Thiri Aung Monks' Robe - သီရိအောင် သင်္ကန်းတိုက်

  • Home
  • Myanmar
  • Yangon
  • Thiri Aung Monks' Robe - သီရိအောင် သင်္ကန်းတိုက်

Thiri Aung Monks' Robe - သီရိအောင် သင်္ကန်းတိုက် ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ထားသော ပစ္စည်းမှန် ဈေးနှုန်းမှန် သင်္ကန်းများ ရောင်းချပေးပါသည်။

With ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက် – I'm on a streak! I've been a top fan for 13 months in a row. 🎉
21/12/2025

With ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက် – I'm on a streak! I've been a top fan for 13 months in a row. 🎉

19/11/2025
🪷🙏🪷🙏🪷
19/11/2025

🪷🙏🪷🙏🪷

🪷မင်္ဂလာပါရှင်🪷🪻ဝါလကင်းလွတ် သီတင်းကျွတ်ပြီးလို့ တန်ဆောင်တိုင်ပွဲတော်နွှဲပျော်ကြမဲ့ ကထိန်ရာသီ ရောက်ရှိလို့ လာပြန်ပါပြီရှင...
24/10/2025

🪷မင်္ဂလာပါရှင်🪷
🪻ဝါလကင်းလွတ် သီတင်းကျွတ်ပြီးလို့ တန်ဆောင်တိုင်ပွဲတော်နွှဲပျော်ကြမဲ့ ကထိန်ရာသီ ရောက်ရှိလို့ လာပြန်ပါပြီရှင်။
🌿ရာသီဥတုတွေလည်း တဖြည်းဖြည်းပြောင်းလဲလာလိုက်တာ အရင်ကဆို မိုးအကုန် ဆောင်းအကူး အေးမြမြရာသီနဲ့အတူ ကထိန်ပွဲတွေကျင်းပခဲ့ကြပေမဲ့ အခုဆိုရင် မိုးကုန်လို့ နေပူ၊ ရာသီဥတုဟာ တဖြည်းဖြည်းပူပြင်းလာတာမို့ မိမိတို့နေထိုင်ရာ ကမ္ဘာမြေ ရာသီဥတုတွေ မျှတ ညီညွတ်ဖို့ ပလတ်စတစ် သုံးစွဲမှုတွေ လျှော့ချကြဖို့၊ ရေချိုတွေ ချွေတာသုံးစွဲဖို့ နဲ့ သစ်ပင်လေးတွေ တနိုင်တပိုင်စိုက်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ပါရစေရှင်။
☘️နိစ္စဓူဝ စား၊ဝတ်၊နေရေးအတွက် ကြိုးစားရုန်းကန်ကြရင်းနဲ့ပဲ သံသရာခရီးအတွက် ဒါနဆိုတဲ့ ရိက္ခာထုပ်လေးလည်း သယ်သွားနိုင်အောင်၊ မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ရဟန်းတော်များအတွက် ကထိန်အကျိုးအာနိသင်များ ရရှိအောင် ကထိန်သင်္ကန်း လှူဒါန်းကြမယ်ဆိုရင် ဝိနည်းတော်နဲ့အညီ ချုပ်လုပ်ထားသော (မန္တလေးချုပ်) သင်္ကန်းများနဲ့တကွ ထီး၊ဖိနပ်၊ယပ်၊ကိုယ်ပတ်စသော အခြံအရံလှူဖွယ်ပစ္စည်းများကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် "သီရိအောင် သင်္ကန်းတိုက်" မှ ရောင်းချပေးလျက် ရှိပါတယ်ရှင်။
🚗ဝယ်ယူသူထံသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ဖို့ 09-96 51 61 403 သို့ ဆက်သွယ်မှာယူနိုင်ပါကြောင်းနဲ့ အနည်းဆုံး (၂)ရက်ခန့် ကြိုတင်မှာယူဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
🙏ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ်များနဲ့တကွ ရဟန်း၊ရှင်၊ လူ၊ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ သူတော်ကောင်းတရားများ ကျင့်ကြံပွားများနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။
🪻🌿☘️🪻🌿☘️🪻🌿☘️

I got 18 reactions and 4 replies on my recent top post! Thank you all for your continued support. I could not have done ...
05/10/2025

I got 18 reactions and 4 replies on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

🌷မင်္ဂလာပါရှင်🌷🌷ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအတွက် ဝါဆိုသင်္ကန်းများ လှူဒါန်းရန် အချိန်ကျရောက်လို့ လာပြ...
01/07/2025

🌷မင်္ဂလာပါရှင်🌷

🌷ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအတွက် ဝါဆိုသင်္ကန်းများ လှူဒါန်းရန် အချိန်ကျရောက်လို့ လာပြန်ပါပြီရှင်။

💦ဝါဆို ဝါခေါင် ရေဖောင်ဖောင်မှာ ဆွမ်းခံကြွကြရတဲ့ ရဟန်းတော်များနဲ့ ကိုရင်လေးများအတွက် မိုးရေစိုရွှဲလာရင် လဲနိုင်ဖို့ ၊ ရာသီဥတုဒဏ်ခံနိုင်ဖို့၊ ဝိနည်းတော်နဲ့အညီ ချုပ်လုပ်ထားသော ရဟန်းဝတ် သင်္ကန်းဒွိစုံများ နဲ့ ရှင်ကြီး၊ ရှင်လတ်၊ ရှင်ငယ်ဝတ် ဒွိစုံများကို "သီရိအောင် သင်္ကန်းတိုက်" မှာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူလှူဒါန်းနိုင်ကြပါတယ်ရှင်။

🌷ထီး၊ ဖိနပ်၊ယပ်၊ နေကထိုင်၊ ရဟန်းဝတ်ကိုယ်ပတ်များ၊ လွယ်အိတ်၊ အံသကိုဋ် စသော ရဟန်း အသုံးအဆောင်များကိုလည်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိပါတယ်ရှင်။

📱09-96 5161403 သို့ ဆက်သွယ်မှာယူ လှူဒါန်းနိုင်ကြပါတယ်ရှင်။

🙏ဝယ်ယူအားပေးကြသော မိတ်ဟောင်း မိတ်သစ်အပေါင်း "ဘေးရန်ခပ်သိမ်းကင်းလွတ်ငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။ စိတ်သွားတိုင်း ကိုယ်ပါ၊ သာသနာပြုနိုင်ကြပါစေ"ဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။
💐💦💐💦💐💦💐💦💐

08/05/2025

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်
**********************************

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မျးသာပါတယျ တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

Credit:To Original writer.

Address

88th Street, Kandawlay, Mingalar Taung Nyunt Township
Yangon

Telephone

+959965161403

Website

Alerts

Be the first to know and let us send you an email when Thiri Aung Monks' Robe - သီရိအောင် သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiri Aung Monks' Robe - သီရိအောင် သင်္ကန်းတိုက်:

Shortcuts

Share