သာသနာ့တံခွန် သင်္ကန်းတိုက်

  • Home
  • Myanmar
  • Yangon
  • သာသနာ့တံခွန် သင်္ကန်းတိုက်

သာသနာ့တံခွန် သင်္ကန်းတိုက် ဝိနည်းတော်နှင့်ညီသော သင်္ကန်းများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

မြတ်ဗုဒ္ဓရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ ဆိုတဲ့ ထူးခြားတဲ့ သပ္ပါယ်မှုလေးရပ်စုံညီရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ အားလုံးပဲ ကိုယ်စိ...
30/04/2026

မြတ်ဗုဒ္ဓရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ ဆိုတဲ့ ထူးခြားတဲ့ သပ္ပါယ်မှုလေးရပ်စုံညီရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ဗုဒ္ဓရဲ့ မေတ္တာရိပ်မှာ အေးမြကြပါစေလို့ သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယမှာ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ နှစ်ဟောင်းက အညစ်အကြေး...
17/04/2026

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယမှာ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးများကို ကုသိုလ်ရေစင်ဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများ ပိုမိုပွားများနိုင်ကြပါစေကြောင်း သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မင်္ဂလာပါ။ အစစအရာရာအဆင်ပြေကြပါစေ။သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ။
15/04/2026

မင်္ဂလာပါ။ အစစအရာရာအဆင်ပြေကြပါစေ။

သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ။

13/04/2026

မြန်မာ့နှစ်သစ်ကိုကြိုဆိုရင်း မဟာသင်္ကြန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေကြောင်း သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

2026 နှစ်သစ်မှာ ဘေးအန္တရာယ်များကင်းရှင်းပြီး ကပ်ကြီး ၃ ပါးမှ လွတ်ကြပြီး စီးပွါးဥစ္စာများတိုးတက်ကြပါစေလို့ သာသနာ့တံခွန် သ...
01/01/2026

2026 နှစ်သစ်မှာ ဘေးအန္တရာယ်များကင်းရှင်းပြီး ကပ်ကြီး ၃ ပါးမှ လွတ်ကြပြီး စီးပွါးဥစ္စာများတိုးတက်ကြပါစေလို့ သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အချိန်အခါလေး ဖြစ်ကြပါစေလို့ သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါ...
06/10/2025

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အချိန်အခါလေး ဖြစ်ကြပါစေလို့ သာသနာ့တံခွန် သင်္ကန်းတိုက် မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။(၂) အကြွေးနဲ့ကင်းအောင်နေပါ။(၃) လိုအပ်တာထက် ပိုမပြောပါန...
02/10/2025

ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း

(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။

(၂) အကြွေးနဲ့ကင်းအောင်နေပါ။

(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။

(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။

(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။

(၆) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော် အောင်ထားပါ။

(၇) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်း ကို ရပ်တန့်ပါ။

(၈) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်း ပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။

(၉) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များ နှင့် အလုပ်ရှုပ်ပါစေ။

(၁၀) အချိန်ကိုလေးစားပါ။

(၁၁) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေး မှာ မနေပါနဲ့ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။

(၁၂) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူ ပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။

(၁၃) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည် ချင်းတွေမြင့်တင်ပါ။

(၁၄) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။

(၁၅) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါ နှင့်။

(၁၆) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံ ပါ။

(၁၇) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြား သူ တွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။

(၁၈) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။


#ဘဝအတွတ်စာဖတ်ပါ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#ခွန်အားရှိသောစာတ်ိုများ
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
# Credit to ဆရာကြီးဦးအောင်သင်းစာပေ။

**✨ ဘဝတစ်လျှောက် အတူရှိသင့်သူ ✨မင်းရှေ့မှာတင်မဟုတ်ဘဲ၊  မင်းမရှိချိန်မှာပါ  မင်းဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ပေးသူ၊  ဒုက...
02/10/2025

**✨ ဘဝတစ်လျှောက် အတူရှိသင့်သူ ✨
မင်းရှေ့မှာတင်မဟုတ်ဘဲ၊
မင်းမရှိချိန်မှာပါ
မင်းဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ပေးသူ၊
ဒုက္ခရောက်ချိန် လက်ကိုဆွဲကိုင်ပေးသူ၊ကိုယ်အပေါ်သစ္စာရှိပေးသူ ❤️
အောင်မြင်တဲ့အခါ ဝမ်းသာစွာချီးကျူးပေးသူဟာ
အမှန်တကယ့် မိတ်ဆွေကောင်းပါ။

ဒီလိုသူတွေနဲ့သာ
ဘဝခရီးကို အတူလျှောက်ပါ။ 🫶🏻❤️

#မိတ်ဆွေကောင်း #ဘဝသင်ခန်းစာ #စာပေ

---

 #စကားပုံဖြစ်ရပ်အမှန်ညောင်ပင်ပျိုး ပေါင်ကျိုး၊ညောင်ကိုင်းချိုး ရွှေအိုးရ ( မြန်မာစကားပုံ ) ====================       ရှ...
26/09/2025

#စကားပုံဖြစ်ရပ်အမှန်
ညောင်ပင်ပျိုး ပေါင်ကျိုး၊
ညောင်ကိုင်းချိုး ရွှေအိုးရ
( မြန်မာစကားပုံ )
====================

ရှေးသရောအခါက အရပ်လေးမျက်နှာမှ ခရီး သွားများ လာရောက်နားခိုကြရသော ညောင်ပင် ကြီးတစ်ပင်ရှိသည်။
# တစ်နေ့တွင် လူတစ်ယောက် သည် ဤညောင်ပင်ကြီး ဝေဝေဆာဆာရှိနေသော ကြောင့် ဤနေရာတွင် လူပေါင်းစုံလာစုနေကြသည်။
လူရှုပ်နေသည်။ ညောင်ပင်မရှိမှ အေးမည်ဟုဆိုကာညောင်ပင်ပေါ်သို့တက်၍ ညောင်ကိုင်းများကို ဓားဖြင့် ခုတ်သည်။
#ဤသို့ တက်ခုတ်စဉ် ညောင် ပင်ခွကြားမှ #ရွှေဒင်္ဂါးအပြည့်ပါသော ရွှေအိုးတစ်လုံးကိုရလိုက်သောကြောင့် ဆက်မခုတ်တော့ဘဲ ရွှေအိုးပိုက်လျက် ဝမ်းသာအားရ ထွက်ခွာသွားသည်။

#အခြားသူတစ်ဦးသည် ဤညောင်ပင်ကြီးကြောင့် လူအများ ချမ်းချမ်းသာသာ နားခိုရသည်။
#ညောင်ပင်ကြီး ပို၍ရှင်သန်အောင် လုပ်မည်ဟု ရည်ရွယ်ပြီး ညောင်ပင်အောက်တွင် တံမြက်လှည်းသည်။
# ရေဖျန်းသည်။ ညောင်ပင်အခြေကို မြေဖို့ပေးသည်။ ဤသို့ပြုလုပ်စဉ် ဆွေးနေသော ညောင်ကိုင်းတစ်ကိုင်းသည် သူ့အပေါ် တည့်တည့်ကျိုးကျလာရာ ထိုသူမှာ ပေါင်ကျိုးရရှာသည်။

ဤတွင် အကြောင်းအရာနှစ်ခုကို သိကြ သောလူများသည် ညောင်ပင်အောက်တွင် စုဝေးပြီး “လောကကြီးတွင် ကောင်းမှုအကျိုး၊ မကောင်းမှု အပြစ် ဟူသည်မရှိ၊ လောကကြီးက ဖြစ်ချင်သလို ဖြစ်နေသော လောကကြီးပါတကား” ဟု ပြောဆို နေကြလေတော့သည်။

အကြောင်းစုံသိနေသော ညောင်ပင်စောင့်နတ် မှာ “လူအများ အသိအမြင်မှားလျက် အကုသိုလ် များပြုကာ ဒုက္ခ ရောက်ကြပေတော့မည်” ဟု မနေ သာတော့ဘဲ ကိုယ်ထင်ပြလျက် တရားဟောရပေ တော့သည်။

#အချင်းတို့၊ အယူမမှားကြကုန်လင့်။ စင်စစ် ညောင်ကိုင်းချိုး၍ ရွှေအိုးရသူကား ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝ ရှင်ဘုရင်ဖြစ်ရမည့်သူပင်တည်း။
# သို့သော် သူ၏ညောင်ပင်ကို ဖျက်ဆီးသော အကုသိုလ်ကံကြောင့် ဘုရင် မဖြစ်တော့ဘဲ ရွှေအိုးမျှနှင့် ကျေနပ်လိုက်ရလေတော့သည်။

ညောင်ပင်ပျိုး၍ ပေါင်ကျိုးသောသူကား စင်စစ် ထိုနေ့မှာပင် သေရမည့်သူပင်တည်း။
#သို့သော် ညောင်ပင်ပျိုးသော ကုသိုလ်ကံကြောင့် အသက်မသေတော့ဘဲ ပေါင်ကျိုးရုံမျှဖြင့် ပြီးသွားရခြင်းပေတည်း။
လောကတွင် ကံ၊ ကံ၏အကျိုးဟူသည်ကား ဧကန်ရှိသည်။
ကောင်းမှုသည် ကောင်းကျိုးကိုပေးသည်။ မကောင်းမှုသည် မကောင်းကျိုးကိုပေးသည်။
#အချင်းတို့၊ အယူမမှားကြကုန်လင့်။”

#အယူမှားတော့မည့်လူအများ ညောင်ပင်စောင့် ရုက္ခစိုးကြောင့် အမြင်မှန်ဖြင့် ချမ်းသာခဲ့ကြရသည်။

ကံတရား၏ ဆန်းကြယ်ပုံကို ဖော်ပြသော ဤဖြစ်ရပ်ကိုအကြောင်းပြု၍ “ #ညောင်ပင်ပျိုး ပေါင်ကျိုး၊ #ညောင်ကိုင်းချိုး ရွှေအိုးရ” ဟူသော ဆိုရိုးစကား (စကားပုံ) ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

************************ . #ဘဝလမ်းညွှန်စာပေ

လေးစားစွာဖြင့် . #ချစ်ခွန်းမျှဝေ
Crd

ဘဝ နေဝင်ချိန် ရောက်တဲ့အခါ************************လူဆိုတာ…ဒီလိုချည်းပဲ အမြဲတမ်း ရှိမနေဘူး။တစ်နေ့တော့…ခွဲကို ခွဲရဦးမှာ။ #တ...
28/07/2025

ဘဝ နေဝင်ချိန် ရောက်တဲ့အခါ
************************

လူဆိုတာ…
ဒီလိုချည်းပဲ အမြဲတမ်း ရှိမနေဘူး။
တစ်နေ့တော့…
ခွဲကို ခွဲရဦးမှာ။

#တစ်နေ့တော့…
ကိုယ်က ထားခဲ့မှာလား
#တစ်နေ့တော့…
သူက ထားခဲ့မှာလား
ဒါလေးပဲ ကွာခြားသွားပါတယ်။

တစ်နေ့တော့…
ထားကို ထားခဲ့ရမှာချည်းပဲ။

ဒါကြောင့်…
ခုနေ အနားမှာ ရှိနေလို့လည်း
တရားလွန် ပျော်မနေနဲ့ဦး

တစ်နေ့တော့…
" သေကွဲ နဲ့ ခွဲရဦးမှာပါလား " ဆိုတဲ့
သတိလေးတော့ ရှိပါဦး။

ခုနေ အနားက ထွက်ခွာသွားလို့လည်း
တရားလွန် စိတ်ဓာတ် ကျမသွားနဲ့ဦး။

တစ်နေ့တော့
သေကွဲနဲ့ပါ ထပ်ပြီး အခွဲခံရဦးမှာ။

ခုနေ အနားကို ရောက်မလာသေးလို့
မျှော်တော်ဇောနဲ့ ရှာမနေနဲ့ဦး။

တစ်နေ့တော့
ရောက်လာဖို့ အတွက်
သေကွဲက အဆင်သင့် ရှိနှင့်ပြီးသား။

စေတနာ နဲ့ ထပ်ပြီး ပြောလိုက်မယ်။

#တစ်နေ့တော့…
အားလုံးကို ခွဲကို ခွဲရဦးမှာပါပဲ။

ဒီတော့ မခွဲခင်လေးမှာ…
ဘဝကို တန်ဖိုးရှိအောင်
ကုသိုလ်ကောင်းမှုတွေနဲ
ကုသိုလ်ဆက်ခဲ့နိုင်အောင်
ကြိုးစားရမယ်။

နေခြင်း နဲ့ သေခြင်း ကြားမှာ
ချစ်လိုက် ရတဲ့ အချစ်
မုန်းလိုက် ရတဲ့ အမုန်း
လွမ်းလိုက် ရတဲ့ အလွမ်း
လုပ်လိုက် ရတဲ့ အလုပ်

နောက်ဆုံးတော့လဲ
တစ်နေ့တော့
ဘဝ နေဝင်ချိန် ရောက်တဲ့အခါ
အားလုံးကို ထားခဲ့ရတာပါပဲလေ။

ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

Address

အမှတ် 32(B), ဘိုးရာဇာလမ်း, ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 19:00
Sunday 09:00 - 17:00

Telephone

+959785120365

Website

Alerts

Be the first to know and let us send you an email when သာသနာ့တံခွန် သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share