Mr Clean - Professional Dry Cleaning Service

Mr Clean - Professional Dry Cleaning Service အဝတ်လျှော် မီးပူတိုက် ဝန်ဆောင်မှု

Call 09770786403

29/03/2025

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေများကြောင့် Mr Clean Laundry ကို ယာယီပိတ်ထားပါတယ် သကြန်ပြီးမှ ပြန်ဖွင့်ပါမယ် ကျေးဇူးပါရှင့်
အားလုံး ဘေးကင်းကြပါစေ

😁😁😁
14/02/2025

😁😁😁

မီးအခြေနေ
05/01/2025

မီးအခြေနေ

အဝတ်အစားတွေ ပေနေလို့ စိတ်မပူနဲ့တော့နော်...။'' အလုပ်မအားလို့ အဝတ်လျှော်ဖို့အတွက်ပဲ သီးသန့်အပ်ချင်တာ '' '' ခရီးသွားစရာရှိလ...
03/01/2025

အဝတ်အစားတွေ ပေနေလို့ စိတ်မပူနဲ့တော့နော်...။

'' အလုပ်မအားလို့ အဝတ်လျှော်ဖို့အတွက်ပဲ သီးသန့်အပ်ချင်တာ ''

'' ခရီးသွားစရာရှိလို့ ယူသွားမယ့် အဝတ်အစားတွေက ပေနေတယ် ''

'' ရုံးဖွင့်ရက်ကို သန့်ပြန့်ပြီး စမတ်ကျနေတဲ့ uniform လေးနဲ့ ရုံးတက်ချင်တာ ''

'' လျှော်ပြီးသားအဝတ်တွေကို မီးပူမတိုက်နိုင်လို့ သန့်သန့်ပြန့်ပြန့်မရှိဘူး '' 🙁

ကဲ..ဒီလိုပြသာနာတွေအတွက် ခေါင်းခဲနေစရာမလိုတော့ဘူးနော်..။ 𝐌𝐫.𝐂𝐥𝐞𝐚𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐮𝐧𝐝𝐫𝐲 ကို ဟယ်လို လုပ်လိုက်ပါ...။

မိတ်ဆွေတို့ရဲ့ အဝတ်အစားတွေကို သန့်ပြန့် မွှေးကြိုင်ပြီး Smart ကျအောင် Mr.clean က ဂရုစိုက်ပြီး ဝန်ဆောင်မှုပေးပါရစေ...။ ❤

အဝတ်လျှော် မီးပူတိုက် အပြီးအစီးလား?
မီးပူတိုက် သီးသန့်လား?

အဝတ်အစားတွေရဲ့ ဂျီးပေနေတဲ့နေရာတွေကို သေချာဂရုတစိုက်လျှော်ဖွတ် သန့်စင်ပေးတာဖြစ်လို့ သန့်ရှင်းမှု အတွက်တော့ စိတ်ပူစရာမလိုဘူးနော်..။

ဒါ့အပြင် ရိုးရိုးမီးပူတွေကို မသုံးဘဲ ရေနွေးငွေ့ မီးပူတွေကိုသုံးပြီး ဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ရဲ့ အဝတ်အထည်တွေ အသစ်အတိုင်း သန့်ပြန့် Smart ကျသွားမှာနော်... ။

ချိုသာတဲ့ စျေးနှုန်းနဲ့အတူ ပါကင်ထုတ်ပိုးပြီး အိမ်အရောက် လာယူ၊ လာပို့ လုပ်ပေးသေးတယ်နော်...။ ✨

ကဲ.. ဒီလိုပြီးပြည့်စုံနဲ့ ဝန်ဆောင်မှုတွေနဲ့ မိတ်ဆွေတို့ရဲ့ အဝတ်အစားတွေကို သန့်ရှင်း မွှေးပျံ့ Smart ကျသွားအောင် ကူညီပေးမယ့် 𝐌𝐫.𝐂𝐥𝐞𝐚𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐮𝐧𝐝𝐫𝐲 ကို အခုပဲဆက်သွယ်လိုက်တော့နော်...။

ဆက်သွယ်ရန် -

☎ - 09401125554, 09443803994, 09795955564, 09 772 692210

.clean
#အဝတ်လျှော်
#မီးပူတိုက် #ဝန်ဆောင်မှု

2025 Updateဆိုင်ဖွင့်ချိန် မနက် ၉ ညနေ ၅နာရီထိ လပြည့်လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်
03/01/2025

2025 Update

ဆိုင်ဖွင့်ချိန် မနက် ၉ ညနေ ၅နာရီထိ

လပြည့်လကွယ်နေ့တိုင်း ဆိုင်ပိတ်ပါသည်

24/07/2024

Mr Clean Laundry

Mr Clean Laundry ကို ယုံကြည်ပြီးအပ်နှံပေးကြသော Customers အနေနဲ့ဝန်ဆောင်ခများကို Digital Pay များဖြင့်ငွေပေးချေနိုင်ပါတယ်...
12/07/2024

Mr Clean Laundry ကို ယုံကြည်ပြီး
အပ်နှံပေးကြသော Customers အနေနဲ့
ဝန်ဆောင်ခများကို Digital Pay များဖြင့်
ငွေပေးချေနိုင်ပါတယ်
😍😍😍

အဝတ်လျှော်ဖို့ဆို Mr Clean ကို သတိရပေးနော်
😁😁😁

ဖုန်း 09401125554 / 09448445097 / 09448445098




မိုးရာသီမှာ အဝတ်စိုများကို ဖားဥမစွဲစေရန် မျှဝေလိုက်ပါတယ် 😊အခုတလော မိုးကသဲတော့ အပြင်ကပြန်လာရင် ထီးဆောင်းထားလည်း တကိုယ်လုံ...
10/07/2024

မိုးရာသီမှာ အဝတ်စိုများကို
ဖားဥမစွဲစေရန် မျှဝေလိုက်ပါတယ် 😊

အခုတလော မိုးကသဲတော့ အပြင်ကပြန်လာရင် ထီးဆောင်းထားလည်း တကိုယ်လုံးစိုတာပဲ 😅

မိုးရာသီနဲ့ အဝတ်စို ပြသာနာမှာ ဖားဥဆိုတာ လည်း မေ့ထားလို့မရဘူးနော်

တခါတလေ အဝတ်တွေစိုနေပေမဲ့ အပျင်းထူပြီး လုံးထားရာကနေ
စိုထိုင်းဆများပြီး အဝတ်တွေမှိုစွဲရာက ဖားဥအထိ ဖြစ်လာနိုင်ပါတယ်

ဒါကြောင့် မိုးစိုပြီး ပြန်လာရင် သတိပြုရမဲ့အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်နော် 😍

မိုးရာသီအတွက် အဝတ်တွေ မခြောက်ရင်တော့ Mr Clean ကိုသာ သတိရလိုက်ပါ

09401125554
09443803994

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္...
06/07/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်

crd

#နမ့်လတ်

မိုးတွင်းနဲ့ အတွင်းခံမိုးရာသီကို ချစ်ပေမဲ့ မိုးတွင်းမှာ စိတ်ညစ်ရတဲ့ ပြသာနာတစ်ခုကတော့ လျှော်ထားတဲ့ အထည်တွေ မခြောက်တဲ့ ပြသ...
08/06/2024

မိုးတွင်းနဲ့ အတွင်းခံ

မိုးရာသီကို ချစ်ပေမဲ့ မိုးတွင်းမှာ စိတ်ညစ်ရတဲ့ ပြသာနာတစ်ခုကတော့ လျှော်ထားတဲ့ အထည်တွေ မခြောက်တဲ့ ပြသာနာပါ

အထူးသဖြင့် အတွင်းခံနဲ့ ခြေအိတ်တွေ မခြောက်ရင် အနံ့အသတ်အရမ်းဆိုးပါတယ်

ပြီးတော့ မှိုလိုက်ပြီး ကျန်းမာရေးအတွက် မကောင်းပါဘူး

အထူးသဖြင့် အမျိုးသမီးအတွင်းခံတွေကို ယဥ်ကျေးမှုက လူမမြင်တဲ့နေရာ ချောင်တွေမှာသာ လှမ်းလေ့ရှိကြပါတယ်
ဒါဟာ ကျန်းမာရေးအတွက် မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်

အတွင်းခံ နဲ့ ခြေအိတ် တွေကို နေရောင် ကောင်းကောင်းရတဲ့နေရာမျိုးမှာ
လှမ်းသင့်ပါတယ်

မိုးရာသီမှာ နေရောင်မရလို့ လှမ်းရခက်နေရင် လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ လှမ်းပေးပါ
အလျင်လိုပါက hair dryer ကိုသုံးပြီး အခြောက်ခံပါ
မီးပူတိုက်ပြီးမှ ဝတ်ဆင်ကြပါ

ဒါမှ အနံ့အသတ်ကင်းပြီး ယုံကြည်မှု အပြည့်ရှိမှာ ဖြစ်ပါတယ်

မိတ်ဆွေများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာကြပါစေ😊



" ခေါင်းအုံးညစ်ပတ်ခြင်းရဲ့ ဆိုးကျိုး "လူတိုင်း လူတိုင်း နေ့စဉ် ထိတွေ့နေရတဲ့ အသုံးအဆောင်တွေထဲမှာ Pillows ခေါင်အုံးကလဲ အပါ...
07/06/2024

" ခေါင်းအုံးညစ်ပတ်ခြင်းရဲ့ ဆိုးကျိုး "

လူတိုင်း လူတိုင်း နေ့စဉ် ထိတွေ့နေရတဲ့ အသုံးအဆောင်တွေထဲမှာ Pillows ခေါင်အုံးကလဲ အပါအ၀င်ပဲဖြစ်ပါတယ်

ခေါင်းအုံး Pillow ကနေ
မိတ်ဆွေတို့ မိသားစုကို ကျန်းမာရေးအတွက်
ထိခိုက်စေနိုင်တာတွေ ရှိတယ်ဆိုတာကို မိတ်ဆွေသိပါရဲ့လား ?😱

ခေါင်းအုံးထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွားတွေ
၂ သန်းနီးပါး ရှိတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ် 😱😱😱
ခေါင်အုံးဟာ Mites🐞 လို့ခေါ်တဲ့ ကမျဉ်းကောင်ပိုးမွား 🐞 တွေအတွက် အကြိုက်တွေ့ဆုံး ကမ္ဘာကြီးတစ်ခုပါပဲ 😖😖😖

နှာချေတာ၊ အသက်ရှူလမ်းကြောင်းပိုး၀င်တာ
အရေပြားယားယံတာ၊ ၀က်ခြံတွေအထွက်များလာတာ၊ ဦးရေပြားယားယံတာ အစရှိတဲ့ကိစ္စတွေအပြင် လေးလံထိုင်းမိုင်းပြီး မအီမသာဖြစ်နေတတ်တာတွေက ညစဉ် ညစဉ် ခေါင်းချအိပ်နေတဲ့
ခေါင်အုံးမသန့်ရှင်းမှုကြောင့်ဆိုတာ သိတဲ့သူတွေရှိသလို သတိမထားမိတဲ့သူတွေလဲ ရှိနေပါတယ်

ဒီတော့ မိတ်ဆွေတို့ မိသားဆုကျန်းမာရေးအတွက်
သတိထားပြီး ခေါင်းအုံးတွေကို သန့်ရှင်းအောင်ထားသင့်ပါတယ်
ခေါင်းအုံးတစ်လုံးကို
👉 ၆ လတစ်ခါ ပုံမှန်
အတွင်းအပြင်လျှော်သင့်ပြီး

ခေါင်းအုံးတစ်လုံးကို
👉 ၃ နှစ်ထပ် ပိုမသုံးသင့်ပါဘူး

အိမ်မှာရှိတဲ့ ကလေးတွေအတွက်ဆိုရင် အထူးဂရုစိုက်ပေးသင့်ပါတယ်
အနဲဆုံးအနေနဲ့ ခေါင်းအုံးစွပ်ကို အပတ်စဉ် လဲလှယ်သုံးပြီး နေပူထုတ်လှန်းတာ ဖုန်ခါတာကို လုပ်ပေးသင့်ပါတယ်
ကယ် ဒီလောက်ဆို မိတ်ဆွေတို့ ခေါင်းအုံးညစ်ပတ်ခြင်းကြောင့် ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်သင့်လဲ သိလောက်ပြီထင်ပါတယ်

အကယ်၍ ခုလက်ရှိအိမ်ကခေါင်းအုံးတွေ
၆ လကျော်ထိသုံးထားပြီးပြီ ဒါမှမဟုတ်
အရမ်းညစ်ပတ်နေပြီဆိုရင်တော့ ခေါင်းအုံးတွေကို
အတွင်းအပြင် လျှော်ပစ်ဖို့ မမေ့ပါနဲ့လို့တိုက်တွန်းပါရစေ

မိမိအိမ်မှာ လျှော်လို့အဆင်မပြေခဲ့တာပဲဖြစ်ဖြစ်
လျှော်ဖို့အချိန်မပေးနိုင်တာပဲဖြစ်ဖြစ်
အသစ်အတိုင်းပြန်ဖြစ်ချင်လို့ပဲဖြစ်ဖြစ်
ပိုးမွားတွေကို ရှင်းပစ်ချင်လို့ပဲဖြစ်ဖြစ်
မွေးပျံ့နေတဲ့ ခေါင်းအုံးလေးနဲ့ အိပ်စက်ချင်လို့ပဲဖြစ်ဖြစ်
Mr Clean Laundry ကို သတိရလိုက္​ပါ
😊😊😊😊

ခေါင်းအုံးရဲ့ အတွင်းကော အပြင်ကိုပါ
ပိုးမွားတွေရှင်းလင်းပေးတာဖြစ်ပြီး
အသစ်နီးပါး သန့်ရှင်းဖြူဖွေးသွားအောင် ဂရုတစိုက်လျှော်ဖွတ်ပေးတဲ့အပြင်
ပန်းရနံ့လေးသင်းနေစေရပါမယ် 😊😊
💚💐🌷🌿🍂🌹
ဘယ်လိုသန့်သွားလဲဆိုတာကတော့
👇👇👇ဒီအောက်က ပုံလေးတွေကို ထောက်ကြည့်လိုက်ပါနော် 😊😊

စိတ်၀င်တစားဖတ်ရှုပေးတဲ့ မိတ်ဟောင်း မိတ်သစ်အပေါင်း ကျန်းမာခြင်းမင်္ဂလာနှင့် ပြည့်စုံကြပါစေ
🙏🙏🙏🙏

Mr Clean Laundry ကို သတိရပြီး လျှော်ဖို့ ဖွပ်ဖို့ သတိရလိုက်ပြီဆိုရင်တော့ 😁😁
အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်လို့ရပါတယ်

09401125554

😊😊😊😊😍😍😍😍😘😘😘




Address

Yangon

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959401125554

Website

Alerts

Be the first to know and let us send you an email when Mr Clean - Professional Dry Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category