Sophi Collections

Sophi Collections Luxury Fashion Designer Bags for the Sophisticated Women. Get your dream designer handbags with affordable price. Sophi - Only for the sophisticated.

𝑻𝒉𝒆 𝒔𝒕𝒐𝒓𝒚 𝒃𝒆𝒉𝒊𝒏𝒅 𝑯𝒆𝒓𝒎𝒆̀𝒔 𝑩𝒊𝒓𝒌𝒊𝒏 𝑩𝒂𝒈Birkin Bag လို့ကြားလိုက်တာနဲ့ အိတ်ချစ်သူတွေအနေနဲ့ကတော့ တန်းပြီးသိမှာအသေအချာပါပဲ… အိတ်...
17/03/2022

𝑻𝒉𝒆 𝒔𝒕𝒐𝒓𝒚 𝒃𝒆𝒉𝒊𝒏𝒅 𝑯𝒆𝒓𝒎𝒆̀𝒔 𝑩𝒊𝒓𝒌𝒊𝒏 𝑩𝒂𝒈

Birkin Bag လို့ကြားလိုက်တာနဲ့ အိတ်ချစ်သူတွေအနေနဲ့ကတော့ တန်းပြီးသိမှာအသေအချာပါပဲ… အိတ်ချစ်သူတွေတိုင်း လိုချင်ကြတဲ့အိတ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ Birkin Bag တွေက most expensive handbags top 10 စာရင်းထဲမှာလည်း အများဆုံးနေရာယူထားတဲ့ bag တွေလည်းဖြစ်ပါတယ်

ဝယ်ရခက်ပြီး၊ investment လုပ်ဖို့ ရွှေစုမယ့်အစား Birkin bag ကို စုရလောက်အောင်ထိ နာမည်ကြီးပြီး လူကြိုက်အရမ်းများတဲ့ Birkin Bag ရဲ့ စစဖြစ်တည်လာခဲ့တဲ့ story ကို ဒီနေ့လေးမှာ ပြောပြပေးသွားချင်ပါတယ်

Birkin Bag ရဲ့ မူလအစကတော့ 1984 ခုနှစ်မှာ Paris ကနေ London ကို သွားတဲ့ လေယာဉ်ပေါ်မှာစတင်ခဲ့တာပါ။ လေယာဉ်ပေါ်မှာ Biritish singer and actress Jane Birkin နဲ့ Hermès ရဲ့ Executive Chariman ဖြစ်တဲ့ Jean-Louis Dumas တို့က ဘေးချင်းကပ်ထိုင်မိခဲ့ရာကနေ နှစ်ယောက်သားစကားပြောရင်း မိတ်ဆွေဖြစ်သွားပါတယ်။

လေယာဉ်ပေါ်မှာ Jane Birkin က သူကိုင်ထားတဲ့ straw bag ထဲ သူ့ပစ္စည်းတွေဆန့်အောင်ထည့်ပြီးတော့ straw bag ကို ခေါင်းပေါ်က အိတ်တွေထည့်တဲ့အကန့်ထဲ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ အိတ်ကမဆန့်ပဲ ပြုတ်ကျပါလေရော…အဲ့လိုနဲ့ Jane Birkin က သူ့သမီးလေးရဲ့နို့ဗူးတွေဘာတွေထည့်ဖို့ အဆင်ပြေပြီး ပစ္စည်းများများစားစားထည့်လို့ရမယ့် အိတ်မျိုးက အရမ်းရှာရခက်တယ်ဆိုပြီး Dumas ကို ပြောပြရင်း Dumas က အကြံတစ်ခုရသွားခဲ့ပါတယ်။

Jane လိုပဲ ဒီလိုအခက်အခဲမျိုးက မိန်းကလေးတော်တော်များများမှာ ကြုံနေရမှာပဲလို့ Dumas က အတွေးရပြီး ဒါကိုဖြေရှင်းနိုင်မယ့်အိတ်ကို ထွင်ဖို့ အကြံရလာခဲ့ပြီးတော့ လေယာဉ်ပေါ်မှာပါတဲ့ sickbag ပေါ်မှာပဲ Birkin နဲ့တူတူ အိတ်ရဲ့ sketch ကို ဆွဲခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Birkin Bag လေး မွေးဖွားလာခဲ့ပြီး အိတ်နာမည်ကိုလည်း Jane Birkin ကို ရည်ညွှန်းပြီး အမည်ပေးခဲ့ပါတယ်။ အခုဆိုရင် Birkin Bag က လူတိုင်းလိုချင်တဲ့အိတ်တစ်လုံးဖြစ်နေပါပြီ

Branded bag တွေကို အရူးအမူးကြိုက်တဲ့ Fashionista သဲလေးတို့ရော Birkin Bag ထဲမှာ ဘယ်အိတ်လေးကို အကြိုက်ဆုံးလဲ မင်မင်တို့သိအောင် ပြောပြပေးသွားပါဦး…နောက်ပြီး Dior, Gucci, LV, Hermes, Chanel, YSL စတဲ့ နာမည်ကြီး branded အိတ် pre-owned လေးတွေကို 100% စိတ်ချရတဲ့အစစ်အမှန်ထဲကလိုချင်တယ်ဆို လိုချင်တဲ့ model လေးကို Sophi တို့ page လေးရဲ့ chat box ကနေတစ်ဆင့် ဆက်သွယ်ပြီး ပြောလို့ရပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးပါရစေနော်

For the Sophisticated Women 💯

𝑭𝒍𝒂𝒑 𝑩𝒂𝒈 တွေထဲမှာမေ့ထားလို့မရတဲ့ 𝑺𝒂𝒊𝒏𝒕 𝑳𝒂𝒖𝒓𝒆𝒏𝒕 𝑵𝒊𝒌𝒊 𝑩𝒂𝒈YSL ရဲ့ Creative Designer Anthony Vaccarello တီထွင်ထားတဲ့ Niki ba...
07/03/2022

𝑭𝒍𝒂𝒑 𝑩𝒂𝒈 တွေထဲမှာမေ့ထားလို့မရတဲ့ 𝑺𝒂𝒊𝒏𝒕 𝑳𝒂𝒖𝒓𝒆𝒏𝒕 𝑵𝒊𝒌𝒊 𝑩𝒂𝒈

YSL ရဲ့ Creative Designer Anthony Vaccarello တီထွင်ထားတဲ့ Niki bag က Flap bag တွေထဲမှာ မေ့ထားလို့မရတဲ့ bag တစ်ခုပါပဲ… 2018 Spring/Summer Campaign မှာ Niki Bag က ပထမဆုံးပွဲဦးထွက်ခဲ့တာပါ… Campaign ရဲ့ ပုံတွေမှာ Niki Bag ကို Kate Moss ကိုင်ထားတာတွေကိုလည်း မြင်ရမှာပါ… Kate Moss နဲ့အတူ ပွဲထုတ်ခဲ့တာပေါ့

ထွက်ထားတာသိပ်မကြာသေးပေမဲ့ Niki Bag ရဲ့ design ကိုက မြင်လိုက်တာနဲ့ classic ဖြစ်ပြီး အချိန်တွေသာပြောင်းလဲသွားမယ် သူကတော့ အချိန်တိုင်းနဲ့လိုက်ဖက်နေမှာကို အတိုင်းသားမြင်ရမှာပါ… Niki Bag က သူ့ထက်အရင်စောထွက်ထားတဲ့ Loulou Bag ရဲ့ flap ပုံစံတွေ၊ လေးထောင့်ပုံစံတွေကို inspire လုပ်ထားတာလည်း ဖြစ်ပါတယ်… Niki Bag က Kate Moss ရဲ့ အကြိုက်ဆုံးအိတ်တွေထဲမှာလည်းပါပါတယ်

Fashionista သဲလေးတို့ရော Niki Bag လေးကို ကြိုက်ကြလား… ဒါမှမဟုတ်သူ့ထက်အရင်ထွက်တဲ့ Loulou bag လေးကို ကြိုက်တာလား ပြောပြသွားဦးနော်…နောက်ပြီး Dior, Gucci, LV, Hermes, Chanel, YSL စတဲ့ နာမည်ကြီး branded အိတ် pre-owned လေးတွေကို 100% စိတ်ချရတဲ့အစစ်အမှန်ထဲကလိုချင်တယ်ဆို လိုချင်တဲ့ model လေးကို Sophi တို့ page လေးရဲ့ chat box ကနေတစ်ဆင့် ဆက်သွယ်ပြီး ပြောလို့ရပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးပါရစေနော်

For the Sophisticated Women 💯

Timeless Iconic Bag တစ်ခု သို့မဟုတ် Lady Dior Bagစတင်ထွက်ရှိခဲ့တဲ့ 1994 ကနေ အခုအချိန်ထိ နှစ်ပေါင်း ၃၀ ဝန်းကျင်ခန့်ရှိခဲ့...
11/02/2022

Timeless Iconic Bag တစ်ခု သို့မဟုတ် Lady Dior Bag

စတင်ထွက်ရှိခဲ့တဲ့ 1994 ကနေ အခုအချိန်ထိ နှစ်ပေါင်း ၃၀ ဝန်းကျင်ခန့်ရှိခဲ့ပြီဖြစ်ပေမဲ့ အချိန်တွေသာ ပြောင်းလဲသွားတာ တန်ဖိုးမကျသွားပဲ အမြဲတမ်း iconic ဖြစ်နေတဲ့ အိတ်လေးကတော့ Lady Dior Bag ပါပဲ… Lady Dior Bag လို့ကြားလိုက်တာနဲ့ Dior ရဲ့ iconic ဖြစ်တဲ့ cannage pattern နဲ့ ထောင့်ကျကျသေသပ်လှပနေတဲ့အိတ်လေးကို ပြေးမြင်မိကြမှာပါ

Lady Dior Bag လို့အမည်မတွင်ခင် ဒီအိတ်လေးကို စတင်ထုတ်လုပ်ခဲ့တဲ့ 1994 တုန်းက နာမည်ရယ်လို့ သတ်သတ်မှတ်မှတ်မထားခဲ့ဘဲ ပြင်သစ်လို Chouchou လို့ပဲ ချစ်စနိုးနဲ့ခေါ်ခဲ့ကြပါတယ်… Chouchou ရဲ့ အဓိပ္ပါယ်ကတော့ ပြင်သစ်လို “Favourite” အနှစ်သက်ဆုံး၊ အကြိုက်ဆုံးပါ

Lady Dior Bag ရယ်လို့ နာမည်ဖြစ်လာပုံကို ပြောရမယ်ဆိုရင်တော့ 1995 ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်သမ္မတကတော် Bernadette Chirac က ဝေလမင်းသမီး Diana ကို Chouchou Bag အနက်ရောင်လေးကို လက်ဆောင်ပေးခဲ့ပါတယ်… အဲ့နောက်မှာ မင်းသမီး Diana က ဒီအိတ်လေးကို အရမ်းကြိုက်သွားပြီးတော့ ရနိုင်သမျှအရောင်မှန်သမျှကို ဝယ်ယူခဲ့ပြီး သူသွားတဲ့နေရာတိုင်းမှာ အိတ်လေးကို ကိုင်ခဲ့တာမို့ ဓာတ်ပုံတွေမှာ သူနဲ့တူတူ ဒီအိတ်လေးကိုပါ တွဲပြီး တွေ့ရများလာခဲ့ပါတယ်… အဲ့နောက် 1996 ခုနှစ်မှာ မင်းသမီး Diana ကို အစွဲပြုပြီးတော့ Lady Dior Bag ရယ်လို့ နာမည်တွင်လာခဲ့ပါတယ်

Lady Dior Bag ကို အခုဆို Micro, Mini, Small, Medium, Large ဆိုပြီး size ၅ မျိုးအထိ ထွက်ထားပါတယ်… Lady Dior Bag က timeless bag တစ်ခုဖြစ်တာနဲ့အညီ investment-worthy bag တစ်ခုလည်း ဖြစ်တာမို့ ဝယ်ကိုဝယ်သင့်တဲ့အိတ်ထဲမှာ ပါပါတယ်

Fashionista သဲလေးတို့လည်း Dior, Gucci, LV, Hermes, Chanel စတဲ့ နာမည်ကြီး branded အိတ် pre-owned လေးတွေကို 100% စိတ်ချရတဲ့အစစ်အမှန်ထဲကလိုချင်တယ်ဆို လိုချင်တဲ့ model လေးကို Sophi တို့ page လေးရဲ့ chat box ကနေတစ်ဆင့် ဆက်သွယ်ပြီး ပြောလို့ရပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးပါရစေနော်

For the Sophisticated Women 💯

နှစ်တွေကြာညောင်းလေ ပိုတန်ဖိုးတက်လာလေဖြစ်တဲ့ Gucci Jackie Bagဘယ်လို designer It bag တွေ ဘယ်လိုပဲပေါ်လာလာ အချိန်တစ်ခုရောက်...
28/01/2022

နှစ်တွေကြာညောင်းလေ ပိုတန်ဖိုးတက်လာလေဖြစ်တဲ့ Gucci Jackie Bag

ဘယ်လို designer It bag တွေ ဘယ်လိုပဲပေါ်လာလာ အချိန်တစ်ခုရောက်ရင်တော့ နာမည်ကြီးလိုက် ပျောက်သွားလိုက်နဲ့ တကျော့ပြန်လည်နေတာ ပုံမှန်ပါပဲ…ဒါပေမဲ့ စပေါ်တဲ့အချိန်ကစပြီး အခုချိန်ထိ အချိန်ကြာလာလေ ပိုပြီး တန်ဖိုးတက်လာသလို နာမည်မကျသွားတာကတော့ Gucci Jackie Bag ပါပဲ

Gucci Jackie Bag ကို ၁၉၅၀ ကာလမှာ ဒီဇိုင်းထွင်ခဲ့တာဖြစ်ပြီး Gucci Jackie Bag ရဲ့ မူရင်းနာမည်ကတော့ Fifties Constance ပါ…သမ္မတကတော် Jackie Kennedy က ၁၉၇၀ ကာလမှာ paparazzi တွေရန်ကနေကာဖို့ ဒီအိတ်ထဲက အိတ်တစ်ခုနဲ့ ကိုယ့်ကိုယ်ကိုကာခဲ့ရာကနေ နာမည်ကြီးလာခဲ့ပါတယ်…အဲ့နောက်ပိုင်းမှာ Jackie bag ဆိုပြီး လူအများခေါ်လာရာကနေ Gucci Jackie Bag ဆိုပြီး အမည်တွင်လာခဲ့ပါတယ်

Gucci Jackie Bag ကို classic color, pastel color နဲ့ printed design တွေထိ နှစ်တွေပြောင်းလဲလာတာနဲ့အညီ design အမျိုးမျိုးနဲ့ထွက်ရှိထားသလို size ဆိုရင်လည်း medium ကနေ mini ထိ ထွက်ရှိထားပြီးပါပြီ

Gucci Jackie Bag ဟာ fashionista တို့အတွက် မရှိမဖြစ်ရှိထားသင့်တဲ့အိတ်လို့ပြောရင် မှားမယ်မထင်ပါဘူး…Iconic ဖြစ်တဲ့ Gucci Jackie Bag အကြောင်း share လုပ်ရင်း ထွက်ရှိဖူးထားသမျှ Gucci Jackie Bag တွေထဲကတချို့ရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bagဒီအိတ်လေးက Louis Vuitton နဲ့ ဂျပန်ဒီဇိုင်နာ Takashi Mu...
24/01/2022

Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag

ဒီအိတ်လေးက Louis Vuitton နဲ့ ဂျပန်ဒီဇိုင်နာ Takashi Murakami နဲ့ ပေါင်းပြီး 2003 Spring/Summer Collection မှာ ထုတ်ခဲ့တဲ့ Monogram Multicolor collection ထဲကပါ...ဒီ collection မှာ နောက်ခံ အဖြူ နဲ့ အမည်းပေါ်မှာမှ LV monogram ကို အရောင်စုံစုံလင်လင်နဲ့ သုံးခဲ့ပြီး ပုံမှန်သုံးနေကျ အညိုရောင် LV monogram တွေနဲ့ ကွဲထွက်စေခဲ့ပါတယ်

ဒီ collection စစထွက်ပြီးတဲ့နောက်မှာ အတော်ကိုလူကြိုက်များရေပန်းစားခဲ့ပါတယ်...ဒါပေမဲ့ ၂၀၀၉ ကနေ ၂၀၁၅ လောက်မှာတော့ ဖက်ရှင်ရေစီးကြောင်းတွေပြောင်းလာပြီး minimalist တွေခေတ်စားလာတော့ logo မပါဘဲ ရိုးရိုးရှင်းရှင်း ဖြစ်တဲ့ ဒီဇိုင်းတွေက ပိုပြီး လူကြိုက်များလာခဲ့ပါတယ်...အဲ့ဒါနဲ့ပဲ ၂၀၁၅ မှာ ဒီ Monogram Multicolor line ကို LV က ဆက်မထုတ်တော့ပဲ ရပ်ခဲ့ပါတယ်

ဒါပေမဲ့ ဒီနှစ်ပိုင်းအတွင်းမှာ Monogram Multicolor ဒီဇိုင်းတွေက တခေတ်ပြန်ပြီးခေတ်စားလာပြီး ပြန်လည်ရောင်းချမှုတွေ တိုးလာပါတယ်...ဒီလို ပြန်ခေတ်စားလာတဲ့အကြောင်းအရင်းထဲမှာ Kim Kardashian နဲ့ Kylie Jenner တို့က အဓိကပါဝင်နေပါတယ်

အထူးသဖြင့် အခု Louis Vuitton Mini Speedy Murakami Top Handle Bag တွေက အရမ်းကို ရေပန်းစားခဲ့တာပါ... Kim က ၂၀၁၈ ခုနှစ်လောက်တုန်းက သူ့ညီမတွေနဲ့ တူမတွေကို Speedy HL — the mini top-handle style အနက်ရောင်ကို လက်ဆောင်ပေးခဲ့ပြီးတော့ Kylie Jenner ကလည်း ၂၀၂၀ တုန်းက အခု အဖြူရောင် Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag လေးကို သူ့သမီးလေး Stormi ကို လက်ဆောင်ပေးခဲ့ပါတယ်

အဲ့ဒီနောက်မှာ ပြန်ရောင်းချတဲ့ဈေးကွက်ထဲ ဒီအိတ်လေးက အရမ်းကို အောင်မြင်လာပြီး 2017 တုန်းက $370 ပဲ ရှိခဲ့ရာကနေ $2000 ထိကို 400% လောက်ကို တိုးသွားတာပါ

Sophie Boutique မှာ အခု Louis Vuitton White Mini Speedy Murakami Multicolor Top Handle Bag လေးကို $1,150 နဲ့ ဝယ်ယူနိုင်မှာပါ

အရေအတွက်က limited ဖြစ်လို့ ဝယ်မယ်ဆို အမြန်လေး chat box မှာ hello လုပ်လိုက်တော့နော်

For the Sophisticated Women 💯

2022 Pantone Color Very Peri အရောင်နဲ့အိတ်တွေကို ဝယ်ပြီးကြပြီလား???Hello…ဒီနှစ်ရဲ့ Pantone color ဖြစ်တဲ့ Very Peri အရောင...
18/01/2022

2022 Pantone Color Very Peri အရောင်နဲ့အိတ်တွေကို ဝယ်ပြီးကြပြီလား???

Hello…ဒီနှစ်ရဲ့ Pantone color ဖြစ်တဲ့ Very Peri အရောင်လေးက တအားလှတယ်နော်…ဒီ Very Peri color လေးက အရင်နှစ်တွေကလို ရှိပြီးသားအရောင်ထဲက ရွေးထားတာမဟုတ်ပဲ Pantone ရဲ့ထူးထူးခြားခြား အရောင်သစ်ကိုရွေးခဲ့တာလည်းဖြစ်ပါတယ်

Fashion trend ကိုလိုက်ချင်တဲ့ချစ်လေးတို့အနေနဲ့ Very Peri အရောင်နဲ့ဆင်တဲ့အိတ်လေးတွေရော ဝယ်စုနေပြီလား? ဝယ်ဖို့စိတ်ကူးရှိတယ် ဘာဝယ်ရမှန်းမသိသေးဘူးဆိုတဲ့သဲလေးတို့အတွက် မင်မင်က သဲလေးတို့အကြိုက်နဲ့ကွက်တိဖြစ်နေမယ့် အိတ်လေးတွေကို ရှာပေးထားတယ်နော်…ကဲ မင်မင်နဲ့တူတူ ဘယ် brand ကအိတ်လေးတွေလည်းဆိုတာ ပုံလေးတွေတချက်ကြည့်လိုက်ကြရအောင်

တစ်နေ့က Chanel အကြောင်းတင်လိုက်တော့ Sophi Boutique မှာဝယ်လို့ရမယ့် Chanel အိတ်လေးတွေလည်း တင်ပေးချင်ပါသေးတယ်ဒီတစ်ခါမိတ်ဆက...
13/01/2022

တစ်နေ့က Chanel အကြောင်းတင်လိုက်တော့ Sophi Boutique မှာဝယ်လို့ရမယ့် Chanel အိတ်လေးတွေလည်း တင်ပေးချင်ပါသေးတယ်

ဒီတစ်ခါမိတ်ဆက်ပေးမယ့်အိတ်လေးကတော့ Chanel 19 ပါ…Chanel 19 ဆိုတာက “Chanel 19 for 2019” ကို ရည်ညွှန်းပြီးတော့ ၂၀၁၉ ခုနှစ် Fall-Winter Collection မှာ မိတ်ဆက်ခဲ့ပါတယ်…Karl Lagerfeld နဲ့ Virginie Viard တို့က create လုပ်ခဲ့တာပါ

ဒီအိတ်လေးက 1955 Feb မှာ ထုတ်ခဲ့တဲ့ Chanel 2.55 အိတ်ကို tribute လုပ်တဲ့အနေနဲ့ထုတ်ခဲ့တာပါ

Chanel 19 မှာ အိတ်ရဲ့ top flap အပေါ်မှာ Chain ကြိုးလေးထည့်ပေးထားတော့ လက်ကိုင်အိတ်လိုလည်း ကိုင်ရတာအဆင်ပြေတော့ style အမျိုးမျိုးနဲ့ ကိုင်လို့ရတာပေါ့

နောက်ပြီး Chanel 19 ကို oversized clutch အနေနဲ့လည်း style လုပ်လို့ရသလို casual wear အနေနဲ့ ကြိုးအရှည်ကို ဘေးတစောင်းလွယ်မယ်ဆိုလည်း ကြည့်ကောင်းနေပြန်ရော

ဒီ Chanel 19 အိတ်လေးကို အခု Sophi Boutique မှာ pre-order မှာပြီး ဝယ်လို့ရနေပြီနော် သဲလေးတို့

Pre-Order Now.
Waiting time 2-3 weeks.
အသေးစိတ်ကို Messenger မှာမေးလို့ရပါတယ်နော် 💗

For the Sophisticated Women 💯

တစ်နှစ်ကို တစ်အိတ်နှုန်းပဲဝယ်လို့ရတော့မယ့် Chanel အိတ်များပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစပြီးတော့ Chanel က policy တစ်ခုသတ...
11/01/2022

တစ်နှစ်ကို တစ်အိတ်နှုန်းပဲဝယ်လို့ရတော့မယ့် Chanel အိတ်များ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစပြီးတော့ Chanel က policy တစ်ခုသတ်မှတ်လိုက်ပါတယ်…အဲ့ဒါကတော့ Chanel အိတ်တွေထဲက နာမည်ကြီးပြီးလူကြိုက်များတဲ့အိတ်တွေဖြစ်တဲ့ “Classic Flap Bag” နဲ့ “Coco Handle” အိတ်တွေကို တစ်နှစ်မှာ customer တစ်ယောက်ကို တစ်အိတ်နှုန်းနဲ့ပဲ ရောင်းချပေးသွားတော့မယ့် အကြောင်းပါပဲ

နောက်ပြီး Chanel က သူ့ရဲ့ small leather goods တွေနဲ့ပတ်သက်ပြီးတော့လည်း policy တွေသတ်မှတ်ခဲ့ပါသေးတယ်…အဲ့ဒါကတော့ customer တွေအနေနဲ့ တစ်နှစ်ကို style တူတာထဲက ၂ ခုထက်ပိုပြီး ဝယ်လို့ရတော့မှာမဟုတ်ပါဘူး

ဒီလို policy တွေပြောင်းလဲလိုက်တာက Chanel ကို ပိုပြီး exclusive ဖြစ်သွားစေတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး

Hello...fashionista သဲလေးတို့ရေ 💃Sophi Boutique လေးမှကြိုဆိုပါတယ်...Designer Branded Bag တွေကိုမှ ဈေးသက်သာပြီး အစစ်အမှန်...
07/01/2022

Hello...fashionista သဲလေးတို့ရေ 💃

Sophi Boutique လေးမှကြိုဆိုပါတယ်...Designer Branded Bag တွေကိုမှ ဈေးသက်သာပြီး အစစ်အမှန်ကိုပဲ ကိုင်ချင်တယ်ဆို Sophi Boutique လေးကို သတိရလိုက်ပါနော်... Sophi Boutique မှာ 100% Authentic စစ်စစ်ဖြစ်ပြီး 95% new ဖြစ်တဲ့ Designer Branded Bag pre-owned လေးတွေကို ဈေးမှန်မှန်နဲ့ ဝယ်လို့ရပါပြီနော် 🤩

Chanel, Gucci, Louis Vuitton, Hermes စတဲ့ နာမည်ကြီး branded အိတ်လေးတွေကို Limited Stock အနေနဲ့ ရောင်းပေးသွားမှာမို့ အခုကစပြီး pre-order မှာပြီး ဝယ်ယူနိုင်ပါပြီရှင်

Pre-owned လေးတွေကိုဝယ်ယူတာက ငွေကုန်ကြေးကျလည်းသက်သာသလို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချပေးတဲ့နေရာမှာလည်း အရမ်းကိုအထောက်အကူပြုပါတယ် 😇

Limited Stock လေးတွေဆိုတော့ မြန်မြန်ဆန်ဆန်လုဝယ်မှပဲ စိတ်ချရမှာမို့ ကိုယ့်ရဲ့ fashionista သူငယ်ချင်းတွေကိုလည်း Sophi Boutique page လေးကို see first လုပ်ဖို့ လက်တို့လိုက်ပါဦးနော် သဲလေးတို့ 🥰💋

For the Sophisticated Women 💯

ပထမဆုံးအနေနဲ့ Gucci Tote Bag လေးနဲ့အိတ်ဆက်လိုက်ပါတယ်GUCCI GG Supreme Centum Geometric Print Tote BagPre-owned, 95% New!O...
05/01/2022

ပထမဆုံးအနေနဲ့ Gucci Tote Bag လေးနဲ့အိတ်ဆက်လိုက်ပါတယ်
GUCCI GG Supreme Centum Geometric Print Tote Bag
Pre-owned, 95% New!
Original USD1,600 တန်ကို
ရောင်းဈေး USD 880 ပါ
Pre-Order Now.
Waiting time 2 weeks.
အသေးစိတ်ကို Messenger မှာမေးမြနး်လို့ရပါတယ်နော် 💗

Fashion ချစ်သူပျိုမေတို့ရေSophi Boutique လေးမှကြိုဆိုပါတယ်💁🏼‍♀️  Designer Branded Bag အမျိုးမျိုးကို မကြာခင် Sophi Bouti...
04/01/2022

Fashion ချစ်သူပျိုမေတို့ရေ
Sophi Boutique လေးမှကြိုဆိုပါတယ်💁🏼‍♀️

Designer Branded Bag အမျိုးမျိုးကို မကြာခင် Sophi Boutique လေးရဲ့ page မှာ အတန် ဆုံးဈေးနုန်းတွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်

100% Authentic စစ်စ် ပါ။
95% New, Designer Branded အိပ်တွေကို ဘယ်မှာမှမရနိုင်တဲ့ ဈေးနုန်းတွေနဲ့ Sophi မှာစတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်

Limited Stock ဖြစ်တဲ့အတွက် တစ်နေ့ကို item 1 မျိုး Design တစ်မျိုးစီပဲ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်

Chanel, Gucci, Louis Vuitton, Hermes အစရှိတဲ့ Designer Brand အစစ် များကိုသာ ရောင်းချပေးသွားမှာမို့ လက်ဦးမှုရယူထားဖို့ page လေးကို သူငယ်ချင်းတွေဆီမှာလက်တို့ထားလိုက်ပါအုံး

မကြာမှီ ဘယ် Brand လေးနဲ့စတင်မိတ်ဆက်ပေးမလဲ ဆိုတာရင်ခုန်ပေးပါအုံး 💗

ချစ်တို့ရော? လိုချင်နေတဲ့ Brand လေးတွေရှိလား? မန့်သွားနော် 😉😘🥰

For the Sophisticated Women 💯

Address

East Race Course Road
Yangon

Telephone

+95963535350

Website

Alerts

Be the first to know and let us send you an email when Sophi Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sophi Collections:

Share