Moonie Baby Shop

Moonie Baby Shop Children's Clothes Retail Shop An affordable price with good quantity ! We are now accepting Order from Singapore & Myanmar. Thank you.*

For more info, please drop a message to facebook message box or email to
[email protected]


*We are contactable via PM & WHATSAPP +65 82004336.

24/04/2020

😂 ရယ်မောခြင်းဖြင့် စိတ်ပူပန်မှုတွေ ခဏဖျောက်ရအောင်

ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနဲ့ပတ်သက်ပြီး မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။ဒီလ...
14/04/2020

ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနဲ့ပတ်သက်ပြီး မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။

ဒီလိုကိစ္စမျိုးဆိုတာ ဘယ်သူမှမကြုံချင်ကြပါဘူး။ သတင်းတွေမှာ ဖတ်ရတာ၊ကြားရတာနဲ့တင် ရင်နာရတဲ့ ကိစ္စမျိုးပါပဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေကိုမှ အနိုင်ကျင့်ချင်၊စော်ကားချင်တာ လူမဆန်တဲ့လုပ်ရပ်မို့ လူတိုင်းရွံမုန်းကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်လောက်နဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်းအရေးကြီးတာက ကိုယ့်သားသမီးတွေကို ဒီအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုးစားကြဖို့ပါ။ ဒီလိုဖြစ်လာမှာကြောက်တာပဲသိတယ်၊ ဘယ်လိုကာကွယ်ရမှန်းမသိဖြစ်နေတာ၊ အသိအမြင်မှားတွေရှိနေတာက တကယ်ကိုဆိုးပါတယ်။ ဒါ့ကြောင့် ခုချိန်ကစပြီး လေ့လာကြဖို့၊ စာဖတ်ကြဖို့ သတိပေးရင်းနဲ့ မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။

(၁) ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုဆိုတာဖြစ်ခဲတယ်

ကလေးကအရွယ်မှမရောက်သေးတာ စိတ်ပူဖို့မလိုပါဘူး။ ဒီအရွယ်လေးကို ဘယ်သူကဘာလုပ်မှာလဲလို့ မတွေးလိုက်ပါနဲ့။ အဖြစ်မနည်းပါဘူးနော်။ ဒီလိုအမှုအများစုက လူသိရှင်ကြားမဖြစ်ဘဲ တိုးတိုးတိတ်တိတ်ပြီးဆုံးသွားတာများလို့ ကမ္ဘာမှာအရေအတွက်အတိအကျရေတွက်ရခက်ခဲပါတယ်။ အမေရိကန်နိုင်ငံမှာဆို တစ်နှ်စ်ကို လိင်ပိုင်းစော်ကားခံရတဲ့ကလေး ၁ သိန်းကနေ ၅ သိန်းအတွင်းရှိပါတယ်။

(၂) ဒီလိုကိစ္စတွေအကြောင်း ကလေးကို အသိပညာပေးဖို့မလိုသေးဘူး။

ကလေးတွေကို သိတတ်တဲ့အရွယ်လောက်ဆို ကိုယ့်အန္တရာယ်ကာကွယ်နိုင်အောင် နည်းနည်းချင်းအသိပညာပေးထားသင့်ပါတယ်။ ကိုယ့်ကို ဒီလိုအန္တရာယ်ပြုလာနိုင်တဲ့အရိပ်အယောင်ရှိရင်ပြေးတတ်ဖို့၊ အကူအညီတောင်းတတ်ဖို့၊ပြန်ပြောပြဖို့ ကလေးအနေနဲ့ သိထားသင့်ပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာစော်ကားမှုအန္တရာယ်အကြောင်းပြောလိုက်ရင် ကလေးလန့်သွားလိမ့်မယ်

ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှသိမထားတာကမှ ကလေးအတွက်ပိုပြီးကြောက်လန့်စရာကောင်းတာပါ။ ငယ်သေးလို့ မပြောချင်သေးဘူးဆိုရင်တောင် ဘယ်လိုအပြုအမူမျိုးဆို လက်မခံသင့်ကြောင်း၊ တခုခုဆိုမိဘတွေကိုပြောပြသင့်ကြောင်း ရှင်းပြထားပါ။ ရိုးရိုးသားသားချစ်ခင်မှုနဲ့ ထိတွေ့၊ရင်းနှီးတာနဲ့ မရိုးသားတဲ့ သတိထားသင့်တဲ့အပြုအမူမျိုးတွေကြားမှာ ခွဲခြားသိအောင်ပြောပြထားသင့်ပါတယ်။ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းကိုလာထိတွေ့ရင် ချက်ချင်းငြင်းဆန်ဖို့၊ရှောင်ထွက်လာဖို့ သင်ပေးထားပါ။

(၄) ကျူးလွန်သူတွေ အများစုက လူစိမ်းတွေဖြစ်တယ်၊ သူစိမ်းတွေကို သတိထားရမယ်။

အမှန်တော့ သက်ငယ်မုဒိမ်းမှုအပါအဝင် ကလေး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေမှာ ကျူးလွန်သူတွေထဲ အနီးအနားက ရင်းနှီးသူ၊ သိကျွမ်းသူတွေနဲ့ဆွေမျိုးတွေတောင် ပါဝင်နေတာဖြစ်ပါတယ်။ ကလေးထိန်း၊ ယာဉ်မောင်း၊ အိမ်နီးချင်း စတဲ့ ကလေးနဲ့အမြင်မစိမ်းတဲ့ သိကျွမ်းသူတွေကို ပိုစိတ်ပူရပါတယ်။ သူစိမ်းဆို လူကြီးတွေမသိအောင် ကလေးအနားကပ်နိုင်တဲ့ အခွင့်အလမ်းနည်းတာကိုး။ မိဘတွေက ကလေးကို လူစိမ်းတွေရန်ကပဲစိုးရိမ်ပြီး သူစိမ်းတွေဆီက မုန့်ကျွေးရင်မစားနဲ့နော်၊ ကိုယ်မသိတဲ့လူခေါ်ရင် မလိုက်နဲ့နော် စသည်ဖြင့်မှာတတ်ကြတယ်။ လူစိမ်းကြောက်လို့ ရင်းနှီးသူတွေနဲ့ လိုက်ကာမှ အန္တရာယ်တွေ့ရတာမျိုး ပိုရင်နာရပါတယ်။ မိဘကိုယ်တိုင် ဒါမှမဟုတ် စိတ်ချရတဲ့လူတွေနဲ့သာနေဖို့ ကလေးကို ရှင်းပြထားပါ။

(၅) ကျူးလွန်သူတွေက နိမ့်ကျတဲ့အသွင်အပြင်နဲ့လူတွေဖြစ်နိုင်တယ်

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူတွေဟာ အရပ်ပုတယ်၊ရှည်တယ်၊ ဆင်းရဲတယ်၊ချမ်းသာတယ်၊ နိမ့်ကျတယ်၊ အဆင့်မြင့်တယ်၊ ရုပ်ဆိုးတယ်၊ ရုပ်ချောတယ် ဆိုတာတွေနဲ့မဆိုင်ပါဘူး။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ အပြင်ပန်းပုံသဏ္ဍာန်နဲ့ ခန့်မှန်းပြီး သံသယဝင်လို့ ၊ ယုံကြည်လို့မဖြစ်ပါဘူး။

(၆) ဒီအမှုတွေက ကလေး အနေအထိုင်မတတ်လို့ဖြစ်ရတာ

နစ်နာသူကို အပြစ်ပုံတဲ့ ဒီအတွေးမျိုးက ဆိုးဝါးပါတယ်။ အရင်းနှီးဆုံးလူတွေက ကျူးလွန်မိတဲ့အခါ ကလေးက အနေအထိုင်မတတ်လို့ဆိုပြီး အပြစ်တင်တာမျိုး၊ ကလေးရဲ့အပြစ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ စိတ်ဓါတ်ဖောက်ပြားကျူးလွန်သူရဲ့ အပြစ်သာဖြစ်ပါတယ်။

(၇) ကိုယ့်ထက် အကြီးက ပြောတာ နားထောင်ရမယ်

လူကြီးပြောရင် နားထောင်လေ၊ မရိုင်းရဘူး၊ လူကြီးက ချစ်လို့ကို ဆိုတဲ့စကားမျိုးနဲ့ ကလေးရဲ့ခေါင်းထဲရိုက်မသွင်းသင့်ပါဘူး။ မိဘတွေရဲ့အသိမိတ်ဆွေတွေက သမီးလေးလာပါဦးဆိုပြီးပေါင်ပေါ်တင်ထိုင်တာမျိုး ကလေးကငြင်းနေရင် အတင်းမပို့ပါနဲ့။ အကြီးတစ်ယောက်ယောက်က ကိုယ်မနှစ်သက်တဲ့ အပြုအမူတွေလုပ်လာခဲ့ရင် ကလေးကိုယ်တိုင်ငြင်းဆန်ရဲအောင်၊အော်ဟစ်ရဲအောင်၊ ထွက်ပြေးအကူအညီတောင်းတတ်အောင် ကျင့်ပေးပါ။ လူကြီးတွေပြုသမျှ ကြိတ်မခံစားပါစေနဲ့။

ယဉ်ကျေးမှုအရ လက်ခံယုံကြည်ထားကြတာတချို့နဲ့ယှဉ်ရင် အနည်းငယ်ဆန့်ကျင်နေမှာဖြစ်ပေမယ့် ဒါတွေဟာ ကလေး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့အကြံပြုချက်တွေပါနော်။ဖြူစင်လင်းလက်တဲ့ ရတနာလေးတွေကိုစောင့်ရှောက်ပျိုးထောင်နိုင်ဖို့ဖေဖေမေမေတို့ သတိမလွတ်ဖို့တော့လိုပါလိမ့်မယ်။

Credit to Hello ဆရာဝန် page

virus ပြန့်ပွါးပုံ detailsCredit to original uploader
14/04/2020

virus ပြန့်ပွါးပုံ details

Credit to original uploader

08/04/2020

မေမေတို့ရေ.. ကလေးလေးတွေကို ကိုယ်ခံအားတက်စေတဲ့ အစားအသောက်လေးတွေ ရွေးချယ်ပြီး သတိထားကျွေးကြရအောင်...

Stay Safe , Stay Healthy , Stay at Home

07/02/2020
ဂရုစိုက်ပါ ချစ်ရတဲ့သူတွေကို...
28/01/2020

ဂရုစိုက်ပါ ချစ်ရတဲ့သူတွေကို...

ကြိုတင်ကာကွယ် ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်…❗

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ စတင်ကူးစက်ဖြစ်ပွားခဲ့လို့ ဝူဟန်ဗိုင်းရပ်စ် လို့လူသိများတဲ့ Novel Coronavirus (nCoV) အန္တရာယ်ဟာ တရုတ်နိိုင်ငံတွင်းသာမက အိမ်နီးချင်းအာရှနိုင်ငံတွေပါ သတိထားရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေပါပြီ…❗❗❗

Calsome ကွေကာချစ်သူတွေအနေနဲ့ တတ်နိုင်သမျှ ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကနေရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်…✅

Novel Coronavirus (ဝူဟန်ဗိိုင်းရပ်စ်) အလွယ်တကူကူးစက်မခံရစေဖို့ဆို …

- ကြက်၊ငှက် တိရစ္ဆာ န်တွေနဲ့ နီးနီးကပ်ကပ်မနေသင့်ပါဘူး…❌
- အသားစိမ်းနဲ့ မကျက်တကျက်အသားတွေစားတာမျိုးကိုရှောင်ကြဉ်ပါ…❌
- လူစုလူဝေးထဲသွားတာမျိုးကို တတ်နိုင်သမျှ ဆင်ခြင်ပါ…❌

- လက်တွေကို မကြာခဏ ဆပ်ပြာနဲ့ဆေးကြောပါ…
- နှာစေးတာ၊ချောင်းဆိုးတာမျိုးဖြစ်နေရင် Mask အမြဲဝတ်ပါ…✅
- နှာချေချောင်းဆိုးတိုင်း လက်ကိုင်ပုဝါကို လုံခြုံစွာ သုံးပါ…✅
- နေမကောင်းဖြစ်တာနဲ့ ဆရာဝန်ကို အမြန်ပြပါ…✅

အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင််ရင် ကူးစက်မှုအန္တရာယ်ကို သိသိသာသာလျှော့ချနိုင်မှာမို့ ဂရုစိုက်ပြင်ဆင်နိုင်ကြပါစေနော်… 🤓🙏

Photo Credit and References; Ministry of Health (Singapore)

Antibiotics သောက်ရင် Flu ကို အမြန်သက်သာမယ်ထင်ခဲ့မိတာ .. ကိုယ့်ကလေးတွေ အတွက် ချစ်ရတဲ့သူတွေအတွက် ဖတ်ပေးပါ ..https://j.mp/2...
06/01/2020

Antibiotics သောက်ရင် Flu ကို အမြန်သက်သာမယ်ထင်ခဲ့မိတာ ..

ကိုယ့်ကလေးတွေ အတွက် ချစ်ရတဲ့သူတွေအတွက် ဖတ်ပေးပါ ..

https://j.mp/2WL4VYP
From Health Promotion Board, Singapore

ကလေးတွေကို မခြောက်လှန့်ပါနဲ့...
24/11/2019

ကလေးတွေကို မခြောက်လှန့်ပါနဲ့...

[Unicode]

ကလေးကိုငြိမ်အောင်ဆိုပြီး ဗိုက်ပူကြီးလာဖမ်းသွားလိမ့်မယ်၊ သရဲကြီးလာကိုက်လိမ့်မယ်ဆိုပြီး ခြောက်ဖူးကြလား မေမေတို့ရေ...ဒီလိုမျိုး ခြောက်လှန့်မှုတွေနဲ့ကြီးပြင်းလာရတဲ့ကလေး
ဟာ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေဖြစ်သွားကြတယ်ဆိုတာရော သိကြရဲ့လား။

ပိုမိုဖတ်ရှုရန် ဒီကိုနှိပ်ပါ>>>>https://bit.ly/2XCynAp

[Zawgyi]

လား။


Address

Yangon

Telephone

+65 82004336

Website

Alerts

Be the first to know and let us send you an email when Moonie Baby Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moonie Baby Shop:

Share