Belle N Cindy

Belle N Cindy Belle & Cindy Quality Underwear & Lingerie Shop Quality and Affordable Underwear and Lingerie Brand in Myanmar

“ တင်ပါးအမျိုးအစား၅ခုထဲမှာသင့်တင်ပါးကဘယ်အမျိုးအစားလဲ ” တင်ပါးလို့ပြောလိုက်ရင်ကြီးတာနဲ့သေးတာ၂မျိုးပဲသိကြလေ့ရှိပါတယ်။တစ်ကယ...
19/03/2018

“ တင်ပါးအမျိုးအစား၅ခုထဲမှာသင့်တင်ပါးကဘယ်အမျိုးအစားလဲ ”

တင်ပါးလို့ပြောလိုက်ရင်ကြီးတာနဲ့သေးတာ၂မျိုးပဲသိကြလေ့ရှိပါတယ်။တစ်ကယ်တမ်းတော့တင်ပါးအမျိုးအစား၅မျိုးရှိပါတယ်။တင်ပါးကြီးမှလှတာမဟုတ်သလိုကြီးတိုင်းလည်းမလှပါဘူး။တင်ပါးပုံစံ အမျိုးအစားပေါ်ပဲမူတည်တာပါ။ဘယ်လိုတင်ပါးအမျိုးအစားကဘယ်လိုအတွင်းခံဘောင်းဘီတွေနဲ့ လိုက်ဖက်တယ်ဆိုတာလည်းဝေမျှပေးလိုက်ပါတယ်

🔻 လေးထောင့်

သင့်တင်ပါးဘေးဘက်ကလုံးဝန်းမှုမရှိပဲတင်ပါးအရိုးနဲ့ပေါင်အပြင်သားကတစ်တန်းထဲဖြစ်နေရင် သင့်တင်ပါးကလေးထောင့်အမျိုးအစားပါ။တင်ပါးဘေးဘက်မှာလုံးဝန်းပြီးထွက်မနေတဲ့အတွက် တင်ပါးကိုအသားဖြည့်ပေးတဲ့အတွင်းခံဘောင်းဘီမျိုးဝတ်ပေးရပါမယ်။ဘောက်ဆာအတိုစတိုင် အတွင်းခံတွေကကူညီပေးနိုင်ပါလိမ့်မယ်။တင်ပါးကိုအပေါ်ဘက်ကိုမြှင့်တင်ပေးနိုင်တဲ့အတွင်းခံ အမျိုးအစားကိုဝတ်ရင်တင်ပါးကိုလုံးဝန်းတဲ့ပုံပေါ်လာစေပါတယ်။

🔻 V shape

တင်ပါးကကျဉ်းမြောင်းပြီးပခုံးတွေကကျယ်နေမယ်ဆိုရင်သင့်တင်ပါးကV shape အမျိုးအစားပါ။ သင့်တင်ပါးနဲ့တင်ပဆုံရိုးကအတွင်းဘက်ကိုVလိုစောင်းဝင်နေပါလိမ့်မယ်။ဒီလိုတင်ပါးအမျိုးအစားရှိ သူတွေကတော့တင်ပါးအပြည့်ဖုံးတဲ့အတွင်းခံတွေဝတ်တာပိုသင့်တော်ပါတယ်။

🔻 A shape

တင်ပါးကအပေါ်ပိုင်းကကျဉ်းပြီးဘေးဘက်ကိုကားထွက်နေမယ်ဆိုရင်A-Shapeတင်ပါးရှိလို့ပေါ့။ ဒီလိုတင်ပါးအမျိုးအစားရှိသူတွေကခါးသိမ်လေ့ရှိပြီးဘီကီနီတို့Thongတို့ဝတ်လို့လိုက်ဖက်လေ့ရှိ ပါတယ်။တင်ပါးနောက်ဘက်တစ်ဝက်လောက်ဖုံးတဲ့အတွင်းခံ ဘောင်းဘီတွေနဲ့အရမ်းလိုက်ဖက်ပါတယ်။

🔻 လုံးဝန်း

လုံးဝန်းတဲ့တင်ပါးတွေကအမျိုးသမီးတိုင်းလိုချင်တဲ့တင်ပါးမျိုးပါ။ဂျနီဖာလိုပတ်စ်လိုတင်ပါးမျိုးပေါ့။ ဆိုဒ်ကြီးလာလေလှလာလေဆိုတဲ့တင်ပါးအမျိုးအစားပါ။ဒီတင်ပါးအမျိုးအစားကဘယ်လိုအတွင်းခံ ပဲဝတ်ဝတ်ကြည့်လှပါတယ်။

🔻 အသဲပုံဇောက်ထိုး

အပေါ်ပိုင်းကပြားပြီးအောက်ခြေမှာလုံးဝန်းနေတယ်ဆိုရင်သင့်တင်ပါးကအသဲပုံဇောက်ထိုးပုံပါ။ တင်ပါးအောက်ခြေကအပေါ်ထက်ပိုကြီးနေတဲ့အတွက်Thong ဝတ်လို့မလှပါဘူး။တင်ပါးအပြည့်ဖုံး ပြီးဘောင်းဘီအနားသားအပြားကြီးတဲ့အတွင်းခံတွေရွေးဝတ်ပါ။ဒီလိုအတွင်းခံတွေကတင်ပါးကိုအပေါ် ဘက်ပင့်တင်ပေးနိုင်လို့အပေါ်ဘက်ပြားနေတဲ့နေရာကိုနည်းနည်းလုံးဝန်းလာစေပါတယ်။

==========================

“ Pantyhose ဘယ်အချိန်မှာဝတ်သင့်သလဲ ”Pantyhose ဆိုတာအတွင်းခံအပေါ်ကနေထပ်ဝတ်တဲ့အသားကပ်ဘောင်းဘီ အရှည်အပါးပါ။ ခြေထောက်တစ်ချောင...
12/03/2018

“ Pantyhose ဘယ်အချိန်မှာဝတ်သင့်သလဲ ”

Pantyhose ဆိုတာအတွင်းခံအပေါ်ကနေထပ်ဝတ်တဲ့အသားကပ်ဘောင်းဘီ အရှည်အပါးပါ။ ခြေထောက်တစ်ချောင်းလုံးကိုဖုံးပေးလို့ခြေထောက်ပေါ်မှာအနာအဆာရှိနေရင်မသိသားစေတော့ ပါဘူး။အနက်ရောင်အသားရောင်နဲ့အခြားအရောင်အမျိုးမျိုးရှိတာဖြစ်လို့ကိုယ်နှစ်သက်တာကို ရွေးချယ် ဝတ်ဆင်လို့ရပါတယ်။ဘယ်လိုအချိန်တွေမှာpantyhoseတွေကိုဝတ်သွားသင့်လည်းဆိုတာဝေမျှ ပေးလိုက်ပါတယ်။

🔻 အင်တာဗျူးဖြေတဲ့အခါ

အင်တာဗျူးသွားဖြေတဲ့အခါအောက်ကစကပ်ဒူးဖုံးလောက်အတိုနဲ့သွားမယ်ဆိုရင်pantyhoseလေးစွပ် ပြီးသွားတာပိုသင့်တော်ပါတယ်။ခြေပြောင်နဲ့သွားတာထက်အပေါ်ကနေpantyhoseကိုစွပ်သွားတာက လေးစားသမှုပြုရာရောက်ပြီးအများအမြင်မှာတင့်တယ်ပါတယ်။အင်တာဗျူးမှာကိုယ့်ကိုလူအထင်ကြီး အောင်လုပ်ပြတတ်ဖို့လိုသလိုအဝတ်အစားဝတ်စားမှုကလည်းအရေးကြီးပါတယ်။စကပ်လေးနဲ့ အင်တာဗျူးသွားဖို့ပြင်ထားရင် pantyhose လေးပါဝယ်ထားဖို့မမေ့နဲ့နော်။

🔻 အခမ်းအနားတွေသွားတဲ့အခါ

ဆုပေးပွဲဒါမှမဟုတ်ကုမ္မဏီညစာစားပွဲလိုမျိုးFormalကျတဲ့အခမ်းအနားတွေကိုသွားတဲ့အခါpantyhoseဝတ်သွားသင့်ပါတယ်။ဂါဝန်ပဲဝတ်ဝတ်စကပ်ပဲဝတ်ဝတ်ခြေသလုံးသားပေါ်တယ်ပေါင်သားပေါ်တယ်ဆို ရင်ဒီလိုအခမ်းအနားအကြီးကြီးတွေသွားတဲ့အခါpantyhoseလေးဝတ်သွားတာပိုသင့်တော်ပါတယ်။ အခမ်းအနားတွေကိုအရွယ်စုံလူကြီးရောကလေးပါလာမယ်ဆိုရင်ပိုပြီးသတိထားသင့်ပါတယ်။အများအမြင်မသင့်တော်တာမျိုးမဖြစ်ရအောင်pantyhose ဝတ်တဲ့အကျင့်လုပ်ပေးပါ။

🔻 အေးတဲ့အခါ

ရာသီဥတုအေးပေမယ့်အတိုလေးတော့ဝတ်သွားချင်တယ်ဆိုရင်အအေးဓါတ်ကိုခံနိုင်အောင် pantyhoseဝတ်သွားလိုက်ပါ။ပဲများချင်လို့စကပ်အတိုလေးနဲ့ပဲသွားမယ်ဆိုရင်အေးလို့ပဲများနိုင်မှာ မဟုတ်ပါဘူး။stocking ဝတ်သွားလည်းရပေမယ့်sexyဆန်ဆန်လေးဝတ်ချင်တယ်ဆိုရင်တော့ pantyhoseလေးဝတ်သွားပါ။

🔻 အပေါက်အပြဲသတိထားပါ

Pantyhose တွေကပါးလွှတဲ့အတွက်ပေါက်ပြဲလွယ်ပါတယ်။တစ်ခုခုနဲ့ညှိပြီးပေါက်နေနိုင်လို့ကိုယ်အပြင် ထွက်တဲ့အခါpantyhose ကိုသတိထားကြည့်ပါ။အပေါက်အပြဲရှိနေရင်ချွတ်ထားလိုက်တာအကောင်း ဆုံးဖြစ်ပါလိမ့်မယ်။အသားပေါ်တာထက်အပေါက်ပေါက်တာကပိုအမြင်မတော်လို့ပါ။

==========================

“ သင့်အတွင်းခံတွေကိုလွှင့်ပစ်သင့်နေပီလား ”အဝတ်အစားတွေကိုဝတ်လို့ကောင်းလွန်းလို့နှစ်ပေါင်းများစွာစွဲဝတ်တာပြသနာမရှိပေမယ့်အတွ...
09/03/2018

“ သင့်အတွင်းခံတွေကိုလွှင့်ပစ်သင့်နေပီလား ”

အဝတ်အစားတွေကိုဝတ်လို့ကောင်းလွန်းလို့နှစ်ပေါင်းများစွာစွဲဝတ်တာပြသနာမရှိပေမယ့်အတွင်းခံတွေကိုတော့အကြာကြီးစွဲမဝတ်သင့်ပါဘူး။ကျန်းမာရေးအတွက်သင့်တော်မှုမရှိတဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်လည်းမသင့်တော်ပါဘူး။ဒါ့အပြင်အတွင်းခံတစ်ထည်ကို၃လကနေ ၅လလောက်အထိသာဝတ်သင့်ပါတယ်။ဒါ့ကြောင့်ဘယ်လိုအခြေအနေဖြစ်နေပြီဆိုရင်သင့်အတွင်းခံ ဘောင်းဘီတွေကိုလွှင့်ပစ်သင့်နေပြီလည်းဆိုတာဝေမျှပေးလိုက်ပါတယ်။

🔻 ဘယ်တုန်းကဝယ်ထားမှန်းမမှတ်မိတော့ရင်

ဒီအတွင်းခံကိုဘယ်တုန်းကဝယ်ထားမှန်းတောင်မမှတ်မိတော့ရင်သေချာတာကတော်တော်ကြာကြာ တုန်းကဝယ်ထားတာဖြစ်လို့ပါပဲ။ဒါဆိုရင်တော်တော်ဟောင်းနေပြီပေါ့။လွင့်ပစ်ရမယ့်စာရင်းထဲထည့် လို့ရပါပြီ။

🔻 သာရေကြိုးချောင်နေရင်

လတ်တလောဝယ်ထားတဲ့အတွင်းခံဘောင်းဘီနဲ့တော်တော်ကြာနေပြီဖြစ်တဲ့အတွင်းခံသာရေကြိုး ဆွဲအားမတူပါဘူး။သာရေကြိုးတွေချောင်နေပြီဆိုရင်ဝတ်ရတာလည်းအဆင်မပြေနိုင်တော့သလို ဘောင်းဘီကချောင်သွားလို့ပိုးမွှားဝင်စေနိုင်ပါတယ်။

🔻 အပေါက်ပေါက်နေပီဆိုရင်

အချို့မိန်းကလေးတွေကဘောင်းဘီမှာအပေါက်ပေါက်နေပြီဆိုရင်တောင်ဝတ်လို့ကောင်းလို့မလွှင့်ပစ် ရက်တာမျိုးရှိပါတယ်။အဲ့ဒါမျိုးလုပ်တာရှောင်ပြီးအပေါက်အပြဲရှိနေပြီဆိုရင်လွှင့်ပစ်လိုက်ပြီးအသစ်တစ် ထည်သာဝယ်လိုက်ပါ။

🔻 ဖျက်မရတဲ့အစွန်းထင်နေရင်

ဘောင်းဘီမှာရာသီသွေးအစွန်းပေလို့ချက်ချင်းမလျှော်မိရင်အစွန်းချွတ်ဖို့ခက်သွားပါတယ်။ဒီလိုမျိုး ချွတ်မရတဲ့အစွန်းပေနေရင်လွှင့်ပစ်သင့်ပါတယ်။ပိုးမွှားပေါက်ဖွားမှုဖြစ်စေနိုင်လို့ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။

🔻 ကျပ်နေပြီဆိုရင်

အတွင်းခံကအခုကျပ်နေပြီဆိုရင်ကိုယ်ဝိတ်မတက်ခင်ကဝယ်ထားတာဖြစ်လို့အတော်ကြာနေပြီ ဆိုတာသေချာပါပြီ။သွေးလည်ပတ်မှုမကောင်းမွန်စေလို့ဆက်မဝတ်သင့်တော့ပါဘူး။

==========================

“ အတွင်းခံတွေကိုဘယ်လိုထိမ်းသိမ်းသင့်သလဲ ”ကျန်းမာပြီးသန့်ရှင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင်တစ်ကိုယ်ရေသန့်ရှင်းမှုအပြင်ကိုယ့်အတ...
06/03/2018

“ အတွင်းခံတွေကိုဘယ်လိုထိမ်းသိမ်းသင့်သလဲ ”

ကျန်းမာပြီးသန့်ရှင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင်တစ်ကိုယ်ရေသန့်ရှင်းမှုအပြင်ကိုယ့်အတွင်းခံတွေကို လည်းသေချာထိမ်းသိမ်းသန့်ရှင်းတတ်ဖို့လိုပါတယ်။အတွင်းခံများဘာလို့ရေးကြီးခွင်ကျယ်ထိမ်းသိမ်းနေ စရာလိုလို့လဲလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။အတွင်းခံတွေကကိုယ့်ခန္ဒာကိုယ်ရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းကိုကာကွယ်ပေးတာဖြစ်လို့မှန်မှန်ကန်ကန်မထိမ်းသိမ်းရင်ကျန်းမာရေးအတွက်ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။

🔻စက်နဲ့မလျှော်ပဲလက်နှင့်လျှော်ပေးပါ

အချိန်မရလို့အဝတ်လျှော်စက်ထဲပဲပစ်ပစ်ထည့်နေတာများလာရင်အတွင်းခံမြန်မြန်ပျက်စီးစေတတ် သလိုအတွင်းခံကိုလည်းသေချာမသန့်ရှင်းပေးနိုင်ပါဘူး။အဝတ်လျှော်စက်ထဲထည့်တဲ့အခါအတွင်းခံ မှာကပ်နေမယ့်အညစ်အကြေးပိုးမွှားတွေကိုအကုန်အစင်သန့်ရှင်းမပေးနိုင်လို့ပိုးမွှားတွေကပ်ကျန် နေတတ်ပါတယ်။လက်နဲ့လျှော်ဖွတ်မှသေချာသန့်ရှင်းပေးနိုင်တာပါ။

🔻အစွန်းအထင်းပေရင်ချက်ချင်းချွတ်ပါ

ရာသီလာလို့အစွန်းထင်တာပဲဖြစ်ဖြစ်အဖြူဆင်းလို့အစွန်းထင်တာပဲဖြစ်ဖြစ်ဘာ့ကြောင့်အစွန်းထင်ထင် ချက်ချင်းလျှော်ပစ်ပါ။အဝတ်အဟောင်းတောင်းထဲပစ်ထည့်ထားလို့တဲ့အခါအစွန်းအထင်းတွေခြောက် သွားလို့အစွန်းချွတ်ရခက်သွားပါလိမ့်မယ်။ဒါတင်မဟုတ်ပါဘူး။ပိုးမွှားတွေပေါက်ဖွားလာနိုင်လို့သေချာ ဂရုစိုက်လျှော်ပေးရပါမယ်။

🔻အဝတ်လျှော်ဆပ်ပြာအပျော့စားသုံးပါ

အတွင်းခံတွေကသေးသေးလေးတွေဖြစ်သလိုပျက်စီးလွယ်လို့ဆပ်ပြာအပြင်းစားကြီးတွေသုံးတာထက် အပျေားစားဆပ်ပြာတွေကိုသုံးပေးတာပိုသင့်တော်ပါတယ်။ဆပ်ပြာထုတ်တာမှမဟုတ်ဘူးတွေပေါ်မှာ gentle လို့ပါတာမျိုးကိုရွေးသုံးပါ။

🔻ပိုးသားဆိုရင်လက်နဲ့ပဲလျှော်ပါ

အဝတ်အစားပဲဖြစ်ဖြစ်အတွင်းခံပဲဖြစ်ဖြစ်ပိုးသားနဲ့ချုပ်ထားရင်လုံးဝအဝတ်လျှော်စက်ထဲမထည့်သင့် ပါဘူး။လက်နဲ့ပဲညင်ညင်သာသာလျှော်ပေးရမှာပါ။စက်ထဲထည့်လျှော်မိသွားရင်ပိုးသားနဲ့ချုပ်ထားတဲ့ အဝတ်အစားတွေကပျက်စီးသွားနိုင်ပါတယ်။

🔻ရှာလကာရည်နဲနဲထည့်ပေးပါ

ပိုးမွှားတွေအမှန်တကယ်သေစေဖို့ရှာလကာရည်အနည်းငယ်ကိုအတွင်းခံတွေစိမ်တဲ့အခါထည့်ပေးပါ။ ပိုးမွှားလည်းသေအရောင်လည်းတောက်ပစေမှာပါ။
==========================

"တင်ကြီးသူများကြုံတွေ့ရသည့်ပြသနာများ"            တင်ပါးကြီးတာလှတယ်လို့အများကယူဆကြပါတယ်။ဒါပေမယ့်တစ်ကယ်တန်းတင်ပါးကြီးသူတွေ...
02/03/2018

"တင်ကြီးသူများကြုံတွေ့ရသည့်ပြသနာများ"

တင်ပါးကြီးတာလှတယ်လို့အများကယူဆကြပါတယ်။ဒါပေမယ့်တစ်ကယ်တန်းတင်ပါးကြီးသူတွေသာ ကိုယ်တွေကြုံရတဲ့ပြသနာတွေကိုနားလည်တာပါ။သေးသူတွေကြီးချင်နေကြတဲ့အချိန်မှာကြီးသူတွေ တော့အသားလှီးထုတ်ပစ်ချင်လောက်အောင်သေးချင်နေကြသူတွေအများကြီးပါ။အချို့က ဝိတ်တက်လာလို့တင်ပါးကြီးလာတာရှိသလိုအချို့ကကြတော့နေရင်းထိုင်ရင်းကိုကြီးနေတာမျိုးလည်း ရှိပါတယ်။မျိုးရိုးနဲ့ဆိုင်တာပေါ့်နော်။တင်ပါးကြီးသူ မမတွေကြုံရတဲ့ပြသနာတွေကမနည်းပါဘူး။

🔻 ခဲတံပုံစကပ်ဝတ်မရခြင်း

ခဲတံပံစကပ်တွေကတင်သေးသူတွေဖြောင့်စင်းသူတွေအတွက်သီးသန့်ထုတ်ထားတဲ့ဒီဇိုင်းဖြစ်လို့ တင်ကြီးသူတွေဝတ်လို့အဆင်မပြေတဲ့စကပ်မျိုးပါ။

🔻 အတွင်းခံလိပ်တက်ခြင်း

အတွင်းခံအရွေးမှားထားရင်ဒီပြသနာကြုံရလေ့ရှိပါတယ်။ကိုယ့်တင်ပါးနဲ့ကွက်တိမဖြစ်တဲ့အတွင်းခံမျိုးဝတ်ထားမိရင်ဒါမှမဟုတ်အနားသတ်မပါတဲ့အတွင်းခံမျိုးဝတ်ထားမိရင်အပေါ်ကိုလိပ်လိပ်တက်သွား စေတတ်ပြီးတင်ပါးတခြားဘောင်းဘီတခြားဖြစ်စေတတ်လို့စိတ်အနှောက်အယှက်ဖြစ်ရတတ် ပါတယ်။ဒါ့ကြောင့်တင်ပါးကြီးသူတွေဝတ်သင့်တဲ့အတွင်းခံတွေကတော့အနားသတ်ပါတဲ့အတွင်းခံ၊ ကွက်တိဖြစ်တဲ့အတွင်းခံနဲ့ boy short လို့ခေါ်တဲ့ယောင်္ကျားလေးဘောင်းဘီတိုဒီဇိုင်းနဲ့အမျိုးသမီး အတွင်းခံကိုရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။

🔻 ခုံကြား စားပွဲကြားတိုးရခက်ခြင်း

စားသောက်ဆိုင်တို့စာသင်ခန်းတို့ရောက်လို့အပြင်ထွက်ချင်တယ်ဆိုရင်စားပွဲကြားခုံကြားတိုးရတဲ့အခါ ပြသနာကြီးလှပါတယ်။တင်ပါးကကြီးနေတော့ဘေးစောင်းတိုးလည်းအဆင်မပြေဘူးပေ့ါ။ယောင်္ကျားလေးထိုင်နေတဲ့ခုံနားကကပ်တိုးရတယ်ဆိုမလုံမလဲကလည်းဖြစ်ရနဲ့စိတ်ညစ်ဖို့ကောင်းလှပါတယ်။

🔻 နေရာယူလွန်းခြင်း

လူကတော့ပိန်ပိန်ပဲတင်ပါးကကြီးနေတော့ဘပ်စ်ကားပေါ်မှာပဲဖြစ်ဖြစ်အခြားနေရာမှပဲဖြစ်ဖြစ်ကိုယ့်တင် ပါးကနေရာယူလွန်းနေတော့ကသိကအောင့်ဖြစ်ရလေ့ရှိပါတယ်။

🔻 အစခံ အနောက်ခံရခြင်း

ပါးစပ်သရမ်းတဲ့လူတွေကကိုယ့်တင်ပါးကိုကြည့်ပြီးဟိုအသီးနဲ့နှိုင်းဒီအသီးနဲ့နှိုင်းတာတို့ကိတ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလှမ်းစတာမျိုးခံရတာတင်ပါးကြီးသူတွေကြုံဖူးမှာပါ။သူတို့ကတော့ လှလို့လှမ်းစတယ်ဆိုပေမယ့်ကိုယ်ကတော့မလုံမလဲဖြစ်သွားပြီးအရှက်ရသွားရတယ်ဆိုတာ အဲ့ဒီယောင်္ကျားလေးတွေမသိကြပါဘူး။ဒါ့ကြောင့်နောက်တစ်ခါလမ်းမှာအစခံရရင်ပါးစပ်ပိတ်ငြိမ် ခံမနေပဲပြန်အော်ပစ်လိုက်ပါ။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"ရင်သားတွဲမကျအောင်ဘယ်လိုကာကွယ်မလဲ"           အမျိုးသမီးတစ်ယောက်အရွယ်ရလာလို့အလှပျက်လာပြီဆိုရင်ရင်သားတွဲကျလာတာကိုကြုံတွေ့ရ...
26/02/2018

"ရင်သားတွဲမကျအောင်ဘယ်လိုကာကွယ်မလဲ"

အမျိုးသမီးတစ်ယောက်အရွယ်ရလာလို့အလှပျက်လာပြီဆိုရင်ရင်သားတွဲကျလာတာကိုကြုံတွေ့ရမှာပါ။ အသက်အရမ်းကြီးလာချိန်မှာရင်သားတွဲကျတာပုံမှန်ဖြစ်ပေမယ့်အရွယ်မတိုင်ခင်ငယ်နေသေးတဲ့အချိန် မှာရင်သားတွဲကျမှုမျိုးလည်းကြုံတွေ့ရတတ်ပါတယ်။အသက်အရွယ်ရလာမှနောင်တရရတာမျိုးမဖြစ်ရအောင်အခုငယ်ရွယ်နေသေးချိန်ကတည်းကကြိုတင်ကာကွယ်မှုတွေလုပ်ထားရင်အရွယ်မတို င်ခင်ရင်သားတွဲကျမှုဖြစ်ပွားခြင်းကိုလည်းကာကွယ်နိုင်မှာပါ။

🔅 ထောက်ပံ့မှုအားကောင်းတဲ့အားကစားဘရာ

သာမာန်လှုပ်ရှားသွားလာတဲ့အခါဘရာမပါပဲတောင်သွားလာလို့ဖြစ်ပေမယ့်ကိုယ်လက်လှုပ်ရှားအားက စားလုပ်တဲ့အခါရင်သားလှုပ်ရှားမှုကိုထိမ်းချုပ်ဖို့ထောက်ပံ့မှုအားကောင်းတဲ့အားကစားဘရာကိုဝတ်ပြီး လုပ်ပေးပါ။ကိုယ်ကလှုပ်လှုပ်ရှားရှားဟိုပြေးဒီပြေးငြိမ်ငြိမ်မနေရတဲ့သူတစ်ယောက်ဆိုရင်ထောက်ပံ့မှု ကောင်းပြီးတောင့်တင်းတဲ့ဘရာမျိုးကိုရွေးချယ်ဝတ်ပေးပါ။ဒါမှရင်သားလှုပ်ရှားမှုကိုလျှော့ချပေးနိုင် မှာပါ။

🔅 ကိုယ်နဲ့ကွက်တိဖြစ်တဲ့ဘရာ

ကိုယ်နဲ့မတီးမတော်ဘရာဝတ်မိရင်ရင်သားတွဲကျမှုကိုဖြစ်ပွားစေနိုင်ပါတယ်။သေးလွန်းတဲ့ဘရာကိုဝတ် မိရင်သွေးလည်ပါတ်မှုမကောင်းဖြစ်စေနိုင်သလိုချောင်နေတဲ့ဘရာကိုဝတ်မိရင်ရင်သားကိုထောက်ပံ့မှု ကောင်းကောင်းမပေးနိုင်လို့ရင်သားတွဲကျမှုအန္တရာယ်နဲ့ကြုံတွေ့ရနိုင်ပါတယ်။ဒါ့ကြောင့်ကိုယ့်နဲ့ ကွက်တိဖြစ်ပြီးသက်တောင့်သက်သာရှိတဲ့ဘရာမျိုးကိုရွေးဝယ်ပါ။ကိုယ့်ဘရာဆိုဒ်ကိုကျှမ်းကျင်သူ အကူအညီနဲ့တိုင်းထားပါ။

🔅 ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ခြင်းကကျန်းမာရေးကိုထိခိုက်စေရုံသာမကအလှပါပျက်စေနိုင်ပါတယ်။ဆေးလိပ် သောက်တဲ့အခါအရေပြားတွဲကျမှုကိုဖြစ်ပွားစေတာကြောင့်ဆေးလိပ်သောက်သူတွေ ရဲ့ရင်သားတွေကတွဲကျဖို့အလွန်လွယ်ကူပါတယ်။ဒါ့ကြောင့်ဆေးလိပ်မသောက်ပါနဲ့။

🔅 ဝိတ်ထိမ်းပါ

ကိုယ်အလေးချိန်အတက်အကျကြောင့်လည်းရင်သားတွဲကျမှုကိုဖြစ်ပွားစေနိုင်ပါတယ်။ဝလာတဲ့အခါ ရင်သားဆိုဒ်လည်းကြီးလာပါတယ်။ဝိတ်ကျချင်လို့ဝိတ်ချလိုက်တဲ့အခါရင်သားတွဲကျမှုအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။းဒါကြောင့်အဝလွန်ခြင်းမဖြစ်ပွားရအောင်အစားရှောင်ခြင်းလေ့ကျင့်ခန်းပုံမှန် လုပ်ပေးခြငိးတို့လုပ်ပေးသင့်ပါတယ်။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"ရင်သားကြီးအောင်နှိပ်နယ်နည်း"           ရင်သားကြီးထွားအောင်လုပ်နည်းတွေထဲမှာနှိပ်နယ်တဲ့နည်းကအလွယ်ကူဆုံးနဲ့အကုန်အကျအနည်း ဆ...
23/02/2018

"ရင်သားကြီးအောင်နှိပ်နယ်နည်း"

ရင်သားကြီးထွားအောင်လုပ်နည်းတွေထဲမှာနှိပ်နယ်တဲ့နည်းကအလွယ်ကူဆုံးနဲ့အကုန်အကျအနည်း ဆုံးနည်းလမ်းဖြစ်လို့ရင်သားကြီးချင်ကြသူများသိထားသင့်တဲ့နည်းလမ်းပါ။နှိပ်နယ်ပေးတဲ့အခါ သွေးလည်ပါတ်မှုကိုကောင်းမွန်စေပြီးရင်သားကိုတင်းရင်းလာစေနိုင်ပါတယ်။ပုံမှန်နှပ်နယ် ပေးခြင်းအားဖြင့်ရင်သားကင်ဆာဖြစ်ပွားစေမှုကိုလျှော့ချပေးနိုင်ပါသေးတယ်။ဒါ့ကြောင့် နည်းမှန်လမ်းမှန်နှိပ်နယ်နည်းကိုသိထားသင့်ပါတယ်။

အဆင့် ၁

ရင်သားကိုနှိပ်နယ်တဲ့အခါနာကျင်မှုအသားပွန်းမှုတွေမဖြစ်ရအောင်massage အဆီသို့မဟုတ် ရင်သားကြီးလိမ်းဆေးခရမ်ကိုသုတ်လိမ်းပေးပါ။အဆီဒါမှမဟုတ်ခရင်မ်လိမ်းပေးမှနှိပ်တဲ့အခါပိုမိုချောမွေ့စေပြီးသက်တောင့်သက်သာရှိစေမှာပါ။ရင်သားကြီးလိမ်းဆေးခရင်မ်သုံးပေးတယ်ဆိုရင်တော့ ပိုပြီးထိရောက်မှုရှိမှာပေါ့နော်။

အဆင့် ၂

လက်ဖဝါးနဲ့ရင်သားအလယ်ပိုင်းကိုဖိနှိပ်ပေးပါ။အရမ်းကြီးဖိနှိပ်တာမဟုတ်ပဲသာသာလေးစက်ဝိုင်းပုံ ပတ်ပတ်လည်ဖိနှိပ်ပေးပါ။အတွင်းဘက်ကနေအပြင်ဘက်သို့တစ်ဖြေးဖြေးချင်းရွှေ့ပြီးရင်ညွှန့်ရိုး အောက်နားလောက်အထိနှိပ်နယ်ပေးပါ။အကြိမ်၂၀ခန့်လုပ်ပေးပါ။

အဆင့် ၃

လက်ကိုမြှောက်လိုက်ပြီးဂျိုင်းအောက်ကနေအတွင်းဘက်သို့လက်ဖဝါးနဲ့ညင်ညင်သာသာပွတ်ဆွဲ ပေးပါ။အောက်ဘက်ကိုဆွဲချတာမျိုးမဟုတ်ပဲအပေါ်ဘက်ကိုပင့်ပြီးပွတ်ဆွဲပေးပါ။အကြိမ်၂၀ခန့် လုပ်ပေးပါ။

အဆင့် ၄

ရင်သားအောက်ခြေကိုလက်တစ်ဖက်နဲ့ဖွဖွကိုင်ထားပြီးနောက်တစ်ဖက်နဲ့ရင်သားအပေါ်ဖက်ကိုကိုင် ထားပါ။ပြီးလျှင်လက်နှစ်ဖက်စလုံးကိုအသုံးပြုပြီးရင်သားကိုလှိမ့်ပေးပါ။အကြိမ်၂၀ခန့်လုပ်ပေးပါ။

အဆင့် ၅

ဒီအဆင့်မှာတော့ရင်သားကိုအောက်ဖက်ကနေပင့်ကိုင်ထားပေးပြီးခါပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးမယ် ဆိုရင်အချိန်တိုအတွင်းသိသိသာသာရင်သားကြီးထွားလာစေမှာပါ။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"Diva Cup အသုံးပြုနည်း"        Diva Cup ဆိုတာအခုနောက်ဆုံးပေါ်ထားတဲ့ရာသီလာချိန်အသုံးပြုရသောခွက်တစ်မျိုးဖြစ်ပါတယ်။ ပါးလွှာ...
20/02/2018

"Diva Cup အသုံးပြုနည်း"

Diva Cup ဆိုတာအခုနောက်ဆုံးပေါ်ထားတဲ့ရာသီလာချိန်အသုံးပြုရသောခွက်တစ်မျိုးဖြစ်ပါတယ်။ ပါးလွှာပြီးပျော့ပြောင်းတဲ့ခွက်ကလေးဖြစ်ပြီးမိန်းမကိုယ်အတွင်းသို့ထိုးထည့်ပြီးအသုံးပြုရတဲ့အမျိုးအစား ဖြစ်ပါတယ်။ခွက်ဖြစ်လို့ထပ်ခါတလဲလဲပြန်အသုံးပြုလို့ရပြီးငွေကုန်ကြေးကျသက်သာစေတာပေ့ါနော်။

ပြီးတော့လည်းစွန်းမှာပေမှာမစိုးရိမ်ရလို့အရမ်းပဲအသုံးဝင်တဲ့နောက်ဆုံးပေါ်ဓမ္မတာလာချိန်သုံးရတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။တခါမှမသုံးဖူးသူတွေအတွက်တော့ဘယ်လိုသုံးရမှန်းမသိ လို့အသုံးရခက်ပါလိမ့်မယ်။ဒါ့ကြောင့်ဗဟုသုတအဖြစ် Diva cup အသုံးပြုနည်းလေးကိုဖေါ်ပြလိုက် ပါတယ်။

⭕ ပထမအဆင့်

ခွက်ကိုတစ်ဝက်ခေါက်ချိုးလိုက်ပါ။ခေါက်ချိုးလိုက်တဲ့အခါ U ပုံစံလေးဖြစ်သွားပါလိမ့်မယ်။

⭕ ဒုတိယအဆင့်

ခေါက်ချိုးထားတဲ့ခွက်ကိုလက်မနဲ့လက်ညိုးအကြားမှာမြဲမြဲခိုင်ခိုင်ဖိကိုင်ထားပေးပါ။U ပု့ံစံခေါက်ရာက အပြင်ဘက်မှာထွက်နေရမှာဖြစ်ပါတယ်။

⭕ တတိယအဆင့်

ဒီအဆင့်မှာတော့အတွင်းကိုထိုးသွင်းရမှာဖြစ်တဲ့အတွက်သက်တောင့်သက်သာအရှိဆုံးအနေအထား နဲ့ထိုင်ပါ။ပြီးလျှင်ခေါက်ထားတဲ့ခွက်ကိုမိန်းမကိုယ်အတွင်းသို့ထိုးထည့်ပါ။ခွက်အောက်ခြေမှာပင်စည်လို အတံလေးပါလို့ဆွဲထုတ်လို့မရမှာမပူပါနဲ့။ဒီအတံလေးကတော့အပြင်မှာထွက်နေမှာပါ။ပထမဆုံးအကြိမ် ဖြစ်လို့ဖိတ်ကျမှာ စိုးရိမ်တယ်ဆိုရင်ခွက်ကိုအကုန်မထိုး ထည့်ပဲခွက်ရဲ့သုံးပုံပုံ၂ပုံ လောက်ပဲထိုးထည့်ပါ။ ထည့်ပြီးတဲ့အခါမှာခွက်ကိုလှည့်ကြည့်ပါ။ခွက်တစ်ပတ်အပြည့်လှည့်ကြည့်ပြီးသက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားမှာရပ်ပါ။

⭕ နောက်ဆုံးအဆင့်

ပြန်ထုတ်တဲ့အခါမှာဖြေးဖြေးချင်းအတံလေးကနေထိမ်းပြီးဆွဲထုတ်ပါ။ဒေါင်လိုက်အနေအထားကနေဆွဲထုတ်ပေးပါ။ဒါမှဖိတ်စင်ခြင်းမဖြစ်စေမှာပါ။ထုတ်ပြီးသွားတဲ့ခွက်ကိုသွန်ပြီးဆေးကြောပါ။ ပြီးလျှင်ပြန်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။တစ်နေ့မှာ၂ခါလောက်သွန်ပေးပါ။ကိုယ်ကသွေးဆင်း များတဲ့ သူဆိုရင်တော့၃ခါလောက်သွန်ပေးပါ။ခွက်ကိုဆေးတဲ့အခါပိုးမွှားတွေသေစေဖို့ရေနွေးလေးနဲ့ဆေးပြီး ဆပ်ပြာနဲ့ဆေးပေးပါ။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"ကိုယ်ကျပ်အတွင်းခံအမျိုးအစားများ"            ဝိတ်တက်လာလို့အဆီတွေတစ်ထွက်နေတဲ့အခါအလန်းစားကိုယ်ကျပ်ဂါဝန်လေးတွေskinny jean တ...
14/02/2018

"ကိုယ်ကျပ်အတွင်းခံအမျိုးအစားများ"

ဝိတ်တက်လာလို့အဆီတွေတစ်ထွက်နေတဲ့အခါအလန်းစားကိုယ်ကျပ်ဂါဝန်လေးတွေskinny jean တွေဝတ်ချင်ပေမယ့်မဝတ်ရဖြစ်နေသူတွေအတွက်အထူးထုတ်လုပ်ထားတဲ့ကိုယ်ကျပ်အတွင်း ခံတွေအမျိုးမျိုးရှိပါတယ်။အဆီတွေအားလုံးကိုဖုံးဖိပေးနိုင်တဲ့အတွင်းခံတွေကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ်ဖုံးချင်တဲ့အဆီအနေအထားနဲ့သင့်တော်တဲ့အတွင်းခံကိုရွေးတတ်ရပါမယ်။

👙 Bodysuit

ဒီအမျိုးအစားကတော့တစ်ကိုယ်လုံးအဆီတွေဖုံးချင်တယ်ဆိုသူတွေအတွက်အသင့်တော်ဆုံးပါ။ဒီလို bodysuit ကိုဝတ်လိုက်တဲ့အခါမှာဗိုက်အဆီခါးအဆီတင်အဆီတွေအားလုံးကိုဖိပေးပြီးအဖုအထစ်ကင်း ကင်းနဲ့ချောမွေ့တဲ့ခန္ဒာကိုယ်ကိုရရှိမှာပါ။အပေါ်အောက်တစ်ဆက်ထည်းဖြစ်လို့ဂါဝန်ဝတ်တဲ့အခါမှာ အောက်ခံအဖြစ်ဝတ်ဖို့အသင့်တော်ဆုံးပါ။

👙 ပေါင်လယ်အထိရှည်သော Bodysuit

ဒီBodysuitကတော့ပေါင်လည်အထိရှည်တဲ့အတွက်ကိုယ်လုံးအပေါ်ပိုင်းကအဆီတွေတင်မကဘူးပေါင် ကအဆီကိုပါဖုံးပေးနိုင်ပါတယ်။ပေါင်လုံးလည်းတုတ်နေတယ်ဆိုတဲ့သူတွေအတွက်အသင့်တော်ဆုံးပါ။ ဂါဝန်အရှည်တွေနဲ့တွဲဝတ်ပေးပါ။ဂါဝန်နဲ့မဝတ်ချင်ဘူးဘောင်းဘီနဲ့ဝတ်ချင်တယ်ဆိုရင်လည်းရပါတယ်။ အကျီင်္ကိုဘောင်းဘီအတွင်းထဲထည့်ဝတ်ပြီးအတွင်းခံမပေါ်အောင်ဝတ်ပေးပါ။အဆီမချပဲပိန်သွယ်တဲ့ ကိုယ်လုံးလေးရပြီပေ့ါ။

👙 ခါးသွယ်ဘောင်းဘီ

အဆီတွေကအထူးသဖြင့်ခါးနဲ့ဗိုက်မှာစုနေတယ်ဆိုရင်တော့ဒီအမျိုးအစားကအသင့်တော်ဆုံးပါ။အကျီင်္ အကျပ်ဝတ်ပြီးအောက်ကစကပ်အကျပ်လေးတွေဝတ်ချင်တယ်ဆိုရင်ခါးသွယ်ဘောင်းဘီလေးတွေ ဝတ်ပေးပါ။ခါးသွယ်ဘောင်းဘီအတိုလည်းရှိသလိုအရှည်လည်းရှိလို့ပေါင်အဆီဖုံးချင်သူတွေကတော့ ခါးသွယ်ဘောင်းဘီအရှည်ဝတ်ပေးပေါ့နော်။skinny jean တွေနဲ့လည်းတွဲဝတ်ပေးလို့ရပါတယ်။

👙 ခါးအမြင့်ကိုယ်ကျပ်အတွင်းခံ

S လိုင်းလေးရရှိအောင်လုပ်ပေးနိုင်ပြီးကျောအဆီရောဗိုက်အဆီပါထိမ်းပေးနိုင်ပါတယ်။အမြင့်က ဘရာအောက်ခြေအထိဖြစ်တဲ့အတွက်ဖုထစ်ထွက်စရာအဆီမရှိဘဲသွယ်လျှမှုကိုပေးနိုင်မှာပါ။


==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"အပြည့်ကာနဲ့တစ်ဝက်ကာ Bra"             အချို့ဘရာတွေမှာအပြည့်ကာတဲ့Cupတွေပါသလိုအချို့ဘရာတွေမှာတစ်ဝက်ကာတဲ့Cupတွေပါလေ့ရှိ ပါတ...
09/02/2018

"အပြည့်ကာနဲ့တစ်ဝက်ကာ Bra"

အချို့ဘရာတွေမှာအပြည့်ကာတဲ့Cupတွေပါသလိုအချို့ဘရာတွေမှာတစ်ဝက်ကာတဲ့Cupတွေပါလေ့ရှိ ပါတယ်။၂မျိုးလုံးပိုင်ဆိုင်ထားရင်တော့ကောင်းတာပေါ့နော်။ဘယ်အချိန်တွေနဲ့ဘယ်လိုရင်သားအမျိုး အစားတွေကအပြည့်ကာဝတ်သင့်တယ်တစ်ဝက်ကာဝတ်သင့်တယ်ဆိုတာသိပါသလား။

တစ်ပုံချင်းစီမှာ အသေးစိတ်ဖတ်ကြည့်ပေးပါ..
==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"ရင်သားဘာ့ကြောင့်နာသလဲ"                  အမျိုးသမီးတော်တော်များများရင်သားနာကြင်မှုကိုခံစားဖူးကြပါတယ်။သွေးမဆုံးခင်ကောသွေး...
06/02/2018

"ရင်သားဘာ့ကြောင့်နာသလဲ"

အမျိုးသမီးတော်တော်များများရင်သားနာကြင်မှုကိုခံစားဖူးကြပါတယ်။သွေးမဆုံးခင်ကောသွေးဆုံးပြီး သွားပြီးတဲ့အခါမှာကောရင်သားနာကျင်မှုကိုခံစားရတတ်ပါတယ်။ရင်သားနာတိုင်းဘာ့ကြောင့်နာတာ များလည်းကင်ဆာများလားဆိုပြီးကြောက်ကြလန့်ကြရလေ့ရှိပါတယ်။ရင်သားနာကျင်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ဘာ့ကြောင့်ပဲနာနာပုံမှန် Medical Check Up လုပ်ပေးသင့်ပါတယ်။ ကင်ဆာဖြစ်နေတယ်ဆိုတာကိုနောက်ကျမှသိရင်ကုသလို့မရတဲ့အခြေအနေနဲ့ကြုံတွေ့ရနိုင်ပါတယ်။

⚕️ ရင်သားအကြိတ်

နို့ကြောင်းနဲ့အရည်အိတ်တွေကြောင့်ရင်သားအကြိတ်ဖြစ်ပေါ်စေတတ်ပါတယ်။အရည် တွေနဲ့ပြည့်နေတဲ့အကြိတ်တွေဖြစ်ပါတယ်။ဖိကြည့်လိုက်တဲ့အခါပျော့နေနိုင်သလိုတခါတလေမာနေနိုင်ပါ တယ်။ရာသီလာချိန်မှာပိုကြီးလာနိုင်ပြီးသွေးဆုံးချိန်မှာပျောက်သွားတတ်ပါတယ်။ဒီအကြိတ်ကြောင့် ရင်သားနာကျင်မှုခံစားရစေနိုင်သလိုမနာကျင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

⚕️ ရာသီလာခါနီး

ရာသီလာခါနီးမှာပြတဲ့ sign တွေထဲမှာရင်သားနာကျင်တာလည်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ရာသီလာ ပြီးသွားတဲ့အခါမှာရင်သားနာကျင်တာအလိုလိုပျောက်သွားလေ့ရှိပါတယ်။ရာသီလာပြီးသွားတာတောင် နာတာမပျောက်သေးဘူးဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပါ။

⚕️ ဆေးဝါး

လက်ရှိသောက်နေတဲ့ဆေးတွေကြောင့်လည်းရင်သားနာကြင်မှုတွေဖြစ်ပေါ်တတ်ပါတယ်။ရင်သားနာ ကျင်စေတဲ့ဆေးတွေထဲမှာပါဝင်တဲ့ဆေးတွေကတော့မြုံခြင်းကိုကုသသောဆေးများ၊ကိုယ်ဝန်တားဆေး များ၊စိတ်ကျရောဂါကုသသောဆေးများ၊Methyldopa၊ Spironolactone၊ chlorpromazine၊ Anadrol နဲ့အခြားဆေးများဖြစ်ပါတယ်။

⚕️ မတီးမတော်ဘရာစီရာ

ဘရာဆိုဒ်မှားဝတ်မိတဲ့အခါရင်သားနာကျင်မှုကိုဖြစ်ပေါ်စေပါတယ်။အရမ်းကျပ်လွန်းရင်ဒါမှမဟုတ် အရမ်းချောင်လွန်းရင်ရင်သားနာကျင်မှုခံစားရစေပါတယ်။ဒါ့ကြောင့်ဘရာဝယ်တဲ့အခါကိုယ်နဲ့ကွက်တိ ဖြစ်တဲ့ဆိုဒ်ကိုသေချာရွေးဝယ်ပါ။ဘယ်လိုတိုင်းရမှန်းမသိရင်လက်ရှိဝတ်နေတဲ့အထဲကသက်တောင့် သက်သာအရှိဆုံးဘရာပေါ်ကဆိုဒ်ကိုကြည့်ပြီးဝယ်ပါ။

⚕️ ရင်သားကင်ဆာ

ရင်သားကင်ဆာအတော်များများကနာကျင်မှုမပေးပါဘူး။ဒါပေမယ့်ရင်သားရောင်ရမ်းကင်ဆာနဲ့ အကြိတ်အဖုအချို့ကြောင့်ရင်သားနာကျင်မှုခံစားရစေနိုင်ပါတယ်။ရင်သားနာကျင်နာရက်ရှည်လာရင် ဆရာဝန်ပြပြီးစစ်ဆေးမှုခံယူပါ။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

"Sport bra/ အားကစား bra ရဲ့ကောင်းကျိုး(၄)ခု"         Sport bra တွေဟာအမျိုးသမီးတွေအတွက်မရှိမဖြစ်တဲ့အတွင်းခံအမျိုးအစားတစ်ခ...
02/02/2018

"Sport bra/ အားကစား bra ရဲ့ကောင်းကျိုး(၄)ခု"

Sport bra တွေဟာအမျိုးသမီးတွေအတွက်မရှိမဖြစ်တဲ့အတွင်းခံအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အားကစားလုပ်တဲ့အခါမှာသာဝတ်လို့ရတာမဟုတ်ပဲနေ့စဉ်လှုပ်ရှားသွားလာတဲ့အခါသက်တောင့် သက်သာဝတ်လို့ရတဲ့ဘရာအမျိုးအစားပါ။ဘာ့ကြောင့်လည်းဆိုတော့ဒီအားကစားဘရာတွေမှာ ကောင်းကျိုးတွေအများကြီးရှိလို့ပါ။ဒီကောင်းကျိုးတွေထဲကမှကောင်းကျိုး၄ချက်ကိုဖေါ်ပြပေးလိုက်ပါတယ်။

- ရင်သားလှုပ်ရှားမှုကိုလျော့နည်းစေခြင်း

အားကစားလုပ်တဲ့အခါပြေးလွှားလှုပ်ရှားတဲ့အခါရင်သားလှုပ်ရှားမှုမဖြစ်စေဖို့ကူညီပေးပါတယ်။ရင်သားကိုသေချာထိမ်းထားပြီးနာကျင်မှုတွေမဖြစ်ပွားစေပါဘူး။ဒါကြောင့်လည်းအားကစားလုပ်တိုင်း မဖြစ်မနေဝတ်ရတာပါ။အခြားဘရာတွေကလည်းထိမ်းမပေးဘူးလားဆိုတော့ထိမ်းပေးပါတယ်။ဒါပေမယ့်အားကစားဘရာကဆွဲနိုင်ဆန့်နိုင်တဲ့အသားနဲ့ချုပ်လုပ်ထားတဲ့အတွက်ပိုပြီးမြဲမြဲထိမ်းပေး ထားနိုင်ပါတယ်။

- ချွေးစုပ်ပေးပြီးအပူချိန်ထိမ်းပေးခြင်း

အားကစားလုပ်လို့ချွေးထွက်တာပဲဖြစ်ဖြစ်ပူအိုက်လို့ချွေးထွက်တာပဲဖြစ်ဖြစ်ချွေးတွေစိုလို့အတွင်းခံကြီးစိုစိစိုစိဖြစ်နေရင်နေရထိုင်ရမကောင်းစေသလိုကျန်းမာရေးအတွက်လည်းမသင့်တော်ပါဘူး။အားကစား ဘရာတွေကချွေးတွေကိုစုပ်ယူပေးပြီးခန္ဒာကိုယ်ပေါ်မှာစိုစိစိုစိမဖြစ်နေအောင်ကူညီပေးပါတယ်။ဒီဘရာ ကလေဝင်လေထွက်ကောင်းစေလို့ရင်သားကိုအေးမြပြီးခြောက်သွေ့နေစေပါတယ်။ကိုယ်ကချွေးထွက် သန်တဲ့သူဆိုရင်ပူအိုက်တဲ့နေ့တွေမှာအားကစားဘရာကိုရွေးဝတ်ပေးပါ။

- ပစ္စည်းသိမ်းထားလို့ရခြင်း

အခုနောက်ပိုင်းပေါ်ထွက်နေတဲ့အားကစားဘရာအမျိုးအစားတွေရဲ့အတွင်းဘက်မှာပစ္စည်းထည့်ထားလို့့ရလို့သော့သေးသေးဖြစ်ဖြစ်ပိုက်ဆံပဲဖြစ်ဖြစ်ထည့်ထားလို့ရပါတယ်။ပစ္စည်းပျောက်မှာ မပူရတော့ဘူးပေါ့။

- သက်တောင့်သက်သာရှိခြင်း

ရှိသမျှဘရာတွေအားလုံးထဲမှာသက်တောင့်သက်သာအရှိဆုံးဘရာလို့ပြောရရင်အားကစားဘရာလို့ပြောရမှာပဲ။ဘာသံကွင်းမှမပါလို့နာကျင်မှုလည်းမဖြစ်စေသလိုလှုပ်ရှားမှုအတွက်အထူး ထုတ်လုပ်ထားတဲ့အသားနဲ့ချုပ်လုပ်ထားလို့ရင်သားကိုနုညံ့တဲ့အထိအတွေ့ပေးနိုင်ပါတယ်။

==========================

Presented to you by Belle N Cindy

အမျိုးသမီးတိုင်းအတွက် ယုံကြည်စိတ်ချမှုနဲ့လှပမှုကို ယူဆောင်လာပေးမယ့် Belle N Cindy page ကို Like ထားပါဦးနော်။

Address

Yangon

Telephone

09760994999

Website

Alerts

Be the first to know and let us send you an email when Belle N Cindy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share