BB kitty baby diapers 1

BB kitty baby diapers 1 🐱သားသားမီးမီးတိုင်းပြုံးပျော်စေရမည် BB kitty🐱

😽သားသားမီးမီးလေးတေခုမှမွေးထားတဲ့ ဖေဖေမေမေတေနဲ့ 🤰မွေးကင်းစ သားသားမီးမီးလေးတေအတွက်အရည်အသွေးစိတ်ချကောင်းမွန်ပီး 👍လုံခြံုစိတ...
06/05/2026

😽သားသားမီးမီးလေးတေခုမှမွေးထားတဲ့ ဖေဖေမေမေတေနဲ့ 🤰မွေးကင်းစ သားသားမီးမီးလေးတေအတွက်အရည်အသွေးစိတ်ချကောင်းမွန်ပီး 👍လုံခြံုစိတ်ချရတဲ့ Baby Diaper လေးတခုနဲ့ မိတ်ဆက်ပေးပါရစေနော် အဲ့တာလေးကတော့ 😽မေမေတေအားလုံးရဲ့ လက်စွဲ ဖြစ်တဲ့ 😽BB Kitty Baby Diapers😽လေးပဲဖြစ်ပါတယ်
👉ပါးလွှာမှုက 0.2 cm သာရှိတယ်
👉12 ကြာအောင်စုပ်ယူမှုအားကောင်းတယ်
👉Indicator လိုင်းပါလို့ Diapers လဲမည့်အချိန်ကိုလွယ်ကူစွာသိရှိနိုင်တယ်
👉ခါးမျှော့ကြိုးပျော့ပြောင်းလို့ဘေဘီလေးတေရဲ့နုနယ်တဲ့အသားလေးတေအတွက်စိတ်ပူစရာမလိုတော့ဘူး
👉Gel type ဖြင့်ပြုလုပ်ထားပီးကပ်ခါွသားခိုင်ခံတယ်
ဒီလိုစိတ်ချရတဲ့အချက်တေ တခုချင်းနဲ့ ပြည့်စံုလို့ မေမေတေရဲ့ အသဲစွဲ Baby Diapers လေးပါနော် 😘
ဒါဆိုခုပဲ ဘေဘီလေးတေအတွက်အရွေးမမှားရအောင် BB kitty baby diapers လေးပဲဝယ်လိုက်ကြစို့နော် Price
Size NB (tape) 45000 ks =32pcs (5kg)
Size S (tape) 63000 ks =60pcs (4-8kg)
Size M (tape) 63000 ks =52pcs (6-11kg)
Size L (tape) 63000 ks = 46pcs (9-14kg)
Size XL(tape) 63000 ks = 44pcs (15kg over)
-
Size M (pant) 63000 ks =48pcs (6-11kg)
Size L (pant) 63000 ks =46pcs (9-14kg)
Size XL(pant) 63000 ks =44pcs (12-17kg)
Size XXL(pant) 63000 ks =40pcs (15kg over)

#သားသားမီးမီးတိုင်းပြုံးပျော်စေရမည်BBkitty



🎗️ကိုယ်ဝန်ဆောင်စဉ် ကယ်လ်စီယမ်ပြည့်ဝနေပါက ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲ 🎗️ ကယ်လ်စီယမ်ဆိုတာ လူတိုင်းနေ့စဉ်မရှိမဖြစ်လို...
12/02/2026

🎗️ကိုယ်ဝန်ဆောင်စဉ် ကယ်လ်စီယမ်ပြည့်ဝနေပါက ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲ 🎗️

ကယ်လ်စီယမ်ဆိုတာ လူတိုင်းနေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ အရိုးတည်ဆောက်ခြင်းအပြင် ကယ်လ်စီယမ်ဟာ သွေးနဲ့ကြွက်သားတွေကို လှုပ်ရှားစေသလိုအာရုံကြောများက ဦးနှောက်မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ လှုံ့ဆော်မှုတွေလုပ်ဆောင်ဖို့ ကူညီပေးပြန်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် အစားအစာ (သို့) ဖြည့်စွက်စာကနေ ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကယ်လ်စီယမ်ဓာတ်ပြည့်ဝနေပါက ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲဆိုတော့….

* တစ်ချို့ကိုယ်ဝန်ဆောင်တွေဟာ ပြင်းထန်သွေးတိုးရောဂါ ဖြစ်ပွါးတတ်ပါတယ်။ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိနိုင်မယ်ဆိုရင် ရောဂါဖြစ်နိုင်ချေ လျော့နည်းစေပြီး ကျန်းမာတဲ့ဘေဘီလေးရရှိနိုင်ဖို့ အခွင့်အလမ်းတိုးစေပါတယ်။

* ကယ်လ်စီယမ်ဓာတ်ပြည့်ဝနေပါက လမစေ့ဘဲ မွေးဖွားမှုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

* ဘေဘီလေးတွေကို မွေးရာပါကိုယ်အလေးချိန်နည်းခြင်းမဖြစ်အောင် ကူညီပေးပါတယ်။

* အရိုးအဆစ်သန်စွမ်းကျန်းမာတဲ့ ဘေဘီလေးတွေ မွေးဖွားစေနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

* ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်စဉ်မှာပါ ဘေဘီလေးတွေရဲ့ အရိုးတည်ဆောက်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။

* ဘေဘီလေးတွေကို သွေးပေါင်ချိန်ပုံမှန်ဖြစ်စေဖို့ ကူညီပေးပါတယ်။

* ဘေဘီလေးတွေ သွားပေါက်ပြီးနောက် သားပိုးစားခြင်းမဖြစ်စေဖို့ ကူညီပေးပါတယ်။

* သွေးခဲခြင်းမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကယ်လ်စီယမ်ဓာတ်ရရှိစေဖို့ နေ့စဉ်စားသုံးနိုင်တဲ့အစားအစာတစ်ချို့ကတော့… တို့ဟူး ၊ ဒိန်ချဉ် ၊ နွားနို့ ၊ ပဲပိစပ် ၊ ဟင်းနုနွယ်ရွက် ၊ ကိုက်လန် ၊ ပြောင်းဖူး …တို့ဖြစ်ပါတယ်။

08/01/2026

BB Kitty page စာအဖြေနှင့် ပစ္စည်းပို့များ ၁ ပတ်နားခွင့်ပြုပါနော် နာရေးကိစလေး ရှိလို့ပါရှင် 🥺

💵နေ့စဉ်နဲ့ အမျှ ပြောင်းလဲလာသော ငွေကြေးပြောင်းလဲမှုများနှင့် တိုးမြင့်လာသော သယ်ယူပို့ဆောင်မှုများကြောင့် BB Kitty Baby Di...
31/12/2025

💵နေ့စဉ်နဲ့ အမျှ ပြောင်းလဲလာသော ငွေကြေးပြောင်းလဲမှုများနှင့် တိုးမြင့်လာသော သယ်ယူပို့ဆောင်မှုများကြောင့် BB Kitty Baby Diapers 😽စျေးနှုန်းများအား ယခုပုံပါအတိုင်းစျေးနှုန်း ပြောင်းလဲ သတ်မှတ်လိုက်သည်ဖြစ်ပါကြောင်း BB Kitty baby Diapers ချစ်သူများအား အားနာစွာဖြင့် အသိပေးပါရစေရှင် 🙏🏻🙏🏻🙏🏻

31/12/2025

🎉Happy New Year 2026 🎉ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း BB Kitty မိသားစုမှ ဆုမွန်ကောင်းတောင်း အပ်ပါတယ်ရှင် 🙏🏻

ဘေဘီလေးတေရဲ့အသားအရေဟာ အရမ်းကိုနူးညံ့တာကြောင့် ဖေဖေမေမေတို့ဟာ ဘေဘီလေးတေအတွက် diapers လေးတေရွေးချယ်မယ်ဆို အရည်အသွေးစိတ်ချအ...
24/10/2025

ဘေဘီလေးတေရဲ့အသားအရေဟာ အရမ်းကိုနူးညံ့တာကြောင့် ဖေဖေမေမေတို့ဟာ ဘေဘီလေးတေအတွက် diapers လေးတေရွေးချယ်မယ်ဆို အရည်အသွေးစိတ်ချအထူးကောင်းမွန်ပီး ဆီးပူလောင်ခြင်းမရှိယိုစိမ့်မှုမရှိတဲ့ diapers လေးတေကိုသာရွေးချယ်ကြရမှာပါ
😻BB kitty baby diapers လေးဟာဆိုရင် ခုပြောတဲ့အချက်လေးတေနဲ့အားလုံးပြည့်စုံပီး 12နာရီကြာအောင်ယိုစိမ့်မှုမရှိစုပ်ယူမှုအားကောင်းတယ် ပါးလွှာမှုကလဲ 0.2cm သာရှိတာကြောင့် ဘေဘီလေးတေအတွက် ခုလိုပူအိုက်လာပီဖြစ်တဲ့ရာသီမှာလဲ အရမ်းကိုပေါ့ပါးပီး သက်တောင့်သက်သာရှိစေမှာပါ
ဒါဆိုခုပဲ ဘေဘီလေးတေအတွက်အရွေးမမှားရအောင် BB kitty baby diapers လေးပဲဝယ်လိုက်ကြစို့နော် Price
Size NB (tape) 38000 ks =32pcs (5kg)
Size S (tape) 54000 ks =60pcs (4-8kg)
Size M (tape) 54000 ks =52pcs (6-11kg)
Size L (tape) 54000 ks = 46pcs (9-14kg)
Size XL(tape) 54000 ks = 44pcs (15kg over)
-
Size M (pant) 54000 ks =48pcs (6-11kg)
Size L (pant) 54000 ks =46pcs (9-14kg)
Size XL(pant) 54000 ks =44pcs (12-17kg)
Size XXL(pant) 54000 ks =40pcs (15kg over)

#သားသားမီးမီးတိုင်းပြုံးပျော်စေရမည်BBkitty



👶🏽ငယ်ရွယ်တဲ့ဘေဘီလေးတွေကို ဘာကြောင့်မလှုပ်ရမ်းသင့်တာလဲ 🙅🏼‍♀️ဘေဘီလေးတွေက အင်မတန်နုနယ်သေးတာကြောင့် အမြဲညင်သာစွာပြုမူ ကိုင်တ...
24/10/2025

👶🏽ငယ်ရွယ်တဲ့ဘေဘီလေးတွေကို ဘာကြောင့်မလှုပ်ရမ်းသင့်တာလဲ 🙅🏼‍♀️

ဘေဘီလေးတွေက အင်မတန်နုနယ်သေးတာကြောင့် အမြဲညင်သာစွာပြုမူ ကိုင်တွယ်ပေးသင့်ပြီး ဘယ်သောအခါမှ လှုပ်ရမ်းခြင်းမပြုလုပ်သင့်ပါဘူး။

ဘေဘီလေးတွေက လေးလံတဲ့ဦးခေါင်းကို သယ်ပိုးထားပေမဲ့ သူတို့လေးတွေရဲ့ လည်ပင်းများဟာ အတော်လေး အားနည်းတာကြောင့် အရွယ်ရောက်ပြီးသားကလေး (သို့မဟုတ်) လူကြီးများကဲ့သို့ ဦးခေါင်းလှုပ်ရှားမှုကို အလွယ်တကူ မထိန်းချုပ်နိုင်သေးပါဘူး။

ဘေဘီလေးတွေကို လှုပ်ခါလိုက်တဲ့အခါ သူတို့လေးတွေရဲ့ ဦးခေါင်းဟာ အနောက်သို့ လျင်မြန်စွာ ရွေ့လျားသွားပါလိမ့်မယ်။ ဒီလိုပြုမူတာက ဘေဘီလေးတွေရဲ့ ဦးနှောက်ကို တုန်လှုပ်စေပြီး ပြင်းထန်တဲ့ အန္တရာယ်ရှိပါတယ်။

ဘေဘီလေးတွေကိုကို လေထဲပစ်တိုင်းကစားကာ ချော့မြူခြင်း ( သို့မဟုတ် )ပျော့ပျောင်းသောကုတင်ပေါ်သို့ ပစ်ချခြင်းကဲ့သို့သော ကြမ်းတမ်းတဲ့ ကစားနည်းတွေဟာ ဒေါသ (သို့မဟုတ်) စိတ်ပျက်လက်ပျက်နဲ့ လှုပ်ရမ်းလိုက်ခြင်းကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ပြင်းပြင်းထန်ထန် လှုပ်ခါမှု နှစ်ကြိမ်လောက်ဆိုရင်တောင်မှ ဘေဘီလေးတွေရဲ့ မာကျောတဲ့ဦးခေါင်းခွံ အရိုးထဲကို ထိခိုက်သွားပြီး သွေးထွက်တာနဲ့ ဒဏ်ရာတွေ ရစေနိုင်ပါတယ်။

လှုပ်ခါမှုကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ ဘေဘီလေးတွေဟာ ဦးနှောက်နှင့်ပတ်သက်တဲ့ ပြဿနာများအပါအဝင် ဒါတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။
🧨 မျက်စိကွယ်ခြင်း
🧨 နားပင်းခြင်း
🧨 တက်ခြင်း
🧨 အစာစားတဲ့အခါ မျိုချရခက်ခဲခြင်း
🧨 သင်ယူမှု ၊ အပြုအမူနဲ့ အပြောအဆို အခက်အခဲများ

ဘေဘီလေးတွေကို လှုပ်ရမ်းချိန် တုန်ခါလောက်အောင်ပြင်းထန်ပါက သေဆုံးနိုင်သည်အထိ အန္တရယ်ဖြစ်စေနိုင်ပါတယ်။

#သားသားမီးမီးတိုင်းပြုံးပျော်စေရမည်BBkitty



🤱မိခင်နို့စို့တဲ့ ဘေဘီလေးတွေ လုံလောက်တဲ့နို့ပမာဏရရှိကြောင်း ဘယ်လိုသိနိုင်မလဲ?မိခင်နို့ရည်တစ်မျိုးတည်းတိုက်တဲ့ မေမေတွေအနေ...
23/09/2025

🤱မိခင်နို့စို့တဲ့ ဘေဘီလေးတွေ လုံလောက်တဲ့နို့ပမာဏရရှိကြောင်း ဘယ်လိုသိနိုင်မလဲ?

မိခင်နို့ရည်တစ်မျိုးတည်းတိုက်တဲ့ မေမေတွေအနေနဲ့ ဘေဘီလေးတွေ လုံလောက်တဲ့နို့ပမာဏ မရရှိမှာကို စိုးရိမ်တတ်ကြပါတယ်။ ဖော်မြူလာလို ပမာဏနဲ့ချိန်ကြည့်လို့မရပေမဲ့ ဘေဘီလေးတွေ နို့ဝတဲ့အကြောင်း ဒီအချက်တွေကတစ်ဆင့် သိနိုင်ပါတယ်။

🤱 ဘေဘီလေးတွေ အသက်(၂)လအတွင်း တစ်နေ့တာ(၂၄)နာရီမှာ (၈)ကြိမ်ကနေ (၁၂)ကြိမ်အထိ နို့စို့တတ်ပါတယ်။

🤱 (၁)ကြိမ်နို့စို့တိုင်း မိနစ် (၂၀)ကနေ (၄၅)မိိနစ်ကြား ကြာတတ်ပါတယ်။ နို့စို့နေချိိန် ဘေဘီလေးတွေရဲ့ မေးရိုးလှုပ်ရှားမှုကို စောင့်ကြည့်ပြီး မျိုချမချ သိိိနိုင်ပါတယ်။

🤱 ဘေဘီလေးတွေ (၁)ကြိမ်နို့စို့ပြီးတိုင်း မေမေတို့ရဲ့ရင်သားက သိသိသာသာပျော့သွားတတ်ပါတယ်။

🤱 နို့သောက်ပြီးချိန်တိုင်း ဘေဘီလေးတွေက ကျေနပ်ပျော်ရွှင်ပုံပေါ်ပြီး နို့စို့ရင်းအိပ်ပျော်သွားတတ်တယ်ဆိုရင် နို့ဝတယ်လို့ခန့်မှန်းနိုင်ပါတယ်။

🤱 မွေးကင်းစဘေဘီလေးတွေရဲ့ ကိုယ်အလေးချိိန်က အတက်အကျဖြစ်တတ်ပေမဲ့ (၁၀)ရက်လောက်မှာ မွေးခါစကိုယ်အလေးချိန်ကို ပြန်လည်ရောက်ရှိပါတယ်။

အသက်(၄)လအထိ (၁)ပတ်ကို (၅)အောင်စကနေ (၈)အောင်စထိ ကိုယ်အလေးချိိန် တက်တယ်ဆိုရင် ဘေဘီလေးတွေနို့ဝတယ်လို့ ယူဆနိုင်ပါတယ်။ ဘေဘီလေးတွေ အသက်(၅)လမှာ မွေးစကိုယ်အလေးချိိန်ရဲ့ (၂)ဆဖြစ်သင့်ပါတယ်။

🤱 ပထမ(၁)ပတ်အတွင်း ဘေဘီလေးတွေက ဝမ်း(၂)ကြိမ် (သို့) (၂)ကြိမ်ထက်ပိုပြီး ဝမ်းသွားတတ်ပါတယ်။

🤱 အနှီးပတ်ထားတဲ့ ဘေဘီလေးတွေဆိုရင် (၁)ရက်ကို သေးစိုအဝတ် (၆)ထည်ကနေ (၈)ထည်အထိ စိုစွတ်အောင် ဆီးသွားတတ်ပါတယ်။ baby diaper အသုံးပြုတဲ့အခါမှာလည်း အနည်းဆုံး (၅)ခုထိ လဲလှယ်ရပြီး ဆီးအရောင်ကလည်း အဝါနုရောင်သန်းပါတယ်။

#သားသားမီးမီးတိုင်းပြုံးပျော်စေရမည်BBkitty



📛ညအိပ်ချိန်ငိုတတ်တဲ့ ဘေဘီလေးတွေ ငြိမ်သက်စေဖို့ နည်းလမ်းကောင်းများ📛မေမေတို့ရေ ဘေဘီလေးတွေကို ပျိုးထောင်ရတာ ကြည်နူးပျော်ရွှ...
31/08/2025

📛ညအိပ်ချိန်ငိုတတ်တဲ့ ဘေဘီလေးတွေ ငြိမ်သက်စေဖို့ နည်းလမ်းကောင်းများ📛

မေမေတို့ရေ ဘေဘီလေးတွေကို ပျိုးထောင်ရတာ ကြည်နူးပျော်ရွှင်မှုတွေ ခံစားရသလို ညအိပ်ချိန် ဂျီကျပြီးငိုတဲ့အခါတွေဆိုရင်တော့ စိတ်ဖိစီးမှုတွေ ကြုံရပြန်ပါရော။ ဒီလိုညအိပ်ချိန်ငိုတတ်တဲ့ ဘေဘီလေးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

📛 တစ်သမတ်တည်း အိပ်ရာဝင်ချိန် ပုံမှန်ထားရှိပါ

တစ်သမတ်တည်းအချိန်ဇယားတစ်ခုကို အိပ်ရာဝင်ချိန်အဖြစ် သတ်မှတ်ပြီး ဘေဘီလေးတွေကို အနားယူရမယ့်အချိန်ဖြစ်ကြောင်း သိရှိအောင် လေ့ကျင့်ပေးပါ။ သတ်မှတ်ချိန်ရောက်တာနဲ့ ညဝတ်အင်္ကျီလဲပေးတာ ၊ မိခင်နို့(သို့) ဖော်မြူလာတိုက်ကျွေးတာ ၊ ကိုယ်လက်သန့်စင်တာ ပြုလုပ်ပေးပြီး အိပ်ရာဝင်ချိန်အလေ့အထကို ကျင့်သားရအောင် ပြုလုပ်ပါ။

📛 နွေးထွေးတဲ့ နှစ်သိမ့်မှုပေးပါ

ဘေဘီလေးတွေက အိပ်ရာမဝင်ချင်သေးဘဲ ဂျီကျနေတဲ့အခါ သူတို့သက်တောင့်သက်သာရှိအောင် ခြေလက်လေးတွေ နှိပ်နယ်ပေးတာ ၊ ပွေ့ဖက်ပြီး ချော့မြူပေးတာ ၊ ညင်ညင်သာသာလှုပ်ရမ်းပေးတာ ၊ သူတို့ကြိုက်နှစ်သက်တဲ့အရုပ်လေးတွေ ထားရှိပေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

📛 အာရုံပြောင်းအောင်ပြုလုပ်ပေးပါ

ဘေဘီလေးတွေ ဂျီကျတဲ့အခါ သူတို့စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေပြောပြတာ ၊ ပုံပြင်ဖတ်ပြတာ ၊ ရုပ်ပုံလေးတွေပြပေးတာ ၊ နူးညံ့တဲ့ဂီတသံလေးဖွင့်ပေးတာတွေနဲ့ အာရုံပြောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

📛 အခန်းအပူချိန်ပြောင်းလဲပါ

ဘေဘီလေးတွေ အိပ်ရာမဝင်ခင် ရာသီဥတုပူအိုက်တဲ့အချိန်မှာ အေးအောင်ပြုလုပ်တာဖြစ်ဖြစ် ၊ အေးတဲ့အချ်ိန်မှာ နွေးထွေးအောင်ပြုလုပ်တာဖြစ်ဖြစ် အခန်းအပူချိန်ပြောင်းလဲပေးခြင်းက ဘေဘီလေးတွေကို သက်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

📛 တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဖြစ်ပါစေ

အိပ်ခါနီး ဂျီကျပြီးငိုတတ်တဲ့ဘေဘီလေးတွေက ဆူညံမှုတွေကြားတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ပြီး ပိုဂျီကျတတ်တာကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ သိပ်ပေးတာအကောင်းဆုံးပါပဲ။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် မရနိုင်ရင်တော့ အခန်းကိုလုံအောင်ပြုလုပ်ပြီး ငြိမ့်ညောင်းတဲ့သံစဉ် (သို့) baby songs လေးတွေဖွင့်ထားပေးနိုင်ပါတယ်။

#သားသားမီးမီးတိုင်းပြုံးပျော်စေရမည်BBkitty



Address

အမှတ်(၆၃)၊ (၁၂၁)လမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when BB kitty baby diapers 1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share