05/12/2021
"လူလိုပဲဆက်ဆံပါ
🙏 ဆင်းရဲနွမ်းပါးတဲ့သူနဲ့ဆုံတဲ့အခါမှာ
ငွေကြေးဥစ္စာဆိုတာထာဝရမမြဲပါဘူးဆိုတဲ့အသိနဲ့တစ်နေ့သူလည်းသူဌေးဖြစ်နိုင်တာပဲလို့အထင်ကြီးစိတ် လေးမွေးပြီးတွေးပါ။🙏
ပြီးရင်
မေတ္တာထားပြီးဆက်ဆံ ပေးပါ။
သူတောင်းစားလည်းလူပါပဲ
မတူမတန်သလိုခွဲခြားဆက်ဆံဖို့လိုလို့လားကွယ်။
1
စာပေမတတ်တဲ့သူနဲ့ဆုံတဲ့အခါမှာ
ပညာဆိုတာအထုံပါရမီမပါရင် ဘယ်လောက်ကြိုးစားကြိုးစား သင်သလောက်ဖြစ်မသွားဘူးဆိုတဲ့ အသိနဲ့ နားလည်စိတ်မွေးပြီးတွေးပါ။
ပြီးရင်
စေတနာထားပြီးဆက်ဆံပေးပါ။
စာမတတ်လည်းလူပါပဲ
အဆင့်နိမ့်သလိုခွဲခြားဆက်ဆံဖို့လိုလို့လားကွယ်။
2
အရူး၊အပေါနဲ့ဆုံတဲ့အခါမှာ
ရူးဖို့အကြောင်း ပါလာရင်တော့ ဘယ်လိုမှရှောင်လွဲလို့ရမှာမဟုတ်ဘူးဆိုတဲ့ အသိနဲ့သနားစိတ်လေးမွေးပြီး တွေးပေးပါ။
ပြီးရင်
မုဒိတာနဲ့ဆက်ဆံပေးပါ။
အရူးအပေါလည်းလူပါပဲ
ရွံရှာစက်ဆုပ်သလို ခွဲခြားဆက်ဆံနေဖို့ လိုလို့လားကွယ်။
3
ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့သူနဲ့ ဆုံတဲ့အခါမှာ
ဝဋ်ကြွေးရှိရင် လူတိုင်းပေးဆပ်ရမှာပဲဆိုတဲ့ အသိနဲ့ညှာတာစိတ်လေး မွေးပြီးတွေးပေးပါ။
ပြီးရင်
ဂရုဏာထားပြီး ဆက်ဆံပေးပါ။
ဒုက္ခိတလည်းလူပါပဲ
နှိမ့်ချကဲ့ရဲ့သလို ခွဲခြားဆက်ဆံနေဖို့ လိုလို့လားကွယ်။
မပြည့်စုံတဲ့လူတွေကိုဂုဏ်ဒြပ်တွေနဲ့
အဆင့်အတန်းခွဲပြီးနှိမ့်ချဆက်ဆံတဲ့အပြုအမူဟာ ရှက်စရာအလွန်ကောင်းပါတယ်။
ဒါကြောင့်
ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်အထင်သေးတာတွေ ဖျောက်ပြီး ဆက်ဆံကြမယ် မိတ်ဆွေတို့ရေ 😍"
✍✍
စာအုပ်စာပေလူ့မိတ်ဆွေ