22/03/2023
Hello 👋
This is Plus Thrift new IG page, brought to you by Flora, who is a plus-size woman for life who understands different body types, different measurements, different brands and cutting for ladies in different sizes. She is also a believer of fashion doesn't need to be costly and style comes from individual perception of who they are. She is also a lover of green lifestyle who is vegan 🌱, practise ♻️ reduce, reuse, recycle and great with thrifting. So, she came up with this Plus Thrift brand and service which she wants to present her hand-picked collection from Bangkok to Myanmar.
မဂ်လာပါရှင်။
ဒီ Plus Thrift IG စာမျက်နှာအသစ်လေးက ဖလော်ရာ ဆိုတဲ့ အမျိုးသမီး၊ သူကိုယ်တိုင် plus-size အဖြစ် ဘဝတစ်ခုလုံး နေထိုင်လာရသူ၊ အမျိုးသမီး အမျိုးမျိုးရဲ့ ကိုယ်လုံးအရွယ်အစား အမျိုးမျိုးကို နားလည်သဘောပေါက်သူ တစ်ဦးက တင်ဆက်လာခြင်းဖြစ်ပါတယ်။ သူက ဖက်ရှင်အတွက် ငွေကုန်ကျေးကျများစရာမလိုသလို မိမိရဲ့ ကိုယ်ပိုင်စတိုင် ဆိုတာ မိမိရဲ့ မိမိကိုယ်ကို နားလည်သဘောပေါက်ခြင်း မိမိရဲ့ ဖြစ်တည်မှုကို လွတ်လပ်စွာ ထုတ်ဖော်ခံစားခြင်းလို့ ယူဆသူလည်း ဖြစ်ပါတယ်ရှင်။ သူက ပတ်ဝန်းကျင်စောင့်ရှောက်ခြင်းကို အလေ့အကျင့်လုပ်သူ၊ သားသတ်လွတ်စားသူ၊ အသုံးပြုခြင်း လျှော့နည်းခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ဆင့်ကမ်းအသုံးပြုခြင်းများကို လေ့ကျင့်သူ၊ လက်ဆင့်ကမ်း အသုံးပြုခြင်း ဈေးဝယ်ရှာယူခြင်း ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Plus Thrift ကို ဘန်ကောက်မှ သူကိုယ်တိုင် ရှာဖွေ စုဆောင်းပြီး တင်ဆက်မယ့် Thrift Collection လေးအဖြစ် စီစဉ်လိုက်ပါတယ်။ အားပေးကြပါနော်။ ကျေးဇူးတင်ပါတယ်ရှင်။