23/06/2026
✨ “တီချယ်ရေ… သမီးကနယ်ကမို့ အချိန်မရလို့ အမြန်သင်ပေးလို့ရမလား?” ဆိုပြီး အများကြီးလာမေးကြတယ်။
အဖြေကတော့ မရပါဘူး။
အခုခေတ် စက်ချုပ်ပညာဆိုတာ ဒီဇိုင်းမျိုးစုံ ချုပ်တတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။
Pattern Magic, Moulage Technique, Moulage Corset, Coat & Pants Construction, Wedding Dress Construction စတဲ့ ဘာသာရပ်တွေက တဘာသာချင်းစီ စျေးကြီးပေးပြီး သီးသန့်သင်တန်းတက်ရတဲ့ အဆင့်မြင့်နည်းပညာတွေပါ။
ကျွန်မရဲ့ သင်ရိုးထဲမှာ ဒီဘာသာရပ်တွေကို အခြေခံကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ ထည့်သွင်းသင်ကြားပေးထားတာကြောင့် အချိန်တိုအတွင်း အမြန်ပြီးစီးအောင် ဘယ်လိုမှ သင်ပေးလို့ မရနိုင်ပါဘူး။
ဒီလို အဆင့်မြင့်နည်းပညာတွေကို ပတ်တန်ဆွဲနည်း သင်ရုံနဲ့လည်း မတတ်မြောက်နိုင်ပါဘူး။
အထည်ပေါ်မှာ ကိုယ်တိုင်လုပ်ရတယ်။
အမှားလုပ်ရတယ်။
ပြန်ပြင်ရတယ်။
ထပ်ခါထပ်ခါ လေ့ကျင့်ရတယ်။
အဲဒီလို လက်တွေ့ဖြတ်သန်းချုပ်လုပ်ပါမှ တကယ့်ပညာအနှစ်တွေ ရလာတာပါ။
ရိုးရိုးလေး စဉ်းစားကြည့်ပါ…
အချိန်တိုတိုနဲ့ ကျွမ်းကျင်နိုင်တဲ့ ပညာဆိုရင် ကျွန်မလည်း မြန်မြန်သင်ပေးချင်တာပေါ့။
အမြန်တတ်တာထက် မှန်မှန်ကန်ကန် တတ်မြောက်ဖို့က ပိုအရေးကြီးပါတယ်။ ❤️✨
ီဇိုင်နာသင်တန်း
#ရန်ကုန် #ဒီဇိုင်နာသင်တန်း
#မရမ်းကုန်းမြို့နယ် #သမိုင်း၂ရပ်ကွက်