30/10/2023
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးကျေးဇူးများ
🙏🙏🙏
ကထိန် လှူရကျိုး ရှစ်ပါးပြ လင်္ကာ
*သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ကြီးမား၊ တစ်ပါး ဘေးကင်း၊ ပေါက်ခြင်း ပဒေသာ၊ ပညာပြည့်ဝ၊ နိဗ္ဗာန်ရ၊ အဋ္ဌကထိန် လှူရကျိုး။
ကထိန်သင်္ကန်း လှူဒါန်းခြင်းကြောင့် (၁) သက်တမ်းကျော်လျက် အသက်ရှည်ခြင်း၊ (၂) ရွှေအဆင်းကဲ့သို့ လှပတင့်တယ် ရှု့ချင်စဖွယ်နှင့် ပြည့်စုံခြင်း၊ (၃) စည်းစိမ်ဥစ္စာ ရတနာတို့နှင့် ကြွယ်ဝပြည့်စုံခြင်း၊ (၄) ခွန်အား ဗလနှင့် ပြည့်စုံခြင်း၊ (၅) ရန်သူမျိုး ငါးပါးစသော ဘေးအန္တရာယ် အသွယ်သွယ်တို့ မကျရောက်ခြင်း၊ (၆) ပဒေသာပင် ပေါက်သကဲ့သို့ နှစ်သက်ဖွယ်ရာ ဝတ်စားတန်ဆာ ဥစ္စာရတနာတို့ကို လိုတိုင်းရနိုင်ခြင်း၊ (၇) အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံ ကြွယ်ဝခြင်း၊ (၈) တန်ခိုးအလျောက် ပေါ်ပေါက်လာသော ပရိက္ခရာကို ရ၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် နိဗ္ဗာန်ဝင်စံ ရခြင်း အကျိုးများ ရရှိနိုင်သည်။🙏🙏🙏
ကထိန်သင်္ကန်းများကို သစ္စာဖြူသင်္ကန်းတိုက်မှာ၀ယ်ယူအားပေးနိုင်ပါနယ်ရှင့်။
အမှတ်(10/A)၊ဘိုကလေးစျေးလမ်း၊ဗိုလ်တထောင်မြို့နယ်။
Ph:09752799567