18/09/2024
မနစ်ချင်ရင်ပြင်ဆင်ကြပါတော့..
နောက် 72 နာရီအတွင်း #မြန်မာပြည်အောက်ပိုင်းမြေနိမ့်ပိုင်းကျေးရွာဒေသအများစု ရေကြီးရေလျှံမှုများဆိုးရွားစွာဖြစ်ပွားလာနိုင်
အရှေ့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်းငယ်ဟာ နောက် 24 နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး စက်တင်ဘာ 20 ရက်နေ့မှာ ကုန်တွင်းပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ထိုင်းနိုင်ငံ မြောက်ပိုင်း နှင့် လာအိုနိုင်ငံပေါ်ဖြတ်ကျော်ကာ
စက်တင်ဘာ 21 ရက်မှာ မြန်မာနိုင်ငံ ကယားပြည်နယ် မှတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော်ထဲသို့ ရောက်ရှိကာ ဆိုင်ကလုန်းမုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်ပြီး အိန္ဒိယနိုင်ငံဘက်ကို ဉီးတည်စေနိုင်
-------------------------------------------------------
အဆိုပါ ကုန်တွင်းပိုင်းလေပွေလှိုင်းအရှိန်ကြောင့် တနင်သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရခိုင်ပြည်နယ် ၊ မန်းတလေးတိုင်းဒေသကြီးတွင် စက်တင်ဘာ 21 ရက်မှ 23 ရက်နေ့ထိ (3) ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး
#မိုးအများဆုံးရွာသွန်းမည့်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်း ၊ ပဲခူးအရှေ့ခြမ်း ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် စက်တင်ဘာ 23 ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်မည့် ဆိုင်ကလုန်းမုန်တိုင်းငယ်အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင် နှင့် မုတ္တမကွေ့ပင်လယ်ပြင်တစ်ဝိုက် မုတ်သုံလေအားအလွန်ကောင်းလာမည်ဖြစ်၍ စက်တင်ဘာ လကုန်မတိုင်ခင်ထိ ရက်ရှည်မိုးသည်းထန်ခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း ၊ ရေကြီးရေလျှံခြင်း ၊ တောင်ပြိုကျခြင်း စတဲ့ သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာနိုင်
စက်တင်ဘာ 20/21 ရက်နေ့မှာ ပင်လယ်ခေါင်ရေတက်ရက်ဖြစ်ပြီး ထိုနေ့မှာ အဆိုပါ 19 W ပွေလှိုင်းဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသဘက်ကို ဖြတ်ကျော်မှာဖြစ်တဲ့အတွက် 24 နာရီမနားတမ်းမိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ ထူးကဲပင်လယ်ဒီရေအရှိန်ကြောင့် မြစ်ရေတက်တာ မြန်နိုင်သလို မိုးကြီးနေစဉ် နာရီပိုင်းအတွင်း မြေနိမ့်ပိုင်းဒေသအားလုံး ရေလွှမ်းမိုးနိုင်တာကြောင့် ထိုနေ့အတွင်း
#ဘီးလင်းမြစ်ရေ
#သံလွင်မြစ်ရေ
#သောင်းရင်းမြစ်ရေ
#ရေးမြစ်ရေ
#စစ်တောင်းမြစ်ရေ
#လှိုင်မြစ်ရေ
#ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာနိုင်တဲ့အတွက် စက်တင်ဘာ 19/20 ရက်နေ့မတိုင်မှီထိ မြေနိမ့်ပိုင်းဒေသတွေ အတတ်နိုင်ဆုံး အမြန်ရွေ့ပြောင်းကြိုတင်ပြင်ဆင်မှုများ ရယူထားကြပါရန် နှင့် သတိပြုမိစေရန် #မွန်ပြည်နယ်ကရင်ပြည်နယ်မိုးလေဝသသတိပေးထုတ်ပြန်ချက် စာမျက်နာမှ နောက် 48 နာရီအတွင်း သဘာဝဘေးအန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်ခင် အချိန်အတွင်းမှာ မြစ်ကမ်းဘေးနေထိုင်သူများ နှင့် မြေနိမ့်ပိုင်းကျေးရွာဒေသမှာ နေထိုင်ကြတဲ့ ပြည်သူများအားလုံးအနေနဲ့ ကြိုတင်ပြင်ဆင်မှု ရယူထားကြပါရန် #အရေးပေါ်သတိပေးချက် တစ်ရပ်အနေဖြင့် အသိပေးကြေငြာအပ်ပါသည်
နောက် 24 နာရီအတွင်း တနင်သာရီတိုင်းဒေသကြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မြေနိမ့်ပိုင်းတွေ ရေကြီးရေလျှံမှု ဖြစ်ပွားလာနိုင်
https://www.facebook.com/61564443843209/posts/122113767860481461/?app=fbl
12:30 PM || 18/9/24
#မွန်ပြည်နယ်_ကရင်ပြည်နယ်_မိုးလေဝသ_သတိပေးထုတ်ပြန်ချက်