13/05/2026
မေး : CLC ဝိတ်ပေါ့အုတ်ဆိုတာ ဘာလဲ?
ဖြေ : CLC ဝိတ်ပေါ့အုတ်ဆိုတာ ဘိလပ်မြေ+ သဲ+ရေ+ အမြုပ်(chemical) များကို လွယ်ကူစွာ ပေါင်းစပ်နိုင်သော လေပူပေါင်းလေးများစွာဖြင့် အချိုးကျဖွဲ့စည်း ရောစပ်ကာ ပြုလုပ်ထားသော ကွန်ကရစ်အုတ်ဖြစ်ပါတယ်။
မေး : ဝိတ်ပေါ့အုတ်ဆိုတော့ မာကြောခိုင်ခန့်ရဲ့လား?
ဖြေ : CLC ၀ိတ်ပေါ့ကွန်ကရစ်ကို အသုံးပြုမည့်နေရာပေါ်မူတည်၍ သိပ်သည်းဆနှင့် မာကြောမှုကို လိုအပ်သလိုပြောင်းလဲ အသုံးပြုနိုင်ပြီး နိုင်ငံတကာမှတ်တမ်းများအရ နှစ်ကြာသည်နှင့်အမျှ ပိုမိုခိုင်ခန့်စေတဲ့အတွက် တခြားနိုင်ငံများ၌ သမိုင်းဝင်မည့်အဆောက်အဦးများတွင် ထည့်သွင်းတည်ဆောက်ကြပါတယ်။
မေး : ကုန်ကျစရိတ်နဲ့ အသုံးပြုရလွယ်ကူရဲ့လား?
ဖြေ : CLC ၀ိတ်ပေါ့အုတ် 18”x8”x4” အရွယ်အစားသည် ရိုးရိုးအုတ် (6) လုံးနှင့် ညီမျှပြီး 10”x10” တစ်ကျင်း အတွက် (100) လုံးခန့်အသုံးပြုရပြီး ရိုးရိုးအုတ်တစ်ကျင်းနဲ့ယှဉ်လျှင် အလေးချိန် တန်ဝက်ကျော် လျှော့နည်းစေကာ လုပ်ငန်းစဥ် မြန်ဆန်စေပြီး အုတ်စီမဆလာ (6) ဆလောက် သက်သာစေနိုင်ပါသည်။
အရွယ်အစား ပေါ့ပါးကြီးမားသောကြောင့် လွယ်ကူစွာ အသုံးပြုနိုင်ပြီး ဆောက်လုပ်ချိန်ကို ပို၍မြန်ဆန်စွာ လုပ်ဆောင်နိုင်ပါသည်။ အခြားအုတ်များဖြင့်သုံးရာတွင် မဖြစ်မနေပြုလုပ်ရမည့် အကြမ်းကပ်ခြင်း၊ အချောတစ်ထပ် ထပ်မံကပ်ခြင်းတို့ကို ပြုလုပ်စရာမလိုပဲ နံရံစီပြီးသည်နှင့် ပတ်တီးကိုင် ဆေးတန်းသုတ် နိုင်ပါသည်။ ထို့ပြင် လိုအပ်သော အတိုင်းအတာအတိအကျကို လွှနှင့်အလွယ်တကူ ဖြတ်ယူနိုင်ပါတယ်၊
Decking Sheet ပေါ်တွင် CLC ၀ိတ်ပေါ့ကွန်ကရစ်ကို တိုက်ရိုက်သွန်းလောင်းခြင်းဖြင့် ရိုးရိုးကွန်ကရစ် ကဲ့သို့ ကျောက်စရစ်မပါ၀င်သောကြောင့် အဆောက်အဦးအလေးချိန်ကို လျှော့ကျစေပါတယ်။
မေး : အပူဒဏ်ကို ကာကွယ်ပေးတယ်ဆို ?
ဖြေ : CLC ၀ိတ်ပေါ့ကွန်ကရစ်သည် သံအရည်ပျော်မှတ်အပူချိန်တွင် (၄) လက်မထုလျှင် (၄) နာရီကြာ ခံနိုင်စွမ်းရှိခြင်း၊ အပူကူးခြင်းမရှိသောကြောင့် မီးဘေးအန္တရာယ်စိတ်အေးရကာ၊ အပူချိန်များသော ရာသီများတွင် နေအပူဒဏ်ကို ခံနိုင်ရည်ရှိပြီး အခန်းတွင်းအပူချိန်ကို ချပေးသောကြောင့် Aircon မီတာခလျှော့ကျစေပါတယ်။
မေး : ငလျင်ဒဏ်ခံနိုင်တယ်ဆို?
ဖြေ : CLC ၀ိတ်ပေါ့ကွန်ကရစ်၏နံရံသည် လေပူဖောင်းလေးများသန်းနှင့်ချီ၍ ပါ၀င်ဖွဲ့စည်းထားသဖြင့် သာမာန်အုတ်နံရံများထက်ပို၍ ပေါ့ပါးခိုင်ခန့်ပြီးလျှင် ငလျင်ကြောင့်ဖြစ်သော wave လှိုင်းများကို ၀ိတ်ပေါ့ကွန်ကရစ်၏ ဖွဲ့စည်းတည်ဆောက်ပုံ အစွမ်းသတ္တိကြောင့် Over Weight (Dead Load) များလျှော့ကျကာ သာမန်ထက်ပို၍ ခံနိုင်ရည်ရှိသောကြောင့် သဘာ၀ဘေးအန္တရာယ်မှ ကာကွယ်ပေးပါတယ်။
မေး : CLC ဝိတ်ပေါ့အုတ်နဲ့ဆို အသံလုံတယ်ဆို?
ဖြေ : CLC ၀ိတ်ပေါ့ကွန်ကရစ်သည် ပဲ့တင်သံများကို စုပ်ယူထားနိုင်သော အစွမ်းသတ္တိရှိသောကြောင့် ပြင်ပ ဆူညံသံများ မ၀င်ရောက်နိုင်ခြင်း၊ အတွင်းမှအသံများလုံစေခြင်းဖြင့် စိတ်ငြိမ်အေးချမ်းစေပါတယ်။
မေး : CLC ဝိတ်ပေါ့အုတ်သုံးရင် သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းရာရောက်တယ်ဆို?
ဖြေ : မြေအုတ်ကဲ့သို့ မီးဖုတ်စရာမလိုသောကြောင့် လောင်စာများစွာချွေတာနိုင်ပြီး Eco-Friendly ဖြစ်ပါတယ်၊ မီးဖုတ်အုတ်မဟုတ်သဖြင့် သစ်တော၊ သစ်ပင်နှင့် လယ်ယာမြေ ဆုံးရှုံးမှုမဖြစ်စေပဲ တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်သောကြောင့် သဘာ၀ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်သည့် Green Product ဖြစ်ပါတယ်။
မေး : CLC ဝိတ်ပေါ့ကွန်ကရစ်က ဆောက်တဲ့နေရာခေါ်လောင်းလို့ရတယ်ဆို?
ဖြေ : အလွယ်တကူရရှိနိုင်သော ဘိလပ်မြေ၊ သဲ နှင့် အမြှုပ်ဆေးရည်ကို အခြေခံ၍ စက်ရုံအထိုင်စနစ်အပြင် Mobile Factory စနစ်ဖြင့်ပါ ထုတ်လုပ်နိုင်သောကြောင့် လူကြီးမင်းတို့ဆိုဒ်အထိ လိုက်လောင်းပေးနိုင်ပါတယ်။
မေး : မိုးတွင်းမှာ ရေစိမ့်လား?
ဖြေ : CLC ၀ိတ်ပေါ့ကွန်ကရစ်သည် သာမန်အုတ်စီနံရံများနှင့်ယှဥ်လျှင် ရေစုပ်ယူမှု 25%~50% ခန့်ထိ သက်သာကာ အစိုဓာတ်ကို ပိုမိုကာကွယ်နိုင်သောကြောင့် လေမဖြတ်စေခြင်း၊ အငွေ့မပျံ့စေခြင်း၊ စိုထိုင်းဆမရှိခြင်း စသည့်ထူးခြားသည့် ဂုဏ်သတ္တိများဖြင့် ပြည့်စုံပါတယ်။
ကဲ ဘာလိုသေးလဲဗျာ 🥰
မိတ်ဆွေတို့ တိုက်အသစ်ဆောက်တာဖြစ်ဖြစ်
တိုက်ကိုပြန်လည်ပြုပြင်တာဖြစ်ဖြစ်
ကုန်ကျစရိတ်လဲသက်သာမယ်
ငလျင်ဒဏ်လဲခံနိုင်တယ်
အပူဒဏ်လဲကင်းဝေးမယ်
ရေလဲလုံတယ်
အသံလဲလုံမယ်
ကျန်းမာရေးနဲ့လဲညီညွတ်တဲ့အပြင်
နိုင်ငံတကာ၌လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသော CLC ဝိတ်ပေါ့အုတ်များကို APEX CLC Factory (Mdy) သို့ လာရောက်ကြည့်ရှုပြီး နောင်ရေးစိတ်အေးရအောင် CLC ပေါ့ခိုင်အုတ်တွေဖြင့် မိမိတို့တန်ဖိုးထားရသောသူများအတွက် တည်ဆောက်လိုက်ကြပါစို့။
☎️ 09764239009 📞
ေပေါ်အုတ် #ငလျင်ဒဏ်ခံနိုင် #အပူဒဏ်ခံနိုင် ゚ #ဝိတ်ပေါ့အုတ် #မန္တလေး