05/03/2020
စက်မှုလျှော်ပင်ရဲ့အရိုးအတွင်းသားများမှ
ထုတ်လုပ်ထားတဲ့စက္ကူ
(H**p Paper)
ဝါးနဲ့သစ်ပင်တွေကနေစက္ကူ ထုတ်ယူနိုင်သလို၊
H**p ကနေလည်းစက္ကူ နဲ့ပျော့ဖတ်မျိုးစုံကို
ထုတ်ယူနိုင်ပါတယ်။
ဒါပေမယ့် h**p က ဝါးနဲ့အပင်တွေထက်သာတဲ့ ထွက်နှုန်းနဲ့ စက္ကူ များများကိုထုတ်ယူနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဝါးတစ်ပင် သစ်ပင်တစ်ပင်
ဖြစ်ဖို့နှစ်ချီစောင့်ရပေမယ့် H**p ကတော့လေးလနဲ့
ကုန်ကြမ်းဖြစ်လို့ပါပဲ။
သက်တမ်းမြင့်အပင်ကြီးတွေခုတ်လှဲနေရမှုကို လျော့ပါးစေမှာဖြစ်လို့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်းအထူးအကျိုးပြုစေမှာဖြစ်ပါတယ်။
နောက်ပြီးတော့ H**p စက္ကူ တွေဟာ plant base ဖြစ်တာမို့ non carbon ပါ။ လောင်ကျွမ်းသွားတာတောင်ပြာမကျန်တဲ့အမျိုးပါ။
H**p စက္ကူ ရဲ့အရည်အသွေးဟာ ဝါးစက္ကူထက်သာပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့လွတ်လပ်ရေး ကြေညာစာတမ်းကိုတောင် H**p Paper နဲ့ရေးသားထားတာလေ့လာတွေ့ရှိရပါတယ်။
H**p စက္ကူဟာယခုလက်ရှိစက္ကူ ထုတ်ကုန်များအားလုံးနေရာမှာအစားထိုးအသုံးပြုနိုင်ပါတယ်။
H**p အပင်ကနေ စက္ကူအဖြစ်ပထမဆုံး
ထုတ်လုပ်ခဲ့တာကတော့ တရုတ်နိုင်ငံဖြစ်ပြီး
နောက်ပိုင်းမှ ကမ္ဘာတစ်ဝှမ်းမှာကျယ်ပြန့်ခဲ့တယ်
လို့သိရပါတယ်။
ယခုလက်ရှိ H**p ကနေစက္ကူထုတ်ကုန်များကို အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေကတော့တရုတ်၊ စပိန် နှင့် အီတလီတို့ပဲဖြစ်ပါတယ်။
Myanmar H**p Association (MHA)