ShweYoke-ဘေထုပ် OnlineShop

ShweYoke-ဘေထုပ် OnlineShop ဖက်ရှင်ချစ်သူများဆုံဆည်းရာ

03/01/2025

လက်ဆောင်လေးပေးချင်တယ်
Pageအသစ်လေးမို့Like and Fllowလေးလုပ်ပေးပါအုံးရှင့်းးးးးး

03/01/2025

ကလေးနှာရည်ယို၊နှာပိတ်နေလျှင်

ဆောင်းတွင်းမှာ နှာရည်ယို၊နှာပိတ်တာတွေ ကလေးလူကြီးမရွေးဖြစ်တတ်ပါတယ်။ တုပ်ကွေးကြောင့်မဟုတ်ဘဲလည်း ရာသီဥတုအကူးအပြောင်းကြောင့်လည်းဖြစ်နိုင်တာမျိုးပါ။ ထိပ်ကပ်နာရောဂါအခံရှိသူတွေဆို ပိုဖြစ်လွယ်ပါတယ်။

ဒါကြောင့် နှာစေး၊ နှာပိတ်တဲ့အခါ ဆောင်ရန်၊ရှောင်ရန် အချက်များကို ဖော်ပြပေးချင်ပါတယ်။

▪️အဲကွန်းဖွင့်ပြီးအိပ်ရင် အခန်းတွင်းမှာ Humidifier ထားသင့်ပါတယ်။ လေထုစိုထိုင်းဆညီမျှအောင်ပါ။
ဦးခေါင်းကို ခေါင်းစွပ်အပါးလေးတွေစွပ်ထားတာမျိုး ၊ အနွေးထည်ပါးပါးလေးတစ်ထည်တော့ ဝတ်အိပ်တာမျိုး ပြုလုပ်သင့်ပါတယ်။
▪️သောက်ဆေးတွေကိုရွေးချယ်တဲ့အခါမှာသတိပြုရမယ့်အချက်တွေရှိပါတယ်။ နှာစေးတဲ့အခါ ၊ ခေါင်းကိုက်တဲ့အခါမှာ လူနာတွေဟာ ရောဂါလက္ခဏာသက်သာစေတဲ့ဆေးတွေကို မိမိဘာသာဝယ်သောက်လေ့ရှိကြပါတယ်။

လူကြီးများအတွက်
••••••••••••••••••

ဥပမာ - Paracetamol ၊ Ibuprofen ၊ Cetrizine စတဲ့ဆေးတွေရှိပါတယ်။

ဖျားနာပြီး နှာစေးတဲ့အခါ

✔️Paracetamol 500 mg ကို ၈နာရီခြား
✔️နှာရည်ယိုရင် Cetrizine 10mg မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်

✔️Chlorpheniramine 4mg မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်
✔️Vitamin C နဲ့ Zinc ပါသော အားဆေး တစ်နေ့တစ်လုံး သောက်လို့ရပါတယ်။ ဒါတွေက ဆရာဝန်ညွှန်ကြားချက်မပါဘဲ အညွှန်းအတိုင်းသောက်လို့ရတဲ့ OTC ဆေးတွေဖြစ်ပါတယ်။

❗ဒါ့အပြင် နှာပွင့်စေတဲ့ ဖြန်းဆေးတွေကိုလည်း OTC ဆေးအနေနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ ဒီဖြန်းဆေးတွေကိုတော့ ရေရှည်မသုံးသင့်ပါဘူး။ 0.05% oxymetazoline ပါတဲ့ နှာခေါင်းဖြန်းဆေးတွေကို တစ်နေ့ကို ၂ကြိမ်နဲ့ အများဆုံး ၃ရက်မှ ၅ရက်အထိသာသုံးသင့်ပါတယ်။ ❗

▪️နှာခေါင်းအလွန်ပိတ်တဲ့အခါ Physiodose လိုအစက်ချ saline ကို နှာခေါင်းပေါက်တစ်ဖက်ကို ၁/၂စက်စီထည့်ပေးတာက ပိုပြီးဘေးကင်းပါတယ်။
▪️နောက်တစ်ချက်က ရေဓာတ်ပြည့်ဝအောင်နေဖို့ပါ။ ရေနွေးကြမ်းနွေးနွေးလေးတွေသောက်လို့ရပါတယ်။ ရေနွေးသောက်တာဟာ နှာခေါင်းပိတ်တာကိုသက်သာစေပါတယ်။
▪️ဖျားနာနေသူဟာရေများများသောက်ဖို့လိုပါတယ်။ တစ်နေ့ကိုရေ ၂-၃လီတာသောက်ပါ။
▪️ရေခဲမထည့်ထားတဲ့ လတ်ဆတ်တဲ့အသီးဖျော်ရည်လေးတွေသောက်နိုင်ပါတယ်။
▪️နှာခေါင်းတွေပိတ်ပြီး နေရထိုင်ရခက်လာရင် ရေနွေးဖတ်လေးကို နှာရိုး၊ နဖူးတစ်လျှောက် ကပ်ပေးထားလို့ရပါတယ်။ Moist heat ဟာ ပိတ်ဆို့နေတဲ့ လမ်းကြောင်းတွေကို ပွင့်စေပါတယ်။
▪️မျက်နှာသုတ်ပုဝါအသေးတစ်ထည်ကို ရေနွေးစိမ်ပြီး ရေစင်အောင်ပြန်ညှစ်ပါ။ မျက်နှာပေါ်ကိုအုပ်ထားပြီး အဝတ်ကတစ်ဆင့်ရေနွေးငွေ့ထွက်လာတဲ့လေတွေကိုရှူသွင်းပါ။ ဝေဒနာသက်သာစေပါတယ်။ ရေနွေးနွေးနဲ့ရေချိုးခြင်းကလည်း နှာခေါင်းထဲက အချွဲတွေထွက်စေပါတယ်။
▪️Steamer အသုံးပြုနိုင်ပါတယ်။ သန့်စင်တဲ့ရေကိုထည့်ပြီး ထွက်လာတဲ့ ရေငွေ့ဟာ နှာစေးနှာပိတ်သမားများအတွက် ဝေဒနာသက်သာပါတယ်။ ဒါပေမယ့် စက်ကို တစ်ပတ်တစ်ခါသေချာသန့်ရှင်းရေးလုပ်ပေးရပါတယ်။ ရှာလကာရှည်နဲ့ စက်ကိုဆေးကြောပါ။ ဘတ်တီးရီးယားနဲ့ မှိုတွေကိုသေစေပါတယ်။
စက်မရှိရင် ရေနွေးပူပူကို ဇလုံထဲထည့်ပြီး ထွက်လာတဲ့အငွေ့ကို အားပါးတရရှူရှိုက်ပေးပါ။

❌ဆေးလိပ်ငွေ့ကိုလုံးဝရှောင်ရပါမယ်။

❌ရေများများသောက်ဖို့လိုတယ်ဆိုပေမယ့် ဘီယာ၊ အရက်၊ cocktail စတာတွေမသောက်ရပါဘူး။ ဒီ alcohol ပါတဲ့အရည်တွေဟာ sinus တွေကိုပိုရောင်ရမ်းစေပြီး ရောဂါလက္ခဏာတွေပိုဆိုးစေပါတယ်။

ကလေးတွေနှာစေး၊နှာပိတ်ရင်တော့
••••••••••••••••••••••••••••••••••
▪️၃လအောက်ကလေးဆိုရင်ဆေးခန်းပြရပါမယ်။
▪️နို့မစို့ခင်မှာ Physiodose ( saline ) အစက်ချဆေးကို နှာခေါင်းပေါက်တစ်ဖက်စီကို တစ်စက်စီချပေးပါ။
▪️နှာခေါင်းထဲက အချွဲတွေကို နှပ်သန့်စင်တဲ့ကိရိယာနဲ့ ဖယ်ရှားစုပ်ထုပ်ပေးပါ။ ဂွမ်းတုတ်​တွေမသုံးရပါ။
ကလေးနှာခေါင်းအတွင်းပိုင်းအထိ အတင်းထိုးမထည့်ရပါ။
▪️အဲကွန်းခန်းနဲ့ပဲအမြဲထားရင် အခန်းထဲမှာ Humidifier ထားပါ
▪️ပြီးတော့ ကလေးလေးတွေ (အထူးသဖြင့် လသားအရွယ်)တွေကို အမြဲနွေးထွေးအောင်ထားပါ။ ညအိပ်ရင် ခေါင်းစွပ်လေးဝတ်ပေးပါ
▪️ပြီးတော့ ကလေးလေးကို အာဟာရပြည့်အောင် နို့များများတိုက်ပါ။ ခြောက်လအထက်ဆို အစားသေချာကျွေးပါ။

ဒီအချက်တွေကတော့ လတ်တလော နှာစေး၊နှာပိတ်ဖြစ်နေသူတွေအတွ​က် ဆောင်ရန်၊ရှောင်ရန်အချက်တွေပဲဖြစ်ပါတယ်ရှင်။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

Address

No111thudathanathudathana(2)
Yangon

Website

Alerts

Be the first to know and let us send you an email when ShweYoke-ဘေထုပ် OnlineShop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share