Nwe Fashion

Nwe Fashion အထည်လက်လီလက်ကား

20/05/2024
11/05/2024

စကားနှင့်တန်ဖိုး...

စကားဆိုတာသာမန်ကြည့်ရင်
လူတယောက်ရဲ့တန်ဖိုးနှင့်
မသက်ဆိုင်ဘူးလို့ထင်ရပေမယ့်
လူတယောက်ရဲ့အဆင့်အတန်းကိုတော့
စကားလုံးတွေကိုကြည့်ပြီး
ပိုင်းဖြတ်လို့ရတတ်ပါတယ်။

စကားဆိုတာ
စကားစကားပြောပါများ
စကားထဲကဇာတိပွဆိုသလို
စကားလုံးကြမ်းတွေကလူ့တန်ဖိုးကို
နိမ့်ကျစေပါတယ်။
စိတ်ရင်းဘယ်လောက်ကောင်းကောင်း
အပြောမတတ်ရင်ဆဲသလိုတာလည်း
အမှန်ပါပဲ။

စကားဆိုတာ
လူတယောက်နဲ့တယောက်
ချစ်ခင်မှု့ကိုဖန်တီးပေးတတ်သလို
နာကျင်မုန်းတီးမှု့ကိုလည်း
လက်ဆောင်ပေးတတ်ပြန်ပါတယ်။
ပျော်ရွှင်မှု့တွေသယ်ဆောင်လာတတ်သလို
အထီးကျန်မှု့ကိုလည်းတွဲခေါ်လာတတ်
ပြန်ပါတယ်။

စကားကြောင့်
အားဖြစ်စေတတ်သလို
စကားကြောင့်ပဲ
စိတ်ဓါတ်ကျစေတတ်ပါတယ်။
အသွားမတော်တစ်လှမ်း
အစားမတော်တစ်လုပ်ဆိုသလို
အပြောမတတ်ရင်
စကားတခွန်းထဲနဲ့ပဲ
အရမ်းချစ်ရသူတွေတောင်
ရန်သူဖြစ်သွားတတ်ပါတယ်။

စကားဆိုတာ
အောင်မြင်မှု့တွေရဲ့
ပထမခြေလှမ်းဖြစ်သလို
ဆုံးရှုံးမှု့တွေရဲ့အဓိကခြေလှမ်းလည်း
ဖြစ်နေတတ်ပြန်ပါတယ်။
ချစ်သူတွေပေါင်းစည်းခြင်းအတွက်
မြှားနတ်မောင်ဖြစ်နေတတ်သလို
အရမ်းချစ်ခဲ့ပြီးမှကျောခိုင်းတတ်တဲ့
တရာခံဟာလည်းစကားကြောင့်ပဲ
ဖြစ်ပါတယ်။

စကားကြောင့်
မိတ်ဆွေဖွဲ့ပြီးရင်းနှီးခဲ့ကြသလို
မိတ်ဆွေကနေသူစိမ်းတွေ
ဖြစ်သွားတတ်ပါတယ်။

စကားဆိုတာ
အပြောမတတ်ရင်
နှစ်ပေါင်းများစွာထိန်းသိမ်းလာတဲ့
ဂုဏ်သိက္ခာတွေတောင်
စကားတစ်ခွန်းကြောင့်
ရေစုန်မျောသွားတတ်ပါတယ်။

မပြောမဖြစ်လို့ပြောပြန်ရင်လည်း
အမှားမပါစေပဲဓါးတလက်လို
အကျိုးရှိစေတဲ့နေရာမှာအသုံးချတတ်ဖို့ရာကိုယ်နှင့်အခြားသူတွေကိုထိခိုက်စေတဲ့လူသတ်လက်နက်ဓါးတစ်လက်တော့မဖြစ်ပါစေနဲ့လို့ဆန္ဒပြုလိုက်ရပါတယ်။

...
KHO...

10/05/2024

တစ်နေ့မှာ ကိုယ်လမ်းပျောက်သွားတော့
လူသုံးယောက်ကို စာပို့လိုက်တယ်။
ပထမတစ်ယောက်က သေချာဂရုစိုက်ပါတဲ့။
ဒုတိယတစ်ယောက် ကိုယ်လာကြိုရမလားတဲ့။
ခုလိုစကားကြားတာနဲ့ စိတ်မှာ နွေးထွေးသွားတယ်။
တတိယလူဆီကနေ ဘာဆိုဘာမှ အကြောင်း
မကြားရဘူး။စိတ်ဓာတ်တွေ လုံးလုံးကျပြီး
အသက်ရှင်ချင်စိတ်တောင် မရှိတော့တဲ့အချိန်မှာ
ကိုယ့်ဆီစာတစ်စောင် ဝင်လာခဲ့တယ်။
နောက်ကို လှည့်ကြည့်လိုက်ပါ မင်းနောက်မှာ
ကိုယ်ရောက်နေပြီတဲ့။
ချမ်းပြီးတုန်ရီနေတဲ့ကိုယ့်လက်ကို သူ့ရဲ့နွေးထွေး
လွန်းတဲ့လက်တွေနဲ့ အပူဓာတ်ပေးပြီး မကြောက်ဖို့
အားပေးရှာတယ်။
I will be there for you always ဆိုပြီး
ခဏခဏပြောတတ်သေးတယ်။

ဒါကြောင့် ကိုယ်တို့ဘဝမှာ ပြောတဲ့စကားအတိုင်း
လက်တွေ့လုပ်တတ်တဲ့လူကို အများကြီး
တန်ဖိုးထားရမယ်။စကားလုံးလှလှတွေကို
လူတိုင်းပြောတတ်တာပေါ့။Action လို့ခေါ် တဲ့ လက်တွေ့လုပ်ဆောင်ခြင်းကိုတော့ လူတိုင်း
မလုပ်နိုင်ပါ။
သူငယ်ချင်းဖြစ်စေ၊ချစ်သူကြားဖြစ်စေ
လက်တွေ့က သိပ်အရေးကြီးပါတယ်။
စကားလုံးချိုချိုတွေထဲ အရည်မပျော်ဘဲ
လက်တွေ့လုပ်ဆောင်ခြင်းမှာသာ အရည်ပျော်ပါ။

#နူးနူးအောင်

ချည်ထိုး ဝမ်းဆက် လှလှလေး(လက်တို + ဘောင်းဘီရှည် )လက်လီလက်ကားမှာ ယူနိုင်ပါပီရှင့်🍒  ချည်သားပါဝင်မှုများတာမို့ မပူဘူး ဝတ်လိ...
23/02/2024

ချည်ထိုး ဝမ်းဆက် လှလှလေး(လက်တို + ဘောင်းဘီရှည် )လက်လီလက်ကားမှာ ယူနိုင်ပါပီရှင့်🍒

ချည်သားပါဝင်မှုများတာမို့ မပူဘူး ဝတ်လို့အရမ်းကောင်းပါတယ်ရှင့်
Cutting 🌸 Quality အမြင့်လိုင်းပါရှင့်
Color - 6
(အရောင်လိုင်းအားလုံး အလှလေးတွေချည်းနော်)
Size - Free (တဆိုဒ်တည်းလာပါတယ်ရှင့်)
ပေါင်ချိန် 160 ထိရ
Price : 16000 mmk

တဆင့်ပြန်ရောင်းသူ🌸 လက်ကားဖောက်သည်များအတွက်🌸 (6) ထည် တတွဲကစပြီး အများဈေးရှိပါတယ်ရှင့်🌸မှာယူလိုသူများ
လိပ်စာ၊ဖုန်းနံပတ်အပြည့်အစုံရေးပြီးမှာယူနိုင်ပါပီနော်၊
09975269446 ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်နော်.

Dဝမ်း စပန့်ဝမ်းဆက်လေးတွေ လက်လီလက်ကား မှာလို့ ရပါပီရှင့်.ရင် 44, lb 170 ထိဝတ်လို့ရပါတယ်ရှင့်.တစ်စုံစျေး 11000ပါရှင့်.cbမှ...
17/02/2024

Dဝမ်း စပန့်ဝမ်းဆက်လေးတွေ လက်လီလက်ကား မှာလို့ ရပါပီရှင့်.
ရင် 44, lb 170 ထိဝတ်လို့ရပါတယ်ရှင့်.
တစ်စုံစျေး 11000ပါရှင့်.

cbမှာလိပ်စာ၊ဖုန်းနံပတ်အပြည့်အစုံရေးပြီးမှာယူနိုင်ပါပီနော်၊
Ph 09975269446 ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်နော်.

Address

Yangon

Telephone

+959975269446

Website

Alerts

Be the first to know and let us send you an email when Nwe Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share