Pyone Kabar

Pyone Kabar Find me in the ever-evolving world of society to meet your child's needs and have the best.

သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု သီတင်းကျွတ်လပြည့် အောက်တိုဘာ၁၇ရက်နေ့ မှာ ကျရောက်သော ဗုဒ္ဓနေ့ အခါသမယတွင်အရပ် ဆယ်မျက်နှာရှိ လူ ၊ န...
17/10/2024

သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု
သီတင်းကျွတ်လပြည့် အောက်တိုဘာ၁၇ရက်နေ့ မှာ ကျရောက်သော ဗုဒ္ဓနေ့ အခါသမယတွင်
အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘေးဒုက္ခ အန္တရာယ် ရန်စွယ် အားလုံးမှ ကင်းရှင်းကြရပါလို ကြောင်း Pyone Kabar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အပါယ်ဘုံသား အားလုံးလည်း
ကျွတ်တန်း ဝင်ရပါလို၏။

သံသရာ အဆက်ဆက်မှာ
ဗုဒ္ဓ၏ အဆုံးအမများနှင့် မကင်းသော အရပ်၌သာ ရှင်သန်ကြီးပြင်းရပါလို၏။

Crd:

လူလတ်တန်းစား မိဘတွေဖတ်စေချင်လို့ပါ
03/01/2024

လူလတ်တန်းစား မိဘတွေဖတ်စေချင်လို့ပါ

“လူလတ်တန်းစား မိဘတွေ ဖတ်ဖို့”

🔳 ဒီခေတ်က အစစအရာရာ တိုးတက်တဲ့ခေတ်ကြီး။ အရင်ထက်စာရင် ငွေရှာစရာ အခွင့်အလမ်းတွေ များလာတယ်။ လူနေမှု အဆင့်အတန်းတွေ မြင့်လာတယ်။ အသိအမြင်တွေ ကြွယ်လာတယ်။

တစ်ဖက်မှာလည်း ဒီရုပ်ဝတ္ထုတွေနောက်ကို အသည်းအသန် လိုက်နေရတာ ပင်ပန်းလာတယ်။ အပြိုင်အဆိုင်တွေ လုပ်ရ၊ ရှာရ၊ ဖွေရနဲ့ ဘယ်တော့မှ လုံလောက်တယ်လို့ကို မရှိဘူး ဖြစ်လာတယ်။

အဆိုးဆုံးက သူများနဲ့ နှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် အားမရတာ၊ သိမ်ငယ်တာတွေ ရှိလာတာပဲ။

သူများလှသလို ငါမလှဘူး။ သူများတွေ သုံးသလို ငါမသုံးနိုင်ဘူး။ သူများတွေ ပျော်သလို ငါပျော်မနေရဘူး စသဖြင့် တွေးမိလာကြတယ်။ ကိုယ့်ဘဝကိုယ် မကျေနပ်တော့ဘူး။

🔳 ဒီခေတ်မိဘတွေလည်း အဲဒီပြဿနာကို ရင်ဆိုင်ကြရတယ်။

Parenting ဆိုတာကို ပိုနားလည်လာကြတယ်။ လေ့လာချင်ရင်လည်း အလွယ်လေး။ ကိုယ့်ကလေးအတွက်လည်း အကောင်းဆုံး ဆိုတဲ့အရာတွေ လုပ်ပေးလို့ရတယ်။ ပံ့ပိုးပေးလို့ရတယ်။

သို့သော် တစ်ဖက်ကကျ အဲဒီလို မလုပ်ပေးနိုင်တဲ့၊ တည့်တည့်ပြောရရင် လူလတ်တန်းစား၊ အခြေခံ လူတန်းစား မိဘတွေမှာ သိမ်ငယ်စိတ်တွေ ဖြစ်လာကြတယ်။ ကိုယ်တိုင်ထက် သားသမီးအတွက် ဆိုတော့ ပိုဆိုးတာပေါ့။ ငါ တခြားမိဘတွေလိုလည်း လုပ်မပေးနိုင်ဘူး၊ ကျောင်းကောင်းကောင်းမှာ မထားနိုင်ဘူး၊ ငါ့ရဲ့ ပျိုးထောင်မှုပုံစံက မှန်မှမှန်ရဲ့လား စသဖြင့် စသဖြင့် တွေးမိလာကြတယ်။

ဒါသည်လည်း Peer Pressure ပါပဲ။ ကျွန်တော်တို့ငယ်ငယ်က ၅ နှစ်မှ ကျောင်းပို့၊ ကျူရှင်လေး ထားပေး၊ ဒါဆို ရပြီ။ တခြားမိဘ တော်တော်များများလည်း အဲဒီအတိုင်းပဲ။ ခုခေတ်ကျ ကြည့်ပါဦး။ များလိုက်တဲ့ ကျောင်းတွေ၊ ကုန်လိုက်တဲ့ အဖိုးအခတွေ။ ကိုယ့်ပတ်ဝန်းကျင်က မိဘတိုင်းနီးနီးလောက်ကလည်း အဲဒီလိုတွေ ပို့ပေးနေကြတယ်။ ထားပေးနေကြတယ်။ ဒီတော့ ကိုယ်က အဲဒီလိုမှ လုပ်မပေးနိုင်ရင် မိဘတာဝန် မကျေသလို၊ လူတန်းစေ့ မထားနိုင်သလို၊ ကိုယ့်သားသမီးကပဲ နောက်ကျနေပြီလိုလို ခံစားလာရတယ်။

🔳 ဒီအတွက် အခြေခံကျတဲ့၊ သိပ်လည်း အရေးကြီးတဲ့၊ ငွေကုန်ကြေးကျလည်း မများတဲ့ နည်းလမ်းတချို့ကို ပြောပြချင်ပါတယ်။

📌 ၁။ ဆော့ကစားစေခြင်း

ကလေးတွေရဲ့ အစောပိုင်း ဖွံ့ဖြိုးမှုမှာ ကစားခြင်းဟာ အင်မတန် အကျိုးများစေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ၃ လသားလောက်နဲ့ ကျောင်းတွေ ပို့နေမဲ့အစား ဒီအခြေခံအချက်ကလေးကို လုပ်ပေးရင်ပဲ ကလေးအတွက် သိပ်ကောင်းပါတယ်။

📌 ၂။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု

ငယ်ငယ်ကတည်းက မိဘအုပ်ထိန်းသူရဲ့ ချစ်ခြင်းမေတ္တာကို ရဖို့ သိပ်ကြိုးစားခဲ့ရတဲ့ ကလေးဟာ ကြီးလာတဲ့အခါ တအားအချစ်ခံချင်တယ်၊ အချစ်ခံရဖို့ သူ့ဘက်ကပဲ အမြဲကြိုးစားနေမိတယ်၊ တစ်ယောက်ယောက် စွန့်ပစ်သွားမှာ၊ ထားသွားမှာ၊ မုန်းသွားမှာ ကြောက်တယ်၊ ဒီလိုပြဿနာတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာကို ပြသပါ။ ဂရုစိုက်ပါ။ အချိန်ပေးပါ။

📌 ၃။ စိတ်ချင်းဆက်နွယ်မှု (Emotional Attachment)

ချစ်တာနဲ့ မတူပါဘူး။ မိဘနဲ့ သားသမီး အပြန်အလှန်တော့ ချစ်ကြတာချည်းပဲ။ စိတ်ချင်းဆက်နွယ်မှု ဆိုတာကျ အဲဒီထက် ပိုပါတယ်။ သူတို့ဘဝမှာ အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အရင်ဆုံး ပြောပြချင်တဲ့သူ၊ ပထမဆုံး သတိရတဲ့သူ၊ ဘာကိုမဆို ပြောပြဖို့ ဝန်လေးမနေရတဲ့သူ ဖြစ်ဖို့ လိုတယ်။

ဒီအတွက် အပြစ်မတင်တာ၊ ဘယ်တော့မဆို သူတို့ဘက်က ရပ်တည်တာ၊ ယုံကြည်မှုပေးတာ၊ အားပေးတာ၊ လေးစားမှုထားတာ၊ မျှဝေခံစားတာ၊ သားသမီးနေရာကနေ ကိုယ်ချင်းစာပေးတတ်တာ၊ ဝင်ကြည့်ပေးတတ်တာ၊ စိတ်ပိုင်းဆိုင်ရာကို နားလည်သဘောပေါက်တာ စသဖြင့် လိုအပ်ပါတယ်။

📌 ၄။ စာဖတ်တဲ့ အလေ့အကျင့်

အပေါ်မှာ ရေးခဲ့သလို ရုပ်ဝတ္ထုတွေက သိပ်ကို ခမ်းနားလာတဲ့ခေတ်မှာ သူများလို မသုံးနိုင်၊ မစွဲနိုင်၊ မဝတ်နိုင်၊ မစားနိုင်ရင် သိမ်ငယ်စိတ် ဖြစ်လေ့ရှိပါတယ်။ ကိုယ့်မိဘက သိပ်မတတ်နိုင်တဲ့အခါမှာလည်း ကလေးတွေမှာ အဲဒီလို ဖြစ်တတ်တယ်။

ဒါကို ကာကွယ်ပေးနိုင်တဲ့၊ အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်တဲ့ အရာက စာအုပ်စာပေတွေပဲ ဖြစ်ပါတယ်။

အသိအမြင် များလာစေတယ်။ ဒီလိုခေတ်ကြီးကြောင့် ငါတို့တွေမှာ ဒီလိုဖိအားတွေ ဖြစ်လာတာပါလား သဘောပေါက်လာမယ်။ ဝတ္ထုတွေကတဆင့် သူရဲကောင်းတွေ၊ Idol တွေ တွေ့လာမယ်။ ငွေကြေးထက် ပိုအရေးကြီးတဲ့အရာတွေ ရှိသေးတာ သိလာမယ်။ ရည်ရွယ်ချက်တွေ ပိုပေါ်လွင်လာမယ်။ တိုတိုပြောရရင် ပြည့်ဝတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်။

📌 ၅။ ကလေးပေါ် ဖွင့်မထုတ်ဖို့

"Parenting ဟာ ကလေးမယူခင်ကတည်းက စတယ်" လို့ ကျွန်တော် ရေးဖူးပါတယ်။ ဆိုလိုတာက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်သင့်မဖြစ်သေးခင် ကလေးယူလိုက်မိရင်၊ ရသွားခဲ့ရင် ဘဝက ကြပ်တည်းနေတဲ့အတွက် ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့ ခက်သွားသလို၊ ကိုယ့်ရဲ့ အထွေထွေ အဆင်မပြေမှုတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို ကလေးအပေါ် သွန်ချမိတတ်တယ်။ ဒီလိုနဲ့ မိဘနဲ့ သားသမီး ဝေးကွာလာပြီး သူတို့မှာ စိတ်ဒဏ်ရာတွေ ရသွားတတ်ပါတယ်။

ဒါကြောင့် အဆင်သင့်ဖြစ်မှ ကလေးယူပါ။ ရသွားပြီးရင်လည်း Emotional Management ကို သေချာလုပ်ပါ။ ကလေးဟာ နို့ဆာရင် ငိုမှာပဲ။ အလိုမကျရင် ငိုမှာပဲ။ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့မသိပါဘူး။ နားလည်လောက်တဲ့အရွယ် ရောက်မှ ပြောပြထားလို့ ဖြစ်နိုင်လိမ့်မယ်။ ကလေးအရွယ်ကတော့ မလွယ်ဘူး။ ဒီတော့ ကလေးကို ကလေးလို့ မြင်ပေးပါ။ ငါဖြစ်နေတာတွေ သူမှမသိတာလို့ သတိရပေးပါ။

📌 ၆။ ကလေးရဲ့ ဖြစ်တည်မှုကို လက်ခံပေး

ကျွန်တော်တို့ရဲ့ ဝါသနာတို့၊ ဖြစ်ချင်စိတ်တို့ ဆိုတာ ပတ်ဝန်းကျင် အထိအတွေ့နဲ့ ဆက်စပ်တယ်။ ဥပမာ ဒီနိုင်ငံက လူငယ်တွေ ဘေ့စ်ဘောဝါသနာပါတယ် ဆိုတာ အတော်ရှားတယ်။ ဘာလို့လဲ။ ဘေ့စ်ဘောနဲ့ Exposure မရှိလို့။ ဘယ်လူကြီးကမှလည်း ဘေ့စ်ဘောပွဲ ကြည့်မနေဘူး။ နိုင်ငံအသင်းမှာလည်း ဘေ့စ်ဘောအသင်း မရှိဘူး။ ရပ်ကွက်ထဲလည်း ဘယ်သူကမှ ကစားမနေဘူး။

ဒါကြောင့် ထိတွေ့မှု မရှိရင် စိတ်ဝင်စားမှုဆိုတာ မရှိဘူး။ ဒီတော့ ကိုယ့်တာဝန်က ကလေးကို များများထိတွေ့ခွင့်ရအောင် လုပ်ပေး။ ဒီလိုဆို သူ ဘာကို စိတ်ဝင်စားတယ်၊ ဘာဝါသနာပါတယ်၊ ဘာဖြစ်ချင်တယ် တဖြည်းဖြည်း သိလာလိမ့်မယ်။

အဲဒီလိုမဟုတ်ဘဲ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်၊ ကျောင်းစာကလွဲပြီး ကျန်တာ ပေးမလုပ်တာ၊ ပေးမဖတ်တာမျိုးတွေဆို ကလေးရဲ့ ကမ္ဘာက သိပ်ကျဉ်းသွားလိမ့်မယ်။ ရလဒ်အနေနဲ့ (ကျွန်တော်တို့တုန်းကလို) ကိုယ့်ဟာကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ကိုယ် ဆရာဝန်ဖြစ်ချင်တာ မဖြစ်ခဲ့ရလို့ ကလေးကို ဆရာဝန်အတင်းလုပ်ခိုင်းတာ၊ ဒါမှမဟုတ် ကိုယ်က ဆရာဝန်မို့ ကလေးကို ဆရာဝန် ဖြစ်စေချင်တာ၊ ကိုယ့်တုန်းက ကျောင်းကောင်းကောင်း မတက်ခဲ့ရလို့ ကလေးအလှည့်ကျ ဖြည့်ဆည်းပေးချင်ဇောနဲ့ ကျောင်းတွေ အစောကြီး ပို့ပစ်တာ၊ သားသမီးရဲ့ ပြုပြင်လို့မရ၊ ရွေးချယ်ခဲ့တာလည်း မဟုတ်တဲ့ လိင်စိတ်တိမ်းညွှတ်မှုကို လက်မခံတာ၊ ဒါမျိုးတွေ မလုပ်ဘဲ ကလေးကို အပင်လေးတစ်ပင်လို သူ့သဘာဝအတိုင်း ကြီးထွားခွင့် ပေးလိုက်တာ အကောင်းဆုံးပါပဲ။

📌 ၇။ စံနမူနာပြ မိဘအုပ်ထိန်းမှု (Parenting by example)

နောက်ဆုံးမှ ရေးထားပေမဲ့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ကလေးတွေဟာ သူထိစပ်တဲ့ ပတ်ဝန်းကျင်ကတဆင့် သင်ယူကြရတာပါ။ ဒါကြောင့် စကားလုံးတွေထက် သူတို့ မြင်တွေ့နေရတဲ့ မိဘရဲ့ အပြုအမူတွေက ပိုအရေးကြီးပါတယ်။

ကလေးကို စာဖတ်စေချင်သလား။ ကိုယ်တိုင်က စာဖတ်တဲ့သူ အရင်ဖြစ်ဖို့လိုတယ်။

ကလေးကို မဆုတ်မနစ် ကြိုးစားတတ်သူ ဖြစ်စေချင်သလား။ ကိုယ်တိုင်က ကိုယ့်အလုပ်မှာ မဆုတ်မနစ် ကြိုးစားသူ အရင်ဖြစ်ဖို့လိုတယ်။

ကလေးကို အများအကျိုးပြုသူ ဖြစ်စေချင်သလား။ နှလုံးသားလှသူ ဖြစ်လာစေချင်သလား။ ကိုယ်တိုင်က အများအကျိုးပြုသူ၊ ကူညီတတ်သူ၊ နှလုံးသားလှသူ အရင်ဖြစ်ဖို့လိုတယ်။

အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေလို့တော့ မရဘူး။ ကိုယ် ကလေးကို ပေးတဲ့ မက်ဆေ့တွေက Consistent (တသမတ်တည်း) ဖြစ်နေဖို့တော့ လိုမယ်။

📌 ခုပြောခဲ့တဲ့ အချက် ၇ ချက်ထဲမှာ ငွေကုန်ကြေးကျများတာ တစ်ခုမှ မပါပါဘူး။ မိဘတိုင်း လုပ်နိုင်တဲ့ ကိစ္စတွေချည်းပါပဲ။

ကျွန်တော်သာ ခုချိန် ကလေးပြန်ဖြစ်ရမယ်ဆို အလိုချင်ဆုံးက ဘာတွေလဲ မေးရင် ဈေးကြီးတဲ့ ကျောင်းတွေ တက်ခွင့်ရဖို့ မဟုတ်ပါဘူး။ ခုပြောခဲ့တဲ့အချက်တွေပဲ လိုချင်တာပါ။ Parenting နဲ့ ပတ်သက်ပြီး ရေးခဲ့သမျှ ဆောင်းပါးတိုင်းကလည်း သားသမီးနေရာကနေ ကျွန်တော် တွေ့ကြုံခံစားခဲ့ရတာတွေကို အခြေခံပြီးပဲ ရေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးတွေ လိုအပ်နေတာ၊ လိုချင်နေတာ ဘာလဲ သိပ်မစဉ်းစားပါနဲ့။ ကိုယ် ကလေးဘဝတုန်းက လိုအပ်ခဲ့တာ၊ လိုချင်ခဲ့တာတွေပဲ သူတို့လည်း လိုနေတာ ဖြစ်ပါတယ်။ သိပ်ကိုမှ ရိုးရှင်းလွန်းပါတယ်။ လွယ်တာကို ခက်အောင်လုပ်နေကြလို့သာ ခက်ကုန်တာပါ။

📌 တကယ်တော့ ဒီပြဿနာတွေက ဈေးကွက်စီးပွားရေးရဲ့ ပုံသွင်းမှုတွေနဲ့လည်း ဆိုင်ပါတယ်။ ဒီဖုန်းမှ မကိုင်ရင် ကိုယ့်အနေနဲ့ ဘာအလုပ်မှ လုပ်မရတော့သလိုလို၊ လူတောမတိုးတော့သလိုလို ကြော်ငြာနေတော့ ကိုယ့်အနေနဲ့ မဖြစ်မနေ ဝယ်ရမယ် ထင်လာသလိုပဲ။ ဒီကျောင်းတွေမှ မထားရင် မိဘတာဝန် မကျေတော့သလိုတွေ ဖြစ်လာတယ်။ ဒါကြောင့် ကြော်ငြာတွေနောက်ကို သိပ်မလိုက်မိကြဖို့လည်း သတိပေးချင်ပါတယ်။

အလှမ်းကျယ် အလယ်လတ် ဖြစ်သွားမှာလည်း စိုးတယ်။ သဘောက ကောင်းပေ့ညွှန့်ပေ့ ဆိုတဲ့ ကျောင်းတွေထား။ ငယ်ငယ်ကလေးနဲ့ Left Brain, Right Brain တွေ လေ့ကျင့်ပေး။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပေးဖို့ ပျက်ကွက်နေလည်း အလကားပဲလို့ မြင်တယ်။ ဒါကြောင့် တတ်နိုင်တဲ့ မိဘများအနေနဲ့ အဲဒီအချက်ကို သတိထားပေးပါ။

အကြောင်းကြောင်းကြောင့် အဲဒီလိုတွေ လုပ်မပေးနိုင်ခဲ့ရင်လည်း ခုဆောင်းပါးမှာ ရေးထားတဲ့ အခြေခံအချက်ကလေးတွေ လုပ်ပေးရင်ပဲ အများကြီး အကျိုးရှိတယ် ဆိုတာ သိစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၁.၂၀၂၄

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ကျွန်တော်တို့PyoneKabar Baby Store မိသားစုမှ ဆုမွန်ကောင်းတောင်း...
01/01/2024

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ကျွန်တော်တို့
PyoneKabar Baby Store မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏🙏

အနာဂတ်ရဲ့သားကောင်း၊သမီးကောင်းလေးများအတွက် လိုအပ်ချက်များကို မိမိတို့အနေဖြင့်
တတ်နိူင်သမျှအင်အားလေးများနှင့်ကူညီ ပံ့ပိုး
ပေးခဲ့သည်ကို မုဒိတာပွါးနိူင်ရန် ဝေမျှပေးလိုက်
ရပါသည်။
နတ်လူသာဓု ခေါ်စေသော်

သင့်ကလေး၏ လိုအပ်ချက်များကို
အကောင်းဆုံးဖြည့်ဆည်းဖို့ နှင့်
အကောင်းဆုံးများရရှိရန်
အမြဲတစေ ပြောင်းလဲနေသော
လူ့အဖွဲ့အစည်းအတွင်း
အကောင်းဆုံးဝန်ဆောင်မှုများအား
PyoneKabar Baby Store တွင် ရှာဖွေပါ။


06/07/2023

မွေးကင်းစ နဲ့ ပတ်သက်သော posts များကို စုစည်းပေးထားပါတယ်။

ဤ post ကို save လုပ်ထားခြင်းဖြင့် မိဘများ ဖတ်လိုချိန် ဖတ်လို့ရပါတယ်။ မွေးကင်းစနဲ့ ပတ်သက်လို့ ထပ်ရေးမယ့် အကြောင်းများကို ဤ post မှာ ထပ်မံ ဖြည့်ပေးပါမယ်။

Link ဖတ်မရသော မိဘများက ဖတ်ခွင့်ရသော မိဘများကို အကူအညီတောင်းပါ။ ဖတ်ခွင့်ကြုံတဲ့ မိဘများက အခြားမိဘများကို ကူညီပြီး အသိပညာဖြန့်ဝေပေးကြပါ။

#နေနေမိုးဆွေ (Child Health Myanmar)

(၁)ကျွန်မကလေး နို့အန်တာကြာပြီ စိုးရိမ်ရလား

https://www.facebook.com/childhealthmyanmar/posts/1292351187489979:0

(၂)ချက်ကြွေခြင်း

https://www.facebook.com/childhealthmyanmar/posts/1302194213172343:0

(၃) ကလေးချက်ကြွေပြီး အသားတက်လွန်းခြင်း

https://www.facebook.com/childhealthmyanmar/posts/1303310643060700:0

(၄) အသားဝါတိုင်း ရောဂါမဟုတ်

https://www.facebook.com/childhealthmyanmar/posts/1309499922441772:0

(၅)*နို့စို့ကလေး လေထုတ်နည်း

https://www.facebook.com/childhealthmyanmar/posts/1311756462216118:0

(၆) မေမေ့နို့ လှိုင်ရဲ့လား

https://www.facebook.com/childhealthmyanmar/posts/1312502832141481:0

(၇) သိပ္ပံနည်းကျ မိခင်နို့ ထွက်နည်းများ

https://www.facebook.com/childhealthmyanmar/posts/1313569535368144:0

မိခင်နို့ သိမ်းဆည်းနည်း
https://www.facebook.com/childhealthmyanmar/posts/1318966144828483:0

(၈) မွေးကင်းစ မျက်နှာ သန့်ရှင်းရေး

https://www.facebook.com/childhealthmyanmar/posts/1315453378513093:0

(၉) ကလေး မွေးကင်းစ ရေချိုးနည်း

https://www.facebook.com/childhealthmyanmar/posts/1286342031424228

(၁၀) ကလေး အနှီးပတ်နည်း

https://www.facebook.com/childhealthmyanmar/posts/1155301274528305

(၁၁) ၆ လအောက် ကလေးရေမတိုက်သင့်

https://www.facebook.com/childhealthmyanmar/posts/1304192476305850:0

(၁၂) ကလေး ဖြည့်စွက်စာ အခြေခံ

https://www.facebook.com/childhealthmyanmar/posts/1305775222814242:0

(၁၃) ငယ်ထိပ်အကြောင်း သိကောင်းစရာ

https://www.facebook.com/childhealthmyanmar/posts/1312790365446061:0

(၁၄) မွေးစကလေး ခေါင်းရိတ်မလား

https://www.facebook.com/childhealthmyanmar/posts/1313770132014751:0

(၁၅) နို့စို့ကလေး ခေါင်းစောင်းနေခြင်း

https://www.facebook.com/childhealthmyanmar/posts/1301246159933815

(၁၆) အနှိပ်ခံချင်သောနို့စို့ကလေး

https://www.facebook.com/childhealthmyanmar/posts/1271632949561803

(၁၇) နို့စို့ကလေး ကျို့ထိုးသော်
https://www.facebook.com/childhealthmyanmar/posts/1311199385605159:0

(၁၈) ကျွန်မကလေး လန့်လန့်နေလို့
https://www.facebook.com/childhealthmyanmar/posts/1318908238167607:0

(၁၉) ကလေးရှူးရှူး ဘယ်လောက်ပေါက်သလဲ
https://www.facebook.com/childhealthmyanmar/posts/1318078214917276:0

(၂၀) သားသားမီးမီး နားရွက်ကိုင်တဲ့အခါ
https://www.facebook.com/childhealthmyanmar/posts/1339210809470683:0

(၂၁) ငိုလွန်းသောကလေး ချော့နည်းတစ်မျိုး
https://www.facebook.com/childhealthmyanmar/posts/1339154472809650

(၂၂) ကလေး လက်မစုပ်ခြင်း
ကလေး လက်မစုပ်ခြင်း (၁)&(၂)
https://www.facebook.com/childhealthmyanmar/posts/1322050867853344

https://www.facebook.com/childhealthmyanmar/posts/1310453445679753:0

(၂၃) နို့တိုက်ကလေး ခေါင်းချွေးနှင့် ကျောပူခေါင်းပူ
https://www.facebook.com/childhealthmyanmar/posts/1330490017009429:0

(၂၄) လွတ်လပ်ရေးမရှိတဲ့ လျှာကလေး
https://www.facebook.com/childhealthmyanmar/posts/1324687504256347:0

(၂၅) ကလေးလျှာထုတ်ခြင်း
https://www.facebook.com/childhealthmyanmar/posts/1321671274557970

(၂၆) ကျွန်မကလေး မျက်ရည်တစ်ဖက် ကျနေလို

https://www.facebook.com/childhealthmyanmar/photos/a.1150150511710048.1073741828.1147173735341059/1314225465302551/?type=3

(၂၇) အမေဆိုးမဟုတ်၊ ရောဂါဆိုးကြီးသာ

https://www.facebook.com/childhealthmyanmar/posts/1341795169212247:0

Post ရေးသူ ဆရာဝန်များရဲ့ အမည်များကို Post အသီးသီးမှာ တွေ့နိုင်ပါတယ်။ #
#ကလေးအကြောင်းသိမှတ်ဖွယ်ရာ

သင့်ကလေး၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းဖို့ နှင့်အကောင်းဆုံးများရရှိရန် အမြဲတစေ ပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွ...
01/01/2023

သင့်ကလေး၏ လိုအပ်ချက်များကို
အကောင်းဆုံးဖြည့်ဆည်းဖို့ နှင့်
အကောင်းဆုံးများရရှိရန်
အမြဲတစေ ပြောင်းလဲနေသော
လူ့အဖွဲ့အစည်းအတွင်း
အကောင်းဆုံးဝန်ဆောင်မှုများအား
PyoneKabar Baby Store တွင် ရှာဖွေပါ။

Address

Yangon

Telephone

+959969951832

Website

Alerts

Be the first to know and let us send you an email when Pyone Kabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyone Kabar:

Share