Ku Kuu's mommy Baby Shop

Ku Kuu's mommy Baby Shop Baby Clothes and baby Shop

👩‍👦ဆရာမရေ သားလေးက ဝမ်းတွေလျောပြီး အန်နေတာ လုပ်ပါအုန်း ဆရာမရေ ကလေးကို ရင်ခွင်ပိုက်ပြီး ရောက်လာသော မေမေတယောက်👩‍⚕️မေမေရေ ကလ...
07/09/2023

👩‍👦ဆရာမရေ သားလေးက ဝမ်းတွေလျောပြီး အန်နေတာ
လုပ်ပါအုန်း ဆရာမရေ ကလေးကို ရင်ခွင်ပိုက်ပြီး ရောက်လာသော မေမေတယောက်

👩‍⚕️မေမေရေ ကလေးအနှီးတွေအကုန်ဖယ်ပြီး
ကြည့်ရအောင်လုပ်တော့ ကလေးက ၂လ သားလေး
ပါးမှာလည်း နို့ပွေးတွေ နဲ့ သနပ်ခါးတွေနဲ့
ချက်ချင်းပဲ မေမေရေ ကလေးကို သနပ်ခါးလိမ်းရင်း
သနပ်ခါးကျွေးမိသေးလားဆိုတော့

👩‍👦ဟုတ်တယ် ဆရာမရေ သနပ်ခါးတွေကျွေးမိတယ်

👩‍⚕️အဲ့ဒါကြောင့်ပဲ ကလေးက ဝမ်းတွေသွားနေတာ
ပြီးတော့ နို့ပွေးတွေလည်းရှိနေတာ
သနပ်ခါးကို ကလေးအသက် ၆လ ကျော်လောက်မှ လိမ်းသင့်ကြောင်းနဲ့ ကလေးကို သနပ်ခါးမကျွေးသင့်ကြောင်း
သေချာရှင်းပြလိုက်ရတယ်

မေမေရေ အခုကစပြီး နောက်ထပ် ၄ နာရီစောင့်ကြည့်မယ် ၄နာရီအတွင်း နောက်ထပ် ဝမ်း၂ ကြိမ်ထပ်သွားတာနဲ့ ဆေးရုံတက်ပြီး ဆေးသွင်းရမယ်နော် မေမေ
၄နာရီကြာရင် ဆရာမဆီ phone ဆက်ပြီး ကလေးဝမ်းဘယ်နှစ်ကြိမ်သွားတယ် နို့ဝင်မဝင်ပြန်ပြောပါလို့
သေချာမှာလိုက်ပြီး ဝမ်းသွားတာအတွက် သင့်တော်သောဆေးတွေပေးပြီး နို့ပွေးအတွက် လိမ်းဆေးပေးလိုက်ရတယ်
၄နာရီကြာပြီး နေ့လည် ၂နာရီလောက် ph ဆက်ပြီး
ဆရာမရေကလေးက ဝမ်းလည်း မသွားတော့ဘူး
မိခင်နို့လည်းစို့တယ်ဆိုမှပဲ ရင်အေးသွားတော့တယ်
😃😃

👩‍🔬ဝမ်းပျက်ဝမ်းလျော ကလေးလူနာတွေလာရင်
၄နာရီ စောင့်ကြည့်ပြီး ၄နာရီအတွင်း ဝင်အောင်တိုက်ရ
မယ့် ရေ ၊ နို့ ၊ ကြက်ပေါင်းရည်၊ ဓာတ်ဆားရည် ပမာဏ
တို့ကို သေချာရှင်းပြပြောပြထားရတယ်
မေမေအများစုကတော့ ပြောထားတဲ့ ပမာဏအတိုင်း
ဝင်အောင်တိုက်နိုင်ကြပါတယ်
ယခုလောလောဆယ်ဖြစ်နေတဲ့ ဝမ်းပျက် ဝမ်းလျော ကလေးလူနာတွေလာပြရင် ၅ယောက်မှာ ၁ယောက်လောက်က ဆေးရုံတင်ပြီး ကုသမူ့ခံယူရတယ်
(ဆေးရုံတက်ကုသရတဲ့ ကလေးတွေမှာ ဝမ်းစစ်ကြည့်လိုက်ရင် ပြည်ပိုး သွေးပိုးတွေ ဝမ်းထဲမှာ ပါနေတာ တွေ့နေရတတ်တယ်)

#ငယ်လွန်းသောကလေးနှင့် သနပ်ခါး အန္တရာယ်
--------------------------------------------------

✴️က။မြန်မာ့ရိုးရာ သနပ်ခါး✴️
သနပ်ခါးပင် က ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည်။ မြန်မာအမျိုးသမီးအများစုက သနပ်ခါးကို နှစ်ခြိုက်စွာလိမ်းကြသည်။ ကလေးငယ်များကိုလည်း သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သနပ်ခါးလိမ်းပေးတတ်သည့် ရိုးရာရှိသည်။

✴️ခ။သနပ်ခါးနှင့် အရေပြားကျန်းမာရေး✴️
သနပ်ခါး က ရေနှင့်ရောသွေးထား၍ အရေပြားကို အေးမြစေသောကြောင့် မိတ်ထွက်ချိန်တွင် ယားယံခြင်းကို ယာယီသက်သာစေနိုင်သည်။ မျက်နှာ အဆီပြန်ခြင်း ကို ထိန်းပေး၍ အရေပြားကို ခြောက်သွေ့စေသည်။ နေမလောင်ရန် ကြားခံလွှာတစ်ခုအနေနှင့် ကာကွယ်ပေးသည်။

✴️ဂ။သနပ်ခါးနှင့် ကလေးငယ်ငယ်✴️
ကမ္ဘာတဝှမ်းမှ ဆေးပညာသုတေသနရှင်များက သနပ်ခါးနှင့် ကလေးအကြောင်း အသေးစိတ် မလေ့လာထားသေးပါ။ မြန်မာနိုင်ငံမှ ကလေးအထူးကုဆရာဝန်အချို့နှင့် အရေပြားဆရာဝန်အချို့က မွေးကင်းစမှ ၆ လလောက်ထိ ကလေးကို သနပ်ခါးမလိမ်းရန် တိုက်တွန်းသည်။

✴️အရေပြားကျန်းမာရေး ရှုထောင့်မှကြည့်လျှင်✴️

▶️၆ လ မှ တစ်နှစ်ထိ ကလေးများ၏ အရေပြားက လူကြီးများထက် အဆများစွာပါးသည်။ ရှလွယ် ပြဲလွယ် လောင်လွယ်သည်။

▶️၆ လအောက် ကလေး၏အရေပြားမှ သဘာဝအဆီဓာတ်က နည်းသေး၍ သနပ်ခါးက အရေပြားကို ပိုခြောက်သွေ့စေနိုင်သည်။

▶️ကလေးအရေပြားခြောက်လျှင် ယားယံ၍ မအီမသာဖြစ်နိုင်သည်။ နို့ပွေးက ခြောက်သွေ့သော အရေပြားတွင် အဖြစ်များ၍ နို့ပွေးရှိလျှင် သနပ်ခါးမလိမ်းသင့်ပါ။

▶️အရေပြားခြောက်သွေ့လွန်းခြင်းနှင့် နို့ပွေး ပြဿနာများမရှိသော ကလေးကို မေမေက သနပ်ခါးလိမ်းပေးလျှင်

▶️သဘာဝသနပ်ခါးတုံးသန့်သန့်ကို ကျောက်ပြင်သန့်သန့်၊ ရေသန့်သန့်နှင့် သွေးလိမ်းပေးပါ။ စိုထိုင်းသော သနပ်ခါးတုံးတွင် မှိုစွဲတတ်၍ သနပ်ခါးတုံးနှင့် ကျောက်ပြင်ကို ပုံမှန်ဆေးကြောပါ။ အဖုံးပါသော ရေပုလင်း/ဗူးကို သုံးပါ၊ မကြာခဏရေလဲပေးပါ။

▶️အသင့်လိမ်း ဗူးများတွင် ကြာရှည်ခံအောင်ထည့်သော၊ အနံ့မွှေးအောင်သုံးသော ဓာတုဗေဒပစ္စည်းများပါတတ်၍ ကလေးငယ်၏ အရေပြားကို ထိခိုက်နိုင်သည်။ ဓာတ်မတည့်မှုများဖြစ်နိုင်သည်။

▶️သနပ်ခါးလိမ်းပြီး သနပ်ခါးမကျွေးပါနှင့်။ သနပ်ခါးက အာဟာရမပေးပါ။ သနပ်ခါးတုံးနှင့် ရေမှ မမြင်ရသောပိုးက ငယ်လွန်းသော ကလေးကို ဝမ်းလျှောစေတတ်သည်။

Credit
ဒေါက်တာနီနီ (ကလေးအထူးကု)
အေးမေတ္တာ ကလေးအထူးကုဆေးခန်း မန္တလေးမြို့

သင့် ကလေးများ ဘာတွေကို အကြောက်ရွှံဆုံးလဲကလေးအကြောက်ရွှံဆုံး အရာက ဘာလဲ၊ ကစားစရာအရုပ်ပျောက်သွားတာလား၊ အစားကောင်းတွေ မစားရတ...
06/09/2023

သင့် ကလေးများ ဘာတွေကို အကြောက်ရွှံဆုံးလဲ

ကလေးအကြောက်ရွှံဆုံး အရာက ဘာလဲ၊ ကစားစရာအရုပ်ပျောက်သွားတာလား၊ အစားကောင်းတွေ မစားရတာလား၊ အတန်းဖေါ်တွေက အနိုင်ကျင့်တာလား၊ တစ်ခုမှ အကြောက်ဆုံးထဲမှာ မပါ၀င်ပါ။ နိုင်ငံခြား ကလေးသုတေသန ဋ္ဌာနတစ်ခု က ကလေးပေါင်းသုံးထောင်ကို ကလေးများ ရဲ့ အတွေးထဲမှာ အစိုးရိမ်ဆုံး ကဘာတွေလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းစုံစမ်းမူ ပြုလုပ်ခဲ့ပါတယ်။ ကလေးများ စိုးရိမ်မူ အားလုံးဟာ မိဘနဲ့ ပတ်သက်နေတာတွေ့ ရှိရပါတယ်။ တနည်းပြောရရင် မိဘသည်သာ ကလေးများအတွက် အရေးကြီးဆုံးဖြစ်တာကိုတွေ့ရှိရပါတယ်။
မိဘများဖတ်ကြည့်ပါ။ ဆင်ခြင်ကြည့်ပါ။ ပြီးရင်ရှောင်ရှားပါလို့ သုတေသနစာတမ်းက အကြံပြုထားပါတယ်။

၁။ ဖေဖေမေမေ ရန်ဖြစ်ပြန်ပြီ
ကလေးများငယ်သေးတယ်။ မိဘများဘာလုပ်လုပ် ကလေးကို သိပ်ပြီး ထိခိုက်နိုင်စရာ အကြောင်းမရှိပါဘူးလို့ မိဘများ တစ်ခါတစ်လေ ယူဆတတ်ကြပါတယ်။ အမှန်တော့ ကလေးများရဲ့ မျက်လုံးဟာ မိဘများ ပြုမူသမျှကို ဂရုစိုက်တတ်ပြီး နောင် တစ်သက်လုံး မှတ်မိနေတတ်ပါတယ်။ မိသားစု အချို့ မှာ လင်မယား ရန်ဖြစ်ပြီ ဆိုရင် အော်ဟစ်ကြိမ်းမောင်းရုံသာမက ခြေလက်ပါတဲ့ အထိဖြစ်တတ်ပါတယ်။ ကလေးများအတွက် အလွန်ထိတ်လန့်စေပြီး ကလေးရဲ့ စိတ်ကျန်းမာရေးကို တစ်သက်လုံးထိခိုက်တတ်ပါတယ်။ အချို့ လင်မယားများဟာ အချင်းချင်းသိပ်မတည့်တဲ့ အခါကြတော့ အိမ်မှာနေရင် ခပ်စိမ်းစိမ်းနေထိုင်ကြပြီး အချင်းချင်းစကားအရမ်းနည်းကြပါတယ်။ အဲလိုမိသားစုနဲ့ ကြီးပြင်းလာတဲ့ကလေးများဟာ အထီးကျန်ဆန်တတ်တယ်၊ စိတ်ဖိအားများတတ်တယ် လို့ ဆိုပါတယ်။

၂။ ဖေဖေမေမေ စိတ်ဆိုးပြန်ပြီ
ဒေါသကြီးတဲ့မိဘ၊ ဒေါသကြီးတာကို ထပ်ပြီးဂုဏ်ယူတတ်သေးတဲ့ မိဘများ ဆင်ခြင်သင့်ပါတယ်။ မိဘစိတ်ဆိုးလာပြီဆိုရင် ပုံမှန်အားဖြင့် အရှေ့တိုင်းတိုင်းပြည်တွေမှာ ကလေးတွေ ဘာမှ ပြန်လည်ချေပခွင့် ပေးလေ့မရှိပါဘူး ။ အချိန်အခါ တော်တော်များများမှာ ကလေးများဟာ မိဘများဘာကြောင့်စိတ်ဆိုးတယ်ဆိုတာကို ကောင်းစွာသဘောပေါက်ကြတာမဟုတ်ပါဘူး။ ကိုယ်ဘယ်နေရာမှာ မှားသွားတယ်ဆိုတာကို လည်းကောင်းစွာ မသိရှိပါဘူး။ ဖေဖေ (သို့) မေမေ စိတ်ဆိုးနေပြီ၊ တစ်နေနေရာမှာ ပုန်းနေမှ၊ ရှောင်နေမှ ဆိုတဲ့ စိတ်ကလေးတွေ ၀င်လာရင် ကလေးများ ပုံမှန် ကြီးပြင်းဖို့ နုနယ်လှတဲ့ အတွင်းစိတ်တွေကို ဒဏ်ရာရစေနိုင်ပါတယ်။

၃။ သားသမီးအပေါ် အချစ်မမျှခြင်း
အဖေကသားကို ပိုချစ်တယ်။ အမေကတော့ သမီးထွေးဆိုမှ သမီးထွေးပဲ၊ စသည်ဖြင့် မကြာခဏ ကြားဖူးကြပါလိမ့်မယ်။ သားအမီးတိုင်း အပေါ် တန်းတူရည်တူ အချစ်မမျှခြင်းဟာလည်း သားသမီးတွေကို အရမ်းစိတ်ထိခိုင်မူ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ညီအမများဟာ မိဘအချစ်ပိုရရှိတဲ့ ညီအမတစ်ဦးဦးကို စိတ်တွင်းမှာ ကြိတ်ပြီး အမူန်းပွားတတ်တယ်လို့ သုတေသန အရ သိရပါတယ်။

၄။ မိဘများဂတိမတည်ခြင်း၊ လိမ်ညာခြင်း
မိဘများ ပြောပြီးတဲ့စကားများကို ပြောင်လဲပြောဆိုခြင်း ၊ ပေးပြီးတဲ့ ဂတိ မတည်ခြင်း စသည်တို့သည်လည်း သားသမီးတွေ အရမ်းစိုးရိမ်မူ ဖြစ်ပေါ်စေတတ်ပါတယ်။ လွယ်လွယ်နဲ့ ဂတိပေးပြီး လွယ်လွယ်နဲ့ ဂတိပျက်တတ်တဲ့ မိဘများဟာ သားသမီးများကို မသေချာမရေရာမူ ပိုမိုခံစားမိစေပါတယ်။ ကလေးများဟာ တစ်ဖြည်းဖြည်း ဘာကိုမှ သိပ်အလေးမထားတဲ့ အကျင့်ကို ဖြစ်ပေါ်စေတတ်ပါတယ်။

၅။ ကလေးများအပေါ် စိတ်မရှည်ခြင်း
အလုပ်များပြီး တနေ့လုံး ပင်ပမ်းထားတဲ့ မိဘများအဖို့ ကလေးများအပေါ် စိတ်မရှည်ဖြစ်တတ်ပါတယ်။ ကလေးစကားကို တိုတိုနဲ့ ဖြတ်လိုက်တာမျိုး၊ ကောင်းကောင်းမွန်မွန် မဖြေဆိုပေးတာမျိုး မိဘများတုန့်ပြန်တတ်ပါတယ်။ မိဘများရဲ့ အေးတိအေးစက်နိုင်မူ ဟာ ကလေးများကို မေးခွန်းများ မေးလိုစိတ်၊ စူးစမ်းလိုစိတ်များ ကျဆင်းစေတတ်ပါတယ်။

၆။ ကလေးများရဲ့ သူငယ်ချင်းများကို မနှစ်သက်ခြင်း
ကလေးများ တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့ အမျှ သူငယ်ချင်းအပေါင်းအသင်း လိုအပ်လာပါတယ်။ မိဘများဟာ ကလေးများ ပေါင်းသင်းဆက်ဆံရေး အရေးကြီးတယ်ဆိုတာ ကောင်းစွာနားလည်ထားတယ်ဆိုပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတစ်လေ သားသမီးများရဲ့ သူငယ်ချင်းတွေကို မနှစ်သက်ပဲ ရှိနေတတ်ပါတယ်။ မိဘများအနေနဲ့ ပြုလုပ်သင့်တာကတော့ သားသမီးများနဲ့ နေရာချင်းလဲပြီး စဉ်းစားကြည့်သင့်ပါတယ်။ ကလေးများရဲ့ ရွေးချယ်မူကိုလည်း လေးစားသင့်ပါတယ်။

၇။ ကလေးများရဲ့ အားသာချက်ကို လှစ်လျူ ရူ့ခြင်း
မိဘတော်တော်များများဟာ သားသမီး အသက် လေးနှစ် ငါးနှစ်အောက် ရှိစဉ်က မိမိကလေးဟာ ဥာဏ်အရမ်းကောင်းတယ်။ တအား သွက်တယ်၊ စသည်ဖြင့်ယူဆတတ်ကြပါတယ်။ မိမိကလေး အသက်တဖြည်းဖြည်းကြီးလာတာနဲ့ အမျှ ကလေးဟာ ထင်သလောက် မထွန်းပေါက်သလိုလို၊ သူများကလေးလောက် မထူးချွန်သလိုလို ခံစားလာတတ်ကြပါတယ်။ ဒါပေမဲ့ မိဘများက ရှင်ပြိုင်အကြည့်၊ နိူင်းယှဉ်အကြည့်နဲ့ပဲ ကြည့်ရူ့တော့ ကိုယ့်သားသမီးရဲ့ တကယ့်အားသာချက်ကို လှစ်လျူရူ့မိတတ်ပါတယ်။ သားသမီးတိုင်းဟာ သူအားသာချက်နဲ့ သူရှိတတ်တာမို့ အားသာချက်ကိုအလေးထားပြီး ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

၈။ ဧည့်သည်ရှေ့မရှောင် ကလေးကို ဝေဖန်ခြင်း
လူကြီးလည်း လူကြီးမျက်နာ၊ ကလေးလည်း ကလေးမျက်နာရှိပါတယ်။ ကလေးကို လူရှေ့သူရှေ့မှာ၊ အထူးသဖြင့် သူ့သူငယ်ချင်းများရဲ့ ရှေ့ မှာ၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်း၊ ဆဲဆိုခြင်း စသည်တို့ကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ မိဘများကလေးကို လူရှေ့သူရှေ့ မရှောင် ဝေဖန်တာများလာရင် ကလေးများ မျက်နာငယ်စေတဲ့အပြင် ကိုယ့်ကိုကို ယုံကြည်မူလည်း ကျဆင်းလာတတ်ပါတယ်။

Ref: Wechat
Credit;Sya Aung Ko Latt

Address

Yangon

Telephone

+959956810966

Website

Alerts

Be the first to know and let us send you an email when Ku Kuu's mommy Baby Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share