ပေးမှာပါ

Showroom ရောက်ရင်လဲ Video Call လေး ခေါ်ပြီး

လိုချင်တဲ့ ပစ္စည်းကိုလဲ ပြပေးအုံးမှာနော်

စင်ကာပူကို ကိုယ်တိုင်စျေးဝယ်ထွက်ရတလို

ကျွန်တော်တို့က အပြည့်အဝကူညီပေးမှာပါ

လိုချင်တဲ့ ပစ္စည်းရဲ့ ၁၀% ကိုတော့ service charges

အနေနဲ့ ကျွန်တော်တို့ကောက်ခံသွားမှာပါ

စင်ကာပူ ကနေ ရန်ကုန် deli charges ကို

ဝယ်ယူသူဖက်ကကျခံပေးရပါမယ်ဗျ

Full prepaid ပါဗျ

Make your world

Shoe စီးတဲ့ ညိုကီ တို့အတွက်ကြိုးချည်ပုံချည် နည်းလေးပါ
31/10/2022

Shoe စီးတဲ့ ညိုကီ တို့အတွက်
ကြိုးချည်ပုံချည် နည်းလေးပါ

Address

Yangon

Telephone

+959974148108

Website

Alerts

Be the first to know and let us send you an email when Trendy Guy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Trendy Guy:

Share

Category