𝐓𝐔𝐓𝐔 𝐁𝐀𝐁𝐘 𝐎𝐍𝐋𝐈𝐍𝐄 𝐒𝐇𝐎𝐏

  • Home
  • Myanmar
  • Yangon
  • 𝐓𝐔𝐓𝐔 𝐁𝐀𝐁𝐘 𝐎𝐍𝐋𝐈𝐍𝐄 𝐒𝐇𝐎𝐏

𝐓𝐔𝐓𝐔 𝐁𝐀𝐁𝐘 𝐎𝐍𝐋𝐈𝐍𝐄 𝐒𝐇𝐎𝐏 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐓𝐔𝐓𝐔 𝐁𝐀𝐁𝐘 𝐎𝐍𝐋𝐈𝐍𝐄 𝐒𝐇𝐎𝐏, Baby Goods/Kids Goods, Yangon.

"မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ  စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ "။ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်...
28/01/2024

"မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ "။

ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ။
ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။
သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း
တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။ သူ့အတွေးထဲမှာ ငါ့ကို ဘယ်တော့များ အပြောခံရအုံးမလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ ဘာအရည် အသွေးမှ ထွက်မလာတော့ပါဘူး ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း သုံးနှုန်းတတ်ကြတယ်။ အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတတ်ပါတယ်။ တခြားအရာတွေအပေါ် အကောင်းမြင်စိတ်လည်း ပျောက်ကွယ်နေတတ်တယ်။ သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့ အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲဆက်ဆံသွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ...စာလည်းမဖတ်တဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ အပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း မုန့်လုံးစက္ကူကပ်နေတော့တာ။

ဒါကြောင့် မိသားစုအတွင်း...သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး...
အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

ပီကိုးလ်
Credit

Toddler baby
23/01/2024

Toddler baby

16/01/2024
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်...
10/01/2024

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအဝတ်အစားမှ ဝတ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

“ ဒါ ဘာလုပ်တာလဲ”

“ယောက်ျားအပြန်ကို စောင့်နေတာလေ”

“ဘာမှ မဝတ်ဘဲ စောင့်နေရသလား”

“ဒါကို ညဝတ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်”

“လုံးဝ ဝတ်မထားတာကို ဘာ ညဝတ်အင်္ကျီလို့ ခေါ်တာလဲ”

“ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီညဝတ်အင်္ကျီကို ကြိုက်တယ်ရှင့်”

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအဝတ်အစားမှ မဝတ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အဝတ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး “ဒါ ဘာလုပ်တာလဲ” လို့ အော်လိုက်တယ်။

“ဒါ ညဝတ် အချစ်အင်္ကျီလေ” လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက

“ ဟာ မင်းညဝတ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလည်း ပြုတ်ထွက်တော့မယ်” လို့ ပြန်ပြောလိုက်သတဲ့။

****

အားလုံး ဂွတ်နိုက်

တကယ့်ညဝတ်အင်္ကျီကို ဝတ်ပြီး ဂွတ်နိုက်မယ်နော် 😅

တစ်ချိန်တုန်းက ရယ်စရာများပေါ့..


#နိုင်းနိုင်းစနေ

လွယ်ကူမြန်ဆန်
07/01/2024

လွယ်ကူမြန်ဆန်

ကြက်သားလိပ်........................တရုတ်တန်းရောက်ရင် အမြဲတမ်းလိုလို ဆိုင်မှာလည်းစားအိမ်ကိုလည်းဝယ်ပြန်လေ့ရှိတဲ့ စားဖွယ်လေ...
05/01/2024

ကြက်သားလိပ်........................
တရုတ်တန်းရောက်ရင် အမြဲတမ်းလိုလို ဆိုင်မှာလည်းစား
အိမ်ကိုလည်းဝယ်ပြန်လေ့ရှိတဲ့ စားဖွယ်လေးတစ်မျိုးပါ။
ခုတော့ ကိုယ်တိုင်ပဲ အိမ်မှာကြော်စားပါတယ်။ ကြက်သား သို့မဟုတ် ဝက်သား နှစ်သက်ရာအသားနဲ့ ကြော်နိုင်ပါတယ်။
အတွင်းဘက်ကအဆာအတွက် ကြက်သားအပြင် ကြက်သွန်နီနဲ့ ဂေါ်ဖီထည့်ထားတော့ အနံ့အရသာ ပိုကောင်းသွားတယ်။ အဆာကို ကော်ပြန့်ဖက်နဲ့လိပ်ပြီးမှ တမ်ပူရာထဲမှာ နှစ်ကြော်ထားတဲ့အတွက် အတွင်းကအစိုဓာတ် အပြင်ကိုရောက်မလာအောင် ကော်ပြန့်ဖက်က ထိမ်း ထားလိုက်ပါတယ်။ အပြင်ဘက်က ကြွပ်ကြွပ်လေးနဲ့ အတွင်းဘက်က
အနံ့အရသာကောင်းပြီး နူးညံ့တဲ့ကြက်သားနဲ့ ဟင်းရွက်တို့ကို
တစ်ကိုက်လောက်ဝါးမိတဲ့အခါ နှစ်သက်ကြမှာ အသေချာပါ။

ပါဝင်သောပစ္စည်းများ ( ၆ လိပ်)..........................................
• ကြက်သား - ၂၅ ကျပ်သား
• ချင်း - ပါးပါး ၂ ပြား
• ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်)
• ကြက်သွန်နီ - ၁၅ဝ ဂရမ် ( ၁ဝ ကျပ်သားခန့်)
• ဆား - အနည်းငယ်
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက်
• ဆန်မှုန့်/ ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• တရုတ်မဆလာ - အနည်းငယ်
• ကော်ပြန့်ဖက် - ၆ ရွက်
• အကြော်မှုန့် - ၉ဝ ဂရမ် ( ၆ ကျပ်သားလျှော့လျှော့)
• ကြော်ရန်ဆီ - လိုသလောက်

ချက်နည်း.................
၁။ ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ချင်းထည့်၊
ရေအနည်းငယ်ထည့်ပြီး ကျက် သွားရုံလေး ရေခန်းပြုတ်ပါ။ ကျက်သွားလျှင်
အအေးခံပြီး အတုံးလေးတွေလှီးထားပါ။ (ကြက်သားကို ကျက်အောင် ပြုတ်ဖို့လိုပါတယ်။
နူးအောင်တော့မပြုတ်ရပါ)

၂။ ကြက်သွန်နီနှင့် ဂေါ်ဖီကို တစ်လက်မရဲ့ ၃ ပုံ ၁ ပုံအထူ
လေးထောင့်အတုံးလေးတွေ လှီးထားပါ။

၃။ ဒယ်အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ကြက်သွန်နီနဲ့
ဂေါ်ဖီတွေကို နွမ်းသွားရုံလေးကြော်ပါ။

၄။ အသီးရွက်တွေ နွမ်းသွားတဲ့အခါ ကြက်သားထည့်မွှေပါ၊
ကော်ရည်ထည့်မွှေပါ။ နောက်ဆုံးမှာ ဆန်မှုန့်/ဂျုံမှုန့်လေးဖြူး
မွှေပေးပြီးတာနဲ့ မီးဖိုပေါ်ကချပြီး အအေးခံပါ၊

၅။ အကြော်မှုန့်ကို ရေ (၁ဝဝ မီလီလီတာ- ၁၃ဝ မီလီလီတာ)ဖြင့်ဖျော်ထားပါ။
သို့မဟုတ် အထုတ်ပါ အညွှန်းအတိုင်း မပျစ်မကျဲဖျော်ထားပါ။ မုန့်ရည်ပျစ်လျှင်
အကြောမာပျဉ်းတွဲဖြစ်မည်။ မုန့်ရည်ကျဲ လွန်းလျှင် ဆီထဲတွင် ပြန့်ထွက်ကုန်မည်။

၆။ ကော်ပြန့်ဖက်ထဲ အဆာများထည့်ပြီး ကော်ပြန့်လိပ်သကဲ့သို့လိပ်ပါ။
အနားကို မုန့်နှစ်ရည်စွတ်ပြီး ပိတ်ပါ။

၇။ ကြော်မည့်အိုးထဲ ဆီ ၃ လက္မအနက်ထည့်ပြီး ဆီပူလာရင်
ကြက်သားလိတ်တွေကို အကြော်မှုန့် ရည်ထဲနှစ်ပြီး ဆီပူထဲထည့်ကြော်ပါ။

၈။ အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန်ပေးပါ။ ရွှေအိုရောင်သန်းလာလျှင်
ဆယ်ပြီး ဆီစစ်ထားပါ၊ အေးသွားလျှင် ကတ်ကြေးဖြင့်ညှပ်ပြီး အချဉ်ရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

အချဉ်ရည်....................
၁။ ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်ရည်
စားပွဲဇွန်း ၂ ဇွန်း၊ အမျိုးစားကောင်းသော ငရုတ်ဆီ စားပွဲဇွန်း ၃ ဇွန်း ရောမွှေပေးပါ။

၂။ အငန်လိုလျှင် ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပါ။
အပျစ် အကျဲကို မိမိနှစ်သက်သလို ရေနွေး ရောပေးနိုင်ပါသည်။
Credit/

မေးပေးအုံး
31/12/2023

မေးပေးအုံး

ဟဲ့ ဘာတဲ့
21/12/2023

ဟဲ့ ဘာတဲ့

မူစကူဒူးရဲ့ အဓိပ္ပာယ်👇
19/12/2023

မူစကူဒူးရဲ့ အဓိပ္ပာယ်👇

Pucci ပါ နော့🫣
18/12/2023

Pucci ပါ နော့🫣

လူကနေ Power Ranger ပြောင်းတဲ့အခါ10 စက္ကန့်လောက် ကြာတယ်ဆိုပါတော့။လူ 5 ယောက် ပြောင်းတဲ့အခါ5 ယောက်ကို 10 စက္ကန့်နဲ့မြှောက်လ...
16/12/2023

လူကနေ Power Ranger ပြောင်းတဲ့အခါ
10 စက္ကန့်လောက် ကြာတယ်ဆိုပါတော့။

လူ 5 ယောက် ပြောင်းတဲ့အခါ
5 ယောက်ကို 10 စက္ကန့်နဲ့မြှောက်လို့
50 စက္ကန့်ကြာသွားတာမျိုး မဟုတ်ဘူး
10 စက္ကန့်ပဲကြာတာ။

အယောက် 100 ပြောင်းရုံမကလို့
1000 ပြောင်းလည်း 10 စက္ကန့်ပဲကြာတာ။

Power Ranger တယောက်ချင်း ပြောင်းနေပုံကို
ရိုက်ပြနေလို့သာ
ငါတို့စိတ်ထဲမှာ ကြာနေတယ်ခံစားရတာ
တကယ်ကမကြာဘူး မြန်တယ်

အဲ့ဒါကြောင့်
လူဆိုးက ထိုင်ကြည့်နေတာလားဆိုပြီး
စောက်ပေါမေးခွန်းမျိုး ထပ်မမေးနဲ့
ဟုတ်ပြီလား

မေမေတွေရဲ့ဘ၀
24/11/2023

မေမေတွေရဲ့ဘ၀

Address

Yangon

Telephone

+959795471317

Website

Alerts

Be the first to know and let us send you an email when 𝐓𝐔𝐓𝐔 𝐁𝐀𝐁𝐘 𝐎𝐍𝐋𝐈𝐍𝐄 𝐒𝐇𝐎𝐏 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share