10/05/2026
Happy Mother’s Day 💕
အမေများနေ့မှစ၍ ကမ္ဘာတဝှမ်းရှိ မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ လို့ဆုမွန်ကောင်းအပ်ပါတယ်ခင်ဗျာ 💕
Happy Mother’s Day! 💖
လောကမှာ အတိုင်းအဆမရှိတဲ့ ပေးဆပ်မှုတွေနဲ့ အနွေးထွေးဆုံးသော မေတ္တာတရားကို ပြပါဆိုရင် ‘မေမေ’ ဆိုတဲ့ စကားလုံးလေးက အဖြေဖြစ်မှာပါပဲ။ ✨💖
မိသားစုတစ်ခုရဲ့ အုတ်မြစ်ဖြစ်သလို၊ သားသမီးတွေရဲ့ ဘဝလမ်းခရီးမှာ အလင်းရောင်ပေးတဲ့ မီးရှူးတန်ဆောင်လည်း ဖြစ်ပါတယ်။ နေအိမ်မှာတင်မကဘဲ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာပါ ကြံ့ကြံ့ခံ ရုန်းကန်လှုပ်ရှားရင်း အရာရာကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးနေတဲ့ မေမေတို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို လေးစားအတုယူစရာပါ။
မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့မှာ အမြဲကျရောက်တဲ့ နိုင်ငံတကာ အမေများနေ့မှာ မိသားစုအတွက်ရော၊ လူ့အဖွဲ့အစည်းအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားတွေနဲ့ ပေးဆပ်နေကြတဲ့ မေမေများအားလုံးကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါတယ်။
မေမေတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မြဧရာမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨💐
🤱🏻 Happy Mother's Day to the incredible women who make our lives brighter with their enduring love and unwavering strength.🙏🏻
#အမေများနေ့
#မြဧရာ_နှလုံးသားဖြင့်ထုတ်လုပ်သည်။