YY Fashion

YY Fashion Design Your Own Dress with Us! We are here for custom made and ready to wear clothing

26/04/2024

ဘတ်ဂျတ်လည်းဖြစ်ရမယ်၊ စတိုင်လည်းကျစေရမယ့် အချက်(၅)ချက်

ဒီခေတ်ဒီကာလ၊ ဒီကုန်စျေးနှုန်းတွေကြောင့် အဝတ်အစားတွေစျေးကြီးနေပြီလား။ ဘယ်လိုပဲစျေးကြီးကြီး ကိုယ့်စတိုင်တော့ အပျက်မခံနိုင်ပါဘူးဆိုတဲ့ လေဒီလေးများ ဒီပို့စ်ကို ဆုံးအောင်ဖတ်ကြည့်လိုက်ရင် ကိုယ့်အတွက် တခုခုတော့ ရမှာပါ။

၁။ 2nd Hand ပစ္စည်းတွေကိုဝယ်ပါ
တနည်းပြောရရင် thrift တွေကိုပြောတာပါ။ Thrift တွေက ဝယ်တတ်ရင် ဝယ်တတ်သလို စျေးလည်းသက်သာ၊ ကွာလတီလည်းကောင်းပါတယ်။ တချို့ thrift တွေရဲ့ cutting တွေက တော်တော်အထာကျပါတယ်။ တခုသတိထားရမှာက ကိုယ့်ဗီဒိုထဲမှာ ရှိပြီးသားတွေနှင့် ဘယ်လိုတွဲလို့ရမလဲပါ တွက်ချက်ရပါမယ်။ ပြီးတော့ ဘယ်တော့မှ မရိုးတဲ့ ပုံစံမျိုးဖြစ်ဖို့လည်း လိုပါလိမ့်မယ်။

၂။ DIY ကို အသုံးပြုပါ
DIY ဆိုတာ Do it Yourself. ကိုယ့်ဆီမှာရှိပြီးသား အဝတ်အထည်တွေကို ကျောက်လေးကပ်လိုက်တာဖြစ်ဖြစ်၊ handmade လေးထည့်လိုက်တာဖြစ်ဖြစ်၊ ကြယ်သီးလေးပြောင်းတတ်တာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဥပမာ T-shirt ၁ထည်ကို ချက်လောက်ကနေ ဖြတ်လိုက်ရင် ခုခေတ်စားနေတဲ့ crop top ၁ထည်တော့ရပြီလေ။

၃။ Basic Wear တွေမှာ ရင်းနှီးမြှုပ်နှံပါ
Basic wear တွေဖြစ်တဲ့ t-shirt အနက်ရောင်၊ အဖြူရောင်၊ ချည်သားရှပ်အင်္ကျီ၊ လီနင်စကပ် စတာတွေက ဘယ်ချိန်မဆို မရိုးသွားဘူး။ အဲလို ပစ္စည်းတွေကိုတော့ ကွာလတီကောင်းတာလေးဝယ်ပါ။ နှစ်ကြာသွားလည်း မပြောင်းလဲဘဲ အမြဲခေတ်မှီနေမှာပါ။

၄။ ကိုယ့်အဝတ်အစားကို ဂရုစိုက်ပါ
အဓိကကတော့ လျှော်တဲ့အချိန်ပေါ့။ တခြားစွန်းနိုင်တဲ့ အင်္ကျီတွေနှင့် ခွဲလျှော်တာမျိုး၊ အဖြူဆို လက်နှင့်သေချာ ဖြူအောင်လျှော်တာမျိုး၊ မီးပူတိုက်စရာမလိုတာတွေကို မတိုက်တာမျိုး။ အဲလိုလေး သေချာထိန်းသိမ်းသွားရင် ကိုယ့်အဝတ်အစားလေးတွေက အမြဲသစ်လွင်နေမှာပါ။

၅။ Discount ကိုစောင့်ပါ
တချို့ brand တွေက ဒီတိုင်းဝယ်ရင် စျေးကြီးတယ်။ discount ချတဲ့အချိန်ကို စောင့်ဝယ်တာ ပိုတန်တယ်။ ခုနောက်ပိုင်း 10.10, 11.11, black friday sales, christmas sales စသဖြင့် အဲဒီအချိန်တွေကို စိတ်ရှည်ရှည်ထားပြီး စောင့်ဝယ်ပါ။ အဲဒါဆို ပစ္စည်းကောင်းလည်းရ၊ စျေးလည်းတန်ပါတယ်။

အဲဒါလေးတွေက ကိုယ်ံ့အတွက် အကျိုးရှိတယ်ဆိုရင် share ပေးသွားပါဦးနော်။ နောက်လည်း မိန်းကလေး fashion နှင့်ပတ်သတ်တာ၊ အသုံးဝင်တာလေးတွေ တင်ပေးသွားမှားမလို့ see first လုပ်ထားဖို့လည်း မမေ့ကြပါနှင့်နော်။

ဒီတခါမှာတော့ ကိုယ့်ရဲ့ အသားအရောင် skin tone နှင့်လိုက်ဖက်နိုင်မယ့် အဝတ်အစားအရောင်တွေအကြောင်းပြောပြချင်ပါတယ်။ ပထမဦးဆုံး က...
31/01/2024

ဒီတခါမှာတော့ ကိုယ့်ရဲ့ အသားအရောင် skin tone နှင့်လိုက်ဖက်နိုင်မယ့် အဝတ်အစားအရောင်တွေအကြောင်းပြောပြချင်ပါတယ်။

ပထမဦးဆုံး ကိုယ်ကဘယ် skin tone လဲဆိုတာ သိရှိနိုင်ဖို့ နည်းလမ်းလေးတွေပြောပြပေးပါမယ်။
ကိုယ့်ရဲ့လက်ကောက်ဝတ်ကိုကြည့်လို့ သွေးကြောလေးတွေက အပြာ(သို့)ခရမ်းရောင်သန်းနေမယ်ဆိုရင် cool tone၊ အစိမ်းရောင်ဆိုရင်တော့ warm tone။ အဲဒီလို အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။

နောက်တခုက မျက်လုံးအရောင်ကိုကြည့်တာပါ။ မျက်လုံးအရောင်က အပြာ၊ မီးခိုး (သို့) အစိမ်းရောင်ဆိုရင်တော့ cool tone ဖြစ်ပြီး အညိုရောင်၊ hazel ရောင်လေးတွေရှိရင်တော့ warm tone ပါ။

ကိုယ့်အသားအရောင်က cool tone လား warm tone လား အကြမ်းဖျင်းသိပြီးပြီဆိုရင်တော့

Jewelry တွေဝတ်ရင် warm tone လေးတွေက ရွှေနှင့်ပိုလိုက်ဖက်ပြီး cool tone လေးတွေကတော့ ငွေရောင်လေးတွေနှင့် ပိုလိုက်ဖက်ပါတယ်နော်။

အရောင်အနေနှင့်ကတော့ cool tone အဖြူ၊ အနက်၊ အပြာ၊ ခရမ်းတွေနှင့်လိုက်ဖက်ပြီး warm tone လေးတွေကတော့ ဆင်စွယ်၊ အညို၊ အဝါ၊ အနီ၊ လိမ္မော်၊ အစိမ်းလေးတွေနှင့် လိုက်ဖက်ပါတယ်။

ဒါကတော့ ကိုယ်ကဘာ skin tone လဲ။ အဲဒီ skin tone ပေါ်မူတည်ပြီး ဘယ်အရောင်တွေလိုက်ဖက်လဲ ဆိုတာ ပြောပြပေးတာပါ။

နောက်ပိုင်းလည်း ဒီလိုအကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာမလို့ page လေးကို like & share နှင့် see first လေးတွေ လုပ်ထားပေးပါနော်။

Ready to wear ချည်သားဘောင်းဘီတိုလေးတွေ အရည်အတွက်နည်းနည်းပဲ ကျန်လို့ လျော့ဈေးနှင့် ရောင်းပေးနေပါပြီ။ခုနွေရာသီအချိန်နှင့်က...
15/03/2022

Ready to wear ချည်သားဘောင်းဘီတိုလေးတွေ အရည်အတွက်နည်းနည်းပဲ ကျန်လို့ လျော့ဈေးနှင့် ရောင်းပေးနေပါပြီ။

ခုနွေရာသီအချိန်နှင့်ကွက်တိ။

ချုပ်ရိုးချုပ်သား cutting စိတ်ချပါ။

၁ထည်ကို ၄၅၀၀ကျပ်နှင့် ပစ္စည်းရှိသလောက် ရောင်းပေးနေပါပြီ။

အထည်အများကြီးမရှိပါ။

အရောင်၃ရောင် ဆိုဒ်၃ဆိုဒ်ရှိပါတယ်။

S - တင် 34-36”
M - တင် 36-38”
L - တင် 38-40”

ဝယ်ယူချင်ရင် CB မှာ ဆက်သွယ်ပေးပါ။

ပြီးခဲ့တဲ့ပိုစ့်မှာတုန်းက ခန္ဓာကိုယ်အချိုးအစားတွေနှင့် နာမည်တွေကိုဖော်ပြပေးပြီးသွားတော့ ဒီတခါ ဘယ်လိုခန္ဓာကိုယ်က ဘယ်လိုပု...
10/06/2020

ပြီးခဲ့တဲ့ပိုစ့်မှာတုန်းက ခန္ဓာကိုယ်အချိုးအစားတွေနှင့် နာမည်တွေကိုဖော်ပြပေးပြီးသွားတော့ ဒီတခါ ဘယ်လိုခန္ဓာကိုယ်က ဘယ်လိုပုံမျိုးနှင့်လိုက်ဖက်တယ်ဆိုတာ ကြည့်ကြရအောင်။ မဖတ်ကြည့်ရသေးတဲ့ လူတွေလည်း ဒီလင့်လေးမှာ ပြန်သွားဖတ်လို့ရပါတယ်နော်။

https://www.facebook.com/YYFashion.Myanmar/posts/2328304034139052?__tn__=K-R

ပထမဆုံး triangle shape လို့ခေါ်တဲ့ အပေါ်သေးပြီး အောက်ပိုင်းကြီးတဲ့သူတွေ ဘယ်လိုမျိုးဝတ်စားဆင်ယင်ရမလဲ အရင်ဆုံးပြောပြပေးပါ့မယ်။ ဒီလို အပေါ်အောက်မမျှနေတာကို မသိသာစေဖို့ ပခုံးကိုကျယ်၊ အောက်ပိုင်းကိုသေးစေပြီး ခြေထောက်ကိုရှည်စေတဲ့ ပုံစံမျိုးဖြစ်ရပါမယ်။ ဆိုတော့အပေါ်ပိုင်းကို အဓိကထားပြီး ဝတ်ဆင်ရပါမယ်။ အပေါ်ပိုင်းပဲအဓိကထားရမယ်ဆိုလို့ အောက်ပိုင်းဘာမှ မဝတ်နှင့်။ အဲလိုမဟုတ်ပါဘူးနော်။ အပေါ်ပိုင်းကို အောက်ပိုင်းထက် လူတွေပိုအာရုံစိုက်အောင် ဝတ်ရမယ်ပြောတာပါ။ လည်းပင်းကို ရိုးရိုးလည်ပင်းပေါက်ထက် ဖားပါးစပ်ပုံ၊ လည်ပင်းဟိုက်ဟိုက်၊ ပခုံးပြတ်၊ အိတ်ကပ်တပ်စသဖြင့် ဝတ်လို့ရပါတယ်။ လူကိုရုတ်တရက်ကြည့်လိုက်ရင် အကျႌလေးကပုံလေးဆန်းလိုက်တာဆိုပြီး အပေါ်ပိုင်းကိုပဲ အာရုံစိုက်ကြအောင်ပါ။

အတွန့်၊ အဖတ်၊ ပန်းထိုး စတာတွေ၊ ကော်လံအဆန်းအပြားလေတွေ၊ accessories လေးတွေ ဆွဲကြိုးလိုမျိုးလေးတွေ၊ ပခုံးမှာ ဖော့ထည့်ဝတ်တာတွေ၊ လက်ဖောင်းအထောင်ဝတ်တာတွေကလည်း လူတွေရဲ့မျက်စိကို လှည့်စားစေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အပေါ်နှင့်အောက် မကွာဘူးလို့ ထင်ရအောင်မျိုး ဝတ်စားသင့်ပါတယ်။

များသောအားဖြင့် အပေါ်သေးပြီး အောက်ကြီးသူတွေအတွက် off shoulder လေးတွေက တော်တော်လိုက်ဖက်ပါတယ်။ တော်ရုံ အပေါ်ပိုင်းမှာ အဆီမစုတော့ ဘာဝတ်ဝတ်လှနေရော။ လက်အကားလေးတွေ၊ ဆင်နားရွက်လက်လေးတွေဝတ်ပြီးလည်း အပေါ်ပိုင်းကို ကြီးတယ်ထင်အောင် ဝတ်လို့ရပါတယ်။

အောက်ပိုင်းကိုကျတော့ ဒေါင်လိုက်စင်း၊ အရောင်ရင့်ရင့်၊ အဆင်နုတ်နုတ်လေးတွေဝတ်ရင် ပိုပြီး ရှည်သွယ်စေပါတယ်။ ကန့်လန့်စင်းကိုတော့ မဝတ်သင့်ပါဘူး။ အရောင်အနုတွေတော့ မဝတ်သင့်ပါဘူး။ အရောင်နုဝတ်ချင်ရင် အပေါ်ပိုင်းကို အရောင်နုနုလေးဝတ်ပြီး အောက်ပိုင်းကို အရောင် အရင့်လေးဝတ်ကြည့်ပါ။ ဘောင်းဘီဆိုလည်း အတည့်အပွ (straight cut) ၊ ခေါင်းလောင်းဘောင်းဘီလို အောက်နားနည်းနည်းကားတဲ့ ဘောင်းဘီ (Boots cut) တွေနှင့်ပိုလိုက်ဖက်ပါတယ်။

ဒီလို ခန္ဓာကိုယ်အချိုးအစားမှာ အများအားဖြင့် ခါးလေးတွေသေးတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခါးလေးတွေပေါ်လွင်စေဖို့လည်း အလေးထားပြီးဝတ်လို့ရပါတယ်။ ခါးမပွဘဲ အတိဖြစ်နေတဲ့ အကျႌမျိုးပါ။ ဒါပေမယ့် ခါးလှတယ်ဆိုပြီး ခါးပတ်တွေတော့ မပတ်သင့်ပါဘူး။ ခါးနှင့်တင်တဝိုက် ခါးပတ်နှင့် အခြား accessories တွေဝတ်တာကို ရှောင်ကျဉ်ပါ။

ဒီအချက်တွေကတော့ triangle shape ပုံစံမိန်းကလေးတွေရှောင်သင့် ဆောင်သင့်တဲ့ အချက်တွေပါ။ နောက်ပိုစ့်မှာ inverted triangle shape အပေါ်ပိုင်းကြီး အောက်ပိုင်းသေးတဲ့ ခန္ဓာကိုယ်အချိုးအစားအတွက် ဆောင်ရန် ရှောင်ရန်တွေပြောပြပေးသွားမှာမလို့ YY Fashion Page ကို Like & See first လုပ်ထားကြပါနော်။

Photo Credit: Google Images

မိန်းကလေးတွေမှာတွေ့ရတတ်တဲ့ ခန္ဓာကိုယ်အမျိုးအစား (၇)မျိုးခုခေတ်ခုကာလမှာ ယောကျင်္ားလေးတွေကော မိန်းကလေးတွေပါ ဖက်ရှင်ကျကျဝတ်...
07/06/2020

မိန်းကလေးတွေမှာတွေ့ရတတ်တဲ့ ခန္ဓာကိုယ်အမျိုးအစား (၇)မျိုး

ခုခေတ်ခုကာလမှာ ယောကျင်္ားလေးတွေကော မိန်းကလေးတွေပါ ဖက်ရှင်ကျကျဝတ်စားလာကြပါပြီ။ ဒီလိုဝတ်တတ်စားတတ်ဖို့ ကိုယ်နှင့်လိုက်ဖက်မယ့် အဝတ်အစားရွေးချယ်ခြင်းကလည်း တခုအပါအဝင်ပါပဲ။ လူတွေမှာ အထူးသဖြင့် အမျိုးသမီးလေးတွေမှာ တယောက်နှင့်တယောက် ခန္ဓာကိုယ်အချိုးအစားချင်း မတူကြပါဘူး။ ကိုယ့်ခန္ဓာကိုယ်နှင့်လိုက်ပြီး ဝတ်စားတတ်တာလည်း အရည်အချင်းတခုပါ။ ကိုယ်ကဘယ်ခန္ဓာကိုယ်အချိုးအစားထဲမှာပါလဲ မသိဘူးဆိုလည်း စိတ်ပူစရာမရှိပါဘူး။ အခုအရင်ဆုံးပြောပြမယ့်အကြောင်းအရာက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အမျိုးအစား (၇)မျိုးအကြောင်းပြောပြပေးသွားမှာပါ။ ကိုယ်က ဘယ်အမျိုးအစားထဲမှာပါလဲ သိရအောင် ပေကြိုးတချောင်းတော့ အဆင်သင့်ပြင်ထားပါတော့နော်။

ပေကြိုးအဆင်သင့်ရပြီဆိုရင် ကိ်ုယ့်ရဲ့ ရင်၊ ခါး၊ တင် ကိုတိုင်းရမှာပါ။ တိုင်းတဲ့နေရာမှာ ရင်နှင့်တင်က အဖောင်းဆုံးနေရာ၊ ခါးကသိမ်နေတဲ့နေရာ ဒါမှမဟုတ်လည်း ချက်ပတ်လည်ကိုတိုင်းရမှာပါ။

Ideal Body Type

ပထမဆုံးပြောပြချင်တာက ideal body type ဆိုတဲ့အတိုင်း ဒီခန္ဓာကိုယ်အချိုးအစားက စံပြအနေအထားမျိုးပေါ့။ ဘယ်လိုခန္ဓာကိုယ်မျိုးကို ideal body type လို့ခေါ်လဲဆိုတော့ ပထမဆုံး တင်နှင့်ခါးရဲ့ ကွာခြားမှုရှာပါ။ တင်ကိုတိုင်းလို့ရတဲ့ အတိုင်းအတာထဲက ခါးကိုတိုင်းလို့ရတဲ့အတိုင်းအတာကိုနှုတ်ပါ။ အဖြေက 9�“-12”ကွာခြားရပါမယ်။

နောက်တခုက ရင်နှင့်ခါးကို တိုင်းတာရပါမယ်။ ခါးအတိုင်းအထာထဲက ရင်အတိုင်းအတာကိုနှုတ်ရင် 4”-5” ကွာရပါမယ်။ ပြီးတော့ bra cup size က size B ဖြစ်ရပါမယ်။ Bra cup size တွေက အကြမ်းဖျင်း A ကနေ G လောက်ထိရှိတတ်ပါတယ်။ ဒီအကြောင်းသိချင်ရင်နောက်မှ ပြောပြပါမယ်နော်။ အခု size B ကတော့ မြန်မာမိန်းကလေး အများစုရှိတတ်တဲ့ ဆိုဒ်မျိုးပါပဲ။

အခုပြောထားတဲ့ ၃ခုနှင့် ကိုက်ညီတဲ့ ခန္ဓာကိုယ်ကို ideal body type အဖြစ်သတ်မှတ်ပါတယ်။

2. Hourglass Body Shape

Hourglass ဆိုတဲ့အတိုင်း သဲနာရီလိုမျိုး ခါးသိမ်သိမ် ရင်ပြည့်ပြည့် တင်ကားကား ပုံစံမျိုးပါ။ ဂစ်တာရှိတ်လို့လည်း ပြောလို့ရပါတယ်နော်။ ကဲ... ဒီတော့ ဘယ်လိုမျိုးလဲကြည့်လိုက်ကြရအောင်ပါ။ ပထမဆုံး ခါးက ရင်နှင့်တင်ထက် သေးရပါမယ်။ ဒီတော့ တင်နှင့်ရင်က ခါးထက် နည်းနည်းပိုကြီးရမယ်ပေါ့။ ဒါမှ သဲနာရီပုံပေါက်မှာလေ။ ဒီထက်ပိုပြီးတိတိကျကျပြောရရင် ခါးအတိုင်းက တင်အတိုင်းထက် 13လက်မအနည်းဆုံးကွာရမယ်။ ရင်အတိုင်းနှင့် တင်အတိုင်းက တူတူနီးပါးလောက်ရှိရမယ်။

ဥပမာအနေနှင့် Jennifer Lopez တို့ Beyonce’ တို့လိုပုံစံမျိုးပေါ့။


3. Triangle Body Shape (Pear Shape)

ဒီတခါတော့ triangle ဆိုတဲ့အတိုင်း တြိဂံပုံစံခန္ဓာကိုယ်အချိုးအစားပါ။ အဲဒီအချိုးအစားကို pear shape လို့လည်းခေါ်တယ်။ သစ်တော်သီးပုံစံအပေါ်သေး အောက်ကြီးတဲ့ ပုံစံမျိုး။ ရင်က တင်ထက် ပိုသေးတယ်။ ဒါမှမဟုတ် ပခုံးကျဉ်းပြီး တင်ကားတယ်။ ထပ်ပြီးတိတိကျကျပြောရရင် ခါးနှင့်ရင်အတိုင်းကွာခြားချက်က 4” ထက်နည်းတယ်။ တချို့တွေကခါးနေရာက ပိုသိမ်ပြီး တင်ကပိုကားတယ်။ အဲလိုမျိုးဆို spoon body type လို့လည်းခေါ်တယ်။ ဇွန်းကို ထောင်ထားသလိုမျိုး အပေါ်ပိုင်းက သေးပြီး အောက်ပိုင်းကပိုပြည့်နေသလိုမျိုးပေါ့။

4. Inverted Triangle Body Shape

ဒီတခုက ခုနက pear shape တို့နှင့် ဆန့်ကျင်ဖက်ပါ။ သူ့နာမည်အတိုင်း တြိဂံကို ပြောင်းပြန်လှန်ထားသလိုပုံမျိုးပါ။ အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းသေးတဲ့ ခန္ဓာကိုယ်မျိုးပါ။ ရင်အတိုင်းက တင်အတိုင်းထက်ပိုကြီးတယ်။ Bra cup size က C, D, DD ရှိတတ်တယ်။ ရင်ကြီးတယ်။ ပြည့်ပြည့်လေးနှင့်လှတယ်ပေါ့။ ဒါမှမဟုတ်လည်း ပခုံးတွေကျယ်နေတတ်တယ်။ တင်ပါးကျဉ်းတယ်။ တိတိကျကျပြောရရင် ခါးက ရင်ထက် 5”ထက်ပိုသေးနေတတ်တယ်။ ရင်အတိုင်းကကြီးနေတာပေါ့။

5. Rectangle Body Shape

ထောင့်မှန်စတုဂံပုံစံ ခန္ဓာကိုယ်အမျိုးအစားပေါ့။ ရင် ခါး တင် တဖြောင့်တည်းရှိတတ်ကြတယ်။ ကွာလှည်းခါးနှင့်တင် အတိုင်းက အများဆုံး 9”လောက်ပဲကွာတတ်ကြတယ်။ Banana Shape, Straight Shape, Ruler Shape စသဖြင့်လည်းခေါ်ကြတယ်။ ဒီလိုခန္ဓာကိုယ်မျိုးက မော်ဒယ်တွေမှာတွေ့ရတတ်တဲ့ အမျိုးအစားပါ။ ပိန်ပိန်ပါးပါးနှင့် ခါးနေရာမှာလည်း သိသိသာသာတိမ်မနေဘူး။ တချို့ အားကစားသမားတွေမှာလည်း ဒီ ခန္ဓာကိုယ်မျိုးတွေ့ရတတ်တယ်။

6. Diamond Body Shape

စိန်တုံးလေးနှင့်တူတဲ့ ခန္ဓာကိုယ်အမျိုးအစားပေါ့။ စိန်တုံးဆိုတဲ့အတိုင်း ခါးကတင်နှင့်ရင်ထက် ပိုကြီးနေတတ်တယ်။ ဗိုက်ကလေးက စူစူလေးထွက်နေတတ်တယ်။ အဲလိုဗိုက်ထွက်တာ အပေါ်ဗိုက်နှင့် အောက်ဗိုက်ရှိသေးတယ်။ အပေါ်ဗိုက်က ပိုပူနေရင် ပန်းသီးရှိတ်လို့ခေါ်တယ်။

7. Oval Body Shape

နောက်ဆုံးတခုကတော့ ဘဲဥပုံခန္ဓာကိုယ်ပါ။ လုံးလုံးလေးမို့ Round Body Shape လို့လည်းခေါ်တယ်။ သူကျတော့ ခုနက စိန်တုံးပုံစံနှင့် ကွာသွားတာက ရင်လည်းပိုထူတယ်။ တင်လည်းပိုထူတယ်။

ဒီတော့ကိုယ့်ခန္ဓာကိုယ်က ဘယ်အမျိုးအစားထဲမှာပါလဲ။ ကိုယ့်အသိ၊ သူငယ်ချင်းတွေကကော ဘယ်လိုပုံစံမျိုးလဲဆိုတာသိရအောင် တိုင်းတာပြီးပြောပြပေးသွားပါအုန်း။
ဘယ်လိုပုံစံမျိုးပဲရှိရှိ လူ့ခန္ဓာကိုယ်က လှပြီးသားပါ။ စံပြဖြစ်ပြီးသားပါ။ ဒီထက်ပိုလှအောင် ဘယ်ခန္ဓာကိုယ်အမျိုးအစားက ဘယ်လိုပုံစံမျိုးတွေ ဝတ်သင့်လည်းဆိုတာ နောက်ပို့စ်မှာ ပြောပြပေးသွားမှာ မလို့ YY Fashion Page ကို like & see first လုပ်ထားဖို့တော့ မမေ့နှင့်နော်။

*****  လောလောဆယ် ဝတ်စရာအင်္ကျီအသစ်မရှိလို့ စိတ်ညစ်နေပြီလား***** အင်္ကျီအသစ်ရဖို့ စောင့်ရတာစိတ်မရှည် ဖြစ်နေပြီလား ***** ခ...
21/02/2020

***** လောလောဆယ် ဝတ်စရာအင်္ကျီအသစ်မရှိလို့ စိတ်ညစ်နေပြီလား

***** အင်္ကျီအသစ်ရဖို့ စောင့်ရတာစိတ်မရှည် ဖြစ်နေပြီလား

***** ချုပ်ခိုင်းတာနှင့် ချုပ်ပေးတာ မကိုက်လို့ စိတ်ညစ်နေပြီလား

***** ချုပ်ခတွေစျေးကြီးလို့ ထပ်ချုပ်သင့်မသင့် စဉ်းစားနေပြီလား

***** အပ်ချုပ်ဆိုင်သွားဖို့ အချိန်မရှိတဲ့ ရုံးသမားတွေလား၊ အိမ်ကိုပစ်ထားခဲ့လို့မရတဲ့ ကလေးမေမေတွေလား၊ အိမ်နှင့်ကျောင်းနှင့် အလုပ်ရှုပ်နေတဲ့ ပျိုပျိုလေးတွေလား

အဲဒါတွေဖြေရှင်းပေးဖို့ YY Fashion ရောက်လာပါပြီ။

YYFashion ကအနည်းဆုံး၂ထည်အပ်ရင် အိမ်တိုင်ယာရောက်၊ ရုံးဆိုလည်းရုံးအရောက် လာယူကိုယ်တိုင်းပြီး ချုပ်ပေးတဲ့ဝန်ဆောင်မှုပေးနေပါပြီ။ အဲဒီဝန်ဆောင်မှုက လောလောဆယ်တော့ downtown ၆မြို့နယ်ပဲရပါသေးတယ်။

ချုပ်ခကျတော့ ထသွားလာသွားဝမ်းဆက်တစ်စုံကို ၂သောင်းပဲကျသင့်မှာမို့ ကိုယ့်စိတ်ကူးလေးထဲက အင်္ကျီရဖို့ YY Fashion ရဲ့ message box ကနေကို ဆက်သွယ်လိုက်ပါ။ ဒါမှမဟုတ် ဖုန်းနံပါတ် ၀၉-၅၀၁၄၂၆၇ ကိုဆက်သွယ်လည်းရတယ်နော်။

Zawgyi Version *****




***** ချုပ်ခတွေဈေးကြီးလို့ ထပ်ချုပ်သင့်မသင့် စဉ်းစားနေပြီလား





25/12/2019

Unicode
မော်တာစက်ချုပ်ကျွမ်းကျင် (၂)ဦးအလိုရှိသည်။

- Cm နည်းဖြင့်ညှပ်ပေးထားသော အထည်များကို သေသပ်စွာချုပ်လုပ်နိုင်ရမည်။
- ပွဲတက်၊ ထသွားလာသွား၊ ရယ်ဒီမိတ်ပုံစံများ ချုပ်ရမည်။
- လက်ချုပ်လိုက်၊ ကြယ်သီးတပ်၊ မီးပူတိုက်ပါလုပ်ရမည်။
- အလုပ်ချိန် ၉း၀၀-၅း၃၀ တနင်္လာမှသော ကြာ
- လမ်းမတော်မြို့နယ်တွင် အလုပ်ဆင်းရမည်။
- အရည်အချင်းပေါ်မူတည်ပြီး လစာညှိနှိုင်းပေးပါမည်။
- ဆက်သွယ်ရန် ဖုန်း - ၀၉၅၀၁၄၂၆၇

Zawgyi


Unicode ရိုက်ကူးရေးတခုအတွက် ချုပ်ပေးဖြစ်တာလေး Zawgyiရိုက်ကူးရေးတခုအတွက် ချုပ်ပေးဖြစ်တာလေး
30/09/2019

Unicode
ရိုက်ကူးရေးတခုအတွက် ချုပ်ပေးဖြစ်တာလေး

Zawgyi

Blouse 😍❤️
24/09/2019

Blouse 😍❤️

It’s Monday !!! ☀️💪Get up and create something amazing this week !!! 🥰💕❣️
09/09/2019

It’s Monday !!! ☀️💪

Get up and create something amazing this week !!! 🥰💕❣️

မြန်မာအင်္ကျီလေးတွေ 😍❣️💕
14/08/2019

မြန်မာအင်္ကျီလေးတွေ 😍❣️💕

Address

No. 91, Hledan Street, Lamadaw Township
Yangon
11131

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00

Telephone

+9595014267

Website

Alerts

Be the first to know and let us send you an email when YY Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YY Fashion:

Share