ZZK The Stylist

ZZK The Stylist Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZZK The Stylist, Design & Fashion, Yangon.

I don’t do fashion because I am fashion.
01/01/2026

I don’t do fashion because I am fashion.

31/12/2025

ဒီလမ်းခရီးက fashion runway ထဲက spotlight တွေနဲ့မဟုတ်ဘူး…

တောင်တန်းထဲက အိပ်မက်ကြားပျံသန်းရတဲ့ မိုးတိမ်တွေထဲက အလင်းရောင်တွေပါ ...
အရင်တုန်းကတော့ ကျမက fashion designer တစ်ယောက်ပေါ့
သတင်းစာဆောင်းပါးတွေထဲမှာ sketch ဖြစ်တဲ့အဝတ်အစားတွေကို ဘဝတစ်ခုလုပ်နေခဲ့တယ်။
ဒါပေမဲ့
stylist တစ်ယောက်အဖြစ် လူတွေရဲ့ style ကို အလေးထားတာကနေ
ကျမ ကိုယ်တိုင်ရဲ့ life style ကို အလေးထားဖို့ ဆုံးဖြတ်လိုက်တယ်။

Fashion world မှာ တုန်းက silhouette တွေ, texture တွေ, color palette တွေကိုrunwayပေါ်မှာ လှပအောင် plan လုပ်ခဲ့သလိုမျိုး …
အခုတော့ ကျမ ရဲ့ hiking trail မှာမြေကြီးအရောင် palette တွေလေနဲ့ရေခဲပျော့တဲ့ texture တွေနေရောင်gradient တွေက ကျမ ဘဝကို design ပြန်လုပ်ပေးနေပြီ။

တစ်ခါတစ်လေ ပြင်ဆင်ထားတဲ့ outfit တွေနဲ့ selfies လှလှ မရတတ်သလို
ဘဝကလည်း styled perfectly မဖြစ်တာတွေကြုံရတတ်ပါတယ်။
ဒါပေမဲ့ ဒီမြင်ကွင်းတွေက ပြသနေသလိုမျိုး
မပြုပြင်ထားတဲ့ အရာတွေကမှauthentic ဖြစ်တယ်မဟုတ်လား
ကျမ runway ထဲက style rules တွေအားလုံးကိုဖျက်ထားလိုက်ပြီး တောင်တက်တဲ့ အခါ
ကျမ အတွက် အသစ်သစ်သောစိတ်ကူး တွေကို ပြန် ပေးတယ်။

ဒီခရီးက—fashion မှာလို trend ကို follow တာမဟုတ်ဘူးကျမ ကိုယ်တိုင်ကို creator ဖြစ်
အောင်ပြန်သင်ပေးနေတဲ့ ခရီးလမ်းတစ်ခုပါပဲ 🌲

ZZK The stylist | Active life and style Conscious Fashion & Lifestyle
Personal Stylist For Active, Healthy & Sustainable Women Over 40

29/12/2025

တောင်တက်ခရီး အတွက် ဖက်ရှင်အကြံပေးချက် 🌲
ဒီ video ထဲ အဝတ်စားတွေ အကုန်လုံး တစ်ပတ်ရစ် Reused Clothing store က good second အထည်လေးတွေ ချည်းပါပဲနော် 💗

အသစ် ဝတ်မှ လှတာမဟုတ် အဟောင်းနဲ့ လဲ လှအောင်ဝတ်လို့ ရပါကြောင်း😘

Conscious Fashion & Lifestyle
Personal Stylist For Active, Healthy & Sustainable Women Over 40

Sister brand : တစ်ပတ်ရစ် Resued Clothing

The ZZK Studio ရဲ့ sister brand 💕
25/12/2025

The ZZK Studio ရဲ့ sister brand 💕

တစ်ပတ်ရစ်က လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တည်းက လုပ်လာခဲ့ပြီးတစ်ခြားဆိုင်တွေကော်ပီလိုက်ကူးရလောက်အောင် တစ်ကယ်ကောင်းမွန်တဲ့ အစီစဉ်လေးမို့လိုက်လုပ်သူ များလေလိုအပ် သူတွေ ရကြ လေမို့ ဘယ်သူ ပုံတူကူးကူး ဝမ်းသာ ကြိုဆိုပါတယ် ရှင် 💗

တစ်ပတ်ရစ် Reuse Clothing store
ဘုန်းကြီးကျောင်းကွေ့ ကားမှတ်တိုင်ရှေ့
လှော်ကား လမ်းမပေါ်
တောင်ဒဂုံ
ရန်ကုန်
09794920895

အပတ်စဉ် Monday , Tuesday က ဆိုင်ပိတ်ရက် ဖြစ်မှာ ဖြစ်ပြီး

💗Wednesday, Thursday, Friday ရက်တွေမှာ ဆိုင်ဖွင့်ချိန် ဟာ နေ့လည် 3 Pm to ည8 Pm ထိ ဖြစ်ပါမယ်

💗Saturday ,Sunday နှစ်ရက်မှာ မနက် 9 am to ည 8 pm ထိ ဖွင့် ပေးထားမှာပါ

24/12/2025

တောင်တက်တာက ဘဝခရီးလိုပဲ…
ကြောက်တယ်ဆိုပြီး လှည့်ပြန်လို့မရဘူး
စမိပြီးရင် အဆုံးထိ လျောက်ရတယ်
အဝေးကြီးကို မကြည့်ရဘူး
လက်ရှိ လျောက်နေတဲ့ ခြေလှမ်းကိုပဲ
အာရုံစိုက် ရတယ်
ဖြည်းဖြည်းမှန်မှန် ဇွဲနဲ့ ပဲ သွားရတယ်
ဒီလိုနဲ့ပဲ ခရီးအစမှာ နောက်ဆုံးကျန်ခဲ့ပေမယ့်
ခရီး ဝေးလာလေ
ကိုယ်က ရှေ့ဆုံးရောက်လာနိုင်လေ ပဲ ....

ဒီတစ်ခေါက် တောင်တက်ခရီးက
ကြို တင်ပြင်ဆင်မှု မရှိ
အနားယူမှု မလုံလောက်တဲ့အပြင်
အတက်ကြီးပဲ လေးနာရီကျော်ကြာခရီးကို
နေ့လည်စာ မစားလိုက်ရပဲ တက်ခဲ့ရလို့ ကိုယ်လည်း အရမ်းအားနည်းနေတဲ့ အချိန်
“ငါမလိုက်နိုင်တော့ဘူးလား”ဆိုတဲ့ ပြန်လှည့်ဖို့အတွေးအကြိမ်ကြိမ် ဝင်လာတယ်
ဒါပေမယ့်ဒီ တစ်ခေါက် လက်လျော့လိုက်ရင်
နောက်အခေါက်တွေအတွက်
ကိုယ့်ကိုကိုယ် မယုံကြည်တော့မှာကို
ပိုကြောက်ခဲ့တယ်
ဒါကြောင့် တောင်ထိပ်အရောက်
ရအောင် လျောက်ခဲ့တယ် 💪

SLE (auto immune disease)
ကင်ဆာ ဝေဒနာအသက် 42 နှစ်
ဒီခန္ဓာကိုယ်နဲ့
ဒီလောက်ထိ လုပ်နိုင်ခဲ့တဲ့အတွက်ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ် 🌿



Video ရိုက်ပေးနေတဲ့ တောင်တက်ဖော် အစ်မရဲ့ အသံနဲ့ နယ်ခံ လမ်းပြဖုန်းကဖွင့်ထားတဲ့ သီချင်းသံ ကိုပဲ အမှတ်တရ ထည့်ထားပါတယ် ☺️

23/11/2025
ကျမ တို့ fashion လုပ်ငန်းဟာ ကမ္ဘာမြေကြီးကို စွန့်ပြစ် အမှိုက် ပစ္စည်း တွေ အများကြီးပေးတဲ့ နေရာမှာ ပါဝင် နေတယ် ဆိုတာ သိပါ...
21/11/2025

ကျမ တို့ fashion လုပ်ငန်းဟာ ကမ္ဘာမြေကြီးကို စွန့်ပြစ် အမှိုက် ပစ္စည်း တွေ အများကြီးပေးတဲ့ နေရာမှာ ပါဝင် နေတယ် ဆိုတာ သိပါသလား ?

ကျမ ကိုယ်တိုင်လဲ fashion လုပ်ငန်း လုပ်ကိုင် သူ တစ်ယောက် မို့ကမ္ဘာမြေကြီး ကို မလိုလားအပ်တဲ့ အမှိုက်တွေ စုပုံစေမိပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သူ ဖြစ်စေမိမှာကို စိုးရိမ်မိပါတယ်

☺️အဝတ်စားဆိုတာ မဝတ် လို့လဲ မရ တဲ့ အသုံးဆောင် တစ်ခုမို့ ရှောင် လို့မရ တဲ့ အရာအတွက် ကမ္ဘာကြီးမှာ အမှိုက် မပုံစေဖို့ အတတ်နိုင်ဆုံး ဆင်ခြင် လို့ ရတဲ့
အချက်လေးတွေ ပြော ပြ ပေး ချင်ပါတယ်

☺️တွေ့သမျှ မြင်သမျှ ပေါ်သမျှ အဝတ်စားတွေ လိုက်ဝယ် နေ ပြီး တကယ်တမ်း မဝတ် ဖြစ်တဲ့ အခါ ကျမ တို့ ဆီမှာ
ချောင်ထိုးထားတဲ့ အမှိုက်တွေ ပုံလာစေပါတယ် အမှိုက်လိုအဝတ်တွေ ဗီဒို ငါးလုံး နဲ့ အပြည့် ရှိနေပြီး အပြင်သွားခါနီး ဝတ်စရာ မရှိ ဘူး ဆိုတဲ့ ပြသနာ ဒီက စပါတယ်

☺️ငွေ လဲ ကုန် ပြီး အမှိုက်လဲ ပုံ တဲ့ အပြင် သွားစရာ လာစရာ ရှိတိုင်း ဘာဝတ်ရမှန်း မသိတဲ့ ဒုက္ခ က နေ ဝေးစေဖို့က ကိုယ့်ရဲ့ personality ကိုယ် သိပြီး

ကိုယ်နဲ့ ဘယ်အဝတ်စား မျိုးက လိုက်ဖက်တယ်

ဘယ်လို အဝတ်တွေ က ကိုယ်နေ့တိုင်း ရွေးခြယ်
ဝတ် ဆင်နေတယ် ဆိုတာ ကောင်းကောင်းသိ ထားရင် အသစ်တွေ မြင်တိုင်း ကိုယ်နဲ့ လိုက် မလိုက် မသိပဲ ဝယ်မိနေတဲ့ ဒုက္ခ က နေဝေးသွားလို့

မလိုအပ်ပဲ ကုန်ရတဲ့ ငွေကုန် သက်သာ သွားပြီး ကမ္ဘာ မြေကြီး ပေါ် အမှိုက်တွေ ပုံနေမိတဲ့ အဖြစ်ကနေ တတ်နိုင် သလောက် ဆင်ခြင် နိုင်မှာ ဖြစ်ပါတယ်

ကျမ က Fashion designer တစ်ယောက်မို့ ကျမဆီမှာ အဝတ်တွေ အများကြီးပုံ
နေမယ် ထင်ရင်မှားပါလိမ့်မယ်

အရင်မသိခင် ကတော့ ကျမ လဲ ဒီအမှားတွေ လုပ် ဖူးပါတယ် ကိုယ်နဲ့ လိုက် ​၏ မလိုက်​၏ တကယ် အသုံးလို​၏ မလို​၏ မသိ ဘဲ ပေါ်သမျှ အဝတ် တွေ လိုက်ဝယ် ရင်း ငွေကုန် အမှိုက်ပုံ ဖြစ်ပြီး စတိုင်က လဲ ဂွမ်းခဲ့ရတာပါပဲ

ဒါပေမယ့် အခုနောက်ပိုင်း နားလည်လာတဲ့ အခါမှာအဝတ်စားကို ​တွေ့ တိုင်း မဝယ် ဖြစ်တော့သလို ခေတ်စားတိုင်း လဲ မဝယ် ဖြစ်တော့ပဲ ကိုယ်နဲ့ လိုက်ဖက်တဲ့ သီးသန့် stylecတစ်ခု ဖန်တီး နိုင်ခဲ့ ပြီး ဘယ် အချိန် ဝတ်ဝတ် ရိုးမသွားတဲ့ fashion style တစ်ခု ဖြစ်အောင် ဝတ်နိုင်လာပါတယ်

မရှိ မဖြစ် item တွေ နည်းနည်း ဝယ် ထား ရုံနဲ့ မတူ တဲ့ fashion look တွေ အများကြီး ဖန်တီး ဝတ် ဆင်နိုင် အောင် လုပ်တတ်သွားတဲ့ အခါ
​ငွေ ကုန်ကြေးကျ အများကြီးသက်သာသွားတဲ့ အပြင် လူတစ်ကာ နဲ့ တူမနေတဲ့ style တစ်ခု ဖန်တီး
နိုင် လာပါလိမ့်မယ် 🖤

ZZK The Stylist

ZZK The Stylist

The ZZK studio ရဲ့ sister brand
21/11/2025

The ZZK studio ရဲ့ sister brand

ပြတ်တုန်းလက်တုန်း23 မှာပိုက်ဆံမ ပေးရပဲ အဝတ်စားအသစ် လိုချင်လား ‼️

🎉ကိုယ့်ဆီက အထည်နှစ်မျိုးယူလာပြီးတစ်ပတ်ရစ်က အထည်နဲ့ လာလဲယူလို့ရတဲ့ တစ်ပတ်ရစ် ရဲ့
swap party ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ
ပျော်စရာ party လေးဖြစ်အောင် ဖန်တီးထားတာမို့

🎉ခင်မင်ရင်းနှီးစွာ အထည်လေးတွေ လဲလှယ်ကြပြီး ရင် fashion နဲ့ ပတ်သတ်တဲ့ သိလိုတာ လေးတွေ လဲ stylist ဆီမှာ အခမဲ့ မေးမြန်းတဲ့ အစီစဉ် လေး လဲ
ထည့် ပေးထားတာမို့ သိလိုတာလေး တွေ တွေးလာခဲ့အုန်းနော်

🎁ဒါတင်မကသေးပါဘူး
ဆိုင်ရှေ့မှာ အထည်အလှူ အခမဲ့ယူ နေရာလေးလဲ လုပ်ပေးထားမှာမို့ လှူချင်တဲ့ အထည်လေးတွေ ယူလာခဲ့ လို့ရပြီး လိုတဲ့ အထည်လေးတွေ လဲ အခမဲ့ ပြန်ယူသွားလို့ရပါမယ်

ဘယ်ဆိုင်မှ မလုပ်ပေးဖူးတဲ့ အထူးအစီစဉ်လေးကို လုပ်ပေးရတဲ့ အကြောင်းက မိန်းခလေးတိုင်းရဲ့ အဝတ်ဗီဒိုထဲက မဝတ်ဖြစ်ပဲ သိမ်းထားတဲ့ အထည်တွေ ကို ရှင်းသွားစေပြီး ကိုယ်လိုချင်တဲ့ design အသစ်လေးကို ငွေမပေးရပဲ ရမယ့်အပြင် ကိုယ်မလိုတဲ့အထည်က တစ်ခြား
မိန်းခလေးအတွက် အသုံးဝင်သွား စေဖို့ပါ 🥰

စည်းကမ်းချက်လေး အချို့တော့ရှိ ပါတယ် ‼️

*နှစ်ထည် ယူလာရမှာဖြစ်ပြီး တစ်ပတ်ရစ်က နေ တစ်ထည် ပြန်ယူရပါမယ်
*တစ်ပတ်ရစ်ဆိုင်မှာ လတ်တစ်လောတင်ရောင်းနေတဲ့ error မပါအထည် ကောင်းများဖြစ်တာမို့
လဲမည့်အထည် က လည်းအဟောင်း အနွမ်းများerror ပါသောအထည်များ(လုံးဝ)မဖြစ်ရပဲ 80%နီးပါးလောက် new ဖြစ်ရပါမယ်
*ယူလာတဲ့ အထည် ကို တော့ ဆိုင်ဖက်က design နှင့် error စစ်ဆေး ပြီး လဲခွင့်ပြု မပြု ဆုံးဖြတ် ပေးတာကို ကြည်ဖြူစွာလက်ခံ ပေးနိုင်ရပါမယ်

🎉ခုလာမယ့် Sat / Sunday နှစ်ရက်တည်း
မနက် 10 နာရီကနေ ညနေ 5 နာရီထိ လုပ်ပေးမှာမို့
ကိုယ့်ဆီမှာ ရှိတဲ့ မဝတ်ချင်တော့တဲ့
မဝတ်ဖြစ်တဲ့ /မတော် တော့တဲ့ အထည် လေးတွေ
ယူ လာပြီး တစ်ပတ်ရစ်မှာ လာလဲ လို့ ရပါပြီ 🥰

Life is not perfect but you’re outfit can be

တစ်ပတ်ရစ် Reused Clothing
By The ZZK Studio
ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်ရှေ့
လှော်ကားလမ်းမပေါ်
တောင်ဒဂုံ မြို့နယ်
ရန်ကုန်
09794920895

Designer တစ်ယောက်အတွက် design ဆွဲနေတဲ့ အချိန် အရေးကြီးတာက အဝတ်တစ်ထည် လှပ ဖို့ပဲ အဓိက ဖြစ်ခဲ့တယ် ဒါပေမယ့် Stylist တစ်ယောက...
03/11/2025

Designer တစ်ယောက်အတွက် design ဆွဲနေတဲ့ အချိန် အရေးကြီးတာက အဝတ်တစ်ထည် လှပ ဖို့ပဲ အဓိက ဖြစ်ခဲ့တယ်
ဒါပေမယ့် Stylist တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အဝတ်စားနဲ့ထပ်တူ ဝတ်ဆင်တဲ့သူရဲ့ ခံစားချက်က လဲ အရေးကြီးတယ်ဆိုတာ သိလာတယ် ...
ဒါမှ ကျမ တို့ဟာ ကိုယ့်အတွင်းက confident ကို
ကိုယ့် outfit နဲ့ ပြသနိုင်ပါလိမ့်မယ် .....🖤

ZZK The Stylist

တန်ဖိုးကြီးတဲ့ အဝတ်စားသစ် တွေ ဝယ်ဝတ်နိုင်မှ fashion ကျတယ် ထင်နေတုန်းလား ? တစ်ကယ်တော့ အဝတ်စားဆိုတာ ကိုယ်ပိုင် style နဲ့သာ...
02/11/2025

တန်ဖိုးကြီးတဲ့ အဝတ်စားသစ် တွေ ဝယ်ဝတ်နိုင်မှ fashion ကျတယ် ထင်နေတုန်းလား ?

တစ်ကယ်တော့ အဝတ်စားဆိုတာ ကိုယ်ပိုင် style နဲ့သာ ဝတ်တတ်ရင် အမြဲတမ်း အတွက် ကိုယ့်ဘာသာ ယုံကြည်မှုရှိရှိ ကြည့်ကောင်းနေတတ်ပါတယ်

အခုပုံထဲမှာ ကျမ ဝတ်ထားတာ တွေ အကုန်လုံးက
Good second လေးတွေချည်းပါပဲ
ခေါင်း အစ ခြေ အဆုံး သူများ မဝတ်ချင်တော့လို့ ပြန်ရောင်းထားတဲ့ အထည်လေးတွေ နဲ့ styling လုပ်ပြီးပြန်လည်ဝတ်ဆင်ထားတာပါ

အထည်ဟောင်းတွေ ပြန်လည် သုံးစွဲ ခြင်းက ကိုယ့် ငွေကို ခြွေတာရာရောက်တဲ့ အပြင် သဘာဝ ပတ်ဝန်းကျင်အတွက်လဲ အထောက်ကူပြုတာမို့
ကျမ တို့အမျိုးသမီးတွေ အနေနဲ့ fashion အသစ့တွေ နောက်ကိုပဲ ကောက်ကောက်ပါအောင် မလိုက်ပဲ
အထည် ဟောင်း လေးတွေ ပြန်လည်ဝတ်ဆင်ပြီး
ငွေနဲ့ သဘာဝကို ခြွေတာကြရအောင်နော် ♻️

ZZK The Stylist

Address

Yangon

Telephone

09794920895

Website

Alerts

Be the first to know and let us send you an email when ZZK The Stylist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share