19/06/2023
ချစ်သောလေးတို့ရေ..ဒီတစ်ခါမှာSharing လုပ်ပေးခြင်းတဲ့အကြောင်းလေးကတော့ ဝက်ခြံအတွက် သုံးလို့အသင့်တော်ဆုံး တိုနာအကြောင်းလေးပဲ ဖြစ်ပါတယ်💛
ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် တိုနာ(toner) သုံးကြပါတယ်။ တိုနာကို သန့်စင်တဲ့ ဆေးရည်အဖြစ်သိကြပါတယ်။ မျက်နှာသစ်ပြီးစမှာ ပိုမိုသန့်ရှင်းအောင် တိုနာသုံးရပါတယ်။ ပြီးတော့မှ အစိုဓာတ်လိမ်းဆေးသုံးရတယ်။ ခက်တာက တိုနာအများစုမှာ ပါတဲ့ပစ္စည်းတွေက လူတိုင်းနဲ့မတည့်တာပါ။ propylene glycol, harsh exfoliating acids, alcohol, mineral oil, glycerin, fragrance နဲ့ dyes ဆိုးဆေးတွေက အရေပြားကို ထိခိုက်စေတယ်။ တချို့ဝက်ခြံပိုထွက်တာရှိတယ်။ အဲလိုမဖြစ်ရအောင် လူတိုင်းနဲ့သင့်တော်တဲ့ အိမ်လုပ်တိုနာလုပ်နည်းကို ဖော်ပြပါမယ်။ ဒီနည်းက ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။
Toner လုပ်ဖို့ ဘာတွေလိုအပ်လဲ
လက်ဖက်စိမ်းရည်(green tea)
- ခွက် လေးပုံသုံးပုံ
ပန်းသီးရှာလကာရည်(apple cider vinegar)
- ခွက် လေးပုံတစ်ပုံ
လက်ဖက်စိမ်းရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောပြီး ဂွမ်းနဲ့ တို့လိမ်းပေးရမှာဖြစ်ပါတယ်။ပန်းသီးရှာလကာရည်ရွေးတဲ့အခါ အဖြူထက် အညိုရောင်အနှစ်ပါတာပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် bragg တံဆိပ်ရွေးပါ။ တချို့စီးတီးမတ်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။ acetic acid ပါတယ်။ လက်ဖက်စိမ်းရည်က pH level ထိန်းညှိပေးတယ်။ အာနိသင်ကောင်းဖို့ မျက်နှာသစ်ပြီး ညစဉ်သုံးဖို့တော့လိုပါတယ်။ တစ်ခါရောပီးသား toner အရည်ဟာ နှစ်ပတ်အထိပဲ သုံးလို့ရတယ်။
ဘာအာနိသင်တွေရှိလဲ...
(၁) Green tea က အရောင်ကျတယ်။ အင်တီအောက်စီးဒင့်အာနိသင်ရှိတယ်။ အရေပြားပျက်စီးတာကို ကာကွယ်ပေးနိုင်တယ်။ အသက်အရွယ်ကြောင့် အရေပြားတွန့်တာကို ကာကွယ်ပေးပါတယ်။ ဝက်ခြံအမဲစက်တွေအတွက်လည်း ကောင်းပါတယ်။
(၂) apple cider vinegar ကacetic acid ပါလို့ အရေပြား သဘာဝ pH ကို ထိန်းညှိပေးပါတယ်။ ဝက်ခြံပေါက်တာက pH မြင့်တက်လာလို့လည်း ဖြစ်နိုင်ပါတယ်။ acetic acid က ဘက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးတယ်။
အနံ့နဲ့ အာနိသင်ပိုကောင်းအောင် အဆီတွေလည်း ထည့်လို့ရပါသေးတယ်။
Essential oil ထည့်ရင် ၂-၅စက်ထက် ပိုမထည့်သင့်ဘူး။
- Orange essential oil (အဆီဂလင်းကိုထိန်းပေးတယ်။ ကိုလာဂျင်ထွက်စေတယ်)
- Lavender essential oil (ပိုးသေစေတယ်။အရောင်ကျစေတယ်)
- Lemon juice (အသားရောင် ကြည်လင်စေတယ်။ အရေပြားတင်းရင်းစေပြီး အမဲစက်တွေကို ကာကွယ်ပေးတယ်။ အမာရွတ်အတွက်လည်းအသုံးဝင်တယ်)
နေ့စဉ်မျက်နှာမှာ သုံးခြင်းအားဖြင့် အဆီပြန်ခြင်းကင်းစေတယ်။ ချွေးပေါက်ကျဉ်းစေတယ်။ အရေပြားတင်းရင်းစေတယ်။ PH level ထိန်းညှိပေးလို့ ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ ဒီနည်းက အဆီပြန်တဲ့လူတွေနဲ့ သင့်တော်တဲ့ အလွယ်ဆုံး အိမ်လုပ်တိုနာ တစ်မျိုး ဖြစ်ပါတယ်။
မူရင်းရေးသားသူအားလေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။🙏🙏
💖ချစ်သောလေးတို့လည်း ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Skin Care Products တွေကိုသုံးပြီး နုပျိုလှပနိုင်ပါစေ💖