New Kors

New Kors Local Clothing Brand In Myanmar.

ချွေးကထွက် ပူကပူ ဖြစ်နေတဲ့ ပြဿနာကို New Kors နဲ့ဖြေရှင်းလိုက်ပါနွေရာသီမှာ အဝတ်အစားရွေးချယ်တတ်ဖို့လဲ အရေးကြီးပါသေးတယ်။ မဟ...
30/04/2024

ချွေးကထွက် ပူကပူ ဖြစ်နေတဲ့ ပြဿနာကို New Kors နဲ့ဖြေရှင်းလိုက်ပါ

နွေရာသီမှာ အဝတ်အစားရွေးချယ်တတ်ဖို့လဲ အရေးကြီးပါသေးတယ်။ မဟုတ်ရင် တစ်နေကုန် အလုပ်လုပ်ရတာ သက်တောင့်သက်သာမရှိ ဖြစ်နေမှာလေနော်။

မင်မင်တို့ရဲ့ polo shirt ရဲ့ အဓိက Unique Point ကတော့ Fabric ပါပဲ...
ပေးတဲ့စျေးနဲ့ ရတဲ့ Quality တန်စေရမယ်လို့ အာမခံတယ်နော်....

Casual Outing နဲ့ Sporting Event တွေမှာ သက်တောင့်သက်သာနဲ့ စတိုင်ကျကျ ဖြစ်စေတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ အမြင်ဆန်းတဲ့ Look ကိုပေးစွမ်းနိုင်တဲ့ Polo Shirt လေးဖြစ်လို့ အမြန်မှာယူလိုက်တော့နော်....

အော်မေ့လို့
☀Pay Day Offer အနေနဲ့လဲ 5 % off ပေးထားပါတယ် ရှင်။
☀Offer က June 3 ရက်နေ့ထိပဲ မလို့ မြန်မြန်လာလိုက်တော့နော်။
--------------------
ပစ္စည်းမှာယူချင်တယ်ဆိုရင်
Page ရဲ့ 📨Message Box ကနေတစ်ဆင့် မှာယူနိုင်သလို ☎ဖုန်း (09967899778) ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
သပ်ရပ်ခန့်ညားလိုသူတိုင်း အမြန်ဆုံး Order တင်လိုက်တော့ နော်။
"Classic Comfort, Modern Style"


နွေရာသီမှာ ဘာဝတ်ရင်ကောင်းမလဲ ?ဒီနေ့တော့ နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ဘယ်လိုအဝတ်အစားလေးတွေ ရွေးချယ်ဝတ်ဆင်ရမလဲဆိုတာကို ဗဟ...
28/04/2024

နွေရာသီမှာ ဘာဝတ်ရင်ကောင်းမလဲ ?

ဒီနေ့တော့ နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ဘယ်လိုအဝတ်အစားလေးတွေ ရွေးချယ်ဝတ်ဆင်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးမယ်နော်!
မိန်းကလေးတွေဆိုလဲ စပန့်သား ဂါဝန်ကြီးတကားကားနဲ့ အပြင်ထွက်လို့ကလဲအဆင်မပြေ
ယောင်္ကျားလေ ကြပြန်တော့လဲ ဂျင်းပန်ကြီးတကားကားနဲ့ မပေါ့မပါးဖြစ်

ဒီလိုမျိုးမဖြစ်အောင် ယောင်္ကျားလေးတွေအတွက် ဘယ်လိုအဝတ်အစားလေးတွေဝတ်ပြီး fashionကျ ကျ နဲ့ ပေါ့ပေါ့ပါး ပါးဖြစ်အောင် လုပ်လို့ရမလဲဆိုတာကြည့်လိုက်ရအောင်...

light color ရွေးချယ်မှုအနေနဲ့ အမဲရောင်လိုမျိုး မှိုင်းတဲ့ အရောင်တွေက အပူစုပ်ယူနိုင်တာကြောင့် အလင်းပြန်အားကောင်းတဲ့ light color လေးတွေကိုရွေးချယ်သင့်ပါတယ်နော်။
ဖိနပ်အတွက်ဆိုရင်တော့ ပါးလွှာပြီး လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ- ဒီရာသီမှာ sneaker ကြီးတကားကားနဲ့ အဆင်ပြေမနေပါဘူး။ ‌ပေါ့ပေါ့ ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

အဝတ်အစားအတွက် နွေရာသီမှာဆိုရင်တော့ short pants နဲ့ T-shirt ကအသင့်တော်ဆုံးပါဘဲ။ ဘောင်းဘီတိုအတွက်ဆိုရင် cargo၊ chino၊ denim နဲ့ athletic shorts စတဲ့ အမျိုးအစားမျိုးစုံကို ရွေးချယ်နိုင်သလို T-shirt အတွက်ဆိုရင်တော့ လေဝင်လေထွက်ကောင်းတဲ့ ချည်သားမျိုးကိုရွေးသင့်ပါတယ်နော်။ တီရှပ်အစား polo shirt ၊ ချည်သားရှပ်အင်္ကျီ ပါးပါးနဲ့ short pants ဘောင်းဘီကိုလဲ တွဲဖက်လို့ရပါတယ်။

ရာသီဥတုပူပြင်းလွန်းတာကြောင့် ‌အပြင်ထွက်ရင် ထီး၊ ဦးထုပ် နဲ့ ရေဗူး ဆောင်သွားဖို့လဲ မမေ့နဲ့နော်......

ပစ္စည်းမှာယူချင်တယ်ဆိုရင်
Page ရဲ့ 📨Message Box ကနေတစ်ဆင့် မှာယူနိုင်သလို ☎ဖုန်း (09967899778) ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
သပ်ရပ်ခန့်ညားလိုသူတိုင်း အမြန်ဆုံး Order တင်လိုက်တော့ နော်။
"Classic Comfort, Modern Style"


25/04/2024

Class, Comfort and Modern Style!

Our products, Your style!

🏖Summer Sale 🏖============နွေကြောင့်ပဲပူပူ ☀အခြေအနေအမျိုးမျိုးကြောင့် စိတ်ပဲပူပူ ☀အေးအေးလူလူဖြစ်အောင် New Kors ကိုဆောင်O...
21/04/2024

🏖Summer Sale 🏖
============

နွေကြောင့်ပဲပူပူ ☀
အခြေအနေအမျိုးမျိုးကြောင့် စိတ်ပဲပူပူ ☀

အေးအေးလူလူဖြစ်အောင် New Kors ကိုဆောင်

Offer မပေးဘူးလားမေးနေနေ customer လေးတွေအတွက် 5% off လေးလိုက်ပါတယ်နော်..

ပစ္စည်းကောင်းကို စျေးသင့်တင့်အောင်စီစဥ်ပေးထားတာမလို့ စိတ်ချလက်ချသာ မှာယူလိုက်ပါ။

ပစ္စည်းမှာယူချင်တယ်ဆိုရင်
Page ရဲ့ 📨Message Box ကနေတစ်ဆင့် မှာယူနိုင်သလို ☎ဖုန်း (09967899778) ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
သပ်ရပ်ခန့်ညားလိုသူတိုင်း အမြန်ဆုံး Order တင်လိုက်တော့ နော်။
"Classic Comfort, Modern Style"


Summer Fashion အတွက် New Kors ရဲ့ Polo Shirt=============================နွေရာသီနဲ့လိုက်ဖက်ပြီး Easy Styling ဖြစ်တဲ့  Po...
20/04/2024

Summer Fashion အတွက် New Kors ရဲ့ Polo Shirt
=============================

နွေရာသီနဲ့လိုက်ဖက်ပြီး Easy Styling ဖြစ်တဲ့ Polo Shirt လေးလို့ခေါ်မလား?

Casual Outing နဲ့ Sporting Event တွေမှာ သက်တောင့်သက်သာနဲ့ စတိုင်ကျကျ ဖြစ်စေတဲ့အပြင် Rib Fabric နဲ့ချုပ်လုပ်ဖန်တီးထားတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အမြင်ဆန်းတဲ့ Look ကိုပေးစွမ်းနိုင်တဲ့ Polo Shirt လေးလို့ပဲပြောမလား?

ဘယ်လိုပြောပြော အရမ်းမိုက်တာတော့ အသေအခြာပါပဲဗျာ။

ဒီတော့ ဘယ်လိုလူလေးတွေဝတ်သင့်လဲ အရင် ပြောပြမယ်နော်...
ခပ်သန့်သန့်နေတတ်တဲ့ သူလေးတွေ
🔷smart ကျကျ အထာရှိရှိ နေတတ်သူလေးတွေ
🔷 ကိုကို အထာနဲ့ ညီမလေးတွေကို ကြွယ်နိုင်တဲ့သူတွေအတွက် New Kors မှ ပိုသပ်ရပ်ခန့်ညားသွားအောင် ဝာာဝန်ယူပေးပါရစေရှင့်။
-------------------
ဒါလေးတွေလဲ သိချင်နေတယ်မလား.....
တွေကကော❓
classic, regular, slim သုံးမျိုးထဲကမှ လူကြီးလူငယ်မရွေး အဆင်ပြေစေမဲ့ regular cutting လေးဖြစ်ပါတယ်ရှင့်။
------------------
#ဘယ် size တွေရှိလဲ❓
S, M, L, XL, XXL ဆိုပြီး ၅ မျိုး စီစဥ်ပေးထားပါတယ်။ size chart အသေးစိတ်ကိုတော့ ပုံလေးနဲ့ ပြထားပါတ်ရှင့်။
------------------
#အရည်အသွေးကောကောင်းရဲ့လား❓
🔷Premium Quality စစ်စစ် ( Made in Thailand)🇹🇭🇹🇭
🔷Nylon (နိုင်လွန်) သား လုံးဝမပါ( ချည်သားစစ်စစ်)
🔷ရေလျှော်ခံ၊ အသီးမထ၊ အရောင်မကျွတ်
🔷အသားရဲ့ နူးညံ့ မှုကတော့ အပျိုမလေးပါးအတိုင်းပါပဲရှင်
𝐍𝐞𝐰 𝐊𝐨𝐫𝐬 ကို ထိုင်းမိတ် စစ်စစ် အကောင်းဆုံး Latest lacoste အသားဖြင့် ထိုင်းနိုင်ငံစက်ရုံမှာ ကိုယ်ပိုင် Brand အနေနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ အရည်အသွေးပိုင်းကို အထူးအာမခံပါတယ်ရှင်။
-------------------
#ဘယ်သူတွေဝတ်သင့်လဲ❓
🤵‍ Smart ကျကျ နေတတ်တဲ့ ကိုကြီးတွေ
🙆‍♂️ Polo outfit နဲ့ သန့်သန့် လေးစတိုင်ထုတ်ချင်တဲ့ မောင်လေးတွေ
👩‍❤️‍👨 ဆင်တူဝတ်ချင်တဲ့ ချစ်တတ်ဆုံး အတွဲလေးတွေ
🤴 လုပ်ငန်းရှင် ဘောစိတွေ
အတွက် အရမ်းလိုက်ဖက်စေတဲ့အပြင် uni s*x cutting ဖြစ်လို့ မိန်းကလေးတွေပါ ဝတ်လို့ ရပါတယ်။ ဒါ့အပြင် 𝟗𝟎 𝐥𝐛𝐬 ကနေ 𝟐𝟐𝟎 𝐥𝐛𝐬 ထိဝတ်လို့ရပါသေးတယ်။
--------------------
#စျေးနှုန်းကကော...
မြန်မာငွေ 💲𝟐𝟔𝟗𝟓𝟎 𝐊𝐬 💲 သာကျသင့်မှာဖြစ်ပြီးတော့ ကိုယ်ပိုင် Brand ကိုစတင်မိတ်ဆက်တဲ့ အနေနဲ့ Promotion Plan လေးလဲ စီစဥ်ထားပါတယ်။
ရနိုင်မဲ့ အရောင်လေးတွေကို ပုံမှာပြထားပေးပါတယ်။
------------------
ကကော ဘယ်လောက်ကြာမှာလဲ❓
အထည်အားလုံး Instock ရှိတာကြောင့် အချိန်မီ အမြန်ဆုံးပို့ဆောင်နိုင်အောင် စီစဥ်ထားပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း
💱payment method - အိမ်အရောက်ငွေချေ (COD)
⏰ကြာချိန် - ၂ ရက်အတွင်း
ကျန်မြို့များ
💱payment method - Pre-Paid(ကြိုတင်ငွေချေစနစ်)
⏰ကြာချိန် - ၂ ရက်မှ ၇ ရက်အတွင်း
*** အခြားသော လမ်းခရီး ကြန့်ကြာနိုင်သည့် မြို့များအတွက် အပြောင်းအလဲရှိနိုင်ပါသည်***
--------------------
#အဆင်မပြေရင်ကော ပြန်လဲလို့ရလား
ဝယ်ယူပြီးပစ္စည်းများအတွက် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေလို့ ပြန်လည် လဲလှယ်လိုသူတွေအတွက် မင်မင်တို့ သတ်မှတ်ထားတဲ့ Exchange Policy နဲ့ကိုက်ညီတဲ့ ဘယ်အထည်ကိုမဆိုလဲလှယ်ပေးသွားမှာပါ။
⚠ တံဆိတ်မဖြုတ်ထားရန်
⚠ ဝတ်ပြီးသားမဟုတ်ပဲ အသစ်ဖြစ်ရပါမယ်
⚠ အစားထိုး လဲလှယ်လိုသည့် ပစ္စည်း instock ရှိမှသာ လဲလှယ်ပေးပါမယ်
⚠ လဲလှယ်လိုသည့် ပစ္စည်းကို မင်မင်တို့ဆီ အရင်ပို့ပြီး စစ်ဆေးအတည်ပြုပြီးမှသာ အစားထိုး အထည်ကို ပို့ပေးမှာဖြစ်ပါတယ်
⚠ လဲလှယ်တဲ့အခါမှာ အမျိုးအစားတူတဲ့ ပစ္စည်းကိုသာ လဲလှယ်ခွင့်ပြုမှာဖြစ်ပြီးတော့ လဲလှယ် ခြင်းအတွက် Delivery Charges များကို လဲလှယ်သူဖက်မှ ကျခံပေးရမှာဖြစ်ပါတယ်ရှင့်။
--------------------
ပစ္စည်းမှာယူချင်တယ်ဆိုရင်
Page ရဲ့ 📨Message Box ကနေတစ်ဆင့် မှာယူနိုင်သလို ☎ဖုန်း (09967899778) ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
သပ်ရပ်ခန့်ညားလိုသူတိုင်း အမြန်ဆုံး Order တင်လိုက်တော့ နော်။

"Classic Comfort, Modern Style"



17/04/2024
နွေရာသီမှာ သက်တောင့်သက်သာဖြစ်ပြီး style ကျအောင် Polo နဲ့ ဘယ်လိုစတိုင်ထုတ်မလဲ?==========================================န...
09/04/2024

နွေရာသီမှာ သက်တောင့်သက်သာဖြစ်ပြီး style ကျအောင် Polo နဲ့ ဘယ်လိုစတိုင်ထုတ်မလဲ?
==========================================
နွေရာသီမှာ ရာသီဥတုပူပြင်းတာကြောင့် အဝတ်အစားရွေးချယ် ဝတ်ဆင်တဲ့နေရာမှာ အရေးကြီးပါတယ်။

သက်တောင့်သက်သာရှိစေပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကိုသာ နွေရာသီမှာရွေးချယ်သင့်ပါတယ်နော်။

နွေရာသီမှာ Polo shirt လေးတွေကို ဘာလို့ရွေးချယ် ဝတ်ဆင်သင့်တာလဲဆိုတော့

၁။ သက်တောင့်သက်သာဖြစ်ပြီး စတိုင်ကျစေလို့ပါ
၂။ ပွဲတက်နိုင်သလို ထသွားထလာလဲ အဆင်ပြေစေပါတယ်
၃။ ပုဆိုးနဲ့ တွက်ဖက်နိုင်သလို စတိုင်ပန်လေးနဲ့လဲ သင့်တော်ပြန်ရော်
၄။ ဘယ်လို body size မျိုးနဲ့မဆို ajustable ဖြစ်တဲ့အပြင် အရမ်းကြီး လူကြီးမဆန် လူငယ်မဆန်စေလို့ တည်ငြိမ်တဲ့အသွင်လဲရစေပါတယ်။
၅။ Pant အရှည်နဲ့ တွဲဖက်နိုင်သလို အတိုနဲ့လဲ
လိုက်ဖက်ပါတယ်။

Polo တစ်ထည်က တည်ငြိမ်တဲ့ လူကြီးလူကောင်းအသွင်ကို ‌ပေးနိုင်သလို
လန်းဆန်းတက်ကြွတဲ့ လူငယ်ဟန်ကိုလဲ ရစေပါတယ်။
ဒီနှစ်နွေရဲ့ ပူပြင်းတဲ့ ဒဏ်ကို Polo shirt လေးဝတ်ပြီး အံတုလိုက်ကြရအောင်နော်။

အပူချိန်မြင့်တက်လာတာမလို့

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ကြပါလို့ မေတ္တာနဲ့ သတိပေးလိုက်ရပါတယ်ရှင်။

New Kors  ရဲ့ Customer လေးတွေ ဘာပြောသွားကြလဲ?================================Review of the day  😍😍Quality ကောင်းကောင်းလေ...
07/04/2024

New Kors ရဲ့ Customer လေးတွေ ဘာပြောသွားကြလဲ?
================================
Review of the day 😍😍
Quality ကောင်းကောင်းလေးတွေ customer တွေကိုရောင်းပေးနိုင်လို့ မင်မင်တို့လည်းပျော်နေပါပြီနော် 😍
လေးတွေ လာပေးတဲ့ customer လေးတွေကိုရော တစ်ခါဝယ်ပြီး quality ကြိုက်လို့ ထပ်ပြီးအားပေးတဲ့ customer လေးတွေကိုရောကျေးဇူးတင်ပါတယ်ရှင့် 🥰
မင်မင်တို့ဆီမှာ ရနိုင်တဲ့ Polo shirt design လေးတွေကို တစ်စုတစ်စည်းတည်း အလွယ်တကူ ကြည့်ပြီး အားပေးလို့ရအောင် Link လေးတွေချပေးထားပါတယ်နော် 🥳🥳🥳
လေးတွေလည်းရှိလို့ တန်တန်လေးဝယ်ကြရအောင်နော် 🥰

https://www.facebook.com/NewKorsMyanmar/posts/pfbid0LxJoYqPTpcjYdJKrWMU2JwURnmLX3nBqQgBCG2fairUxqJxTB1QKzxmhyCLWoN2Hl

https://www.facebook.com/NewKorsMyanmar/posts/pfbid0Sp4TTLNKym9kf3YuGgQiNRhfqn3uGuELJEoGfkFT6oGBDmncCcbYGHmnKY1dNYNbl

☀ အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာမလို့ ဂရုစိုက်ကြပါနော်  ☀=====================================အပူချိန် 35°C - 37°C ကြ...
05/04/2024

☀ အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာမလို့ ဂရုစိုက်ကြပါနော် ☀
=====================================

အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37°C ကနေ upper 40°C ထိတိုးလာရင် Level 2 ပါ (အန္တရာယ်ရှိ) ။
******************************

ဘယ်သူတွေ ပိုဂရုစိုက်ရမလဲ?

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူး။ လူတိုင်း Heat stroke အဖြစ်များနေကြတာမလို့ပါ။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) တာမျိုးတွေဖြစ်တတ်ပါတယ်။

********************************
ဘာတွေလိုက်နာသင့်လဲ?

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ြစ်အောင် သောက်ပေးသင့်ပါတယ်။ ရေခဏခဏသတိရတိုင်းသောက်ပေးပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။ (ဥပမာ New Kors Polo shirt လိုပေါ့ ကြော်ငြာဝင်လိုက်တာ😁😁😁)
အသောက်အစားလေးခဏလျှော့ပါ။ 🍺🍺
Gym အပြင်းအထန်လုပ်တာလျှော့ပါ။ 🏋️‍♂️🏋️‍♂️
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်ထားပါ။ 🕶👒
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရနိုင်ပါတယ်။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော်။

ချစ်ရတဲ့ မိတ်ဆွေတွေကျန်းမာပြီး စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ.......🙏🙏🙏

တစ်ခြားချစ်ရတဲ့ မိတ်ဆွေတွေလဲ သတိထားလို့ရအောင် post လေးကို share သွားပေးနော်....

သင့်ဘဝကို တိုးတက်အောင် ပြောင်းလဲပေးနိုင်တဲ့ အမူအကျင့် ၅ မျိုး 💪======================================နေ့စဥ်နေထိုင်ရတဲ့လူ...
02/04/2024

သင့်ဘဝကို တိုးတက်အောင် ပြောင်းလဲပေးနိုင်တဲ့ အမူအကျင့် ၅ မျိုး 💪
======================================
နေ့စဥ်နေထိုင်ရတဲ့လူဘဝကြီးမှာ သေးငယ်သောအမူအကျင့်လေးတွေကနေ ပဲကြီးမားတဲ့ ပျက်ဆီးခြင်း၊ အောင်မြင်ခြင်းတွေကိုဖန်တီးပေးသွားတာပါ။

ကိုယ်နေ့စဥ် ပြုမူနေထိုင်ကျင့်ကြံနေတဲ့ အလေ့အထ သေးသေးလေးတွေက အချိန်ကြာမြင့်လာတဲ့အခါ nature ဖြစ်လာပါတယ်။
ဒီ nature တွေကပဲ သင့်ကို အောက်ဆွဲချခြင်း၊ အပေါ်ဆွဲတင်ခြင်း လုပ်သွားတာပါ။

ဒါ့ကြောင့် မိတ်ဆွေရဲ့ ဘဝကို မြင့်တင်ချင်တယ် သာမန်ဘဝကနေတိုးတက်ကွဲထွက်သွားချင်တယ်ဆို အခုပြောပြမယ့် အမူအကျင့်လေးတွေကို လိုက်လုပ်ကြည့်ပါနော်..ကျွန်တော်ကတော့ နေ့တိုင်းလုပ်နိုင်အောင်ကြိုးစားနေပါတယ်။

၁။ Morning Gratitude Practice
လူတစ်ဦးရဲ့ တစ်ရက်တာမှာ မနက်စောစော အချိန်ဟာ အရမ်းအရေးကြီးပါတယ်။ မနက်ခင်းရဲ့ positive energy ကို ရမယ်ဆိုရင် တစ်နေကုန် အလုပ်လုပ်ရတာ လန်းဆန်းတက်ကြွနေတက်ပြီး မရခဲ့ဘူးဆိုရင်တော့ အလုပ်လုပ်တဲ့နေရာမှာ မကြည်လင်မှုတွေဖြစ်တတ်ပါတယ်။ လုပ်ရမှာကတော့ ကျေးဇူးတရားကိုအောက်မေ့ခြင်းပါ။ လူတိုင်းမှာ ကျေးဇူးတင်ထိုက်သူတွေ အများအပြားရှိပါတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်တွေဖြစ်နိုင်သလို သဘာဝတရားကြီးလဲဖြစ်နိုင်ပါတယ်။ မနက်ခင်းလေးမှာ ကိုယ်ကျန်းမာစွာနဲ့နိုးထလာရတဲ့ အတွက် လောကကြီးကို ကျေးဇူးတင်လိုက်တာကလဲ Positive Energy တစ်ခုကို Absort လုပ်လိုက်တာပါပဲ။ အဲ့လို positive energy တစ်ခု ကိန်းသွားပြီးဆို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ dopamine ထုတ်လွှတ်အားကောင်းပြီး ဦးနှောက်ကို လန်းဆန်းတက်ကြွစေပါတယ်။
=========

၂။ Morning Meditation🧘‍♀️🌤
Meditation ဆိုတဲ့နေရာမှာ သက်ဆိုင်ရာဘာသာအလိုက် လုပ်ဆောင်လို့ရပါတယ်။ အဓိက ကတော့ mindfulness ဖြစ်ဖို့ပါပဲ။ စိတ်တည်ငြိမ် အေးချမ်းပြီး နေ့သစ်တစ်ခုရဲ့ အစကို ကြည်လင်စွာဖြတ်သန်းနိုင်ဖို့ဖြစ်ပါတယ်။
========

၃။ Journaling ✍️
မနက်ခင်းတစ်ခုဟာ နေ့သစ်တစ်ခုရဲ့ အစဖြစ်လို့ အရမ်းအရေးကြီးပါတယ်။ Positive vibes တွေ ရဖို့ energy တွေရဖို့ အတွက် journaling လုပ်ခြင်းဟာကောင်းမွန်တဲ့ small habit လေးတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်စွာလုပ်နိုင်ခဲ့တဲ့ အရာတွေ ကောင်းမွန်တဲ့ အမှတ်ရစရာတွေ၊ အတွေ့အကြုံတွေကို journaling book မှာ ချရေးပါ။ ဒီလိုပြုလုပ်ခြင်းက ပိုမို ကြည်လင်တဲ့ စိတ်ကိုရရှိစေပြီး ပိုမိုကောင်းမွန်တဲ့အလုပ်တွေကိုလုပ်နိုင်ဖို့ စေ့ဆော်ပေးနိုင်ပါတယ်။
=======

၄။ Mindful Eating🍎
မနက်စာစားသုံးခြင်းဟာလဲ နေ့တစ်ခုရဲ့ အရေးကြီးတဲ့ အပိုင်းထဲမှာပါပါတယ်။ အာဟာရရှိတဲ့ အစားအစာကို သင့်တင့်အောင်စားဖို့လိုသလို mindful feeling နဲ့စားဖို့လိုပါတယ်။ သူက mindful meditation နဲ့ သွားဆင်ပါတယ်။ အစာကိုရအောင်ဖန်တီးပေးတဲ့ ထုတ်လုပ်သူတွေ ရောင်းချပေးသူတွေ၊ ချက်ပြုတ်ပေးတဲ့ မိဘ၊ အိမ်အကူ စသဖြင့် အစာကိုစားမဲ့အချိန်အဆင်သင့်ရလာတဲ့အထိ အဆင့်ဆင့် ပက်သက်နေသူတွေကို မေတ္တာဖြန့်ပေးတာမျိုးပါ။
=======

၅။ Planning the day⏰
တစ်နေ့တာ ဆောင်ရွက်ရမဲ့ အရေးကြီးကိစ္စတွေကို အစီအစဥ်တကျ ချရေးပါ။ ဒီလိုပြုလုပ်ခြင်းက မိတ်ဆွေလုပ်ဆောင်ရမယ့် အလုပ်တွေကို မလစ်ဟင်းစေတဲ့အပြင်၊ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အစီစဥ်ကျမှုတွေဖြစ်လာပြီး အချိန်စီမံခန့်ခွဲမှုအားပါ ကောင်းလာပါလိမ့်မယ်။ ဒီလိုလုပ်တဲ့အခါမှာ လောဘတစ်ကြီးနဲ့ စိတ်ကူးယဥ်ဆန်ဆန် ထည့်ရေးလို့မရပါဘူး။ ကိုယ်တစ်ကယ်လုပ်နိုင်မယ့် လုပ်မဲ့ အရာတွေပဲ ချရေးပါ။

ဒီ post လေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေခဲ့တယ်ဆိုရင် တစ်ခြားလူတွေကိုလဲ အကျိုးရှိအောင် share ‌ေပးပြီး positive energy ကို စတင် attract လုပ်လိုက်ပါ။

မိတ်ဆွေများအားလုံး အောင်မြင်သော ဘဝလမ်းများကိုလျောက်လှမ်းနိုင်ပါစေလို့ New Kors မှ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

polo shirt ဝယ်တော့မယ်ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်👕👕===================================ဝယ်ပြီးစိတ်တိုင်းမကျဖြစ်တာတွေဝယ...
27/03/2024

polo shirt ဝယ်တော့မယ်ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်👕👕
===================================

ဝယ်ပြီးစိတ်တိုင်းမကျဖြစ်တာတွေ
ဝယ်တဲ့အခါ ဘယ်လိုရွေးချယ်ရမလဲ မသိတဲ့သူတွေအတွက် tip and trick လေးတွေပြောပြမယ်နော်
---------
🔴Fit
ကိုယ့်ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျမှု ဖြစ်ဖို့ပထမဆုံး စဥ်းစားရမှာဖြစ်ပါတယ်။ ခပ်ပွပွဖြစ်နေတာ၊ ကျပ်ထုတ်နေတာမျိုး ဖြစ်တဲ့အခါ polo ဝတ်ရတဲ့ feeling ပျောက်သွားတတ်ပါတယ်။ polo shirt က fitting ကျကျလေး ဝတ်မှ ပိုသပ်ရပ်ခန့်ညားတာဖြစ်လို့ပါ။
---------
🔴Fabric
cotton စစ် သို့မဟုတ် cotton နဲ့ polyester ရောစပ်ထားတာမျိုးကို ရွေးချယ်သင့်ပါတယ်။ သက်တောင့်သက်သာရှိဖို့နဲ့ လေဝင်လေထွက်ကောင်းစေဖို့အတွက်ပါ။
--------
🔴Casual Look
သက်တောင့်သက်သာရှိပြီး လွပ်လပ်ပေါ့ပါးချင်ရင်တော့ Chinos၊ ဘောင်းဘီတို သို့ ဂျင်းအတို နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
--------
🔴Smart Casual
ခန့်ညားသပ်ရပ်တဲ့အသွင်တစ်ခု ဖန်တီးချင်ရင်တော့ မကျပ်လွန်း မပွလွန်းတဲ့ စတိုင်ပန် ဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။
---------
Blazer ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး ဂျာကင်တွေနဲ့လဲ တွဲဖက်ဝတ်ဆင်နိုင်တာကြောင့် Polo shirt တွေဟာ ပွဲလဲ တင့်သလို ထသွားထလာလဲ အဆင်ပြေနေတာဖြစ်ပါတယ်။
Polo Shirt တစ်ထည်က မိတ်ဆွေရဲ့ စတိုင်ကို ပုံစံအမျိုးအမျိုးနဲ့ ဆန်းသစ်ပေးနိုင်ကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ပစ္စည်းမှာယူချင်တယ်ဆိုရင်
Page ရဲ့ 📨Message Box ကနေတစ်ဆင့် မှာယူနိုင်သလို ☎ဖုန်း (09967899778) ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

New Kors story and me✍️==================စာလေးနဲနဲရှည်လို့ သီးခံပေးနော် ဖြစ်ရပ်မှန်လေးမလို့ပါ 🙏ချုပ်ပြီးသားအသင့်ယူရောင်း...
25/03/2024

New Kors story and me✍️
==================
စာလေးနဲနဲရှည်လို့ သီးခံပေးနော်
ဖြစ်ရပ်မှန်လေးမလို့ပါ 🙏

ချုပ်ပြီးသားအသင့်ယူရောင်းလို့ရရဲ့သားနဲ့ ဘာလို့ ဦးနှောက်အခြောက်ခံ ငွေကုန်ခံ အချိန်ကုန်ခံပြီး New Kors နာမည်နဲ့ ကိုယ်ပိုင် Brand စခဲ့တာလဲ?

ဒါက NK ကို စပြီး အသက်သွင်းတဲ့အခါမှာ အမေးခံရဆုံးမေးခွန်းလေးပါ..
ဟုတ်ပါတယ် အသင့်ယူရောင်းလို့ ရရဲ့သားနဲ့ အပင်ပန်းခံပြီး ကိုယ်ပိုင် Brand ထုတ်ခဲ့တာက ငွေကြောင့်မဟုတ်လို့ပါရှင်။

ထပ်ပြီးစုံစုံလင်လင် အဖြေမပေးခင် မင်မင်စိတ်ကူးလေးအရင်ပြောပြမယ်နော်။
မင်မင့်မှာ တစ်ခြားကိုယ်ပိုင် လုပ်ငန်းတစ်ခုရှိပါတယ်။ အဲ့လုပ်ငန်းက အတန်အသင့်အောင်မြင်ပြီးသားမလို့ မင်မင် အဲ့လုပ်ငန်းနဲ့တင်ရပ်တည်လို့ရပါတယ်။
------------------------------
ဇာတ်လမ်းကဒီလိုပါ......

တစ်ရက်မှာ မင်မင့်ကောင်လေးအတွက် မွေးနေ့လက်ဆောင် polo shirt လေးလက်ဆောင်ပေးဖို့စိတ်ကူးရပြီး ထုံးစံအတိုင်း page ပေါင်း ၁၆၀၀၀ ကိုလိုက်မွှေပါတော့တယ်။

မွှေပြီးအကြိုက်ဆုံး နေရာတစ်ခုကနေ မှာလိုက်တယ်ပဲဆိုပါတော့။ အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ Market ထဲက Polo တော်တော်များများက ready made တွေ ယူရောင်းနေကြတာများပါတယ်။ Design ဆန်းသလောက် Fabric နဲ့ ချုပ်သားပိုင်းမှာ အားနည်းနေတာတွေ့ခဲ့ပါတယ်။

Branded အစစ်တွေ မဝတ်နိုင်တဲ့ သူတွေအတွက် ထိုက်သင့်တဲ့ quality ရပြီး စျေးအရမ်းမများတဲ့ Local Brand တစ်ခု ရှိရင်ကောင်းမှာပဲလို့ ထပ်တွေးမိသွားပါတယ်။ နောက်ဆုံး Branded Copy တွေကြတော့လဲ အရောင်ကျလွယ်၊ ချုပ်ရိုးမခိုင်ပဲ စျေးနှုန်းတစ်ခုပေးဝယ်နေရတာမလို့ ကိုယ်တိုင်စိတ်ကြိုက်ချုပ်နိုင်ရင်ပိုကောင်းမယ်လို့ စိတ်ကူးစရခဲ့ပါတယ်။
------------------------------

အဲ့ချိန်ကစပြီး မင်မင် Fabric ရှာပုံတော်စဖွင့်ပါတော့တယ်။
Fabric မျိုးစုံကို Bangkok 🇹🇭 မှာ ရှာကြည့်ပြီး Quality စိတ်ချရတဲ့ lacoste အသားကို ရွေးချယ်ခဲ့ပါတယ်။

နောက်တစ်ခုက ချုပ်ဖို့ စက်ရုံရှာရတာပါ။ မင်မင်က စိတ်ကြိုက် အထည်နဲနဲနဲ့ အရည်အသွေးကောင်းကောင်းထုတ်ချင်တာမလို့ Max production ထုတ်တဲ့ စက်ရုံတွေနဲ့ အဆင်မပြေခဲ့ပါဘူး။
နောက်ဆုံးမှာ စိတ်တိုင်းကျ မကြိုက်မချင်း ပြန်ပြင်ခိုင်းလို့ရတဲ့ တစ်ပိုင်တစ်နိုင်ချုပ်တဲ့ SME တစ်ခု နဲ့ ချိတ်ဆက်မိပြီး အဆင်ပြေသွားခဲ့ပါတယ်။
------------------------------
တကယ့် ပေးချင်တဲ့ Message ကဒီမှာပါ..........

Production စ လယ် ဆုံး မဖြစ်နိုင်တော့ဘူး စာရိတ်တွေများလို့ Pricing လုပ်ရတာ အဆင်မပြေဘူး ထုတ်ဖို့ မလွယ်တော့ဘူးဆိုပြီး အကြိမ်ကြိမ် လက်လျော့မလို့လုပ်ခဲ့ပါတယ်။
ဒါပင်မယ့် ငါရအောင်လုပ်ကြည့်မယ် အမြတ်ကျန်တာ မကျန်တာ အရေးမကြီးဘူး ငါလုပ်နိုင်ခဲ့တယ် ငါဖြစ်အောင် လုပ်ခဲ့တယ် ဆိုတဲ့ Motivation နဲ့ ယုံကြည်ချက်တစ်ခု ရတာက အမြတ်ပဲလို့တွေးပြီး NK လေးကို ချစ်ရတဲ့ မိတ်ဆွေတွေရှေ့ ပို့ပေးနိုင်ခဲ့တာပါ။

ပြောပြချင်တာကလေဘယ်ကိစ္စမဆိုလွယ်လွယ်နဲ့ လက်မလျော့လိုက်ပါနဲ့ ၇ ကြိမ်လဲရင် ၇ ကြိမ်ပြန်ထပါ ကိုယ် ချထားတဲ့ ရည်ရွယ်ချက် ကို ရောက်အောင်သွားဖို့ ခိုင်မာဇွဲသန်တဲ့ စိတ်ရှိဖို့ပဲလိုတာပါ။ ခုတော့ မင်မင့် အတွက် ရည်ရွယ်ချက် ၂ ခုလုံး အထ မြောက်သွားခဲ့ပါပြီ။

သင့်တင့်တဲ့ စျေးနှုန်းတစ်ခုနဲ့ Quality ကောင်းကောင်း Product တစ်ခုကိုလည်း ထုတ်နိုင်ခဲ့သလို
မဖြစ်နိုင်ဘူးထင်တဲ့ အလုပ်တစ်ခုကိုလဲ လုပ်နိုင်ခဲ့လို့ အရမ်းတွေ ယုံကြည်မှုရသွားခဲ့လို့ နောက်ထပ်လဲ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားပါဦးမယ်ရှင်...

ချစ်ရတဲ့ မိတ်ဆွေတွေလဲ အောင်မြင်တဲ့ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ပါစေနော်......
💪💪💪
Do it Now

Address

No. 449/sittaung Street (106) Quarter, South Dagon
Yangon
11211

Telephone

+959967899778

Website

Alerts

Be the first to know and let us send you an email when New Kors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Kors:

Share