26/06/2023
ယောက်ျားတစ်ယောက်
မိန်းမတစ်ယောက်ကို
ဘယ်လောက်ချစ်လဲဆိုတာ မယူခင်
ဘယ်လိုလိုက်ပိုးပန်းတာ
ဘယ်လိုမရရအောင်လိုက်ခဲ့တာနဲ့ ဆုံးဖြတ်လို့မရဘူး
ကလေးမွေးပီးတဲ့အချိန်မှာမှ
သူဘယ်လောက်ချစ်လဲဆိုတာ သိရမှာပါ
ကိုယ်ဝန်ဆောင် ကလေးမွေး
ကလေးထိန်း ဒီချိန်တွေမှာ မိနိးမတွေဟာ
အလုပ်မရှိ ဝင်ငွေမရှိကြပါဘူး .
ဒီချိန်ကာလတွေဟာ မိနိးမတွေအတွက်
ကိုယ့်ယောက်ကျားဘယ်လိုလဲဆိုတာကို
အကြည်လင်ဆုံး အပြတ်သားဆုံး
အကောင်းဆုံးသိရတဲ့အချိန်ပါပဲ
တစ်ချို့မိန်းမတွေက ယောက်ျားဖက်ကမိသားစုရဲ့
အေးတိအေးစက် ဆက်ဆံတာမျိုးကို ခံရတတ်ပါတယ်
တစ်ချို့ကြတော့လဲ အနိမ်ခံရတတ်တယ်
တစ်ချို့ကြတော့ ယောက်ကျားဖောက်ပြန်တာခံရတယ်
တစ်ချို့ကြပြန်တော့ ငွေလက်ဖြန့်တောင်းလို့ဆိုပီး
အပြောခံရပြန်ရော
ကိုယ့်မှာတော့ ညတိုင်းကလေးထိန်း
အိပ်ရေးပျက် အရမ်းပင်ပန်းနေတာ
ဘယ်သူမှမသိ နားမလည်
အချစ်ဆိုတာ အရမ်းကို ကြည်နူးစရာကောင်းပါတယ်
ဒါပေမဲ့ အိမ်ထောင်ရေးဘဝဟာ အရမ်းကို
လက်တွေ့ဆန်လွန်းတယ်
တစ်ချို့ မိန်းမတွေ ကလေးမွေးပီး ထွက်လာတယ်
ယောက်ျားက သတင်းစာထိုင်ဖတ်နေမယ်
တစ်ချို့ မိနိးမတွေ ကလေးမွေးပီးထွက်လာတယ်
တစ်မိသားစုလုံး ကလေးနားပဲ အာရုံရောက်ပီး
မိမိကို မေ့နေတတ်ကြတယ်
တစ်ချို့မိန်းမတွေ ကလေးမွေးပီးထွက်လာတယ်
ယောက်ျားက အရင်ဆုံး
* မိန်းမရေအရမ်းချစ်တယ်နော် ကျေးဇူးပါ ပင်ပန်းသွားပီ *
ဆိုတဲ့ စကားကြားလိုက်ရတယ်
ကလေးမွေးတယ် ဆိုတာ
ရိုးရိုးမွေးမွေး ခွဲပဲမွေးမွေး အသက်နဲ့ရင်းပီးမွေးရတာ
မိန်းမတိုင်း ကလေးမွေးရမယ် ဒါသဘာဝပဲဆိုပီး
လျစ်လျူရှူ့ခံရတဲ့မိန်းမတွေ အများကြီးပါ
သူတို့အတွက် စကားတစ်ခွန်း အပြူမှူတစ်ခုဟာ
ဘယ်လိုတောင် ထိရောက်မူ့ရှိလဲဆိုတာ
ဘာလို့နားမလည်ပေးနိုင်ကြတာလဲ
အိမ်တစ်အိမ်မှာ မိန်းမတစ်ယောက်
ရပ်တည်နိုင်မူ့ နေရာရမူ့ဟာ
ယောက်ျားတစ်ယောက်ရဲ့
အရည်အချင်းရှိမူ့နဲ့
လူစိတ်ပီသမူ့အပေါ်၌သာ သက်ဆိုင်နေပါတယ်
ယောက်ျားက နိမ်တယ်
အမြဲအပစ်ပြောတယ်ဆိုရင် အဲ့မိန်းမဟာ
အဲ့အိမ်မှာ ကျွန်သာသာပဲရှိမယ်
အိမ်သားအားလုံးနဲ့ နိမ်တာ ပြောတာ
ဆိုတာ ခံရမြာပဲ
ယောက်ျားက မိန်းမဖက်မှာရှိမယ်
ငါ့မိန်းမ ငါချစ်တယ် ငါဖူးဖူးမှုတ်ထားမယ်
ဘုရင်မတစ်ပါးလို ငါထားမယ်
ငါတောင်မခိုင်းရက်ဘူး
ငါအလိုလိုက်မယ်ဆိုတဲ့မိန်းမ
ဘယ်အိမ်သားမှ မနိမ်ရဲဘူး မပြောရဲကြဘူး
အချစ်ခံရတယ် အချစ်မခံရဘူးဆိုတာ
မယူခင်မှာသိရတာမဟုတ်ပါဘူး
ကလေးရပီးမှသိရတာပါ
မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ
Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}