ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion

  • Home
  • Myanmar
  • Yangon
  • ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion

ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion အဝတ်အစား ဒီဇိုင်းမျိုးစုံ ချုပ်လုပ်ပေးပါတယ်
ဒီဇိုင်နာသင်တန်းများကိုလည်း သင်ကြားပေးပါတယ်

ဘယ်စက်ချုပ်သင်တန်းဘဲ တက်တက်... ဘယ်ဒီဇိုင်နာသင်တန်းဘဲ တက်တက်... ဘာမှ မတက်ဘူးဆို ဒီထဲက အချက်တွေနဲ့ တစ်ခုခုငြိနေလို့ပါ... ထ...
14/09/2025

ဘယ်စက်ချုပ်သင်တန်းဘဲ တက်တက်... ဘယ်ဒီဇိုင်နာသင်တန်းဘဲ တက်တက်... ဘာမှ မတက်ဘူးဆို ဒီထဲက အချက်တွေနဲ့ တစ်ခုခုငြိနေလို့ပါ... ထပ်ခါထပ်ခါဖတ်ပေးပါ... သေသေချာချာ ဖတ်ပေးပါ...

ဒီဇိုင်နာသင်တန်းအများကြီးတက်ခဲ့ပေမယ့်
ပညာမတတ်မြောက်ရတဲ့အကြောင်းရင်းများ

၁/ပညာတန်ဖိုးမထားရင် မတတ်ဘူး
၂/သင်ဆရာကို မလေးစားရင် မတတ်ဘူး
၃/ကိုယ်သိကိုယ်တတ်ဆိုရင် မတတ်ဘူး
၄/ပညာလောဘကြီးလွန်းရင် မတတ်ဘူး
၅/ပညာအလကားလိုချင်ရင် မတတ်ဘူး
၆/ပညာသင်ချိန်ကို အချိန်မပေးရင် မတတ်ဘူး
၇/အာရုံစူးစိုက်မှုမရှိရင် မတတ်ဘူး
၈/ဆင်ခြေများရင် မတတ်ဘူး
၉/လေ့ကျင့်မှုမရှိရင် မတတ်ဘူး
၁၀/လက်တွေ့အသုံးမပြုရင် မတတ်ဘူး
၁၁/ကိုယ်ပိုင်လေ့လာခြင်းထပ်မလုပ်ရင် မတတ်ဘူး
၁၃/သင်ခန်းစာပြန်လည်မသုံးသပ်ရင် မတတ်ဘူး
၁၄/အချင်းချင်းဝေမျှချင်စိတ်မရှိရင် မတတ်ဘူး

crd to ဆရာ

🌸 အင်္ကျီချုပ်ပြီးရင် ဘာကြောင့် Fitting ပြန်ချဖို့ လိုတာလဲ? 🌸🧵 ✍ ဘယ်လောက်တော်တဲ့ ဒီဇိုင်နာဖြစ်ဖြစ် ချုပ်ပြီးနောက် Fittin...
31/08/2025

🌸 အင်္ကျီချုပ်ပြီးရင် ဘာကြောင့် Fitting ပြန်ချဖို့ လိုတာလဲ? 🌸

🧵 ✍ ဘယ်လောက်တော်တဲ့ ဒီဇိုင်နာဖြစ်ဖြစ် ချုပ်ပြီးနောက် Fitting ပြန်ချရတာ သဘာဝပဲ



✅ Fit မဖြစ်သည့်အကြောင်းများ

1️⃣ ကိုယ်အလေးချိန် ပြောင်းလဲမှု
• တိုင်းယူချိန်မှာ ပိန် → အင်္ကျီချုပ်ပြီးနောက် ဝလာ
👉 ဒီလိုဖြစ်လို့ Fitting ပြန်ချဖို့ လိုတတ်တယ်

2️⃣ ပိတ်စအကျိုးသက်ရောက်မှု
• မီးကြွေကိုင်ရင် ကျုံ့သွားတတ်ခြင်း
• မီးပူမတည့်တဲ့ အစတွေကြောင့် အတိုင်းမတိကျနိုင်ခြင်း
👉 ပြန်ပြင်ဖို့ လိုအပ်

3️⃣ အဆင့်တိုင်းမှာ အမှားဖြစ်နိုင်ခြင်း
• တိုင်းယူသူ မှားရင်လဲ မှားတာပဲ
• Pattern ဆွဲသူ မှား ရင်လဲ မှားတာပဲ
• ချုပ်သူ မှား ရင်လဲ မှားတာပဲ
👉 နောက်ဆုံးမှာတော့ Fitting ပြန်ချဖို့ လိုလာတတ်တယ်



✨ အဓိကက Fitting ပြန်လုပ်ရတာဟာ “ချုပ်သူ အသုံးမကျ” ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါ

❌ “ကွတ်တိမရရင် အသုံးမကျ” လို့ မထင်သင့်
⭕ “ကွက်တိရရင်တော့ တော်” လို့ မဆိုသင့်

🌍 ကမ္ဘာကျော် ဒီဇိုင်နာတွေလည်း ချုပ်ပြီးနောက် အမြဲ Fitting ပြန်ချကြတယ်



📌 ဒီသဘောတရားကို သိထားမယ်ဆိုရင် ✨ ချုပ်သူတိုင်းအတွက် အလုပ်ပိုလွယ်ပြီး ပိုမိုတိကျသေချာလာမယ် 🧡

Credit to original writer ❤️❤️❤️

🪡🧵စက်ချုပ်သမားတိုင်းက လိမ်ဖူးကြတာပဲ့ (မုသား)ပြောဆိုတာကိုဆိုလိုတာပါ☺️Customer က အင်္ကျီပြီနေပြီလားလို့ဖုန်းဆက်လာရင်ဟုတ်ကဲ...
28/07/2025

🪡🧵စက်ချုပ်သမားတိုင်းက လိမ်ဖူးကြတာပဲ့ (မုသား)ပြောဆိုတာကိုဆိုလိုတာပါ☺️
Customer က အင်္ကျီပြီနေပြီလားလို့ဖုန်းဆက်လာရင်
ဟုတ်ကဲ့ ချုပ်နေပြီနော် ဘယ်နေဘယ်အချိန်ဆို လာယူလို့ရပြီ ဘာညာ အဲလို အဲလို မုသား သုံးမိကြတာ...😁
တကယ်တော့...
သူ့ပိတ်စက ဘယ်‌နားထားမိမှန်းမသိ
ခေါင်းမီးတောက်အောင်ရှာဖွေရဦးမှာ ..😂
ပြောချင်တာက. ... စက်ချုပ်သမားတွေက(အများအားဖြင့်) အကုသိုလ်ပိုကင်းကြမယ်ထင်တယ် မဆိုစလောက်မုသားသုံးမိတာကလွဲရင် ငါးပါးသီလ လုံကြတယ် ..
မနက်အိပ်ရာထ လို့ လုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးစက်ခုံပေါ်ထိုင်လိုက်တာနဲ့ သူတို့မှာ Customer ကို ဘယ်လိုလှအောင်ဖန်တီးချုပ်လုပ်ပေးရမလဲဆိုတာစဉ်းစားရင်း ချုပ်ရင်းနဲ့တစ်နေ့ကုန်သွားကြတာများတယ်...
သူတစ်ပါးတိုက်ခိုက်ဖို့ ဒေါသထွက်ဖို့ လိမ်ညာဖို့ ဒါတွေလဲလုပ်နေဖို့ အချိန်မရှိကြဘူး..သူတို့ရဲ့ စိတ်ထဲမှာ ငါဘယ်နေ့ကျ ဘယ်သူပေးရမယ် ဘယ်လိုချုပ်ရမယ် ဘယ်လိုဖန်တီးရမယ် ဒါတွေပဲ့ အတွေးများကြတာပါ ..
မယုံရင်လူကြားထဲသွားကြည့် စက်ချုပ်သမားတွေက အရောင်ပိုထွက်တယ် မျက်နှာကြည်လင်ကြတယ်
ဘာလို့ဆို ...
သူတစ်ပါးကိုလှအောင်ဖန်တီးပေးတဲ့ကုသိုလ်တရားကြောင့် ဆိုလဲမမှားဘူးလေ...

စက်ချုပ်တယ်ဆိုတာ သူများတွေအမြင်မှာ ပိတ်စဖိုးက သက်သာတယ် ချုပ်ခက ဈေးကြီးတယ်လို့ ထင်ကြတယ်အိမ်ထဲမှာ အေးဆေးထိုင်ချုပ်ယုံဘဲတဲ့...
13/05/2025

စက်ချုပ်တယ်ဆိုတာ သူများတွေအမြင်မှာ ပိတ်စဖိုးက သက်သာတယ် ချုပ်ခက ဈေးကြီးတယ်လို့ ထင်ကြတယ်
အိမ်ထဲမှာ အေးဆေးထိုင်ချုပ်ယုံဘဲတဲ့
ဝင်ငွေကောင်းတယ် နေအပူမခံရဘူး

တကယ်တမ်းတော့ အဲ့စကားတွေနဲ့ တခြားစီလောက်အောင် လူရော စိတ်ရော အရမ်းပင်ပန်းရပါတယ်

အင်္ကျီတထည်ဖြစ်အောင် ဝတ်မယ့်သူနဲ့ လိုက်ဖက်တဲ့ ပုံစံ၊ pattern စဉ်းစားရ၊ ညှပ်ရ ၊ ချုပ်ရ
အဆင့်ဆင့် ပြန်ချုပ်ရပါတယ်

ချုပ်တဲ့ထဲ ပစ္စည်းအတိုအထွာ အလှအပ ပစ္စည်းတွေလဲ သွားဝယ်ရသေး အင်္ကျီတထည်ဖြစ်လာတော့လဲ အပ်သူ စိတ်ချမ်းသာအောင် သေချာ fitting ချပေးရတယ်

ရတဲ့ ချုပ်ခထဲ အတိုအထွာဝယ်ခ ၊ အလှအပပစ္စည်းတွေ ဝယ်ခတွေဖယ်လိုက်ရင် ချုပ်ခက အနဲအကျဉ်းဘဲ ကျန်ပါတော့တယ်

တချို့ ဂျီများတဲ့ အပ်သူတွေဆိုရင် အင်္ကျီတထည်အပ် 10ပုံလောက် ပြောင်းသူ၊ ဘယ်အင်္ကျီက ကိုယ်ထည်၊ ဘယ်အင်္ကျီကတော့ လက်ပုံစံယူမယ် ၊ ဘယ်အင်္ကျီလို ခါးဆက်လေးယူမယ် မျိုးစုံနေအောင် အပ်သူနဲ့တွေ့ရင် ခေါင်းတွေ ထူးပူပြီး စိတ်ပင်ပန်းရသေးပါတယ်

ဒီလောက် စိတ်လဲပင်ပန်း လူလဲပင်ပန်းတာ ဘာလို့ ချုပ်နေလဲမေးရင် ဝါသနာနဲ့ ရပ်တည်တယ် အသက်မွေးဝမ်းကျောင်းအလုပ်လေးတခုမို့
ရပ်တည်နေတယ် အဖြေက ဒါလေးပါဘဲ

ချုပ်လိုက်ရတဲ့ အထည့် ကျန်သလားလို့မေးရင်
ခါးနာကျန်တယ် ဒူနာကျန်တယ် မျက်စိမှုံကျန်တယ်
နောက်တခုက ဗိုက်ပူဒါတော့ အမြတ်ပေါ့ ဗျာ😁😁

Credit

စက်သမား‌များ ဂျီးများတဲ့ customer နဲတွေ့တဲ့အခါ
03/05/2025

စက်သမား‌များ ဂျီးများတဲ့ customer နဲတွေ့တဲ့အခါ

ဘယ်လိုဒီဇိုင်းမျိုးပဲဖြစ်ဖြစ်သင်ပေးသည် ချုပ်ပေးသည်Desinge by Shun Lae Pwint Fashion
17/03/2025

ဘယ်လိုဒီဇိုင်းမျိုးပဲဖြစ်ဖြစ်
သင်ပေးသည် ချုပ်ပေးသည်

Desinge by Shun Lae Pwint Fashion

တကယ်ပါ😁
13/01/2025

တကယ်ပါ😁

ကိုယ်ချုပ်တဲ့ ချုပ်ပုံလေးတွေကိုတစ်ခါမှဓာတ်ပုံမရိုက်ဖြစ်ဘူး ဒီတစ်ခါတော့ မီးပြတ်နေတဲ့အချိန်လေး အပြေးအလွှား အမိအရရိုက်ဖြစ်တ...
12/01/2025

ကိုယ်ချုပ်တဲ့ ချုပ်ပုံလေးတွေကိုတစ်ခါမှ
ဓာတ်ပုံမရိုက်ဖြစ်ဘူး ဒီတစ်ခါတော့
မီးပြတ်နေတဲ့အချိန်လေး အပြေးအလွှား အမိအရ
ရိုက်ဖြစ်တာလေးတွေပေါ့ တစ်ပုံမှ Edit မလုပ်ဖြစ်ပဲ
ဒီအတိုင်လေးတင်လိုက်တာ

ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion

ကိုယ်တိုင်ချုပ်ဝတ်ထားသောသင်တန်းသူလေးတွေရဲ့လက်ယာလေး‌တွေချစ်စရာကောင်းနေလို့၊💃💃❤️❣️❤️ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion
11/01/2025

ကိုယ်တိုင်ချုပ်ဝတ်ထားသော
သင်တန်းသူလေးတွေရဲ့လက်ယာလေး‌တွေ
ချစ်စရာကောင်းနေလို့၊💃💃❤️❣️❤️

ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion

ကျမရဲ့ချစ်သောလေးအတွက်💃💃💃❤️❣️❤️ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion
11/01/2025

ကျမရဲ့ချစ်သောလေးအတွက်💃💃💃
❤️❣️❤️
ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion

ချစ်သောကာကာလေးကိုချုပ်ပေးဖြစ်တာလေးပေါ့❤️❣️❣️❤️
11/01/2025

ချစ်သောကာကာလေးကိုချုပ်ပေးဖြစ်တာလေးပေါ့
❤️❣️❣️❤️

ချည်ပွန်နဲ့ရှမ်းခံပိတ်စ ချုပ်ပုံလေးတွေ,,,,,,,,
03/01/2025

ချည်ပွန်နဲ့ရှမ်းခံပိတ်စ ချုပ်ပုံလေးတွေ,,,,,,,,

Address

အမှတ်(58)၊၁၄လမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့
Yangon
11048

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959250155064

Alerts

Be the first to know and let us send you an email when ရွှန်းလဲ့ပွင့် Shun Lae Pwint Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share